Sunday, October 28, 2012

KIA မှ ဆရာတစ်ဦးနှင့် အရပ်သား(၂)ဦး မိုင်းထောင်ရင်း မိုင်းကွဲ၍ အပြင်အထန်ဒဏ်ရာရ

Posted by drmyochit Sunday, October 28, 2012, under | No comments


 အောက်တိုဘာလ(၂၅)ရက်နေ့က ဆဒုံးမြို့နယ်ခွဲ၊ ဆကားပါကျေးရွာအနီးတွင် KIA တပ်မဟာ(၅) ရင်း(၃)မှ ဆရာတစ်ဦးမှ မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
 ဖြစ်ပွားပုံမှာ အောက်တိုဘာလ(၂၅)ရက်နေ့ နေ့လည်ပိုင်းတွင် KIA တပ်မဟာ(၅) ရင်း(၃)မှ တပ်ကြပ် မရန်ဂျီဂွန် သည် မိုင်းထောင်ရန် လာရောက်စဉ် သစ်ခွပန်းရှာနေသော ဆကားပါရွာသား ကလေးငယ်နှစ်ဦးအား တွေ့ရှိပြီး ၄င်းနှင့်အတူလိုက်ခဲ့ရန် အတင်းအကြပ်ခေါ်ဆောင်ခဲ့ကာ ဆကားပါရွာနှင့် ဘွမ်ဝါရွာအကြား လူသွားလမ်းပေါ်တွင် မိုင်းထောင်နေခဲ့စဉ် နေ့လည်(၁)နာရီခွဲခန့်၌ မိုင်းအား ထိန်းထားသော လက်လွတ်သွားသဖြင့် မိုင်းပေါက်ကွဲသွားခဲ့ပြီး မိုင်းထောင်သူ KIA တပ်ဖွဲ့ဝင် မရန်ဂျီဂွန်သည် မိုင်းစထိမှန်၍ ၀မ်းဗိုက်တွင် ပေါက်ထွက်သွားသော ဒဏ်ရာရရှိခဲ့ပြီး ၄င်းခေါ်လာသော ကလေး ငယ်နှစ်ဦးဖြစ်သည့် မောင်မာလ(၁၃)နှစ်သည် ၀မ်းဗိုက်နှင့် ညာဘက်နံရိုးတို့တွင် မိုင်းစထိမှန်ခဲ့ပြီး၊ မောင်မခေါ်လတူး (၁၄)နှစ်သည် ဘယ်ဘက်ပါးနှင့် မျက်နှာတို့တွင် မိုင်းစထိမှန်ခဲ့သော ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ မိုင်းပေါက်ကွဲသဖြင့် ဒဏ်ရာရရှိခဲ့သော KIA မှ မရန်ဂျီဂွန်အား KIA တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်(၆)ဦးဖြင့် ညနေပိုင်းတွင် လာရောက်ခေါ်ဆောင်သွားပြီး တပ်ရင်း(၃)၏ လုံထန်စခန်းတွင် ဆေးကုသခိုင်းထားကြောင်း သိရပါတယ်။
အဆိုပါမိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဆကားပါရွာသားများအား၏ ပြောပြချက်အရ မိုင်းပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သော မောင်မာလသည် စိုးရိမ်ရသောကြောင့် ၄င်း၏ဖခင်ဖြစ်သူ ဦးဇောင်းဆီးမှ တရုတ်နိုင်ငံ ခါကျန်းဆေးရုံသို့ သွားရောက် ပို့ဆောင်ခဲ့ရကြောင်းနှင့် မောင်မခေါ်လတူးအား ဆဒုံးမြို့တွင်ပင် ဆေးကုသခဲ့ကြောင်း သိရ ပါတယ်။
`` KIA က သူ့လူကျတော့ ခေါ်သွားတယ်။ ကလေးနှစ်ယောက်ကျတော့ တောထဲမှာ ဒီတိုင်းထားခဲ့တယ်။ တော်သေးတာပေါ့။ ညနေပိုင်း ဘွမ်ခါက ပြန်လာတဲ့ ရွာသားတွေတွေကလု့ ထမ်းခေါ်လာခဲ့လို့ မဟုတ်ရင် မာလက ကသေမှာ ဗိုက်ပါပေါက်သွားတာ၊ မျက်နှာထိတဲ့ မခေါ်လတူးက သူတို့ရွာကို ပြောပေးဖို့ KIA ကို အကူအညီတောင်းသေးတယ်။ သူတို့က ပြောမပေးနိုင်ဘူး။ မင်းတို့ဟာမင်းတို့ သေသေဆိုပြီး ပြောသွားတယ်´´ ဟု ဆကားပါရွာသားတစ်ဦးက ဆိုပါတယ်။
 ယနေ့အထိ KIA တွင် မိုင်းထောင်စဉ် မိုင်းပေါက်ကွဲသည့် KIA တပ်ဖွဲ့ဝင်အရေအတွက်မှာ (၄၄)ယောက်ရှိပြီဖြစ်ပြီး (၂၆)ဦး သေဆုံးကာ (၁၈)ဦး ဒဏ်ရာရရှိ ခဲ့ပြီး KIA မိုင်းနင်းမိ၍ သေဆုံး၊ ဒဏ်ရာရသွားသော အပြစ်မဲ့ပြည်သူ(၁၁၂)ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်