
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ကျေးရွာ (၃) ရွာမှ ရွာသားများသည် သူတို့ပိုင် မြေများအား နယ်ခြားစောင့်တပ်ချရန် သိမ်းယူသွားသဖြင့် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။
ဒေသခံ မာရမာ အမျိုသမီးများ ရိုးရာပွဲတော် တစ်ခုတွင် ကပြနေကြစဉ်။
ဆန္ဒဖေါ်ထုတ်ပွဲကို ဘင်ဒရိုဘင် (ရွာတော်) ခရိုင် အပိုင် ရုံမော်မြို့တွင် ကျေးရွာ (၃) ရွာမှ ရခိုင် မျိုးနွယ်စုဝင် မာရမာ ရွာသားများက တစ်ယောက်နှင့် တစ်ယောက် လက်ချင်းချက်ကာ ပြုလုပ်ခဲ့ကြသည်။...