Thursday, January 30, 2014
ရုံးတွေ အဖွဲ့ စည်းတွေမှာ ချိတ်ဆက်ထားတဲ့ Networking ချိတ်ဆက်နည်း
Posted by drmyochit Thursday, January 30, 2014, under | No comments
ဒီစာအုပ်လေးကတော့ ရုံးတွေမှာ  ကွန်ပျုတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီးသုံးဖို့ 
အသေးစိတ်ရေးထားတဲ့  ချိတ်ဆက်နည်း  သဘောတရားတွေပါ ။ ရုံးတွေမှာလုပ်ရင်
ဒါတွေကို အကုန်နားမလည်ရင်နေ  အခြေခံတော့ သိထားမှဖြစ်မယ် ။ ဘာလို့ လဲဆို
Network Share စနစ်ကို ရုံးတိုင်းမှာ အသုံးပြုနေသောကြောင့် ဖြစ်တယ် ။ ကျနော့်ရုံး
ဒီစနစ်သုံးတယ် ။ Computer 4 လုံး Printer တစ်လုံးထဲ က  မျှဝေသုံးစွဲတဲ့စနစ်မျိုးပေါ့
အဲ့မှာ အနည်းငယ် နားလည်ထားသင့်တာက  Manager ရဲ့ ကွန်ပျုတာကို ချိတ်တယ်
ကျန်သုံးလုံးက Share စနစ်နဲ့ သုံးတယ် ။ ဒါဆို  Net work သဘောတရားအရကြည့်
မန်နေဂျာစက်က Main Sever ဖြစ်ပီး   ကျနော်တို့ စက်တွေက  Client ကွန်ပျုတာပါ
မိန်းကွန်ပျုတာ ပိတ်တာနဲ့    ကျနော်တို့  Printer ကို   သုံးလို့ မရတော့ဘူး  ပြဿနာ
ဖြစ်ဖူးတယ် ။ ညနေ၅နာရီ  မန်နေဂျာပြန်တယ်  ကျန်တဲ့သူ    အချိန်ပိုဆင်းတယ်ဆို
မန်နေဂျာက သူ့ ကွန်ပျုတာ ပိတ်ခဲ့တယ် ။ အဲ့ဆို ကျန်တဲ့ကွန်ပျုတာတွေက သုံးမရ
တော့ဘူး ။ အခြေခံ ပညာကို ကြုံခဲ့သလောက် ပြောပြတာပါ ။စာရင်းတွေဆိုရင်လဲ
ကျနော်တို့ ရုံးတွေ တခြားသူတွေလည်း အားလုံး အတူတူပဲ Share စနစ်ထားတယ်
တစ်ခုနဲ့ တစ်ခု ဌာနတွေအကုန်   ချိတ်ဆက်ရတာပါ ။ ကိုယ်လုပ်နေတဲ့  စာရင်းကို
တခြားဌာနက ယူကြည့်လို့ ရတယ် ဒါဟာ ရုံးတိုင်း အဖွဲ့ တိုင်း ဒီစနစ်ကိုကို သုံးတယ်
ဘယ်လို Network ပဲဆိုဆို  စောစောက  ပြောသလို  အဓိကအားဖြင့် 2မျိုးပဲရှိတယ်
ပထမတစ်မျိုး  မိမိကွန်ပျုတာထဲမှာ  ရှိတဲ့ ဖိုင်တွေ   စာရင်းတွေကို  ပေးသုံးစေမယ့်
Sever ကွန်ပျုတာ ၊ နောက်တစ်မျိုးက   စာရင်းတွေ နဲ့ ဖိုင်တွေကို Share ယူသုံးမယ့်
Client Computer ပါ ။ နမူနာဆို  တစ်ခုပြောရရင် ကျနော့ရုံးခန်းက  ဖိုင်တွေကိုပေါ့
တခြား အလုပ်ခြင်းဆက်စပ်တဲ့  ဌာနတွေကို  Share ခွဲသုံးတယ် ။  ကျနော့ဆီကနေ
စာရင်းတွေ  အချက်လက်တွေ  ယူယူကြည့်ရတယ် ။ ဒါဆို    ဒီကွန်ပျုတာက  Main
သူတို့ ကို Share ရင် Data Read Only ပဲ   ပေးထားပြီး  စာရင်းတွေကို Sever  ကပဲ
ပြင်လို့ ရမယ် သွင်းလို့ ရမယ် မနက်ကျနော် နောက်ကျတယ် Main က မဖွင့်သေးရင်
တခြား စက်တွေ ဘာမှလုပ်မရဘူး ။ အင်တာနက်  ချိတ်ဆက်စနစ်မှာလည်း ဒီလိုပဲ
