Thursday, September 12, 2013

Brightest LED Flashlight (For Andrion Phone)

Posted by drmyochit Thursday, September 12, 2013, under | No comments


Brightest LED Flashlight က Andriod ဖုန်းတွေ မှာ Flash မီးအလန်းလေးဖြစ်ပါတယ်။ ညပိုင်းသွားလာ တဲ့အခါ ဓါတ်မီးမလိုပဲ ဖုန်းတလုံးရှိရုံလေးနဲ့ ဓါတ်မီးတလုံးကဲ့သို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ဒီဇိုင်းလေး ကလည်း လန်းပါတယ်။ အောက်မှာ Screenshots လေးပါတင်ထားပေးပါတယ်။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

>>>>>>Download Brightest LED Flashlight.apk<<<<<

App Screenshots






အားလုံးအဆင်ပြေပါစေ.......။

သမီးရည်းစားအဆင့်ကနေ ကျော်ဖို့နှစ်ယောက်စလုံး အသင့်ဖြစ်ပြီလား

Posted by drmyochit Thursday, September 12, 2013, under | No comments

သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။

သမီးရည်းစားအတူနေကြတယ်ဆိုတာ ဟိုအရင်တုန်းကတော့ ဒါဟာ ရှက်စရာအလုပ်တစ်ခု ဖြစ်တယ်။ လူသိခံရမှာလည်း ကြောက်ကြတယ်။ ဒီလို ဖြစ်ဖို့လည်း ခဲယဉ်း တယ်။ အခြေအနေ လည်း မပေးသေးဘူးပေါ့။ ဒါပေမဲ့ ခု နောက်ပိုင်းကတော့ ဒါဟာ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတာလေးတွေ လည်း ပါတယ်။ အခြေအနေက လည်း အကြောင်းကြောင်းတွေ ပံ့ပိုးတယ် လွတ်လွတ်လပ်လပ်တွေ ဖြစ်လာကြတာ လည်း ပါတယ်။ အဲဒါကြောင့် ဒါဟာ လူငယ်တွေကြားမှာ တော်တော်လေး ပျံ့ပျံ့ နှံ့နှံ့ ဖြစ်နေတယ်ဆိုတာကို တွေ့ တယ်၊ မြင်တယ်၊ ကြားတယ်၊ သိတယ်ဆို information က တစ်ဆင့် သိရတာ။ ဒါပေမဲ့ တကယ့် တကယ်မှာ အထောက်အထား တိတိကျကျရှိလား ဆိုရင်လည်း မရှိဘူးလေ။ ဒါမျိုးက စာရင်းဇယား ကောက်ထားတာမျိုး မဟုတ်ပဲ။ ဘာပဲ ပြောပြော မြင်တွေ့နေရတဲ့ ဟာတွေမှာ တော့ ဒီလိုမျိုးရှိတယ် ဆိုတာ သိတယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးကျတော့ ဘာ တွေ ဖြစ်လာလဲဆိုတော့ သမီးရည်းစား အိမ်ထောင်မကျသေးခင် အတူတူနေ ကြတဲ့အခါမှာ ဖြစ်လာနို င်တဲ့ နော က် ဆက်တွဲတွေမှာတော့ နှစ်ခုပဲ ရှိတယ်။

