စင်ကာပူနိုင်ငံတွင် သန်းကြွယ်သူဌေး အရေအတွက်သည် ပြီးခဲ့သည့်နှစ်ကထက် (၄.၅)ရာခိုင်နှုန်း တိုးပွား လာကြောင်း သိရှိရသည်။
ယခုအခါ အရှေ့တောင်အာရှ၏ အဓိက စီးပွားရေး ရပ်ဝန်းတစ်ခုဖြစ်သောနိုင်ငံအတွင်း သန်းကြွယ်သူဌေး အရေအတွက် (၁၀၅၀၀၀)ဦးခန့် ရှိလာပြီဟု ဆိုသည်။
နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကြွယ်ဝမှု အစီရင်ခံစာ၌ လူတစ်ဦးချင်းအသားတင် ချမ်းသာကြွယ်ဝမှု (HNWI) ကိန်းဂဏန်းများကို အခြေခံလေ့လာခဲ့သည့်နောက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သန်းကြွယ်သူဌေး အရေအတွက်(၁၅)ရာခိုင်နှုန်းထိ တိုးတက်လာပြီး စင်ကာပူ နိုင်ငံ၏ တိုးတက်နှုန်းမှာ
(၄.၅)ရာခိုင်နှုန်းအဖြစ် ရှိနေခဲ့သည်ကို တွေ့ရသည်။
Capgemini ကော်ပိုရေးရှင်း၏ အကြံပေးဌာနနှင့် ကနေဒါတော်ဝင်ဘဏ် (RBC)တို့ကပူးပေါင်းလေ့လာကာ ယခုနှစ်၏ HNWI ကိန်းဂဏန်းသစ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။ သန်းကြွယ်သူဌေး တစ်ဦးအဖြစ် သတ်မှတ်ခံရရန်အတွက်ရင်းနှီးမြှုပ်နှံနိုင်သည့် ပိုင်ဆိုင်မှု အစုစုတန်ဖိုး အမေရိကန်ဒေါ်လာ
(၁)သန်းနှင့်အထက် ရှိနေရန် လိုအပ်သည်။
ကမ္ဘာပေါ်တွင် သန်းကြွယ်သူဌေး အရေအတွက် အများဆုံး နိုင်ငံများစာရင်းတွင်မူ အမေရိကန်၊ ဂျပန်၊ ဂျာမနီနှင့် တရုတ်တို့က ဦးဆောင်နေဆဲဖြစ်ပြီး ယင်းနိုင်ငံ အားလုံးပေါင်း၏ HNWI တန်ဖိုးသည် တစ်ကမ္ဘာလုံးစာ ပမာဏ၏(၆၀)ရာခိုင်နှုန်းမျှ ရှိနေကြောင်းလည်း သိရသည်။
ယခုနှစ်အတွက် HNWI တန်ဖိုးသည် စံချိန်တင် ပမာဏအဖြစ် ဒေါ်လာ (၅၂.၆၂)ထရီလီယံထိ ရောက်ရှိလာပြီး (၂၀၁၆)ခုနှစ်တွင် ဒေါ်လာ (၆၄.၃)ထရီလီယံထိမြင့်တက်လာဖွယ် ရှိကြောင်းလည်း Capgeminiနှင့် RBCတို့က ခန့်မှန်းထားသည်။
_Ref: Channelnewsasia
Time in Rangoon


0 comments:
Post a Comment