
ကြောင်းကံဓမ္မ ပေါင်းဆုံခမှ မြင်ကြားနံစား ထိသိများကား သိညားဝိညာဉ်
ပေါ်ရစဉ်တည်း ဣဌ အနိဌ ထိုနှစ်ဝကား ဒွါရအာရုံ ပေါင်းကာဆုံ၍
ပေါ်မှန်ဝိညာဉ် သိစိတ်စဉ်တည်း ပေါ်လျှင်ခဏ ဖြစ်ပျက်ရ၏ ဓမ္မပေါ်စု
ဥာဏ်တင်ရှုက ပေါင်းစုငါးဖြာ ပေါ်ခန္ဓာတည်း ပညာဥာဏ်ဓာတ်
မြဲယှဉ်ကပ်က ကျင့်မြတ်တရား ဥာဏ်မြင်ပွား၏ ဟောကြားဗုဒ္ဓါ ဒေသနာကြောင့်
ခန္ဓာကြောင်းရင်း သိမှန်ခြင်းတည်း ဖြစ်ရင်းတွေ့ကြုံ ကောင်းဆိုးစုံသည်
အာရုံခံဓာတ် ခြေသတ်မှတ်၍ ပေါ်အပ်တရား ဖြစ်စဉ်ပွား၏ တွေ့ညားဣဌ
အနိဌနှင့် ဖြစ်ရဧကန် သိဝိညာဉ်ကို ဥာဏ်ယှဉ်ဝိပဿ် ရှုမြင်မှတ်က
ဖြစ်ပျက်ကိုမြင် ဖြစ်ပျက်ကိုမုန်း ဖြစ်ပျက်ဆုံး၍ ကောင်ဆုံးနိဗ္ဗာန် ငြိမ်းဝင်စံတည်း.......
ရတနာ လင်္ကာရ
Time in Rangoon