တစ်ခုက ဘာလဲဆိုတော့ အိမ်ထောင် မကျခင် တရားဝင် မဖြစ် သေးခင်မှာကို မမျှော်လင့်ဘဲနဲ့ ကိုယ်ဝန် ရသွားတာ။ နောက်တစ်ခုက ဘာလဲဆိုတော့ သမီး ရည်းစားအ ချင်းချင်း ဆိုသော်လည်းပဲ၊ မိန်းကလေးက ယော က်ျားလေးအကြောင်း တစ်ခါတလေမှာ ပြည့်ပြည့်စုံစုံ မသိ နိုင်တာဖြစ်နိုင်တယ်။ ယောက်ျားလေးက လည်းမိန်း ကလေး အကြောင်း ပြည့်ပြည့် စုံစုံ မသိနိုင်တာဆိုရင် သူ့ရဲ့နောက် ကြောင်း ရာဇဝင်သူသည် ဘယ်လိုလူ မျိုးလဲ ကိုယ့်အပြင် တခြားတွဲတဲ့ လူရှိသ လားဆိုတာတွေ အပေါ်မှာ HIV ရှိ သလားဆိုတာတွေ ရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတ်သတ်မှတ်မှတ် သူနဲ့ကိုယ်နဲ့က သူကလွဲလို့ ကိုယ့်မှာ ဘယ်သူမှ မရှိဘူး။ ကိုယ်ကလွဲလို့ သူ့ မှာ ဘယ်သူ့မှ မရှိဘူးဆိုတဲ့ ဟာဆိုရင် HIV ကပြဿနာ မဟုတ်လောက်သော် လည်း အကယ်၍ ဒီလိုမသိဘူးဆိုလဲ HIVကအတိုင်းအတာ တစ်ခုထိတော့ ကူးဖို့ဖြစ် လာပြီပေါ့။ ဘာကြောင့်ဆိုတော့ သူက သမီးရည်းစားလို့ ပြောရင် အကာ အကွယ်သုံးရင် သုံးမယ်။ စောစောက HIV လို့ ပြောရင် HIV မကူးချင်ရင် တော့ အကာအကွယ်သုံးရင် သုံး မယ်။ ဒါက အခုကတော့ အပြင်လူနဲ့ မဟုတ်ဘူး။ ကိုယ့်သမီးရည်း စားကြား အချင်း ချင်းဆိုတော့ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုဆို တာတွေ ရှိနေတဲ့အခါကျတော့ အကာ အကွယ်မသုံးဘူးဆိုရင်သူ့နောက်ကြောင်း ကိုယ်မသိ၊ ကိုယ့်နောက်ကြောင်းသူမသိ၊ သူက ကိုယ့်အပြင်အခြား လူရှိတယ်ဆို ရင်တော့ HIV ပိုးကူးနိုင်တာပေါ့။ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိတော့ HIV ကူးဆက်ပျံ့နှံ့မှုမှ ဒီလိုကိစ္စ လေးတွေက တစ်စိတ်တစ်ပိုင်းပါနေတယ်ပေါ့။

မှန်းဆကြည့်ရသလောက် အတူတူ နေတဲ့အခါများသောအားဖြင့် condom  မသုံးမိကြဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဆရာ ဘာပြောလိုသလဲ။

စောစောက ပြောတဲ့ အကာ အကွယ်မသုံးဘူးဆိုတဲ့ကိစ္စမှာ စောစောက ပြောသလိုပဲ သူနဲ့သမီးရည်းစားဖြစ်နေပြီဆိုတဲ့အခါမှာ စောစောက ပြောတဲ့ ပြဿနာနှစ်ခုထဲက တစ်ခုပေါ့။ ဥပမာ ဆိုရင် ငါတို့ အဆင်သင့် မဖြစ်သေးခင် ကိုယ်ဝန်ရသွားနိုင်တဲ့အတွက်ကြောင့် ဒီကိုယ်ဝန်မရအောင် တားချင်တဲ့ အ တွက်ကြောင့် တားမယ်ဆိုတဲ့ ရည်မှန်း ချက်ဒါမျိုးရှိခဲ့ရင်လည်း သူတို့က သုံး ကောင်းသုံးမယ်။ သို့သော်ဒီလို ရှိချင်မှ လည်း ရှိမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပြီဆိုရင် ဒီလိုဖြစ်ဖို့သည် ကြို တင်ပြင်ဆင်မှု ဟုတ်ချင်မှဟုတ်မယ်။ ကြိုတင်ပြင်ဆင်ထားကြတာ မဟုတ်ဘူး။ ဒီလိုပဲ အခြေအနေပေးလို့ ဖြစ်သွားကြ တာ။ တစ်ခါတလေမှာလည်း ဒီလူနဲ့ ပုံမှန်မျှော်လင့်ထားတဲ့ အနေအထား လေးမှာပဲ အနေအထားက အခြေအနေ ပေးသွားမယ်။ အဲဒီအတွက်ကြောင့် စိတ်အလို လိုက်တယ်။ စိတ်ရဲ့ခေါ်ရာ နောက်ကို လိုက်သွားတယ်ဆိုတော့ ဘာ ပဲပြောပြော ပြင်ပြင်ဆင်ဆင် ရှိဖို့က ခဲ ယဉ်းတယ်ဆိုတော့ တော်တော်များများ သည် ကွန်ဒုံးမသုံးဖြစ်ဖို့ များတယ်။ ကွန်ဒုံးမသုံးဖြစ်ဖို့ များပြီဆိုကတည်းက စောစောက ဆ ရာပြောဖြစ်တဲ့ ပြဿနာ နှစ်ခုစလုံး ဖြစ်လာနိုင်တာပဲ။ မမျှော်လင့် ဘဲနဲ့ ကိုယ်ဝန်ရသွားနိုင်တာရော၊ HIV ကူးစက်နိုင်တဲ့ အန္တရာယ်တစ်ယောက် ယောက်မှာ ရှိခဲ့ ရင် ယောက်ျားလေး တစ်ယောက်ကို ပြောရင် ဒီယောက်ျား လေးသည် မူးယစ်ဆေး သုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ မူးယစ်ဆေး သုံးတယ်ဆိုရင်  မူးယစ်ဆေး သည် အ ကြောထဲ အပ်နဲ့ ထိုးတာမျိုး လုပ်တယ်ဆိုရင် သူက HIV ကူးစက်မှုကို ဗဟုသုတ ဘယ်လောက်ရှိလဲ။

