၂၀၁၂ ဒီဇင်ဘာလ ၇ ရက် ၀၇၀၀ ချိန်
------------------------------------------------------------
'' ဒီလိုပစ်ပီးရင် အနောက်ဝါးရုံကုန်းက RPG နဲ့ပစ်တယ် သတိထားနေကြဟေ့ '' ဟုကိုထင်လင်း÷× ၏ စကားအဆုံး ကျနော်နှင့်သူထိုင်နေသော အိုဘာဟတ်ထဲတည့်တည့် { အစ်ကိုကြီးလာပီ} ဆိုသော ကျနော့စကားပင်မဆုံးလိုက်ပါ.. ကျနော့နားထဲ မိုကြိုးပစ်သံလို '' ဂျိမ်းး'' ဆိုတဲ့အသံနဲ့ ယမ်းခိုးငွေ့များ ကျောက်မှုံကျောက်စများ နှင့် ခြားရဟတ်စီးသလိုခံစားမှုတစ်ခု ....
စစ်မြေပြင်တွင် မိတ်ဆွေဟူသည်မရှိ စစ်မြေပြင်တွင် ညှာတာမှုဟူသည်မရှိ ကျနော်မရှိခဲ့သလို သူတို့တွင်လည်း ရှိမည်မဟုတ်ပါ
သူတို့ပေးဆပ်တာဘာလဲ .... ကျနော်ပေးဆပ်နေတာဘာလဲ ..........
ကျနော်တစ်ခုခြစ်သွားမှာကြောက်နေမိသည်
ကျနော့တပည့်တွေ ဘာတွေဖြစ်ကုန်ပီလည်း တကယ်လို့ကျနော်တစ်ခုခုဖြစ်သွားခဲ့ရင်.... အဖေနဲ့အမေဆီစိတ်ကရောက်သွားပြန်သည်
ကျောင်းဆင်းဘွဲ့ယူတုန်းက ဖေဖေရယ်မေမေရယ်ကျနော်ရယ် တွဲရိုက်ခဲ့တဲ့ဓာတ်ပုံလေးကို ပြန်မြင်ယောင်နေမိသည်ု .........
...ငါဘာမှမဖြစ်ရဘူးး...
ကိုယ့်ဘာသာကိုယ်အားပေးရင်း ထမည်ပြုတော့ တစ်ကိုယ်လုံးလှုပ်မရအောင် တစ်ခုခုချုပ်ထားသလိုခံစားနေရသည်..
စက္ကန့်အနည်းငယ်လောက်နေတော့ ကျနော်မျက်လုံးဖွင့်ကြည့်သည်
မျက်စိထဲမှာ ဝင်နေသောကျောက်မှုန်ကျောက်စများကြောင့် ကြိမ်းစပ်ပြီးမျက်ရည်ပူများထွက်လာခဲ့သည်
နားထဲမှာလည်း ဝိုးတိုးဝါးတား အသံကိုတော့သဲ့သဲ့ကြားနေရသည် .....
ရအောင်အမြန်လုပ် ......
ဟေ့ကောင်.... မင်းဘေးးကျည်ထောက်နေတယ် ဒီဘက်ကိုလာ
ဗိုလ်ကြီးခြေထောက်တွေ့ပီ
အေးးးး ... ရအောင်အမြန်ဆွဲထုတ် .....
ဟေ့ကောင် အဲ့လိုမဆွဲနဲ့လေ ကျောက်တုံးတွေအရင်ဖယ်အုံး.....
ခင်မောင်ထူးး မင်းကစက်လက်နဲ့ပြန်ပစ်ထား .....
တောက် ဒိုင်း ဒိုင်း ရွှတ် ရွှိ ကျည်ဆံများက ဖျက်ဆဲပင် ....
ဟေ့ကောင်တွေ××× ဆေးတပ်သားး ××× ဆေးတပ်သားးး ×××
ဒီ မှာ ဗိုလ်ကြီးထိထားတယ်....
ကျနော်လာပီ ဆရာကြီးးးးး
ဒီဟာလေးးအရင်ယူထားးး
လှမ်းပစ်ပေးသည်ကို ကျနော် ရီဝေဝိုးတဝါးမြင်နေရသည်
နားထဲတွင်ကြားနေရသည့် စီ ဟူသောအသံက မပျောက်သေးပါ ....
ကျနော့ကိုလာဆွဲတော့ တပ်သားခင်မောင်ထူးး
ဗိုလ်ကြီးးးး ဘာမှမဖြစ်ဘူးးးး ဟူသော၎င်း၏သံကို ရေငုတ်နေသော လူပမာ သဲ့သဲ့သာကြားနေရသည်
မိမိကိုယ်ပေါ်တွင်ပိနေသော ကျောက်တုံးများအား တွန်းထုတ်ရင်း ရုန်းကန်နေတဲ့တပည့်ရဲ့မျက်နှာ ....
