Sunday, October 28, 2012
ဗြိတိန် နိုင်ငံအား ပစ်မှတ်ထား တိုက်ခိုက် မည်ဟု အယ်လ်ရှာဘတ် အဖွဲ့ ခြိမ်းခြောက်
Posted by drmyochit
Sunday, October 28, 2012, under နိုင်ငံတကာသတင်းများ | No comments
အသက် ၃ နှစ်အရွယ်သာ ရှိသေးသော ကလေးငယ်၏ ရဟန်းတော်ကြီးတစ်ပါးလို တရားတွေဟောနေ သောဗွီဒီယိုဖိုင် ယူကျူးတွင်ပျံနှုံ့ 
Posted by drmyochit
Sunday, October 28, 2012, under သတင်းများ | No comments
မြောက်ဦးမြို့တွင် ဒုက္ခသည်များ တိုးလာ (နောက်ဆုံးရသတင်း)
Posted by drmyochit
Sunday, October 28, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို
Posted by drmyochit
Sunday, October 28, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်တွင်
တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များ တွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပအဖွဲ့ အစည်း များ (INGO) နှင့်OIC (Organization of The IslamicCooperation)
တို့ နောက်ကွယ်မှကြိုး ကိုင် လုပ်ဆောင်မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်
(ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။
ကြောက်စိတ်ကြောင့် အမြင်အာရုံ အနီးအဝေး ပြောင်းလဲစေတတ်
Posted by drmyochit
Sunday, October 28, 2012, under သတင်းများ | No comments
From
: planet
ကြီးမားသော
ငါးမန်းကြီး တစ်ကောင်ဖြစ်စေ၊ သေးငယ်သော ပင့်ကူတစ်ကောင်ဖြစ်စေ မိမိတို့ ပတ်ဝန်းကျင်တွင်
ကြောက်လန့်အောင် လှုံ့ဆော်တတ်သော အရာပေါင်း မြောက်မြားစွာ ရှိနေပြီး ယင်းတို့ကို ကြောက်ရွံ့နေချိန်တွင်
ဦးနှောက်၏ အကွာအဝေး တွက်ချက်မှု စွမ်းရည်သည် အလွဲအချော်များ ပေါ်ပေါက်တတ်ကြောင်း ပညာရှင်များက
ဆိုသည်။
ကြောက်စိတ်သည်
မိမိ၏ ဦးနှောက်က ထောက်လှမ်းသိရှိသည့် အမြင်အာရုံ အနီးအဝေးကို သက်ရောက် ပြောင်းလဲစေတတ်ကြောင်း
သုတေသီများက ပြောကြားခဲ့သည်။ ကြီးမားသော ငါးမန်းကြီး တစ်ကောင်ဖြစ်စေ၊ သေးငယ်သော ပင့်ကူတစ်ကောင်ဖြစ်စေ
မိမိတို့ ပတ်ဝန်းကျင်တွင် ကြောက်လန့်အောင် လှုံ့ဆော်တတ်သော အရာပေါင်း မြောက်မြားစွာ
ရှိနေပြီး ယင်းတို့ကို ကြောက်ရွံ့နေချိန်တွင် ဦးနှောက်၏ အကွာအဝေး တွက်ချက်မှု စွမ်းရည်သည်
အလွဲအချော်များ ပေါ်ပေါက်တတ်ကြောင်း ပညာရှင်များက ဆိုသည်။ အထူးသဖြင့် ကြောက်ရွံ့ ထိတ်လန့်သည့်အခါ
အမြင်အာရုံသည် အရာဝတ္ထုများကို အမှန်တကယ် ရှိနေသည်ထက် နီးကပ်သွားသည်ဟု လှုံ့ဆော်ခံရတတ်ကြောင်း
သိရှိရသည်။
ဂါဇာကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု အစ္စရေးခြိမ်းခြောက်