ဘယ်လောက်အတိုင်းအတာအထိ သူကာကွယ်ထားလဲ ပေါ်မူတည်ပြီး သူသည် HIV ကင်းမကင်း မသေချာတော့ဘူး။ ဒါ့အပြင် တခြား ဒီမိန်းကလေးအပြင် တခြားအပြင် မှာ အပျော်အပါးလိုက်စား၊ မစားဆိုတာလည်း မသေချာဘူး။ ဒီလိုမျိုး ယောက်ျားလေးမှာ HIV ပိုးကူးနိုင်တဲ့ အန္တရာယ်ရှိ နိုင်တယ်။ HIV ရှိနေတယ် ဆိုတာကို မိန်းကလေး က မသိရင် မိန်း ကလေးက HIV ကူးသွားနိုင်တယ်။ ထို နည်းလည်းကောင်းပဲ အပြန်အလှန်ပေါ့။ မိန်းကလေးမှာ HIV  ရှိ၊ မရှိ ယောက်ျားလေးဘက်က မသိတာ လည်း ဖြစ်နိုင်တယ်။ မိန်းကလေးမှာလည်း ဒီယောက်ျား လေးအပြင် တခြားယောက်ျားလေးရည်းစားဖြစ်ချင်ဖြစ်နိုင်မယ်ဆိုတော့ မိန်းကလေးမှာ HIV ရှိ၊မရှိမသေ ချာရင် နဂိုကယောက်ျားလေးမှာ မရှိပေမယ့် ကိုယ့်ရဲ့ ရည်းစားကနေတစ်ဆင့် ကူးသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ Condom မသုံးဘူးဆို တာနဲ့တော့ စောစော က ပြဿ နာနှစ်ရပ်လုံးသည် ဖြစ်လာနိုင်စရာရှိတယ်။ မသုံးကြဘူးဆိုတာလည်း အကြောင်းကြောင်းကြောင့် ဖြစ်တယ်။ အဆင်သင့်မဖြစ် လို့။ ကြိုတင်မပြင်ဆင်ထားလို့ သို့မဟုတ် မဖြစ်လောက်ဘူးထင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ခုကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်ကြ တာလည်း ဖြစ်နိုင်တယ်။ ဒီလို အကြောင်းကြောင်း ကြောင့် ဖြစ်ဖို့များတယ်။

သမီးရည်းစား အတူနေရာကနေ HIV ကူးစက်နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ပတ်သက်ပြီး Research လုပ်ထားတာရှိလား။