သဘောတရား တစ်ခုနဲ့ တစ်ခု အတူတူပါပဲ ။ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ရာထူးကြီးတာ လခကောင်းတာ အများကြီး သို့ သော် မလေ့လာတဲ့သူက သိကိုမသိ
ကွန်ပျုတာ  တစ်ခုခုဖြစ်ရင် လုံးဝမသိတော့ဘူး  Network ပိုင်းဆိုပိုဆိုးပါသေးတယ်
အထူးဆန်းဆုံးပြောရရင်    မြန်မာစာပျောက်တာတောင်   မလုပ်တတ်ကြသေးဘူး
ဆိုလိုချင်တာကတော့ ပညာဟာသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ တတ်သင့်တာ
သိသင့်တာဆို ၀ါသနာမပါသော်လည်း လေ့လာရမှာ  သင်ယူရမှာ လို့ ပြောချင်တာ
ပညာခေတ်မှာ  ဘယ်နေရာမှာလုပ်လုပ်  ပညာတတ်သူက   တစ်ပန်းသာလိမ့်မယ်
အဲ့တော့ ရုံးမှာ လုပ်သူတွေ လုပ်မယ့်သူတွေ ဒီစာအုပ်ကိုလေ့လာကြည့် အကုန်မသိ
ရသေးတယ် သဘောတရား ပေါက်သွားရင်  အဆင်ပြေပီ။ကိုယ်တိုင်မပြင်တတ်လဲ
ဘယ်က ဖြစ်တယ် ဘာပြဿနာလောက်တော့ သိလာပါလိမ့်မယ် ဖတ်ကြည့်လိုက်
ဒီလင့်မှာယူပါ >>> Begineer Guide To Network
အင်တာနက် ဆိုင်ရာ Network ကို ပိုင်နိုင်စွာ သေချာ ရှင်းလင်းထားတဲ့ စာအုပ်
Posted by drmyochit Thursday, January 30, 2014, under | No comments
ဒီစာအုပ်လေးကတော့   အင်တာနက်ပိုင်းဆိုင်ရာ  Network ရဲ့သဘောတရားကို
သေချာရှင်းလင်းပေးထားပြီး အခြေခံဘယ်လောက်ကျသလဲဆိုIP Adress တွေရဲ့
စနစ်တကျ ရေးပြထားတာမို့  ကွန်ပျုတာ ကျောင်းသားတွေ နည်းပညာရှင်တွေနဲ့ 
Network   သီးသန့် လေ့လာနေသူတွေအတွက်   မှီငြမ်းလေ့လာစရာ  စာအုပ်ပါ
အင်တာနက် သုံးနေသူတွေအတွက်  IP adress ဟာ   အလွန် အရေးပါနေတယ်
ဝက်ဆိုဒ်တစ်ခု  အတိုက်ခံရတာ ၊  အကောင့်တစ်ခု     အဖောက်ခံရတဲ့နေရာမှာ
IP လိပ်စာသိမှ ဘယ်နိုင်ငံက လုပ်တဲ့ ဘယ်သူက လုပ်တယ်ဆိုတာ တစ်ဆင့်ချင်း
ခြေရာခံလို့ ရတာပါ ။ ကိုယ်က တစ်ခုခု တိုက်ပီ  ဖောက်ခဲ့ပီဆို IP ဟာခြေရာခံဖို့ 
နေရာစုံစမ်းဖို့ တစ်ဆင့်ချင်း လုပ်ယူရမှာ ကျနော့်  IP သိတာနဲ့ ကျနော်သုံးနေတဲ့
ISP ( Internet Service Provider ) ကိုသွားမေးရင် Register  လုပ်ပီးသုံးတာမို့ 
ကိုယ်နဲ့ ပတ်သက်တဲ့ လိပ်စာ ဖုန်းနံပတ် အကုန်သိသွားပီး နောက်ဆုံး  အိမ်အထိ
ရောက်လာမှာ ။ အခု ခေတ်စားနေတဲ့  ဟက်ကာတွေ တိုက်ခိုက်တာတွေ အလွန်
ချီးကျူးဖို့ ကောင်းပါတယ်။  နာမည်ကြီးနေတာဟာ  အလကား   မဟုတ်ပါခဲ့ပါဘူး
အစိုးရဆိုဒ်ပေါင်းများစွာကို  တိုက်နိုင်ခဲ့တဲ့ BHG ဆိုရင်  ၂၀၁၀ မှာ ကမ္ဘာကျော်ပါ
မြန်မာပညာရှင်တွေ အဲ့သြော အားကျဖို့ ကောင်းပါတယ် Network ဆိုတာကြီးက
လေ့လာမယ်ဆို အလွန်ကျယ်ပြန့် ပါတယ် ရှုပ်ထွေးပါတယ် ။ကိုယ်တိုင်လည်းသိဖို့ 
