Sunday, October 28, 2012

မြောက်ဦးမြို့တွင် ဒုက္ခသည်များ တိုးလာ (နောက်ဆုံးရသတင်း)

Posted by drmyochit Sunday, October 28, 2012, under | No comments


မြောက်ဦးမြို့နယ် အဓိကရုဏ်းတွင်ဒုက္ခသည်အရေအတွက် တိုးပွားလာနေကြောင်း ၄င်းဒုက္ခသည်များကို မြောက် ဦးမြို့ တွင်ရှိ သောအလိုတော်ပြည့်ကျောင်းတိုက်၊ လက်ကောက်ဈေး ကျောင်းတိုက်၊ ရွှေဂူတောင်ကျောင်း တိုက်၊ အောင်ရတနာကျောင်းတိုက်တို့တွင် ထားကြောင်း သိရှိရသည်။

အလိုတော်ပြည့် ကျောင်းတိုက်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိလာကြသော ရွာများ၊အိမ်ထောင်စုဦးရေ၊ လူဦးရေများမှာ -

၁။ ကျောက်တွင်းကုန်းရွာ၊ အိမ်ထောင်စု(၃၁)စု၊ လူဦးရေ(၅၂)ဦး

၂။ တော့ဆိပ်ကျေးရွာ၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၁)ဦး

၃။ ပုရိန်ကုန်းကျေးရွာ၊ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၈၅)ဦး

၎။ မင်္ဂလာကုန်းရွာ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၃၉)ဦး

၅။ လောင်းကြက်ရွာ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၄၃)ဦး

၆။ ကျွဲသဲရွာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦး

၇။ နန်းကျရွာ အိမ်ထောင်စု ဦးထောင်စု(၄)စု၊ လူဦးရေ(၁၈)ဦး

၈။ ပန်းမော်ရွာ အိမ်ထောင်စု(၇၉)စု၊ လူဦးရေ(၂၅၇)ဦး

၉။ မြရိပ်ကျွန်းရွာ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၇)ဦး

၁၀။ မဟာထီးရွာ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၃)ဦးတို့ ဖြစ်သည်။

လက်ကောက်ဈေးကျောင်းတိုက်တွင် ပန်းမော်ရွာမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၇၂)ဦး၊ ရွှေဂူတိုက် ကျောင်းတိုက် တွင် လောင်းကြက်မှ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၇)ဦး၊ အောင်ရတနာ ကျောင်းတိုက် တွင် အိမ်ထောင် စု(၄)စု၊ လူဦး ရေ(၁၄)ဦး ရောက်ရှိနေကြောင်း သိရှိရသည်။ နောက်ထပ်လည်း ပန်းမြောင်ရွာ ဖက်မှဒုက္ခ သည်များ ဆက်လက် ဝင်ရောက်လာနေကြောင်း သိရှိရသည်။

မြောက်ဦးမြို့တွင် ရောက်ရှိနေသော အမျိုးသားတစ်ဦးက " ဒုက္ခသည်တွေကဆက်ပြီးတော့ ဝင်နေကြ ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂတွေရွာမှာကလုံခြုံရေးတွေကို ချထားပေးပြီး ရခိုင်ရွာတွေမှာ လုံခြုံ ရေး မချပေးထား ပါဘူး။ဒါကြောင့် ရခိုင်တွေက ဘင်္ဂလီတွေ အကြမ်းဖက်မှုဒဏ်ကို ခံနေရပါတယ်။

အခု ဒုက္ခသည်တွေမှာက ချက်ချင်းထွက်ပြေးလာရတော့ အဝတ်အစားတွေနဲ့ဘာအသုံး အဆောင် ပစ္စည်း တွေမှ ပါမလာကြ ဘူး။ ကလေးတွေက တစ်ချို့ဖျားတယ်၊ ဝမ်းသွားတယ်။ လူကြီးတွေက အအေး မိ၊ နှာစေး ချောင်းဆိုး၊ ဖျားနာတယ်။

တစ်ချို့လူကြီးတွေဆိုရင် ကြောက်လန့်ပြီးတော့ သွေးတက်တာတွေ ရှိပါတယ်။အခုလက်ရှိ ဘင်္ဂလီရွာ (ပုရိန်ရွာ)နဲ့ တစ်မိုင်၊ နှစ်မိုင်လောက်ဝေးတဲ့ မောင်သာကုန်း(ရခိုင်ရွာ)မှာ စပါးရိတ်သိမ်းချိန်ကို ရောက်လာ ပြီဆိုတော့ ဘင်္ဂလီတွေက ရခိုင်တွေရဲ့စပါးခင်းတွေကို ရိတ်သွားပြီးတော့သူတို့ရဲ့နွားတွေကို ရခိုင်တွေရဲ့ လယ်ကွင်းထဲကို မောင်းလွှတ်တော့ စပါးခင်းတွေ ပျက်စီးကုန်ပါတယ်။" ဟု ပြေပြသည်။

ထိုဒုက္ခသည်များ၏ စားဝတ်နေရေး၊ အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးလိုအပ်ချက် ပစ္စည်းများကို မြောက် ဦးမြို့နယ်မှ မြောက်ဦးမြို့လူငယ်ကွန်ယက်၊ မြောက်ဦး နာရေးကူညီရေးအသင်း၊ မြို့မိမြို့ဖ များက ထောက်ပံ့ပေး လျှက် ရှိနေသည်။

ဝံလက်ဖောင်ဒေးရှင်းမှလည်း ဒုက္ခသည်များအား၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် စာရင်း များ ကောက်နေ ကြောင်း၊ အစိုးရအဖွဲ့အစည်းမည်သည့်အကူအညီ အထောက်အပံ့မှ မရသေးကြောင်း နှင့် ဒုက္ခသည် များအ တွက် မည်သည့်ထုတ်ပြန်ချက်မှ မထုတ်သေးကြောင်း သိရှိ ရသည်။


Arakan Times သတင်းဌာန


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်