Sunday, October 28, 2012

ဒေါက်တာအေးမောင်ကို BBC ကရခိုင်ပြည်နယ် လက်ရှိ အခြေအနေနဲ့ ဆက်သွယ်မေးမြန်းချက်

Posted by drmyochit Sunday, October 28, 2012, under | No comments


ဒေါက်တာအေးမောင်။ ။သမ္မတကြီးကလည်းပြောတယ်လေ တည်ငြိမ်အေးချမ်းဖို့အတွက် ၀ိုင်းဝန်းကူညီကြပါ။ သူ ဆယ်ခွန်းပြောတာနဲ့စာရင် တိုင်းရင်းသားရခိုင်ပါတီဘက်ကတစ်ခွန်းပြောတာ အဆင်ပြေပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့ က အစိုးရအဖွဲ့နဲ့ ပေါင်းပြီး တတ်နိုင်သလောက်အကူအညီပေး ကြတာဗျ။ အခုလည်း ပူပေါင်း ဆောင်ရွက် ပေးနေပါတယ်။



 နော် OIC ကိစ္စလေးတွေလည်းကြားရမှာပေါ့နော် ရခိုင်တစ်ပြည်လုံးရေ နောက်ပြည်မထဲက တချို့မြို့ကြီး တွေအပါ အ၀င် ရုံးမဖွင့်ဖို့ကို ဆန္ဒထုတ်ဖော်ကြတာကိုး။ အဲဒါတွေအပြီးမှာ မင်းပြားဆိုတဲ့မြို့က အဝေးပြေးကားဂိတ်အနားက ရွာလေး မှာ စဖြစ်တယ်ဆိုတော့ စဉ်းစားစရာတော့တော်တော်ကာင်းတယ်ဗျ။ ဖြစ်ပြီးရင် ဆက်ဆက်ပြီး ဖြစ်သွား တယ် စနစ်တကျ အစီစဉ်တကျ လုပ်တဲ့ပုံမျိုးဖြစ်နေတယ်။

 ဒီဥစ္စာကို တယ်လီဖုန်းလေးတစ်လုံးနဲ့ ဘယ်နေရာမှာ ဘာလုပ်ပါဆိုတာမျိုး ကစားသွားရင် လည်းဖြစ်တာပဲဗျ။

မေး ။ ။ဘီဘီစီ... ဆရာစောစောကပြောသွားတဲ့အထဲမှာ တစ်ဖက်ကိုစွတ်စွဲပြောဆိုတဲ့သဘောမျိုး တစ်ဖက်ကို အပြစ်ပြောတဲ့သဘောမျိုး ပြောသွားတာတွေ့ရပါတယ်။ တကယ်တမ်းကျတော့ ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင်ကဒီမူဆလင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ကိစ္စမှာ အတူနေထိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာလည်းပြောနေတာတွေလည်းရှိတော့ ဒီ နှစ်ဖက်ကြားပြသာနာတွေပြေလည်ရေးအတွက် ဆရာတို့ အနေနဲ့ အဓိကဘယ်လိုများလုပ်သင့်တယ်လို့ ထင်ပါလဲ။

ဖြေ ။ ။ ဒေါက်တာအေးမောင်။ ။ ဟိုဘာသာလည်းမတူဘူးဗျာ လူနေမှု့မတူဘူးဆိုတော့ ခင်ဗျားအတင်းသွတ်သွင်းလို့ ဒါ လူ့အခွင့်အရေးပိသရဲ့လား။ နော် ခုနလို communityတစ်ခုမှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိရမှာပေါ့။

အတူနေခြင်းအားဖြင့် ကြီးမားတဲ့ပြသာနာဖြစ်မယ်ဆိုရင် အတူမနေချင်းဟာ ပြသာနာကို ပြေငြိမ်းစေ တာပေါ့ဗျာ... ယုံကြည် စိတ်ချတည်ဆောက်မှု့က အင်မတန်ခိုင်မာလာလို့ အတူနေကြရအောင်လို့ အသိ အသီးသီးရလာတော့ မှ အတူနေကြတာက အင်မတန်ကောင်းတဲ့ဖြေရှင်းမှု့မျိုးပါ။ အခုနေကာလမှာ အတူနေပါ အတူနေပါ လို့ပြောရင် ခင်ဗျား ဒါ လက်ရှိအခြေအနေကို သဘောမပေါက်တဲ့လူပဲဖြစ်မှာပေါ့။

မေး။။ဘီဘီစီ.....
ဒီစစ်တပ်ဖက်ကလည်းပြင်းပြင်းထန်ထန်ကိုင်တွယ်လာပြီပေါ့နော် နောက်ဒီကျောက်တော်နဲ့ မြို့တစ်ချို့မှာ ဆိုလိုရှိရင် ဒီစစ် တပ်ဖက်က ကိုင်တွယ်တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေ သေဆုံးတယ် ဆိုတာလည်းကြားရပါတယ်ရှင်။ အဲဒီ တော့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားအောင်လို့ ဘယ်လိုလုပ်ဆောင်ရင် ဖြစ်မလဲ။

ဖြေ။ ။ ဒေါက်တာအေးမောင် ။ ။ ပြသာနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာ တရားဥပဒေ စိုးမိုးမှု့အတွက် လုံခြုံရေးအဖွဲ့ အစည်းတွေ ၀င်ရောက်စွတ်ဖက်ခြင်းကို လက်ခံဖို့လိုတယ် နှစ်ဖက်အဖွဲ့အစည်းက ..ဒါမှလည်းပြေလည်မှာကိုး ပြေလည်အောင်ဖြေရှင်းလို့မရတဲ့အခါကျတော့အာဏာစက်နဲ့ ၀င်ရတာပေါ့ဗျာ။ အဲဒီမှာ မိုးပေါ်ထောင်ဖောက်တာတို့ ဖြစ်လာမယ် မိုးပေါ်ထောင်ဖောက်လို့မရဘူးဆိုရင် တိုင်ရိုက်ပြစ်ခတ်တာမျိုးဖြစ်လာမှာပေါ့ ။ဒါမှလည်းလူစု လူဝေး ကိုဖြို ခွဲနိုင်မယ်လေ။

ဒါပေမဲ့လည်း မိုးပေါ်ထောင်မဖောက်ပဲနဲ့ ပြသာနာကို ချက်ချင်းကြီး တိုက်ရိုက်ပစ်တာမျိုးဆိုရင် ပစ်တဲ့လူမှာလည်း တာဝန်ရှိ ပါလိမ့်မယ် ။ ပတိပက်ခ တစ်ခုကိုဖြေရှင်းတဲ့အဆင့်ဆင့် သို နည်းတို့ကို သုံးမှ ပြေရာ ပြေကြောင်း ဖြစ်နိုင်ပါ လိမ့်မယ်။



BBC( မြန်မာပိုင်း)


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်