လေ့လာဆဲသင်ယူဆဲပဲရှိသေးတာမို့  အများကြီး ရှင်းမပြနိုင်ပါဘူး အလုပ်ဝင်ပီးလို့ 
တစ်လအကြာ သူဌေးက မန်နေဂျာကို မေးတယ် လူသစ်က  ဘယ်လိုလဲဆိုတော့
မန်နေဂျာက ပြန်ဖြေတယ် Computer,Networking, Excel,Work  All  အိုကေ
သူဖြေတာ ကိုယ်ကြားရတော့ ဘ၀င်တောင်မြင့်ချင်တယ် တကယ်တော့  အားလုံး
အခြေခံပဲ လေ့လာထားတာပါ Network ရတယ်ဆိုတာလည်း  ဌာနတစ်ခုခုကနေ
အင်တာနက်လိုင်း မရတာ ၊ Printer ,Server,Proxy တွေ  အကြောင်း  အနဲလေး
လေ့လာထား သိထားရုံနဲ့  ဖြေရှင်းနိုင်ပါတယ် ။ ပညာရှင်ဆင့်လည်း မလေ့လာနိုင်
အချိန်မပေနိုင်ပါဘူး ။ ၂၁ရာစုမှာ လူတွေ  သင်တန်းတက်ပီး အေးဆေး ပညာရေး
သုသေသနလုပ်  လေ့လာဖို့  ဆိုတာမလွယ်ပါဘူး ။အလုပ်လုပ်ရင်း ကျောင်းတက်
အခုကာလ အထူးသဖြင့် မြန်မာနိုင်ငံ အခြေနေနဲ့  မလွယ်လှပါဘူး ။ပိုက်ဆံအရမ်း
ချမ်းသာပြီး နောက်ခံကောင်းရင်တော့  ကိုယ်ရခဲ့တဲ့ဘာသာ ကိုယ်သင်ခဲ့ရတဲ့ပညာ
တွေအတွက် အေးဆေး  သုသေသနပြု  အချိန်ပေးဖို့  သင်တန်းတက်ဖို့ ဆိုတာက
တကယ်မလွယ်ပါဘူး အားလုံး ၀မ်းစာအတွက် အလုပ်လုပ်ရပြီဆိုတော့ ကိုယ်တိုင်
လေ့လာသင်ယူခြင်း  ( Self-Study ) ဆိုတာ  ကျနော်နဲ့ ဘ၀တူ  သူငယ်ချင်းတွေ
အလေးထားရမယ့် စနစ်ပါ။ ဒါကြောင့်  ကျနော်သုံးတော့ ဆော့ဝဲ ကောင်းတယ်ဆို
ပြန်ပြောပြတယ် ကျနော်ဖတ်တဲ့စာအုပ် အဆင်ပြေတယ်ဆို  ပြန်ဖတ်စေတယ်နော
အသိပညာကို Share လုပ်တာ မျှဝေတာပါ တတ်လွန်းလို့ ဆရာ လုပ်နေတာတော့
မဟုတ်ရေးချ မဟုတ်ရပါ ။နောက်ဆုံးအနေနဲ့  လမ်းညွှန်ရရင်  ဒီစာအုပ်လေးထဲမှာ
လူပြောများ အသုံးများ သိထားသင့်တဲ့ Proxy ဆိုတဲ့အကြောင်းကို  အခြေခံကစပီး
သေချာ  ရှင်းပြပေးထားသေးတယ်။ proxy ဆိုတာ   မြန်မာပြည်ကလူတွေ ပိုပြီးသိ
ပိုပြီးနားလည်ပါတယ် ၀က်ဆိုဒ်တွေ ကြည့်မရအောင်ပိတ်ရင် တခြား Proxy ကိုသုံး
ကျော်ကြည့်  ခွကြည့်ရပါတယ် ။အဲ့တော့ပိုနားလည်ထားသင်တာက အပိတ်ခံရတဲ့
မြန်မာပြည်ကလူတွေလိုလည်း  ဆိုချင်ပါတယ် ။ မြန်မာပြည်က လူမဟုတ်ခဲ့ရင်လဲ
proxy Server ဟာ Main Computer တစ်ခုကနေ ဌာနအသီးသီးမှာရှိနေလေတဲ့
ကွန်ပျုတာတွေကို  ခွဲဝေချိတ်ဆက်တဲ့နေရာမှာ  ယနေကာလ  လူသုံးအများဆုံးနဲ့ 
အဆင်ပြေဆုံး Internet Sharing System တစ်ခုပါဒီစနစ်ရဲ့ အားသာချက်တွေမှာ
Serverကနေ ကွန်ပျုတာတွေအားလုံး ထိန်းချုပ်တာဖြစ်ပြီး  မကြည့်စေချင်တဲ့ဆိုဒ်
တွေကိုလည်း ပိတ်လို့ ရတယ်။  မြန်မာပြည်မှာအဖြစ်များတဲ့ Access Denied ဆိုဒ်
လူအတော်များမျာ သိမှာပါ မြန်မာပြည်ရဲ့ နာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံးဆိုဒ်
