Sunday, October 28, 2012

လူဆယ်ဦး ပွဲချင်းပြီး သေဆုံးသော ယာဉ်တိုက်မှု ဇလွန်တွင်ဖြစ်ပွား

Posted by drmyochit Sunday, October 28, 2012, under | No comments



ဧရာဝတီ တိုင်း၊ ဟင်္သာတ ခရိုင် ဇလွန်မြို့ရှိ ဇလွန် ပြည်တော်ပြန် ဘုရား ရှိရာသို့ ဘုရားဖူး သွားရောက်ပြီး ရန်ကုန်သို့ ပြန် လာသော Light Track ယာဉ် (အမှတ် ၈ဂ / ၆၃၆၂) နှင့် ရန်ကုန်မှ ငသိုင်းချောင်း သို့ ပြေးဆွဲ နေသော မိဘမေတ္တာ ခရီးသည် တင် ယာဉ်(ယာဉ်အမှတ် ၂ခ / ၂၈၁၀) တို့သည် ယနေ့ နံနက် ၁၁ နာရီ ခွဲခန့် အချိန်တွင် ဟင်္သာတ ခရိုင် ဇလွန် မြို့နယ် ကျုံခွန် ကျေးရွာ မိုင်တိုင် အမှတ် (၁၃ / ၄) အရောက် တွင် မျက်နှာ ချင်းဆိုင် တိုက်မိကာ နေရာတွင် ပင် လူဆယ့်နှစ် ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း ဒေသခံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများ ကွန်ယက် အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရသိရှိ ရသည်။


 

ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ.  နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက် မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး သေဆုံးပြီး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ် မှာ ရန်ကုန်မှ လေးမျက်နှာသို. မောင်းနှင်လာသော ၂ ခ/ ၈၈၁၀ မိဘမေတ္တာ မှန်လုံအမြန်ယာဉ်နှင့် ဟင်္သာ တမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာသော TOYOTA TOWNACE အဖြူရောင် ၈ဂ/ ၆၃၆၂ ဘုရားဖူး ယာဉ်သည်ဇလွန်မြို.နယ်၊ ကျုံတုံးကျေးရွာအရောက် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်၁၁ နာရီအချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူနာ ၁၉ ဦးအား ဇလွန်ဆေးရုံသို. ပို.ဆောင်ခဲ့ရပြီး ဇလွန်ဆေးရုံအရောက်တွင် လူနာ ၁၀ ဦး ( ကျား ၂၊ ကလေး(ကျား) ၂၊ မ ၆ ဦး) သေဆုံးသွားခဲ့ကြောင်းသိရပါသည်။ ကျန်ရှိသောလူနာ ၉ ဦး ( ကျား ၄၊ မ ၅ ဦး) အနက် ဒဏ်ရာပြင်းထန်သူ ၆ ဦး (ကျား ၂၊ မ ၄ ဦး) အား ဟင်္သာတခရိုင် ဆေးရုံကြီးသို. ဇလွန်ဆေးရုံမှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇလွန်ရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ေ ဆာင်ရွက် လျက်ရှိကြောင်း သိရပါသည်။ 

 

 

 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်