Posted by drmyochit
Sunday, October 28, 2012, under နိုင်ငံတကာသတင်းများ | No comments
From
:ခေတ်လူငယ်
အစ္စရေးတို့က ဂါဇာကမ်းမြောက်ဒေသရှိ ပါလက်စတိုင်းတို့အား အရှိန်တိုးမြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်သည်ဟု အောက်တိုဘာ ၂၄ ရက်က ပရက်စ်တီဗွီသတင်းတွင် ဖော်ပြထားသည်။ အစ္စရေးနိုင်ငံ ဘက်သို့ ပါလက်စတိုင်းတို့ဘက်မှ ဒုံးကျည်များဖြင့် တိုက်ခိုက်လာလျှင် ဂါဇာဒေသနေသူများလည်း သေကျေ ပျက်စီးအောင် တိုက်ခိုက်သွားရလိမ့်မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက်က အောက် တိုဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။ ဟားမတ်စ်တို့အနေဖြင့် ငြိမ်ငြိမ်မနေဘဲ ဒုံးကျည်များ ဆက်လက် ပစ်ခတ် နေလျှင် အစ္စရေးတို့က လက်တုံ့ပြန်ရလိမ့်မည်ဖြစ်ကြောင်း ဘားရက်က ဆက်လက်ပြောကြားသည်။ အစ္စရေး တို့က အောက်တိုဘာ ၂၃ ရက် ညပိုင်းကတည်းက ဂါဇာကမ်းမြောင်ဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး လေးဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိသွားခဲ့သည်။ တစ်ဖန် ပါလက် စတိုင်းတို့ကလည်း အောက်တိုဘာ ၂၄ ရက်တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်အလုံး ၇၀ ကျော် ပစ်ခတ်ခဲ့ရာ ငါးဦးဒဏ်ရာရရှိသွားကြောင်း အစ္စရေးစစ်ဘက်က ပြောကြားသည်။
ကေအိုင်အေ၊ တပ်မဟာ(၄)အဖွဲ့များ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား
Posted by drmyochit
Sunday, October 28, 2012, under ပြည်တွင်းသတင်းများ | No comments
From
: မြ၀တီ
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသတွင် ကေအိုင်အေ၊ တပ်မဟာ(၄)လက်အောက်ခံ ရင်း(၃၆)မှ အဖွဲ့များသည် ဓါးပြတိုက်၊ ဆက်ကြေးကောက်ရာမှ ရရှိသည့်ငွေများအား ဝေစုခွဲရာ တွင် အဝေမတည့်သဖြင့် အချင်းချင်း ပစ်ခတ်ရာမှ တပ်ခွဲမှူး လကျွေးဆိုသူ သေဆုံးသွားကြောင်း မုံးကိုးအနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများမှ သတင်းရရှိသည်။ တပ်မဟာ(၄)မှ အဖွဲ့များသည် ငွေကြေးကိစ္စများနှင့်ပတ်ကသ်၍ အုပ်စုငယ်များ ကွဲပြားနေပြီး အလင်းဝင်သူ၊ ထွက်ပြေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည်ဟု ဒေသခံရွာသားများမှတဆင့် သတင်းရရှိသည်။
မင်္သကာဖွယ်စာအိတ်ကြောင့် ဝါရှင်တန်ရှိ ကနေဒါသံရုံးကို ရှင်းလင်းခဲ့ရ
Posted by drmyochit
Sunday, October 28, 2012, under နိုင်ငံတကာသတင်းများ | No comments
From
:Planet
အမေရိကန်ပြည်ထောင်စု