တစ်ခုခု ဖွင့်လိုက်တိုင်း Access Denied ဆိုတာက  အရင်လာနေတော့  သုံးရတာ
စိတ်ပျက်စရာ ကောင်းလှတယ် ကိုယ်တိုင်လည်း ကြုံတာမို့ ဟာသအဖြစ်ပြောတာ
လက်ရှိလည်း ဒီစနစ်ကို နိုင်ငံတကာလုပ်ငန်တွေမှာ သုံးနေတယ် ကျနော်တို့ ရုံးလဲ
ဒီစနစ်သုံးပါတယ် ကောင်တာက ဌာနအသီးသီးက Computer တွေ ဘယ်အချိန်
အထိ လိုင်းချပေးမလဲဘယ်အချိန် လိုင်းဖြတ်မလဲဆိုတာကအစ ထိန်းချုပ်နိုင်တယ်
ရုံးမှာ အရင်ဆို ည ကိုးနာ၇ီခွဲအထိပဲ သုံးခွင့်ရတာ။  အဲ့နောက်ပိုင်းဆိုရင်  လိုင်းက
ဖြတ်ထားတယ် ။အခုတော့ အဲ့စနစ်ပြန်မလုပ်သေးဘူး အင်တာနက်ဆိုင်တွေကလို
Local Network ထဲက Computerမှာ ဘယ်ဝက်ဆိုဒ်တွေ ဖွင့်ခဲ့လဲဆိုတာကိုလည်း
Porxy server log file မှာ ပြန်ကြည့်လို့ ရပါတယ်  အဲ့တော့ ကျနော်ဘာဆိုဒ်တွေ
သုံးတယ် ဖွင့်နေတယ်ဆိုတာ ပြန်ကြည့်ရင်သိတယ် ။တခြားသူတွေလည်း ဒီလိုပါပဲ
ဌာနဆိုင်ရာ  အသီးသီးကနေ  အလုပ်လုပ်နေကြတဲ့သူတွေ ကိုယ်ဖွင့်တာ ပိတ်ရုံနဲ
ပျောက်သွားပီ မသိနိုင်ဘူးဆိုတာ မဟုတ်ဘူး Proxy Server Log File မှာ အကုန်
ပြန်ရှာလို့ ရပါတယ်။ နောက်ထပ်ကောင်းတာတွေကတော့ Local Area Network
ထဲက  ကွန်ပျုတာမှာ အင်တာနက်ကို  Username နဲ့   ပတ်စ၀ပ်သိမှ အသုံးပြုဖို့ 
ထိန်းချုပ်ချင်တယ်ဆိုလည်း ရတယ် တခြားနည်းတွေထက် သာတဲ့နေရာမှာလည်း
ဒီစနစ်က  ဌာနတစ်ခုက ၀က်ဆိုဒ်တစ်ခုကို သုံးတယ်ဆိုလည်း Server Cacheထဲ
မှတ်ထားပေးတာမို့  တခြားဌာနတစ်ခုခုကလည်း ဒီဆိုဒ် ဖွင့်တာဆိုရင်အမြန်ပြန်ချ
ပြန်ပွင့်စေတာမို့ Network Traffic မဖြစ်ပဲ အင်တာနက်မနှေးတော့ဘူးဒီစနစ်တွေ
ဒီပညာတွေဟာ ရုံးတွေမှာ နေတဲ့သူ လုပ်တဲ့သူတွေ သက်ဆိုင်ဆိုင် မဆိုင်ဆိုင်သိဖို့ 
လေ့လာဖို့ လိုပါတယ် သိထားမှ ဆောင်ရန် ရှောင်ရန်ကို သဘောပေါက်ပါလိမ့်မယ်
နည်းပညာခေတ် သတင်းခတ်မို့  တစ်ခုပိုသိရင် တစ်ခုပိုတတ်ရင် အလုပ်ထဲမှာရော
တခြားနေရာတွေမှပါ သူများထက် ခေါင်းတစ်လုံး ပိုမြင့်လိမ့်မယ် ဒါကြောင့် ပညာရပ်
နည်းပညာတစ်ခုခုကို သေချာ လေ့လာနိုင်ပါစေ  သိပါစေ ရည်ရွယ်ပြီး ပြန်မျှနေတာ
ဟာသ ပညာရှင်ကြီးတစ်ဦးပျက်လိုက်တာ သိပါလိမ့်မယ် သူ့ ကိုထောင်ချအမိန်ချတဲ့
တရားသူကြီးမင်းက ကွန်ပျုတာမရှိ နည်းပညာမသိသလို ဖမ်းတဲ့  အမှုလည်း အီးမေး
ဂျီမေး ကွဲပြားစွာမသိတဲ့ ၀န်ထမ်းက Electric Act နဲ့  ထောင် ၂၄ နှစ် ချလိုက်သတဲ့
နောင်ကာလ   မြန်မာနိုင်ငံရေးစနစ်မှာ ပညာတတ်တွေ  နည်းပညာရှင် တကယ်သိ
တကယ်တတ်တဲ့ လူတွေ ပါဝင်စေဖို့  ဆုတောင်းရမှာဖြစ်သလို  တတ်သိသလောက်
ပြုလုပ်ကြဖို့ လည်း လိုပါတယ် ပြောရရင် နိုင်ငံရေးဖက်ရောက်တော့မယ် မီးမလာတဲ့
