Monday, September 01, 2014

ရေအားလျှပ်စစ်ကို အကျိုးဖြစ်ထွန်းအောင် အသုံးပြုခြင်း၏ ထူးခြားချက်များ

Posted by Unknown Monday, September 01, 2014, under | No comments


ရေအားလျှပ်စစ်သည် ထုတ်ယူ၍မဆုံးရှုံး၍ မကုန်နိုင်သော ပြန်လည်အသုံးပြုနိုင်သည့်
သန့်ရှင်းသော စွမ်းအင်တစ်မျိုးဖြစ်သည်။ သဘာဝရေစွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုနိုင်အလို့ငှါ
ရေစီးကို စုပေါင်းထိန်းညှိနိုင်သော အဆောက်အဦးကို လူအင်အားဖြင့် ဆောက်လုပ်ရမည်။ 
ဥပမာ- ရေလှောင်တမံ၊ ရေသွယ်ပေါင်းကူး၊ ရေလွှဲပေါက် စသည်တို့ဖြစ်သည်။

ရေအားလျှပ်စစ်လုပ်ငန်းမှာ အရင်းအနှီးများသည်။ ဆောက်လုပ်ရန်အချိန်ကြာမြင့်သည်။ 
သို့သော် လျှပ်စစ်အကျိုးဖြစ်ထွန်းမှုမှာ မြင့်မားသည်၊ ကုန်ကျစရိတ်လည်းနည်းပါသည်၊ 
လုပ်ငန်းစတင်ရန် မြန်ဆန်ပြီးထိန်းညှိရန် လွယ်ကူသည်၊ သုံးစွဲသူအျား စရိတ်သက်သာစေသည်။ ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ဖော်သုံးစွဲခြင်းသည် အဓိကအားဖြင့် ရေသယံဇာတကို 
အကျိုးရှိစွာ သုံးစွဲခြင်းပင်ဖြစ်သည်။ ယေဘုယျအားဖြင့် ရေလွှမ်းမိုးမှုကာကွယ်ရန်၊ 
မိုးခေါင်ဒဏ်ခုခံ ကာကွယ်ရန်၊ လယ်ယ်ာရေသွင်းရန်၊ ရေထွက်ကုန်မွေးမြူရန်၊ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ရန်၊ ခရီးသွားလာရန်၊ ဇိဝလက္ခဏာကောင်းမွန်အောင် ပြုပြင်ရန် 
စသည့်စုပေါင်း အကျိုးများဖြစ်ထွန်စေပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်