မိမိနားတွင်အသံသာကြားရပီး ကျောက်တုံးများအောက်တွင်မြုပ်နေသသည့် ဗကထင်×÷
"ညီလေး ကိုယ်တော့ထိသွားပီထင်တယ် ...." ဟူသောအသံကိုတော့ခဏခဏကြားနေရသည်
ကျည်ဆံများမှာအလှူ ပေးသလို တစ်ဖျောက်ဖျောက် ပျံသန်းနေဆဲ
ငါ့ကိုမဆွဲနဲ့
ပြန်ပြောလိုက်တဲ့ ကျနော့အသံ သူတို့ကြာကြရဲ့လား ကျနော်မသိပါ
ရွှိ ဒိုင်း ဖျောက် .... အသံများး နှင့် ကျည်ဆန်များထိမှန်၍ လွင့်စင်လာသော မြေစမြေနလေးတွေလည်း လေထဲတွင်လွင့်ပြန်လို့နေသည်
KIA မှယခုနေရာကို လှမ်းပစ်နေခြင်းဖြစ်ပါသည်
ကျနော် တွန်းကာထကြည့်သည်မတက်နိုင်ပါ
ကျနော်ဘယ်လိုမှရုံးကန်ပြီးထလို့မရ
ခင်မောင်ထူးမှ ကျနော့်ခန္ဓာကိုယ်ကိုမြောက်ကနဲမပြီး ဆက်သွယ်ရေးမြောင်းထဲပစ်ချလိုက်သည်
ကျနော့်မျက်လုံးထဲမှ ကျောက်မှုန်များကိုပွတ်ပီး ထထိုင်လိုက်သည် ကျနော်အကောင်းပကတိပါပဲလား ... စိတ်ထဲအလွန်ဝမ်းသာသွားသည်
အမှန်တိုင်းပြောရလျင် ယခုမှစိတ်နှင့်လူပြန်ကပ်ခြင်းပင်
ညာဘက်ဒူးကတော့အောင့်နေသေးသည်
တပည့်များအား အုံမနေကြရန်နှင့် နေရာယူပြီး ပစ်ခတ်ရန်မှာကာ ဗကထင်×÷ အားဆွဲထုတ်ရသည်
"အားး ... ဖြေးဖြေးညီလေးး အဲ့ဘက်ကတအားနာနေတယ် ...."
ကျနော်ညာဘက်လက်ကိုလှမ်းဆွဲလိုက်သောကြောင့် ၎င်းထိထားသောဒဏ်ရာကိုသွားထိမိခြင်းဖြစ်သည်
"ညီလေးးကိုယ့်ညာဘက်လက်ပြတ်သွားပြီလားကြည့်ပါဦးညီလေးရာ ...."
အားတင်းပြီးပြောနေသော်လည်း မျက်လုံးများမှာမှေးစင်းနေသည်
"အကိုကြီးဘာမှမဖြစ်ဘူးး အားတင်းထားပါဗျာ မျက်လုံးမမှိတ်နဲ့နော် ကျနော့်ကိုကြည့် ..."
ဆိုကာမျက်ခွံအားအတင်းတွန်းတင်၍ ကြည့်ခိုင်းရသည် အံကိုကြိတ်ကာ ကျနော့ကိုပြုံးပြရင်း...
နယ်သားလေး မင်းဘာမှမဖြစ်ဘူးနော် ...
'' ကျနော်ဘာမှမဖြစ်ဘူးး ကိုကြီး ညာဘက်ဒူးပဲနဲနဲထိသွားတယ် '' ပြောပြီးတာနဲ့သူ့ဒဏ်ရာများအားကြည့်ရသည်
ကျနော့တွင်ရှိသောဆေးပတ်တီးအားဖြေပြီးအကိုကြီး၏ မျက်နှာအားသုပ်ပေးနေရသည်
ညာဘက်လက်ကသုံးပိုင်းကျိုးပြီး သွေးများစိမ့်ထွက်ကာ တွဲလောင်းကျနေသည် ညာဘက်ပါးလည်း ပေါက်သွားသည်
ညာဘက်ခြေထောက်ကို ဗုံးသီးအစများထိမှန်ထားပြီး သွေးထွက်လွန်မည်စိုးသောကြောင့် ကျနော့်လည်စီးဖြင့်ကြပ်စည်းလိုက်သည်
နောက် ကျနော့ကိုယ်ကျနော်ပြန်စစ်တော့ ညာဘက်ဒူးတွင် ဗုံးစထိုးခွဲသွားပြီ့း အရေပြားစုတ်ပြဲသွားရုံနှင့် ကျောက်တုံးပိပြီး ခေါင်းနဲနဲမူးနေရုံမှလွဲ၍ ဘာမှမဖြစ်ခဲ့တာအံ့သြစရာပင် ...