ဓာတ်တိုင်အောက် ရပ်မိလို့ မှောင်ရိပ်ခိုမှုနဲ့  အဖမ်းခံရမှာလည်း စိုးရိမ်ရပါသေးတယ်
အဆုံးပြောရရင် ဒီစာအုပ်ဟာ Network အတွက်အလွန်အသုံးဝင်တဲ့ စာအုပ်ဆိုတာ
သိစေအပ်ပါတယ် အခြေခံပညာသင်ကနေပညာရှင်အဆင့်တွေထိ ပါဝင်ကြောင်း.။
ဒီလင့်မှာ ယူလိုက်ပါ - အဆင်မြင့်ပိုင်း Network ဆိုင်ရာစာအုပ်
အင်တာနက်စတင်အသုံးပြုသော အခြေခံသမားတွေအတွက် နည်းလမ်း
Posted by drmyochit Thursday, January 30, 2014, under | No comments
ဒီစာအုပ်လေးက အင်တာနက်အသုံးပြုနည်း သဘောတရားတွေကို အသေးစိတ်
စနစ်တကျရေးသားထားတာမို့ စတင်လေ့လာနေသူတွေ သင်တန်းမတက်ဖြစ်သူ
ဒီစာအုပ်လေးကို သေချာဖတ်မှတ်လေ့လာကြည့်လိုက်ပါ ဘလော့စတင်ပြုလုပ်သူ
တည်ဆောက်နေသူအတွက်လည်း ပါပါတယ် စာအုပ် မာတိကာအတိုင်း သိလိုရာ
ရွေးဖတ်ကြည့်လိုက်ပါ ဗဟုသုတရနိုင်တဲ့အတွက် မျှဝေလိုက်ပါတယ်.................။
ဒီလင့်မှာ Download ယူပါ - အခြေခံInternet Guide
ဓာတ်ပုံရိုက်တာကို စနစ်တကျလေ့လာပြီး တကယ်တတ်မြောက်လိုသူများအတွက်
Posted by drmyochit Thursday, January 30, 2014, under | No comments
Wednesday, January 29, 2014
Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း
Posted by drmyochit Wednesday, January 29, 2014, under | No comments
Cs-3 ဆော့ဝဲ သုံးနေသူများအတွက်  အသုံးပြုပုံ အသေးစိတ်နဲ့   နမူနာလေ့ကျင့်ဖို့ 
လေ့ကျင့်ခန်းတွေလည်းပါပါတယ် ။ ဆော့ဝဲရှိပေမယ့်  ဘေးမှာပါတဲ့ Tools တွေကို
သဘောမပေါက်ရင် အဆင်မပြေပါဘူး အဲ့ကြောင့်  ဘယ် Tools က ဘာလုပ်ဖို့ လဲ
ဆိုတာသိဖို့ ပါ။  နမူနာလေ့ကျင့်ခန်း  လိုက်လုပ်လို့ ရတာတွေက  လိုင်စင်ပုံလုပ်ဖို့ 
ကာလာချိန်ဆပြောင်းလည်းနည်း ၊ ပန်းချီဆွဲနည်း၊ နောက်ခံဒီဇိုင်း ပြောင်းလဲနည်း
နောက်ခံကို အုတ်ကွက်နံရံ ဒီဇိုင်းထည့်နည်းအပါအ၀င် လေ့လာလို့ ကောင်းတာ
အများကြီး ရှိနေပါသေတယ် ။ Cs-3 ရှိသူများ လေ့လာ လေ့ကျင့်နိုင်ပါပြီ............။
Download Link >>> Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း
မောင်စွယ်စုံကျမ်းမှ
Graphic Design နဲ့ Professional ဓာတ်ပုံဆရာကောင်းဖြစ်ဖို့ စာအုပ်
Posted by drmyochit Wednesday, January 29, 2014, under | No comments
ဒီစာအုပ်လေးက  Graphic Design နဲ့   ဓာတ်ပုံရိုက်တာ  ၀ါသနာပါသူတွေအတွက်
လေ့လာသင့်  ဖတ်သင့်တဲ့  စာအုပ်ကောင်းတစ်အုပ်ပါ ။  ဓာတ်ပုံပညာပိုင်းကိုလည်း
အခြေခံကျကျ ရှင်းထားပါ၏ လှုရှားနေတဲ့ ပုံတွေ ဘယ်လို ရိုက်မလဲ သုံးလက်မအနီး