ဆရာတို့ Research လုပ်ထားတာ မရှိတော့ HIV ကူးစက်နှုန်းကို အတိအကျ မပြောနိုင်ဘူး။

အဲဒါနဲ့ပတ်သက်ပြီးတော့ Research သေချာမလုပ်သင့်သေးဘူးလား။

Research လို့ ပြောရင် ဆရာတို့ လုပ်တဲ့ အလုပ်တိုင်းမှာက အထောက် အထားရှိဖို့ လိုတယ်။ အထောက်အထား ကတော့ ရလေ ဆရာတို့အတွက်  အ ကောင်းဆုံးပဲ။ ဒါပေမဲ့ အထောက်အ ထားလို့ ပြောလို့ အချက်အလက်နဲ့ ပတ် သက်လို့ ဆရာတို့ မှတ်တမ်းမှတ်ရာတွေ ကနေပဲဖြစ်ဖြစ်၊ သီးသန့်ကောက်ယူ တာပဲဖြစ်ဖြစ် ရတယ်ဆိုပေ မယ့် တချို့ ကိစ္စတွေကျတော့ မှတ်တမ်းမှတ်ရာ အရလည်း ရဖို့ခက်သလို သီးသန့်သု တေသန လုပ်ငန်းကလည်း ရဖို့ကလည်း ပိုဆိုးသွားပြီ။ သူတို့ သမီးရည်း စား နှစ်ယောက်ကြားထဲမှာ ဒီလို ကိစ္စမျိုး ရှိသလားလို့ မေးရမယ်ဆို ဘယ်သူမှ မဖြေဘူးပေါ့။ အဲဒီတော့ ဒီလိုဟာတွေ ကျရင် ဆရာတို့က အခက်အခဲရှိသွားပြီ။ မင်းတို့ သမီးရည်းစား နှစ်ယောက်အတူတူနေကြလားဆို ဖြေကြတယ်ဆို ရင်တောင် ဟုတ်ပြီ။ ကွန်ဒုံးသုံးလား၊ မသုံးဘူးလားဆိုရင် ဖြေဖို့ ခက်သွားပြီ။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ တော်တော်များများက လူတွေအ တွက် အလွယ်တကူ ဖြေရခက်တဲ့ sensitive question လူတွေ  ဖြေရခက် တဲ့ မဖြေတဲ့ မေးခွန်းတွေဆို   တကယ့် အချက်အလက် အတိအကျ မှန်မှန်ကန် ကန်ရဖို့ အခက်အခဲရှိနိုင်တယ်။ ဒီလို ဟာမျိုးဆိုရင် ဆရာတို့ ဘာလုပ်ရလဲ ဆိုတော့ လူတွေ့မေးတဲ့ မေးခွန်းမဟုတ် တော့ဘူး။ အချို့နိုင်ငံတွေကျ ဘာလုပ် လဲ။ Anonymous မမြင်ရဘဲနဲ့ အွန်လိုင်း survey တွေဆိုတာ ရှိလာတာပေါ့။ အဲဒီလိုဆိုတော့ ပြဿနာမရှိဘူး။ အွန်လိုင်းမှာ ဆိုတော့ ဘယ်သူမှန်းလဲ မသိဘူး။ Anonymous ဆိုတော့ မျက် နှာချင်းလည်း တွေ့ရတာ မဟုတ်ဘူး။ ကိုယ်ဘာဖြေလဲ မဖြေလဲ ဘယ်သူမှ မသိကြဘူး။ အဲဒါမျိုးဆိုရင်တော့ စာ ရင်းကို ရနိုင်တယ်။ နောက်ပိုင်းလည်း ဒါမျိုးက ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။

