Saturday, March 30, 2013

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

Posted by drmyochit Saturday, March 30, 2013, under | No comments

ရန်ကုန်၊ မတ် ၂၉။

မတ်လ ၂၉ရက်နေ့ မနက် ပိုင်းတွင် နိုင်ငံတော် သမ္မတ ရုံး၌ ကျင်း ပပြုလုပ် ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်း Sim Card များ ရောင်း ချရေး ဆိုင်ရာ ညှိနှိုင်း အစည်း အဝေး ဆုံးဖြတ် ချက်အရ ငွေကျပ် နှစ်သောင်း တန် ဖုန်းကဒ် များကို လာမည့် ဧပြီ ၅ ရက်နေ့တွင် စတင် ရောင်းချ ပေးမည် ဖြစ်ကြောင်း ယင်း အစည်း အဝေး ဆုံးဖြတ် ချက်အရ သိရ သည်။

ယင်း အစည်း အဝေးတွင် ဝန်ထမ်းများ အနေနှင့် အရစ်ကျ သွင်း ထားသည့် ငွေကျပ် နှစ်သိန်းတန် ဖုန်းများ အား ထပ်မံ သွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့ အနေနှင့် တစ်လ တစ်သောင်းနှုန်းဖြင့် ခြောက်လ သွင်း ထားကြောင်း၊ ယခု အခါ ယင်းငွေကို ဆက်လက် ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်း အဝေး ဆုံးဖြတ် ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန် ထမ်းဆောင် နေသည့် ဝန်ထမ်း တစ်ဦးက “ဝမ်းသာ လိုက်တာ၊ ခြောက် လပဲ သွင်း ရသေး တယ်။ အခု ထပ် မသွင်းရတော့ ဘူးဆိုတော့ ဘယ် လိုပြော ရမှန်းတောင် မ သိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်း အစည်း အဝေး၌ နိုင်ငံတော် သမ္မတ ဦးသိန်း စိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်း သုံးစွဲ မှုမြင့်မား စေရန် လိုင်းပေါင်း ၂၆ သန်း တိုးမြှင့်ပေး သွားမည် ဖြစ်ကြောင်းနှင့် လိုင်း ကျပ်ခြင်း များ မရှိစေရန် အတွက်လည်း ကြိုတင် ပြင်ဆင် သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုး နည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ တစ်လ လျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်း ချပေး ရာတွင် တိုင်းဒေ သကြီးနှင့် ပြည်နယ် အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ်ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင်ဆက်လက် ဆောင်ရွက်မည့် အစီ အစဉ် တို့ကို မီဒီယာများမှတဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်း စိန်၏ ပြောကြား ချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်
ဓာတ်ပုံ – သူရိန်
From:  မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်