ဝါရှင်တန်ရှိ ကနေဒါသံရုံးရှိ ဝန်ထမ်းများအား အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
သံရုံးသို့ရောက်ရှိလာသော စာအိတ်များအနက် မင်္သကာဖွယ် စာအိတ်တစ်အိတ် ကြာဿပတေးနေ့ နံနက်ပိုင်းက
တွေ့ရှိခဲ့ရပြီးနောက် သံရုံးဝန်ထမ်း ၃၂၅ ဦးကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း
ကနေဒါသံရုံး ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုကို ကိုးကား၍ Reuters က ဖော်ပြသည်။ ကနေဒါသံရုံးတည်ရှိ
Pennsylvania Avenue သည် အမေရိကန်သမ္မတ အိမ်ဖြူတော်နှင့် တစ်မိုင်ခွဲအကွာတွင် တည်ရှိသည်။
အမေရိကန်ထောက်လှမ်းရေးဌာနက အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေး နေသော်လည်း စာအိတ်နှင့်ပတ်သက်၍
အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးချ။
မြန်မာယူ ၁၉ အမျိုးသမီးအသင်း အာရှဖလား ပထမအဆင့် ခြေစစ်ပွဲအောင်မြင်
Posted by drmyochit
Sunday, October 28, 2012, under သတင်းများ | No comments
From
:မြ၀တီ
ဖိလစ်ပိုင် နိုင်ငံတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သော
AFC U 19 Women's Championship ခြေစစ်ပွဲများ တွင် မြန်မာ အမျိုးသမီး ယူ ၁၉ အသင်းသည်
အုပ်စုပွဲ အားလုံး အနိုင်ရရှိပြီး အုပ်စုပထမ နေရာဖြင့် ခြေစစ်ပွဲ အောင်မြင် သွားခဲ့သည်။
မြန်မာအသင်း အနေဖြင့် ပထမအဆင့် ခြေစစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အုပ်စု
ပထမဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီးယူ ၁၉ အသင်းသည် အဖွင့်
ပွဲစဉ်တွင် တရုတ်(တိုင်ပေ) အား ၃-၁ ဂိုး၊ အိမ်ရှင် ဖိလစ်ပိုင် ၄-ဝ ဂိုး၊ ဟောင်ကောင်ကို
၈-ဝ ဂိုးတို့ဖြင့် ပွဲအားလုံး အနိုင် ရခဲ့သည်။ ပထမအဆင့် ခြေ စစ်ပွဲ အောင်မြင်ပြီးနောက်
ဒုတိယအဆင့် ခြေစစ်ပွဲ အဖြစ် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်အထိ ဗီယက်နမ် နိုင်ငံသို့ သွားရောက်ကာ
ယှဉ်ပြိုင်ရဦး မည် ဖြစ် သည်။ ဒုတိယအဆင့် ခြေစစ်ပွဲများတွင် ထိုင်းအသင်း ပါဝင်သော အုပ်စုနှင့်
ဗီယက်နမ် အသင်း ပါဝင်သော အုပ်စုနှစ်ခု ခွဲထားသည်။ ယင်းအဆင့် ကို ကျော်ဖြတ် နိုင်ပါက
2013 AFC U 19 အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
ဒေါက်တာအေးမောင်ကို BBC ကရခိုင်ပြည်နယ် လက်ရှိ အခြေအနေနဲ့ ဆက်သွယ်မေးမြန်းချက်
Posted by drmyochit
Sunday, October 28, 2012, under သတင်းများ | No comments
ရခိုင်ပဋိပက္ခ ဒုက္ခသည်များ အကူအညီတွေ အရေးပေါ် လိုအပ်
Posted by drmyochit
Sunday, October 28, 2012, under သတင်းများ | No comments