ကပ်ရိုက်ရင်  ဘယ်လိုရိုက်ရမယ်  ဆိုတာတွေကအစ အသေးစိတ် ပညာသားပါပါနဲ့ 
ရေးပြထားတာမို ဓာတ်ပုံကို တကယ်ရိုက်တတ်ချင်တယ် အနုပညာမြောက်တဲ့အထိ
ကောင်းမွန်စွာရိုက်တတ်ချင်တယ်ဆို ဒီစာအုပ်လေးက  အထောက်ကူပြုပါလိမ့်မယ်
အခန်းတွေ အကြောင်းအရာတွေ  အများကြီးပါပေမယ့် ကျနော် သဘောကျတာကို
ရွေးပြတာပါ ကြိုက်နှစ်သက်ရာကို လေ့လာနိုင်ပါတယ်.................................။
ဒီလင့်မှာ Download ယူပါ - Graphic Design နဲ့ Professional ဓာတ်ပုံဆရာကောင်းဖြစ်ဖို့ စာအုပ်
From: မောင်စွယ်စုံကျမ်း
Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်
Posted by drmyochit Wednesday, January 29, 2014, under | No comments
Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်
Download - Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်
Phone နဲ့ ကွန်ပျုတာ အင်တာနက် ချိတ်ဆက်နည်း ( Android-Java-ios)
Posted by drmyochit Wednesday, January 29, 2014, under | No comments
Android -Java- ios ဖုန်းအမျိုးအစုံမှာ အင်တာနက်လိုင်း ဖွင့်နည်းလဲပါပါတယ်
Download - ကွန်ပျုတာ အင်တာနက် ချိတ်ဆက်နည်း 
Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး
Posted by drmyochit Wednesday, January 29, 2014, under | No comments
Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ
ရေးသားပေးပို့ ဖြန့် ဝေစေတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ် ..................။
Chateau Man
Founder At Collection Of Android
Admin At Android Users Group
ဒီလင့်မှာ Download ယူပါ -Google Drive/Root လုပ်နည်းစာအုပ်
From: မောင်စွယ်စုံကျမ်း
Saturday, September 07, 2013
မြန်မာပြည်ရဲ့ ပထမဦးဆုံး Hacking Magzine (မြန်မာလို) (6.3MB)
Posted by drmyochit Saturday, September 07, 2013, under | 1 comment
 အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ သူငယ်ချင်းတို့အားလုံးအတွက် မြန်မာပြည်ရဲ့ ပထမဦးဆုံး Hacking Magzine လေးတင်ပေးလိုက်ပါတယ်။ စာအုပ်ရေးသားထုတ်ဝေတဲ့ Ghost Area ကိုလည်း အထူးကျေးဇူးတင်ရှိ ပါတယ်။  Hackers နှင့် Hacking ဆိုတာဘာလဲဆိုတာသိရအောင်နှင့် ဘာတွေကို Hack ပြထားသလဲဆိုတာ
သိရအောင် ဒေါင်းလုပ်ဆွဲပြီး ဖတ်ကြည့်လိုက်ပါဗျာ။ အားလုံးပဲ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ခင်မင်လျှက်........