'' ကိုကြီးအားတင်းထား ကိုကြီးကိုကျနော် ဟိုဘက်ကုန်းက ကိုစိုးကို(ဆေးဗက/ ထိုအချိန်ကဆေးဗိုလ်ကြီးများ ရှေ့တန်းတွင်ပါဝင်ပါသည်) ဆီရောက်အောင်ပို့ပေးမယ် ''
အာမသာခံလိုက်ရသည် ၎င်းနေရာသို့သွာရန်မလွယ်ကူလှပါ လမ်းတွင်တောက်လျောက် ရန်သူ့ပစ်ကြောင်းဖြစ်သည် ရန်သူမှမျက်မြင်ပစ်ခတ်ခံရနိုင်သည်
မီတာ၂၀၀လောက်ကြောဆက်လမ်းလေးအတိုင်းသွားရမည်ဖြစ်ပြီး လမ်းတွင်အကာအကွယ်ဆို၍ ဝက်သစ်ခြပင်တစ်ပင်/ ကမူလေးတစ်ခုနှင့် စခန်းကုန်းဆက်သွယ်ရေးမြောင်းနားရောက်ခါနီး ကျောက်တုံးကြီးတစ်ခုသာရှိပါသည်
မတက်နိုင်ပါ သွေးထွက်လွန်လျင် ကျနော့နယ်သားအသက်အန္တရာယ်ကိုစိုးရိမ်ရပါသည် ထို့ကြောင့် ကျနော့စုရုံးမှဆက်သား| ဆေးတပ်သားနှင့် ကျနော် သုံးယောက် အရဲစွန့်၍သွားရပေတော့မည်
ခွဲတပ်က်ြပ်ကြီးစခန်းသေခြာ ထိန်းသိမ်းထားရန်မှာပြီး ဗကထင်×÷ အား တစ်ယောက်ထမ်းခိုင်းကာ တဟုန်ထိုးပြေးရလေသည် ...
ကျနော်မျှော်လင့်သည့်အတိုင်းပင်
KIA မှလက်ဆောင်များချီးမြှင့်ပါတော့သည်
တောက် ... တောက် ... ရွိ... ဖျောက် ... ဝှစ် ကျည်ဆန်မိုးများရွာသွန်းတော့သည်
ပထမနေရာသို့ရောက်ပြီဖြစ်သောကြောင့် သစ်ခြပင်နှင့် ညာဘက်စောင်းအကာကွယ်ထားကာ ကာပစ်ပစ်ထားရသည်
အခြေနေမဟန်ကမဟန်တော့ပါ ခေါင်းတောင်ဖော်၍မရအောင်ပစ်နေသည်
ပစ်ကူတောင်းမှရတော့မည်ဖြစ်သည်
ဆက်သွယ်ရေးစက်ဖြင့ှ် စကမှူးအားခေါ်လိုက်ပ်ါသည်
... ကျော်ငြိမ်းမှ အောင်မင်း...
... အောင်မင်းရှိတယ် ..ကျော်ငြိမ်း အခြေနေပြောပါ ..
... အောင်ဘာလေ .. အခြေနေမကောင်းဘူးး... ဝါးရုံတောဘက်ကပစ်နေတယ် .. 84 နဲ့လှမ်းပစ်ပေးပါ ...
.... ရထားညီလေး ... ဒီက စက်လက်နဲ့ ၈၄ လွှတ်ပေးမယ် အရှိန်ကျရင်ဆက်လုပ်ပါ ...
... ရထား ၉၆ ပါ ....
