Thursday, June 19, 2014

ကမ္ဘာ့ဖလားတွင် ပွဲမတိုင်မီ မေထုန်မှုပြု ခြင်းနှင့်ပတ်သက်၍ အသင်းအချို့၏ ရူးနှမ်းသော စည်ကမ်းများ

Posted by drmyochit Thursday, June 19, 2014, under | No comments

မေထုန်မှုဟာ အားကစားသမားတွေကို ထိခိုက်မှုမရှိစေဘဲ အကူအညီဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပေမယ့် စိုးရိမ်ကြီးတတ်တဲ့ ဘောလုံးနည်းပြတွေကတော့ သဘောမတူကြပါဘူး။ ကစားသမားတွေအနေနဲ့ ပရိသတ်စိတ်ဝင်စားမှုအရှိဆုံး ကမ္ဘာ့ဖလားလိုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာ ခန္ဓာကိုယ်ကို ဘယ်လိုပြောင်းလဲမှုမျိုးမှ မဖြစ်စေဖို့လို ပါတယ်။ ဒါကြောင့်ပဲ ကျွမ်းကျင်သူတွေက ပွဲမကစားခင်မေထုန်မှုပြုတဲ့အခါ ကစားသမားတွေရဲ့ ပွဲချိန်တွင်းစွမ်းဆောင် ရည်ကိုထိခိုက် စေတယ်လို့ ယူဆကြတာဖြစ်နိုင်ပြီး ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအတော်များများက...

အီရတ်တွင် အမေရိကန်၏ F-18 တိုက်လေယာဉ်များ စတင်ပျံသန်း

Posted by drmyochit Thursday, June 19, 2014, under | No comments

အီရတ်နိုင်ငံ ကောင်းကင်ယံတွင် အမေရိကန်၏ F-18 Super Hornet တိုက်လေယာဉ်များ စတင်ပျံဝဲနေပြီး အီရတ်အစိုးရအတွက် ထောက်လှမ်းရေး ကဏ္ဍတွင် ကူညီပံ့ပိုးနေပြီဟု သိရှိရသည်။ အီရတ်မြောက်ပိုင်း မြို့ကြီးများကို သိမ်းယူကာ ဘဂ္ဂဒက်မြို့တော်ကို ISILS စစ်သွေးကြွများ ခြိမ်းခြောက်လာသည့်နောက် အမေရိကန်က လေကြောင်းမှ ပံ့ပိုးတိုက်ခိုက်ပေးပါရန် အီရတ် ဝန်ကြီးချုပ် နူရီအယ်လ် မာလီကီက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ အကူအညီ တောင်းခံခဲ့သည်။ အမေရိကန်က တိုက်ခိုက်ရေး ကဏ္ဍတွင် ပါဝင်ရန်...

ဝဖြိုးလွန်းသည့် ရုပ်အလောင်းကို ဩစတြေးလျ ရေခဲတိုက် လက်မခံ

Posted by drmyochit Thursday, June 19, 2014, under | No comments

သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းမှာ အလွန်ဝနေသည်ဆိုသော အကြောင်းပြချက်ဖြင့် ဩစတြေးလျ ရေခဲတိုက် တစ်ခုက ငြင်းဆန်ခဲ့သည်။ ဈာပနလုပ်ငန်းများအတွက် စီစဉ်ညွှန်ကြားသည့် အမျိုးသမီး တစ်ဦးက ရေခဲတိုက်က ရုပ်အလောင်းကို လက်ခံရန် ငြင်းဆိုမှုကြောင့် အဆိုပါ အလောင်းကြီးကို မိမိ၏ ကားနောက်ခန်းတွင်ပင် ထည့်ထားပြီး နေအိမ်၌ တစ်ညတာ ထားရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဂျိုအန်နာ ကမ်မင်းစ်က သူမသည် ကီလိုဂရမ် (၂၀၀)ထိ အလေးချိန်ရှိသော အလောင်းကို ရေခဲတိုက်သို့ သွားရောက်အပ်နှံ ပို့ဆောင်သော်လည်း...

ရှမ်းတောင်မှာ RCSS/SSA အဖွဲ့ လူသစ်စုပြန်

Posted by drmyochit Thursday, June 19, 2014, under | No comments

ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်းရှိ မြို့နယ်(၃)ခုတွင် ဇွန် ဒုတိယပတ်မှစ၍ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။ RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ်နှင့် MPC အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းတို့ ချင်းမိုင်တွင် တွေ့ဆုံနေချိန်ဖြစ် သော်လည်း ငြိမ်းချမ်းရေးသဘောတူညီမှုများ နောက်ကွယ်တွင် ယခုကဲ့သို့ လူသစ်စုဆောင်းမှုများ ပြုလုပ်နေ ခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေသည်။ “...

မာရာကာနာကွင်းအတွင်းဝင်ရောက်ကြိုးပမ်းခဲ့သည့် လက်မှတ်မဲ့ ချီလီပရိသတ်များ ဖမ်းဆီးခံရ

Posted by drmyochit Thursday, June 19, 2014, under | No comments

အောင်ငြိမ်းသွေး ဘရာဇီး၊ ဇွန် ၁၉ စပိန်အသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်မတိုင်မီ ပြိုင်ပွဲကျင်းပရာ မာရာကာနာကွင်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သည့် လက်မှတ်မဲ့ချီလီပရိသတ်များကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ဖီဖာက ထုတ်ပြန်ကြေညာခဲ့သည်။ လက်မှတ်မဲ့ ချီလီပရိသတ် ၈၅ ဦးခန့်သည် မာရာကာနာကွင်းအတွင်းရှိ မီဒီယာစင်တာကို ချိုးဖျက်ပြီး ပွဲကြည့်စင်သို့ သွားရောက်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ထိုပရိသတ်များသည် ပွဲကြည့်ရှုခွင့်ရရှိရန်အတွက် လုံခြုံရေးဂိတ်ကို...