အဲဒါဆိုရင် ဆရာတို့ဆီမှာ အွန်လိုင်း survey  တွေ ပေါ်လာတယ် ဆိုရင် ကိုယ်လိုချင်တဲ့ အသက်အပိုင်း အခြားတွေမှာ ရှိနေတဲ့ အမူအကျင့်တွေ၊ ရှိနေတဲ့အလေ့ အထတွေ ကို မေးနိုင် မယ်ဆိုရင်တော့ ဒါတွေက အခုလက်ရှိ အနေအထားမှာတော့ ဆရာတို့မှာ မရှိ သေးသလို လုပ်ဖို့လည်း လက်ရှိသုံးနေ တဲ့ ပုံစံနည်းစနစ်တွေနဲ့ဆိုရင် ဆရာတို့ အခက်အခဲရှိနိုင်တယ်။ တချို့ကတော့ စာတိုက်ကနေ ပို့ပြီးမေးတယ်တို့၊ ဒါကျ တော့ တချို့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေ မဲ့ ဒီမှာတော့ စာတိုက်ကနေ ဘယ် လောက် အတိုင်းအတာအထိ ချောချော မွေ့မွေ့ လုပ်နိုင်တယ်ဆိုတာ Question  ပဲဆိုတော့။ အွန်လိုင်းလုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဟာမျိုး သူများနိုင်ငံမှာ သုံးတယ် ဆိုတာ အခု တွေ့ပြီး ဒီမေးခွန်းဖြေလို့ ပြောရင် အခက်အခဲရှိသွားပြီ။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင် တွေ့နေတော့။ အဲဒါ ကြောင့် မျက်နှာချင်းဆိုင်စရာ မလိုဘဲနဲ့ သူမှန်း ကိုယ်မှန်းကိုမသိတဲ့နည်းနဲ့ သွား ကြတယ်။  အဲဒီတော့ စာတိုက်ကပို့ပြီး ဖြေခိုင်းတဲ့ဟာမျိုး၊ အွန်လိုင်းကနေ ဖြေ ခိုင်းတာမျိုး။ ဆရာတို့လည်း တစ်ချိန် ချိန်မှာ ဒါမျိုးသုံးမယ်လို့ စဉ်းစားမယ် ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အချက် အလက်တွေ ရနိုင်တာပေါ့။

အခု ကျွန်မတို့ သိထားသလောက် ဒီဘက်နှစ်မှာ HIV ကူးစက်နှုန်းကျဆင်း သွားတယ်ဆိုတာဟုတ်ပါသလား။ ဟုတ်ရင် အဲဒါကရော စိတ်ချရတဲ့စာရင်းဇယားလား။

အခုနောက်ပိုင်းမှာတော့ ဟုတ်တယ်။ HIV အနေအထားနဲ့ ပြောရင်တော့ ၂ဝဝ၅ ခုနှစ် မတိုင်မီက ဆရာ တို့ မြန်မာပြည်မှာ HIV ရှိတယ်လို့ ပြောလာတဲ့ ၁၉၈၈ ခုနှစ်ကနေ စပြီးတော့ ၂ဝဝ၅ ခုနှစ်အထိ တောက်လျှောက် မျဉ်းကြောင်းကြီးက အပေါ်ထောင်တက်လာခဲ့တာ။ ၂ဝဝ၅ ခုနှစ်က စပြီး တော့ ဒါက အပေါ်ကို ထောင်မတက်တော့ဘဲနဲ့ အတည့်ပြန်ဖြစ်သွားပြီးတော့ ၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှာ ကျလာခဲ့ပြီ လို့ သိထားခဲ့တယ်ပေါ့။ နောက်ဆုံးထွက် တဲ့ စာရင်းဇယား အရတော့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပေါ့။ HIV  ဖြစ်ပွားမှုနှုန်း ပေါ့။ သို့သော်လည်း ဒါကလည်း ဆရာတို့က ဒါကသွေးစစ်တဲ့လူကို အခြေခံပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးတော့ အပြောင်းအ လဲ အတိမ်းအစောင်း ရှိနိုင်တယ်။ သူတို့ ကတော့ စိတ်ချရလောက်တဲ့ နည်းစနစ် တွေနဲ့ တွက်ရချက်ရတာပေါ့။ သန်း ၆ဝ ရှိရင် သန်း ၆ဝ စလုံးကို စစ်ထားတာ မဟုတ်ဘူးေ လ။ ဒီထဲက တစ်စိတ် တစ်ပိုင်းကိုပဲ စစ်ထားပြီးတော့ တွေ့တဲ့ ဟာကိုပဲ မူတည်ပြီး ရာခိုင်နှုန်း ပြန်တွက် ကြတာဆိုတော့ စစ်ထားတဲ့လူကနေ တစ်ဆင့်ပဲယူပြီး တွက်ထား တာဆိုတော့ အမှန်တကယ် ကိန်းဂဏန်းနဲ့တော့ ကွာဟကောင်း ကွာဟနိုင်တယ်။ ဘာလို့ လဲဆိုတော့ အနီးစပ်ဆုံး မှန်းလို့ရတဲ့ ကိန်းဂဏန်းပဲ ဆိုတော့ ၂ဝဝ၇ ခုနှစ် နောက် ပိုင်းတော့ တဖြည်းဖြည်း ကျလာတယ်။

