Sunday, October 28, 2012

ကြောက်စိတ်ကြောင့် အမြင်အာရုံ အနီးအဝေး ပြောင်းလဲစေတတ်

Posted by drmyochit Sunday, October 28, 2012, under | No comments

From : planet
ကြီးမားသော ငါးမန်းကြီး တစ်ကောင်ဖြစ်စေ၊ သေးငယ်သော ပင့်ကူတစ်ကောင်ဖြစ်စေ မိမိတို့ ပတ်ဝန်းကျင်တွင် ကြောက်လန့်အောင် လှုံ့ဆော်တတ်သော အရာပေါင်း မြောက်မြားစွာ ရှိနေပြီး ယင်းတို့ကို ကြောက်ရွံ့နေချိန်တွင် ဦးနှောက်၏ အကွာအဝေး တွက်ချက်မှု စွမ်းရည်သည် အလွဲအချော်များ ပေါ်ပေါက်တတ်ကြောင်း ပညာရှင်များက ဆိုသည်။

ကြောက်စိတ်ကြောင့် အမြင်အာရုံ အနီးအဝေး ပြောင်းလဲစေတတ်


ကြောက်စိတ်သည် မိမိ၏ ဦးနှောက်က ထောက်လှမ်းသိရှိသည့် အမြင်အာရုံ အနီးအဝေးကို သက်ရောက် ပြောင်းလဲစေတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ကြီးမားသော ငါးမန်းကြီး တစ်ကောင်ဖြစ်စေ၊ သေးငယ်သော ပင့်ကူတစ်ကောင်ဖြစ်စေ မိမိတို့ ပတ်ဝန်းကျင်တွင် ကြောက်လန့်အောင် လှုံ့ဆော်တတ်သော အရာပေါင်း မြောက်မြားစွာ ရှိနေပြီး ယင်းတို့ကို ကြောက်ရွံ့နေချိန်တွင် ဦးနှောက်၏ အကွာအဝေး တွက်ချက်မှု စွမ်းရည်သည် အလွဲအချော်များ ပေါ်ပေါက်တတ်ကြောင်း ပညာရှင်များက ဆိုသည်။ အထူးသဖြင့် ကြောက်ရွံ့ ထိတ်လန့်သည့်အခါ အမြင်အာရုံသည် အရာဝတ္ထုများကို အမှန်တကယ် ရှိနေသည်ထက် နီးကပ်သွားသည်ဟု လှုံ့ဆော်ခံရတတ်ကြောင်း သိရှိရသည်။






Current Biology ဆေးပညာဂျာနယ်တွင် ယခုတွေ့ရှိချက်ကို အသေးစိတ် ဖော်ပြထားသည်။ အဆိုပါ သုတေသန လုပ်ဆောင်ချက်ကို ဂျော်ဂျီယာရှိ အီမိုရီ တက္ကသိုလ်နှင့် လန်ဒန်တက္ကသိုလ်မှ သုတေသီများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စိတ်အာရုံကို ခြောက်ခြားစေသည့် အရာဝတ္ထုများ မိမိတို့နှင့် အမှန်တကယ် တည်ရှိသော အကွာအဝေးထက် ပိုမိုနီးကပ်သည်ဟု ထင်မှတ်လေ့ ရှိတတ်ကြောင်း လန်ဒန် တက္ကသိုလ်မှ သုတေသီ မက်သရူးလောင်ဂိုနှင့် အီမိုရီ တက္ကသိုလ်မှ စတယ်လာ လော်ရန်ကိုတို့က ကွန်ပျူတာ အကူအညီ ထောက်လှမ်း တွေ့ရှိမှုများဖြင့် သက်သေပြခဲ့သည်။


"ကြောက်ရွံ့စေတဲ့ သက်ရောက်မှုရှိတဲ့ အရာက ကျွန်တော်တို့ အာရုံကို ထင်သာမြင်သာ စိုးမိုးသွားလေ့ရှိတယ်။ ဒီတော့ တစ်ခါတစ်လေ ကျွန်တော်တို့ ကြောက်သွားပြီ ဆိုတာနဲ့ အဲဒီအရာကို လက်တွေ့ထက် ပိုနီးတယ်လို့ ထင်သွားတတ်ကြရော"ဟု လောင်ဂိုက ရှင်းပြခဲ့သည်။ "အကြောက်တရားဟာ အခြေခံ အကျဆုံး အချက်အလက်လေးတွေကိုတောင် အပြောင်းအလဲအဖြစ် မြင်သွားတတ်စေတယ်။ ကြောက်လန့်နေတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် ကမ္ဘာလောကဟာ ထင်ယောင်ထင်မှား အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်"ဟုလည်း လောင်ဂိုက ပြောကြားသွားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်