စင်ကာပူတွင် သန်းကြွယ်သူဌေး အရေအတွက် တိုးပွားမြင့်တက်လာ

Posted by drmyochit Thursday, June 19, 2014, under | No comments

စင်ကာပူနိုင်ငံတွင် သန်းကြွယ်သူဌေး အရေအတွက်သည် ပြီးခဲ့သည့်နှစ်ကထက် (၄.၅)ရာခိုင်နှုန်း တိုးပွား လာကြောင်း သိရှိရသည်။ ယခုအခါ အရှေ့တောင်အာရှ၏ အဓိက စီးပွားရေး ရပ်ဝန်းတစ်ခုဖြစ်သောနိုင်ငံအတွင်း သန်းကြွယ်သူဌေး အရေအတွက် (၁၀၅၀၀၀)ဦးခန့် ရှိလာပြီဟု ဆိုသည်။ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကြွယ်ဝမှု အစီရင်ခံစာ၌ လူတစ်ဦးချင်းအသားတင် ချမ်းသာကြွယ်ဝမှု (HNWI) ကိန်းဂဏန်းများကို အခြေခံလေ့လာခဲ့သည့်နောက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သန်းကြွယ်သူဌေး အရေအတွက်(၁၅)ရာခိုင်နှုန်းထိ...

ကချင်နှင့် လီဆူး တိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး

Posted by drmyochit Thursday, June 19, 2014, under | No comments

ဇွန်လ ၁၉ ရက် ၂၀၁၄ ခုနှစ် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့၊ အောင်မြေ(၁)ကျေးရွာ၊ ရပ်ကွက်(၃)၌ နေထိုင်သော ဒေသခံကချင်နှင့် လီဆူး တိုင်းရင်း သားများအား KIA အဖွဲ့မှ ဇွန် ၁၇ ရက် ည ၉ နာရီ ခန့်တွင် အတင်းအကြပ်လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရ သည်။ KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ဦးမာဘွန် (၃၀)နှစ်၊ ကချင်/ခရစ်ယာန်၊ ဦးတုန်ဝူး(၂၈)နှစ်၊ လီဆူး/ ခရစ်ယာန်၊ ဦးမာနော် (၄၄)နှစ်၊ ကချင်/ခရစ်ယာန် တို့ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ KIA...

ယာဉ်စီးခပိုကောက်၍ တိုင်ကြားခံရသည့်ကားကို တစ်ရက်သုံးသောင်းဖြတ်မည်

Posted by drmyochit Thursday, June 19, 2014, under | No comments

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်စီးတွင် ခရီးသည်တစ်ဦးက ယာဉ်စီးခပေးနေစဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ) ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများအားလုံး ခရီးစဉ်အလိုက် သတ်မှတ်နှုန်းထားဖြင့် ကောက် ခံခြင်း မပြုလျှင် တိုင်ကြားမှုရှိပါက အရေးယူသွားမည်ဟု ရန်ကုန်တိုင်း (မ.ထ.သ ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ဇွန် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။ “တက်တာနဲ့ နှစ်ရာတောင်းတဲ့ကား နံပါတ်သာမှတ်ပြီး ကျွန်တော်တို့ကို ဖုန်းဆက်တိုင်ပါ။ နေ့တိုင်းတိုင်ရင် နေ့တိုင်း...

မလေးရှားကမ်းလွန်တွင် ခရီးသည်တင်လှေနစ်မြုပ် ၄၂ ဦးထက်မနည်းပျောက်ဆုံးလျက်ရှိ

Posted by drmyochit Thursday, June 19, 2014, under | No comments

ဇွန်၊၁၉ရက်။ မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းလွန်ဒေသမှာ တရားမဝင် ပြောင်းရွှေ့နေထိုင်သူ အင်ဒိုနီးရှားနိုင်ငံသား ၉၇ ဦးတင်ဆောင်လာတဲ့ သစ်သားသင်္ဘောငယ်တစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ၄၂ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိတယ်လို့မလေးရှားနိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီခရီးသည်တွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေလည်း ပါဝင်နေပြီးတော့ ၎င်းသင်္ဘောဟာလည်း ပင်လယ်ရေကြောင်းခရီးစဉ်အတွက် သွားလာရန်မသင့်တော်ဘူးလို့ မလေးရှားရေကြောင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး အေဂျင်စီ (MMEA)ရဲ့ တာဝန်ရှိသူ...

ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး မားစ်ဗိုင်းရပ်စ်ရောဂါ တွေ့ရှိဟု အစိုးရပြော

Posted by drmyochit Thursday, June 19, 2014, under | No comments

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါ မားစ် ဗိုင်းရပ်စ် နိုင်ငံ တွင်း ပထမဆုံးတွေ့ရှိမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က အစီရင်ခံပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးပြီး အမေရိကန်မှာ နေထိုင်သူတယောက်ဟာ ယူအေအီးနိုင်ငံ အဘူဒါဘီ မြို့ကနေ ဇာတိမြေကို ပြန်လာအပြီး ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့အခြေ အနေ တိုးတက်လာပေမယ့် ဒါကာဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေရဆဲလို့ ကူးစက်ရောဂါဗေဒ တက္ကသိုလ်က ရောဂါထိန်းချုပ်ရေးနဲ့...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်