Monday, September 01, 2014

နိုင်ငံတော်သီချင်းကို ဖျက်ဆိုခဲ့သော ဘင်္ဂါလီကျောင်းသားနှစ်ဦး ကျောင်းထုတ်ခံရ

Posted by Unknown Monday, September 01, 2014, under | No comments


နိုင်ငံတော်သီချင်းစာ သားကို ဖျက်ဆိုခဲ့သော ဘူးသီးတောင်မြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ဘင်္ဂါလီလူမျိုး သတ္တမတန်း ကျောင်းသားနှစ်ဦးကို ကျောင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၈ ရက်က အမှတ် (၂) အခြေခံပညာအလယ်တန်း ကျောင်း၌ ကျောင်းတက်ချိန်နိုင်ငံ တော်သီချင်းသီဆိုရာတွင် ဘင်္ဂါ လီလူမျိုး ကျောင်းသားနှစ်ဦးက ‘‘မြန်မာပြည်’’ဆိုသည့် စာသားအ စား ‘‘မွတ်စလင်ပြည်’’ဟု ပြောင်း လဲသီဆိုခဲ့ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အတန်းပိုင်ဆရာမက ယင်း ကဲ့သို့ မသီဆိုရန် ဆုံးမရာ ကျောင်းသားနှစ်ဦးက ပြန်လည်ရန်ရှာခဲ့သည့်အတွက် ကျောင်းအုပ်ဆရာကြီးထံ တင်ပြပြီး မိဘများကို ခေါ်ယူခဲ့ကြောင်းနှင့် မိဘများက လာရောက်တွေ့ဆုံခြင်းမရှိ၍ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ နောက်ဆုံးဆုံးဖြတ်ချက်အရ ၎င်းတို့ကို ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

‘‘အားလုံး သုံးသပ်လိုက်တဲ့ အခါ နိုင်ငံရေးတွေပါလာလို့ အ ပြတ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ’’ဟု ဆိုသည်။

မူလက ၎င်းတို့ကို ကျောင်း ပြောင်းစေရန်သာ ဆုံးဖြတ်ခဲ့သော်လည်း နောက်ကွယ်မှ နိုင်ငံရေးလှုံ့ ဆော်မှုများ ပါဝင်နေသည့်အ တွက် ကျောင်းထုတ်ပစ်ရန် ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဘူးသီး တောင်မြို့နယ်ပညာရေးအသိုင်း အ၀ိုင်းက ဆိုသည်။ ဖြစ်စဉ်နောက်ကွယ်တွင် မည်သူများပါဝင်နေသည်ကို သက်ဆိုင်ရာမှ စုံစမ်းဖော်ထုတ် သင့်ကြောင်း ဘူးသီးတောင်ဒေသ ခံများက ပြောသည်။

‘‘နောက်က ဘယ်အဖွဲ့အ စည်းတွေ ပါသလဲ။ ကြိုးကိုင် လည်း စုံစမ်းပြီး ထိထိရောက် ရောက်အရေးယူဖို့ လိုပါတယ်’’ဟု ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌ ဦးထွန်းအောင် သိန်းက သုံးသပ်သည်။

ဘူးသီးတောင်မြို့နယ် အမှတ် (၂) အခြေခံပညာ အလယ်တန်း ကျောင်းသည် ရခိုင်တိုင်းရင်းသား များသာမက ဘင်္ဂါလီလူမျိုးများပါ တက်ရောက်သော အထက်တန်း ကျောင်းခွဲဖြစ်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင်နှင့် ပြည်နယ်ပညာရေးမှူးရုံး များသို့ တင်ပြထားကြောင်းသတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်တွင် စုစုပေါင်းလူဦးရေ သုံးသိန်းကျော်ရှိပြီး ယင်းအထဲတွင် ရခိုင်နှင့် အခြားတိုင်းရင်းသား ဦးရေမှာ လေးသောင်းခန့်သာရှိကြောင်း ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်