လူနာသွားပို့မည့် စကရုံးနှင့် တစ်စု ထိုင်သောကုန်းဘက်သို့ပစ်ကူ လှမ်းတောင်းလိုက်ခြင်းဖြစ်ပါသည်
ပြောပြီးမကြာပါ
စကမှူးနေသောကုန်းမှ ပစ်လိုက်သောလက်နက်ကြီးသည် ကျနော့ဘက်သို့ ပစ်ခတ်လျက်ရှိသောရန်သူ့နေရာ တည့်တည့်ပင်
ဒုံး ... ဂျိန်း ... အသံနှင့်အတူ မီးခိုးလုံးကြီး ပွင့်ထွက်လာသည်
84ကာကူးစတပ်လေကွဲဖြင့် ခွင်းလိုက်သောကြောင့် တော်တော်တော့အီသွားလောက်မည်ထင်သည် ချက်ချင်းအပစ်ရပ်သွားသည် ထို့နောက်စက်လက်မှ ဆက်တိုက်ဦးနှိမ်ပေးထားသောကြောင့် လူနာပို့ရန် အကောင်းဆုံးအနေထားဖြစ်လာခဲ့သည်
'' ကိုကြီး ခဏလောက်အောင့်ထားလိုက်
ဟိုရောက်မှအဆင်ပြေမှာ ဒီကနေတောက်လျောက်ပြေးမှရမယ် သိပ်လည်းမလိုတော့ပါဘူး''
'' ရတယ်ညီလေး မင်းသာအန္တရာယ်ကင်းအောင်လုပ်ပါ ကျည်ကထောက်နေတယ် ငါကအရေးမကြီးပါဘူးမင်းကထိလို့မဖြစ်ဘူး
ငါတို့တပ်မှာလူသိပ်မရှိတော့ဘူးကွ "
စိတ်ဓာတ်မာကြောသူဖြစ်သည့်အတွက် သိပ်၍အခြေနေမဆိုးပါ မိမိဒဏ်ရာထက်ကျနော်အတွက်ပူနေရှာသော အကိုကြီးကို စိတ်ထဲမှလေးစားနေမိပါသည်
ကျနော်တို့သုံးယောက် တစ်ယောက်ကလူနာထမ်း နှစ်ယောက်က ဘေးဘယ်ညာထိန်းပြီးဆက်တိုက် အပြေးတက်ရတော့သည်
<<ထိုအချိန်က ဂင်းနစ်မှတ်တမ်းတင်သူများရှိလျင် ကျနော်တို့သုံးယောက် မီတာ၁ဝဝ စံချိန်အသစ်တင်ခဲ့မည်ထင်ပါသည် >>
စခန်းသို့ အောင်မြင်စွာရောက်ရှိပြီး ဆက်သွယ်ရေးပြောင်းထဲအရောက်....
ဒုံး... ဂျိန်း...
ကျနော် လွင့်ထွက်သွားသည် ယမ်းငွေ့များလည်း မှောင်ပိန်းလို့ ....
KIA မှ RPG ဖြင့်လှမ်းပစ်ခြင်းဖြစ်ပါသည်...
ဒီတစ်ခါလည်းကံကောင်းပါသည် ကျနော်အကျီစုတ်ပြဲရုံသာဖြစ်ပြီး ထိခိုက်မှုမရှိပါ
ဆေးတပ်သားကတော့ လက်တစ်ချောင်းပြတ်/ ဆက်သားက ဘယ်ညာတင်ပါးအစဖောက်ဝင် / ကျနော့်နယ်သားကြီး ကိုထင်×÷ ကတော့ တစ်ဗူပေါ်တစ်ဗူဆင့် ဘယ်ခြေထောက်RPG အစဖောာက်ဝင်ခဲ့ပြန်သည် .. တော်တော်ကံကောင်းတဲ့ ကျနော်နဲ့ တော်တော်ကံဆိုးရှာတဲ့ ကျနော့်နယ်သားကြီးပါဗျာ
'ညီလေးး အားးး ... ကျွတ်ကျွတ်... မင်းထိသွားသေးလားး''
"မထိဘူး ကိုကြီး အကျီတော့ပြဲသွားတယ် " "အေးအေး ...ကောင်းတယ် ကိုယ်တော့ထပ်ထိပြန်ပြီကွာ ... "
ဆေးဗက ကိုစိုးကို Soe Ko ရှိသောအိုဘာဟတ်ထဲသို့ထည့်ပေးပြီး ဘေးဘယ်ညာကြည့်လိုက်တော့ လူနာများပုံနေသည် မိမိအသက်နှင့်ရင်း၍
ရှိသောဆေးများဖြင့်ရအောင်အသက်ကယ်နေရသောဆရာဝန်တစ်ယောက်၏စိတ်ဓာတ်အားလေးစားဂုဏ်ယူမိပါသည်
" နယ်သားလေး ကိုယ့်ဘေးလွယ်အိတ်ထဲမှာ ကျည်ဆန် ၅၀ကျော်လောက်ကျန်ဦးမယ်
ပြီးတော့ ခေါက်ဆွဲခြောက်လေးတစ်ထုတ် လည်းရှိဦးမယ်ထင်တယ် မင်းစားလိုက်ကွာ
နောက်ပြီး ကိုယ့်ပစ္စတိုနဲ့ MA 3 ညီလေးပဲသေခြာသိမ်းထားပေးပါ .."
