Thursday, May 29, 2014

အီရတ်နိုင်ငံတွင် အကြမ်းဖက်မှုကြောင့် လူ ၆၀ ခန့် သေဆုံး

Posted by drmyochit Thursday, May 29, 2014, under | No comments

အီရတ်နိုင်ငံတ၀န်းမှာ ကားဗုံးခွဲမှု၊ အသေခံ တိုက်ခိုက်မှု နဲ့ လုပ်ကြံသတ်ဖြတ်မှု စတဲ့ အကြမ်းဖက် မှုတွေကြောင့် မေလ ၂၈ ရက်နေ့ တနေ့တည်းမှာတင် အနည်းဆုံး လူအယောက် ၆၀ လောက် သေဆုံးပါတယ်။ မြို့တော် ဘဂ္ဂဒက်ရဲ့ ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်အများစုရှိရာ ဒေသနဲ့ မြောက်ပိုင်း မိုဆူးလ်မြို့တွေမှာ သွေးစွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ အစ္စလာမစ် အီရတ်ပြည်နယ် ISIL ကို ခွဲထွက်ချင်သူတွေ အယ်လ်ကေဒါတွေရဲ့ ခြေကုပ်နေရာ ဖြစ်ပါတယ်။ Iraqမြို့တော် ဘဂ္ဂဒက်က ရှီးယိုက်ဂိုဏ်းဝင်...

ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းခံရသူပါကစ္စတန်အမျိုးသမီး၏ ခင်ပွန်းထုတ်ဖော်

Posted by drmyochit Thursday, May 29, 2014, under | No comments

ကွယ်လွန်သူ အမျိုးသမီးအလောင်းနံဘေးရှိ မျက်မြင်သက်သေများကို ရဲက စစ်ဆေးမေးမြန်းနေစဉ် (ဓာတ်ပုံ- REUTERS) လာဟိုး-ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးအပြင်ဘက်တွင် မိဘဆွေမျိုးများ၏ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီး၏ ခင်ပွန်းက ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏ဇနီးဖြစ်သူ အသတ်ခံနေရချိန်တွင် ရပ်ကြည့်နေခဲ့ကြပြီး မည်သို့မျှ တားမြစ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ကိုယ်ဝန်သုံးလလွယ်ထားရသည့် သေဆုံးသူ အမျိုးသမီး ဖာဇနာပါဗန်အား သူမ၏ မိဘဆွေမျိုး...

ဗီယက်နမ်တွင် အဓိကရုဏ်းအပြီး ဒေသခံ ၆ သောင်း အလုပ်လက်မဲ့ဖြစ်

Posted by drmyochit Thursday, May 29, 2014, under | No comments

ဗီယက်နမ်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့စဉ်က ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိက ရုဏ်းဖြစ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ စက်ရုံအများ အပြား ဖျက်ဆီးခံရလို့ နိုင်ငံတောင်ပိုင်းက ဘင်ဒူအွန် ခရိုင်မှာ ဒေသခံ အလုပ်သမား အယောက် ၆ သောင်း လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဗီယက်နမ်ရဲ့ ကုန်ထုတ်လုပ်မှု အချက်အချာ ဒေသဖြစ်တဲ့ ဒီခရိုင်ဟာ အဓိကရုဏ်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုင်တဲ့ စက်ရုံ ၁၀၀ ကျော်...

မိန်းမလျာက ဒီဇိုင်းရေးသူ တစ်ယောက်ကို ကတ်ကြေးနှင့် ထိုးသတ်ခဲ့

Posted by drmyochit Thursday, May 29, 2014, under | No comments

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၂-လမ်း၊ သိပ္ပံလမ်းအနီးတွင် မေ ၂၆ရက် မွန်းတည့် ၁၂နာရီကျော်က ဒီဇိုင်းရေးသူ လူငယ်တစ်ဦးကို ၀မ်းဗိုက်နှင့် ရင်အုံတွင် ထိုးသွင်းဒဏ်ရာများဖြင့်တွေ့ရှိရ၍ ဆေးရုံသို့သယ်ဆောင် စဉ် လမ်းခရီးတွင်သေဆုံးခဲ့ရာမှာ ပဏာမစစ်ချက်များအရ မိန်းမလျာတစ်ဦးက ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ ဖြစ်စဉ်မှာ ဒေ၀ါကျော်သည် မသေဆုံးမီ ၎င်းထံသို့အမြန်လာရန် ဖုန်းဆက် သွယ်ပြောကြားသဖြင့် ၎င်း၏ဇနီးနှင့် အစ်ကိုဝမ်းကွဲတို့က...

တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး

Posted by drmyochit Thursday, May 29, 2014, under | No comments

ဆိုးလ်၊ မေ ၂၈ ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံ တွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့၏ တောင်ဘက် မိုင် ၁၉၀ ခန့် အကွာတွင် တည်ရှိသော ဂျန်ဆောင်းကောင်တီရှိ သက်ကြီးရွယ်အို ဆေးရုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “မီးလောင်မှုကြောင့်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်