ရခိုင်ပြည်နယ်တွင်း
တကျော့ပြန်လူမျိုးစုပဋိပက္ခတွေကြောင့် သီတင်းတပတ်အတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ရပြီး
အိုးအိမ် ထောင်ချီ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ အခုရက်ပိုင်း မှာတော့ ရခိုင်ပြည်နယ်တွင်း အချို့နေရာတွေမှာ အခြေအနေတွေဟာ အနည်းငယ်
အေးချမ်း၊ တည်ငြိမ်သွားပြီဖြစ်ပေမဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေ အတွက် ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ
အရေးတကြီး လိုအပ်နေပါတယ်။ နောက်ဆုံးရ ရခိုင်ပြည်နယ်သတင်းတွေကို မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။
လူဆယ်ဦး ပွဲချင်းပြီး သေဆုံးသော ယာဉ်တိုက်မှု ဇလွန်တွင်ဖြစ်ပွား
Posted by drmyochit
Sunday, October 28, 2012, under မှုခင်း | No comments
ဧရာဝတီ တိုင်း၊ ဟင်္သာတ
ခရိုင် ဇလွန်မြို့ရှိ ဇလွန် ပြည်တော်ပြန် ဘုရား ရှိရာသို့ ဘုရားဖူး သွားရောက်ပြီး ရန်ကုန်သို့
ပြန် လာသော Light Track ယာဉ် (အမှတ် ၈ဂ / ၆၃၆၂) နှင့် ရန်ကုန်မှ ငသိုင်းချောင်း သို့
ပြေးဆွဲ နေသော မိဘမေတ္တာ ခရီးသည် တင် ယာဉ်(ယာဉ်အမှတ် ၂ခ / ၂၈၁၀) တို့သည် ယနေ့ နံနက်
၁၁ နာရီ ခွဲခန့် အချိန်တွင် ဟင်္သာတ ခရိုင် ဇလွန် မြို့နယ် ကျုံခွန် ကျေးရွာ မိုင်တိုင်
အမှတ် (၁၃ / ၄) အရောက် တွင် မျက်နှာ ချင်းဆိုင် တိုက်မိကာ နေရာတွင် ပင် လူဆယ့်နှစ်
ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း ဒေသခံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများ ကွန်ယက်
အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရသိရှိ ရသည်။
ကမ္ဘာ့ဘဏ် သန်း ၈၀ အကူအညီ အပစ်ရပ်ဒေသများ အတွက် ဖြစ်
Posted by drmyochit
Sunday, October 28, 2012, under ပြည်တွင်းသတင်းများ | No comments
ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်မည့်
ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ (Community Driven Development – CDD) သည်
အပစ်အခတ် ရပ်စဲထားသည့် ဒေသများ အတွက်သာ ပါဝင်ကြောင်း ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ
ကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာ (Kanthan Shankar) က ပြောသည်။
တိုက်ပွဲများကြောင့်
အိုးအိမ်ပစ်ခွာ တိမ်းရှောင်ရသူတချို့ကို ကရင်ပြည်နယ် တနေရာတွင် ယမန်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ – FBR)
“ကျနော်တို့ဟာ စီးပွားရေး