Download=>> Link 1, Link 2
From: Pyae Phyo
Wednesday, September 04, 2013
ဆရာသန်းထိုက် (ရွှေရိပ်) ရေးသားထားတဲ့ အသုံးချဗွီဒီယိုတည်းဖြတ် နည်းပညာ စာအုပ်(မြန်မာလို) (10MB)
Posted by drmyochit Wednesday, September 04, 2013, under | No comments
ဆရာသန်းထိုက် (ရွှေရိပ်) ရေးသားထားတဲ့ အသုံးချဗွီဒီယိုတည်းဖြတ် နည်းပညာ စာအုပ်(မြန်မာလို) ဖြစ်ပါ
တယ်။ အိမ်သုံးစ ဗွီဒီယိုကင်မရာ အသုံးပြုပုံနှင့် လုပ်ဆောင်ချက်များ၊ မပါမရှိမသိမဖြစ်စနစ်များ၊ Video Tape Formats ပုံစံများကို လေ့လာခြင်း၊Video Tape System Formats ပုံစံများကိုလေ့လာခြင်း အစရှိသည်တို့ကိုလေ့လာရမှာဖြစ်ပါတယ်။  ဗွီဒီယိုတည်းဖြတ်တာ ၀ါသနာပါသူများအတွက် အကြိုက်ဖြစ်မှာပါ။
 Download=>> Link 1, Link 2
Goolgle Drive
Wednesday, August 28, 2013
Computer နည်းပညာစာအုပ် အတိုအထွာများ မြန်မာလို (လိုချင်သူများ မြန်မြန်ဒေါင်းထားကြပါရန်)
Posted by drmyochit Wednesday, August 28, 2013, under | No comments
မင်္ဂလာပါ ကျွန်တော် Myanmar IT Helper
ပါခင်မျ..ယနေ့အတွက်ကျွန်တော်ချစ်သောညီအစ်ကိုမောင်နှမများအဖို့
Computer နည်းပညာနဲ့ပတ်သက်တဲ့.. အဖိုးတန်နည်းပညာ စာအုပ်အတိုအထွာ
လေးတွေရှိတဲ့ Website လေးတင်ပေးလိုက်ပါတယ်ခင်မျ.....အမှန်တော့..Website မဟုတ်ပါဘူး...
