Thursday, May 29, 2014

ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းခံရသူပါကစ္စတန်အမျိုးသမီး၏ ခင်ပွန်းထုတ်ဖော်

Posted by drmyochit Thursday, May 29, 2014, under | No comments

ကွယ်လွန်သူ အမျိုးသမီးအလောင်းနံဘေးရှိ မျက်မြင်သက်သေများကို ရဲက စစ်ဆေးမေးမြန်းနေစဉ် (ဓာတ်ပုံ- REUTERS)

လာဟိုး-ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးအပြင်ဘက်တွင် မိဘဆွေမျိုးများ၏ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီး၏ ခင်ပွန်းက ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏ဇနီးဖြစ်သူ အသတ်ခံနေရချိန်တွင် ရပ်ကြည့်နေခဲ့ကြပြီး မည်သို့မျှ တားမြစ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ကိုယ်ဝန်သုံးလလွယ်ထားရသည့် သေဆုံးသူ အမျိုးသမီး ဖာဇနာပါဗန်အား သူမ၏ မိဘဆွေမျိုး ၂၀ ခန့်က ၎င်းတို့ သဘောမတူသော အမျိုးသားကို လက်ထပ်သဖြင့် မကျေနပ်၍ အင်္ဂါနေ့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ ဘယ်သူမှ နားမထောင်ခဲ့ကြပါဘူး’’ ဟု ကျန်ရစ်သူ ခင်ပွန်း မူဟမ်မက်အစ်ကဘယ်က ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အဖွဲ့အကြီးအကဲ နဗီပီလေကလည်း ထိုသတင်းကြောင့် အလွန်ပင် တုန်လှုပ်ချောက်ချားရကြောင်း ဆိုခဲ့ပြီး ပါကစ္စတန်အစိုးရအနေဖြင့် အမှုကိုလျင်မြန်စွာဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် တိုက်တွန်းခဲ့သည်။

လက်ရှိတွင် ပါဗန်သေဆုံးပြီးနောက် သူမ၏ ဖခင်မှာ ဖမ်းဆီးခံထားပြီး ကျန်သူများမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။ အစ်ကဘယ်ကလည်း ဇနီးဘက်မှ ဆွေမျိုးများသည် ၎င်း၏မိသားစုကို  သတ်ဖြတ် ရန်လည်း ခြိမ်းခြောက်ခဲ့ကြကြောင်း ဆိုသည်။ အစ်က ဘယ်နှင့် ပါဗန်တို့သည် မိဘဆွေမျိုးများဘက်က သဘောမတူဘဲ လက်ထပ်ခဲ့ခြင်းကြောင့် ပါဗန်အား အတင်းအကျပ် လက်ထပ်ပေါင်းသင်းရန် ကြိုးစားမှုဖြင့် အစ်က ဘယ်ကတရားစွဲထားသည်။ ၎င်းတို့ ဇနီးမောင်နှံသည် တရားရုံးသို့ အမှုရင်ဆိုင်ရန် ရောက်လာချိန်တွင်ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ပါဗန်ဘက်ကမူ ၎င်းတို့လင်မယားသည် နှစ်ဦးသဘောတူနှစ်သက်၍ လက်ထပ်ထားခြင်းသာ ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။ ထို့ကြောင့် ပါဗန်၏ ဆွေမျိုးများသည် သူမအား တရားရုံးပြင်ပရှိ ကြမ်းပြင်တစ်ခုသို့ တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီး တစ်ကိုယ်လုံးကို ကျောက်တုံးများဖြင့် ဖိပြီးနောက် ဦးခေါင်းကို ဦးခေါင်းကို ရိုက်ခွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်