အဖွဲ့အစည်း ဖြစ်တဲ့ အတွက် နိုင်ငံရေးမှာ ပါမှာမဟုတ်ပါဘူး။ ဘာလုပ် မလဲဆိုတော့ CDD လိုမျိုး
အစီအစဉ်တွေကို အပစ် ရပ်ထားတဲ့နေရာတွေမှာ လုပ်ပါမယ်။ အဲဒီဒေသက ပြည်သူတွေက ရွေးချယ်ရပါလိမ့်မယ်။
CDD နဲ့တော့တူမယ်။ ဒါပေမယ့် အဲဒီအစီအစဉ်လုပ်ဖို့ အပစ်အခတ် ရပ်စဲထားတဲ့နေရာ ဖြစ်ရပါမယ်”
ဟု မစ္စတာ ခန်သန်ရှန်ကာက မြန်မာနိုင်ငံမှ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။
မနောမြေမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အပိုင်း(၂)
Posted by drmyochit
Sunday, October 28, 2012, under သတင်းများ | No comments
ဉာဏ်လင်း၊ တီတိုး၊ ဆိုင်းမိုင်(မြစ်ကြီးနား) ရေးသားသည်။
ရာသီတွေ ကပြောင်းကပြန်
သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၏ နောက် ဆက်တွဲအဖြစ် ရာသီဥတုတွေလည်း ကပြောင်း ကပြန်ဖြစ် လာပြီး
အအေးဓာတ်တွေလည်း လျော့နည်းလာခဲ့သည်ဟုဆိုပါသည်။
မြစ်ကြီးနားဒေသခံ အဖွားအင်ဖန်ဂျာရာ ပြန်ပြောင်းပြော ပြသည်က ဟိုးအရင်တုန်းက သူတို့ကချင်ပြည်နယ်မှာ
မိုးတွင်း ကာလ မိုးတွေအုံ့ဆိုင်းလာပြီဆိုလျှင် အနွေးထည်ကောက်ဝတ်သူ တွေက ကောက်ဝတ်၊ မီးထလှုံသူတွေက
လှုံကြ ပေါ့တဲ့။
“အခုတော့ အဲဒီအအေးဓာတ်မျိုးက မရှိတော့ဘူးလေ၊ အားလုံးပျက်စီးကုန်ပြီ” ဟု စိတ်ပျက် လက်ပျက်ဖြစ်ဟန်ဖြင့်
အဖွားအင်ဖန်ဂျာရာက ဆိုပါသည်။
အဖွားအင်ဖန်ဂျာရာ ရည်ညွှန်းပြောဆိုသော “ဟိုးအရင် တုန်းက” ဆိုသည့်အသုံးအနှုန်းက အချိန်ကာလ
သိပ် အဝေးကြီး ကို ဆိုလိုခြင်းမဟုတ်ဘဲ လွန်ခဲ့သော အနှစ် ၂၀ မရှိတရှိကာလ လောက်ကိုသာ ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။
မြစ်ကြီးနားနှင့် ဖားကန့်ကြား ကုန်စည်ကူးသန်းရောင်း ၀ယ်သည့်အလုပ်ကို ဘ၀တစ်လျှောက်လုံးနီးပါး
လုပ်ကိုင်ရင်း ခရီးတွေ ထွက်ဖြစ်ခဲ့သော မြစ်ကြီးနားဒေသခံ အဖွားအင်ဖန်ဂျာရာသည် မြန်မြန်ကြီးပြောင်း
လဲလာနေသည့် ရေမြေ သဘာ ၀ကို စိတ်မချမ်းမြေ့ စွာဖြင့် မျက်မြင်ကြုံတွေ့နေရသူ ဖြစ်သည်။
မနောမြေမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ (အပိုင်း ၁)
Posted by drmyochit
Sunday, October 28, 2012, under သတင်းများ | No comments
ဉာဏ်လင်း၊ တီတိုး၊
ဆိုင်းမိုင်(မြစ်ကြီးနား) ရေးသားသည်။
သူငယ်ငယ်က မြင်တွေ့ခဲ့ရသည့်
ကချင်ပြည်နယ်၏ တောတောင်ရေမြေ ပုံရိပ်များက အသက် ၇၀ နား သီသီဝေ့နေ သည့် ဦးခေါဘောမ်၏ စိတ်သန္တာန်မှာ
ယနေ့အထိ မှတ်မှတ် ထင်ထင် ရှိနေကြတုန်း။
သူတို့မိသားစုနေထိုင်သည့်
ဖားကန့်ဘက်မှာ ကျား၊ ဆင်၊ ပြောင်၊ ကျွဲရိုင်း၊ ၀က်ဝံ အစရှိသည့် တောရိုင်း တိရ္ဆာန်များမှာ