Web Designer ရဲ့
ပေါ့လျော့မှုကြောင့် အပေါက်ဖြစ်နေတာပါ...ဒါကြောင့် Web Designer မသိခင် မြန်မြန်လေးသာ ဒေါင်းထား
ကြပါလို့ပြောပါရစေ....ကွန်ပျူတာနယ်ပယ်ထဲစတင်ဝင်ရောက်လာတဲ့ သူများအတွက်ကတော့ တကယ့်ကို ထူးရှယ်လို့ဘဲပြောပါရစေ...ကဲ...မောင်(စွယ်စုံကျမ်း) ကိုအားပေးနေတဲ့ညီအစ်ကိုမောင်နှမများ တက်ညီလက်ညီနဲ့ မနိုင်ကြပါပြီ...မတာလဲမ...ပညာဒါနလေးအနေနဲ့ Share လေးလဲလုပ်သွားကြပါဦးလို့ပြောကြားရင်း..အောက်မှာ တက်ညီလက်ညီဒေါင်းနိုင်ပါပြီခင်မျ.. မ..မ အကုန်မ..အလကားရတုန်းမ... :) :D :)
Download Here 
Friday, March 01, 2013
Android User Guide Ebook 2013 ( Myanmar Version ) 7 MB
Posted by drmyochit Friday, March 01, 2013, under | No comments
ဆရာ ချစ်သောလူ ရေးသားတဲ့ Android User Guide မြန်မာလိုစာအုပ်လေးပါ...စာအုပ်ထဲမှာ ဖုန်းအမျိုးအစာ ပေါင်း များ စွာအတွက် Root လုပ်နည်းလိုမျိုး.. အကြောင်းအရာတွေအပြင် အခြားဗဟုသုတ များစွာ ကိုရေး သားထားပါတယ်...Android
ဖုန်းသမား များအတွက်ကတော့ တကယ့်ကို အဖိုး တန်တဲ့ စာအုပ်ကောင်းလေး တစ်အုပ် ပါ..စာမေး ပွဲဖြေနေချိန် မှာတောင် အများ အကျိုး အတွက် ဒီစာအုပ်လေးကို ပို့ပေးခဲ့တဲ့ အစ်ကိုဖြိုးဝေအောင်ကို လည်း ဒီကနေတစ်ဆင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိ ပါတယ်ခင်မျာ...ဂုဏ်ထူးတွေ တစ်သီတစ်တန်းနဲ့ အောင်မြင် မှုပန်းတိုင် ကို ရောက်ရှိ ပါစေ ခင်မျာ...ကဲ....စာရှုသူ ပရိတ်သတ် အပေါင်း...ဒေါင်းနိုင် ပါပြီခင်ဗျားးး :)
Download=>Solidfiles / Mediafire
Monday, February 25, 2013
Excel Ebooks (myanmar)
Posted by drmyochit Monday, February 25, 2013, under | 1 comment
အရင်တစ်ခါ တင်ဖူးထားတာမျိုးလည်း ရှိပါလိမ့်မယ်..  ။ ဒီတခါတော့ မြန်မာလို Excel စာအုပ်လေးတွေကိုတစ်ပေါင်းတည်း စုစည်းဖော်ပြလိုက်ပါတယ်..။
Excel အသုံးပြုနည်း 2003, 2007, 2010 (၃) အုပ်ဖြစ်ပါတယ်..။
လိုချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်.......။။
Thank you for alll
Wednesday, February 06, 2013
80 + Free Ebooks From Microsoft (မြန်မြန် ဒေါင်းထားကြပါရန်)
Posted by drmyochit Wednesday, February 06, 2013, under | No comments
IT နည်းပညာနဲ့ပတ်သက်တဲ့ စာအုပ်များကို Microsoft မှ အခမဲ့ပေးနေပါပြီ..အခမဲ့ရတုန်းလေး လိုအပ်သူများ မြန်မြန် ဒေါင်းထားကြပါခင်မျာ။ စာအုပ်တွေလဲ တော်တော်လေးကိုစုံပါတယ်..Html , java , css, windows 8 app , SQL Server စတဲ့အသုံးဝင်စာအုပ်ပေါင်းများစွာပါဝင်ပါတယ်ခင်မျာ။ 
Tuesday, February 05, 2013
win rar ဖြင့် ဖိုင်ဖြေခြင်း စာအုပ်လေးနဲ့ WinRar ဖိုင်ကို password နဲ့ သုံးကြည့် ရအောင်
Posted by drmyochit Tuesday, February 05, 2013, under | No comments
Win RAR ဖြင့် ဖိုင်ခြေခြင်း စာအုပ်လေးဖြစ်ပါတယ်။
မသိသေး မရှိသေး တဲ့  သူများအတွက်ဖြစ်ပါသည်
စိတ်ဝင်စားဆန္ဒရှိရင် ဒေါင်းပေါ့ ဗျာ အားလုံးပဲ အဆင်ပြေကြပါစေ
Monday, February 04, 2013
စာစီစာရိုက်နည်းပညာ စာအုပ်များ
Posted by drmyochit Monday, February 04, 2013, under | No comments
  AdobeAcrobat4.0.pdf
View Download ကကကွန် 5306k
BasicWindows&MicrosoftWord.pdf
View Download      1065k
Excel 2010.pdf
View Download အောင်မြင့် 12421k
HowToUsedOneNote.pdf
View Download1041k
MicorsoftFrontpage2002.pdf
View Download ကကကွန် 1750k
MicrosoftAccess2002.pdf
View Download ကကကွန် 7007k
MicrosoftPowerPoint2007.pdf
View Download ကကကွန် 2253k
MICROSOFTWORD2002.pdf
View Download ကွန်ပျူတာလက်စွဲ 3250k
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်