"ဟုတ်ကိုကြီး "
"နောက်တစ်ခုက မပေါနဲ့ သတိထားး အရမ်းလဲမရဲနဲ့ ပြန်ရင်လည်းသေခြာပြန်ဦး .. "
"ဟုတ်ကိုကြီးညီလေးသွားတော့မယ် ... "
မိမိနှင့်တူတူတိုက်ပွဲဝင်ခဲ့ကြသူများထဲတွင် ဒဏ်ရာရသူများတော်တော်များခဲ့ကြပြီဖြစ်သည်
ဒဏ်ရာများနှင့် လူနာများအား ကျည်လွတ်အောင် မြောင်းအနက်ကြီးတူး၍ စုပြုံထည့်ထားရသည် အပေါ်မှ သစ်လုံးများတင်ထားကာ အသင့်တင့်တော့ ကာကွယ်မှုပေးပါသည်
ကျနော်တို့စခန်းနှစ်ခု ကျသွားမည်ဆိုလျင် ဤလူနာများ၏ ဘဝမှာ စဉ်းစား၍မရဲလောက်အောင်ပင်ဖြစ်ပါသည် ...
အပြန်လမ်းကတော့ ထုံးစံအတိုင်း
မီတာ ၁၀၀ စံချိန်သစ်ဖြင့် စခန်းသို့အောင်မြင်စွာ ပြန်ရောက်ရှိရန်ဖြစ်ပါသည် .....
စခန်းပြန်ရောက်ပြီး ခဏအကြာတွင် စကမှူးမှ စက်ဖြင့်လှမ်းပြောသည်
"ကျော်ငြိမ်း မင်းမှာပေါက်စီဖား(တရုတ်ဖုန်း) ရှိတယ်မှတ်လားး ...
ငါတို့ ဂေါက်သီး၂လုံးခေါင်းပေါင်းကြီး(တပ်မမှူး) က မင်းနဲ့ကိုင်မယ်ပြောတယ် ... အဲ့ဒါလေး အားပြန်သွင်းထားး နံပါတ်ပြန်ပြောပေးး "
" ရထား အောင်ဘာလေ 17 ဒဘယ်ဇီးမှာ ကျနော်အသင့်လုပ်ထားပါ့မယ် ..နံပါတ်က ၁၅၀၈၇၅၀××××ပါ ဘာအတွက်လဲသိရမလား အောင်ဘာလေ "
"ကိုယ်လည်းမသိဘူး ညီလေးး ဖုန်းသာဖွင့်ထားလိုက် "
"ရထား ၉၆ ပါ "
ကျနော်ပန်ဝါမြို့ရောက်တုန်းက ဝယ်ထားတဲ့တရုတ်ဖုန်း SIM ကဒ်လေးတစ်ခုက့ ယခုအခါအသုံးဝင်ခဲ့ပြီဖြစ်ပါသည် ဆက်သွယ်မှုစနစ်ကောင်းမွန်ခြင်း သည်စစ်ပွဲအောင်နိုင်ရေးအတွက် လွန်စွာအရေးကြီးသည်မဟုတ်ပါလားး //
ဖုန်းအား ဂျင်နရေတာ ဖြင့်အပတ်၅၀၀လောက်လှည့်ပြီးအားသွင်းထားလိုက်သည် ဖွင့်ကြည့်လိုက်တော့ 75% အိုကေပြီ ဒီလောက်ဆို..
16:45 ရောက်တော့ဖုန်းဖွင့်ထားလိုက်သည် ......
၁၇:၁၀ ချိန် ဖုန်းring မြည်လာသည် ကိုင်လိုက်တော့
" အောင်နွေဦး လားး (ဟုတ်ကဲ့ခင်ဗျာ) အေးညီလေး ကိုယ် အောင်×÷×... ပါညီလေးး
(ဟုတ်အကိုကြီးပြောပါခင်ဗျာ) ခဏနေရင် ခေါင်းပေါင်းကြီး ပြောမယ် ခဏကိုင်ထားး (ဟုတ်ကဲ့) "
ခဏအကြာ .....
" အောင်နွေဦး လားး (ဟုတ်ကဲ့ပါခင်ဗျာ) အေးကောင်လေး ငါတပ်မမှူးပါ ကွာ ... (ဟုတ်ကဲ့ ညွန်ကြားပါ ခင်ဗျ ) အေးမင်းတို့ဆီမှာ ......
ဆက်လက်တင်ပြပါမည် ....
- Aung Nway Oo