Monday, September 01, 2014

ဆည်ရေတံခါး ကျိုးပျက်သဖြင့် ရွှေဘိုတွင် ရေနစ်မြုပ်မှုများ ဖြစ်ပွား

Posted by drmyochit Monday, September 01, 2014, under | No comments

ရွှေဘိုမြို့အထက်ရှိ ဆင်းကွတ်ဆည်ရေတံခါးကျိုးသဖြင့် ဆည်အောက်ပိုင်းဒေသများတွင် ရေလွှမ်းမိုးခဲ့ရာ ရွှေဘိုတက္ကသိုလ်အနီး၌ ဆည်ရေလျှံမှုကြောင့် ကျိုးသွားသည့် တံတားတစ်စင်းနှင့် ဒေသခံအချို့ကို သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ညီညီဇော်)

 ရွှေဘိုမြို့တွင် ဆည်ရေ တံခါးကျိုးမှုကြောင့် ကျေးရွာ ရှစ် ရွာခန့် ရေနစ်မြုပ်ခဲ့ပြီး လူနေအိမ် အချို့နှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီးကာ မျိုးစပါးများ၊ ပျိုး ထောင်ထားသော စပါးများ ပျက် စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိ သည်။

ရွှေဘိုမြို့နယ် မင်းကျောင်း ရွာတွင် သြဂုတ် ၃၀ ရက်က ဆည်ရေ၀င်ရောက်မှုကြောင့် စပါးတင်း ၇၀၀ ကျော် ပျက်စီးဆုံး ရှုံးခဲ့သည်။ ထို့အပြင် ပဂိုးကုန်း ကျေးရွာမှ မဟာဝိဇယဘုန်းကြီး ကျောင်း အုတ်တံတိုင်းဆယ်ခန်း ပျက်စီးခဲ့ပြီး ယင်းရွာရှိ ဓမ္မရက္ခိတ ကျောင်း ကျောက်ကြားလမ်းနှင့် အုတ်တံတားမှာလည်း ပျက်စီးခဲ့ သည်။ မင်းကျောင်းရွာမှပင် မဟာအောင်မြေ    သိဒ္ဓိကျောင်း အုတ်တံတိုင်းအခန်း ၄၀ ပြိုကျ ပျက်စီးခဲ့ကြောင်း ထရံကာ ထရံ မိုး အိမ်နှစ်အိမ်နှင့် မီးဖိုချောင် တစ်ခုလည်း ပြိုကျပျက်စီးခဲ့ ကြောင်း ရွှေဘိုမြို့နယ် မီးသတ် ဦးစီးဌာနနှင့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

ရွှေဘိုတက္ကသိုလ်အနီးရပ်ကွက်တွင် ဆည်ရေကြောင့် ကျိုးသွားသည့်တံတားတစ်စင်း (ဓာတ်ပုံ−ညီညီဇော်)
ဆင်းကွတ်ရွာမှာ ထိခိုက်မှု မရှိဘဲ မင်းကျောင်းရွာနှင့် ပဂိုးကုန်းကျေးရွာနှစ်ပေါင်း အိမ်ခြေ ၃၀၅ အိမ်  ရေနစ်မြုပ်ခဲ့ပြီး  လူပေါင်း ၁,၇၇၇ ဦး ရေဘေးဒုက္ခကြုံတွေ့ခဲ့ ရကြောင်း မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူး   ဦးညွန့်ဝေက ပြောသည်။

‘‘ပျက်စီးဆုံးရှုံးမှု စာရင်းက တော့   ကောက်နေတုန်းပါပဲ။ စပါးတွေက ကြဲမယ့်တန်းလန်း မျိုးစပါးတွေပါသွားတာ။ လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်မှု မရှိ ပါဘူး’’ ၎င်းက ပြောသည်။

အဆိုပါ ကျေးရွာများအပြင် ကျားရွာ၊ မြောင်းကြီးကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာ၊ နှမစား ရစ်ရွာနှင့် အခြားကျေးရွာများတွင် လည်း ဆည်ရေ၀င်ရောက်မှု ဖြစ် ပေါ်ခဲ့ပြီး အချို့ရွာများရှိ လယ် များတွင် စပါးပျိုးခင်းများရှိသည့် အတွက် ပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။

‘‘နှစ်ငါးဆယ်အတွင်း တစ် ခါမှမကြုံဖူးဘူး။ ရေအနက်ကိုကလေးပေခွဲ ၊ငါးပေလောက်ရှိတယ်။ ရေကျသွားလို့ တော်သေးတယ်’’ ဟု မင်းကျောင်းကျေးရွာမှ ဒေသ ခံတောင်သူတစ်ဦးက ပြောသည်။

ရွှေဘိုတက္ကသိုလ်နှင့် ကျောင်းဝန်းကျင် ရပ်ကွက်များ၊ ရွှေဘိုနည်းပညာကောလိပ်ဝင်း အတွင်းတို့တွင်လည်း ရေ၀င် ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ရွှေဘိုမြစ်ကြီးနားကားလမ်းရှိ ကိုး ပင်ချောင်းတံတား ချဉ်းကပ်လမ်း မှာ ပေ ၂၀ ခန့် ပျက်စီးခဲ့ပြီး ခေတ္တ လမ်းပိတ်ထားမှုကြောင့် ကုန်တင် ကားကြီးများ စောင့်ဆိုင်းနေကြရ သည်။

ရေဘေးကြုံတွေ့နေရသည့် ကျေးရွာများသို့ အစိုးရဌာနဆိုင် ရာဝန်ထမ်းများ၊ ရွှေဘိုမြို့ရှိ ပရ ဟိတအဖွဲ့အစည်းများက ထမင်း ထုပ်များဝေငှခြင်း၊ ဆေးခန်းများ ဖွင့်လှစ်ကုသပေးခြင်း၊ သောက် ရေသန့်များ ထားပေးခြင်းများ ပြုလုပ်ပေးနေသည်။   ရေပြန်ကျ သွားချိန်တွင်လည်း ကျေးရွာအတွင်း သန့်ရှင်းရေးများ  ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း   ရွှေဘိုမြို့နယ်   အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယဦးစီးမှူး  ဦးနေမင်းထွန်းက ပြောကြားသည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်