မတွေ့ချင်၊ မမြင်ချင်မှ အဆုံး။ သစ်နှင့် ၀ါးဆိုသည် များမှာလည်း သုံးမကုန်၊ ဖြုန်းမကုန်၊
ပေါချင်တိုင်း ပေါ များခဲ့သည်များကို ဦးခေါဘောမ် လွမ်းနေမိသည်။
KIA မှ ဆရာတစ်ဦးနှင့် အရပ်သား(၂)ဦး မိုင်းထောင်ရင်း မိုင်းကွဲ၍ အပြင်အထန်ဒဏ်ရာရ
Posted by drmyochit
Sunday, October 28, 2012, under ပြည်တွင်းသတင်းများ | No comments
KIO မှာ ရိက္ခာ ခက်ခဲနေ၍ တစ်အိမ်ထောင်ကို ယခင်နှစ်ထက် စပါး နှစ်ဆ ဆက်ကြေးပေးရမည်
Posted by drmyochit
Sunday, October 28, 2012, under ပြည်တွင်းသတင်းများ | No comments
KIO ဟာ အစိုးရတပ်များနှင့် တိုက်ပွဲကာလရှည်ကြာသည်နှင့်အမျှ
ရိက္ခာနှင့် ငွေကြေးများစွာ လိုအပ် လျက်ရှိ သဖြင့် ဆက်ကြေးတောင်းခံခြင်းနှင့် စပါးတောင်းခံခြင်းများကို
တိုးချဲ့ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
KIO ဟာ နှစ်စဉ် ရိက္ခာလိုအပ်ချက်ကို
ဖြည့်တင်းရန် စပါးပေါ်ချိန်တိုင်း ကချင်ပြည်နယ်တွင် နေထိုင်သူ အိမ်ထောင် စု တစ်စုလျှင်
ပုံမှန်စပါး(၁)တင်းတောင်းခံခဲ့သော်လည်း ယခုနှစ်တွင် စပါး(၂)နှစ်တင်းပေးရန် တိုက်နယ် အလိုက်
ညွှန်ကြားထားရှိကြောင်း သိရပြီး တိုက်နယ်မှူးများမှ ကျေးရွာ/ရပ်ကွက်များသို့ ထပ်ဆင့်
တောင်းခံမည်ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိတွင် KIA တပ်မဟာ(၃)
ရင်း(၁၂)လက်အောက်ခံ မလိပါတိုက်နယ်ရုံးမှ တိုက်နယ်မှူး တန်ဂွန်းဦးစီး အဖွဲ့ဝင်(၂)ဦးနှင့်
ပြည်သူ့စစ်(၅)ဦးတို့သည် အောက်တိုဘာလ(၂၅)ရက်နေ့က မန်စီမြို့ နယ်၊ မန်ရရွာနှင့် တုံးပေရွာတို့တွင်
အစည်းအဝေးပြုလုပ်ပြီး တစ်အိမ်ထောင်လျှင် ယခုစပါးပေါ်ချိန်မှစ၍ တစ်အိမ်ထောင်လျှင် စပါး(၂)တင်းနှုန်း
ကောက်ခံမည်ဖြစ်ကြောင်း နှင့် စပါးမစိုက်သော အိမ်ထောင်စု များ မှလည်း စပါးဝယ်၍ ပေးဆောင်
ရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာအုပ်စုများသို့
အကြောင်းကြားခြင်းအား အောက်တိုဘာလ နောက်ဆုံးပါတ်နှင့် နိုဝင်ဘာလ ပထမပါတ်အတွင်း အပြီး
အကြောင်းကြားသွားမှာဖြစ်ပါတယ်။သို့သော် KIO မှ စပါး(၂)တင်း ကောက်ခံခြင်းကြောင့် ဒေသခံများမှာ
မကျေမနပ်ဖြစ်နေကြောင်းလည်း သိရပါတယ်။``အရင်က ပုံမှန် (၁)တင်းပဲပေးရတာ တစ်တင်း ဆိုရင်တောင်
မိသားစုစားဖို့ထဲက ဖဲ့ပေးရတာ၊ မပေးချင်ဘူး။ မပေးဘဲနေရင်လည်း အသတ်ခံရအုံးမယ်၊ ပေးရင် လည်း
ကိုယ်က အငတ်ခံရအုံးမယ်၊ ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူး။ ကျွန်မတို့တော့ ဒီပြည်နယ်ကနေတောင်
ပြောင်းပြေး ချင်လာပြီ´´ ဟု မန်စီဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါတယ်။