လူငယ်တွေကြားမှာ HIV ကူးစက် နှုန်းအပေါ် ဆရာဘယ်လိုမြင်ထားလဲ။

လူငယ်တွေကြားထဲမှာကတော့ အကြမ်းဖျင်း ပြောရင်တော့ လူငယ်မှာ လည်း အမျိုးအစားကခွဲမယ်ဆိုရင် General Youth သူလိုကိုယ်လိုပဲ လူ ငယ်တွေရှိသလို။ ဒီထဲထဲ မှာမှ ကူးစက် မှု အန္တရာယ်များနိုင်တယ်ဆိုတဲ့ လူငယ် အုပ်စုတွေ ရှိတယ်။ ဥပမာ မူးယစ်ဆေး ဝါးထိုးတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ နောက်လိင် အပျော်အပါး လိုက်စားတဲ့ လူငယ်တွေ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် ရင်းပြီး လုပ်စားတဲ့လူငယ်အမျိုးသမီးတွေ ဖြစ်နိုင်တယ်။ ဒီလိုမျိုးဟာတွေကတော့ ဘာပဲပြောပြော အခုအချိန်အထိ ကူး စက်မှု က မြင့်နေတုန်းပဲ။ စောစောက ပြောတဲ့ ဝ ဒသမ ၅၉ ဆိုတာ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေအကုန် လုံးကတွက်ထားတာ ဆိုပေမယ့်လို့ အဲဒီ ထဲကမှ တစ်ဆင့် လူငယ်ဆိုတဲ့ ဟာကို ကြည့်မယ်။ အဲဒီလူငယ်ထဲကမှ ကူးစက် မှုနှုန်း မြင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လူငယ် အုပ်စုတွေကို ကြည့်မယ်ဆိုရင်တော့ သူတို့က များနေသေး တာ တွေ့ရတယ်။

ဘာကြောင့်လဲလို့ ပြောရင်တော့ လူငယ်တွေမှာ ဘာကြောင့်များလဲဆို ရင်တော့ စောစောက ဆွေးနွေးခဲ့တဲ့ အတိုင်းအတာက ဗဟုသုတ မရှိသေး တာ ဖြစ်နိုင် တယ် ။ နောက်တစ်ခုက ဗဟုသုတရှိသော်လည်း ”ငါတို့ မဖြစ် လောက်သေးပါဘူး” လို့ကိုယ့်ကိုယ်ကိုယ် လျှော့တွက်နေတာ။ နောက်တစ်ခုက ကာကွယ်ဖို့အတွက် ပစ္စည်း ပစ္စ ယတွေကို လက်လှမ်းမမီကြတာပေါ့။ ဥပမာ ကွန် ဒုံးသုံးချင်သော်လည်း ကိုယ်က သုံးဖို့ ကြိုတင် ပြင်ဆင်မထားတော့ တကယ့် တကယ်မှာ ကွန်ဒုံးက လက်ထဲမှာ ရှိ မနေ ဘူး။ အဲဒီလို အကြောင်းကိစ္စတွေ ကြောင့် လူငယ်တွေကြားထဲမှာ ပိုပြီး များနေတာ တွေ့ရတယ်။ ဒီထဲထဲမှာ ပိုပြီး ဆိုးသွားတာက ဘာလဲဆိုတော့ လူငယ်ဆိုတော့ လက် တည့်စမ်းချင်တာ ပေါ့။ သူများပြောလို့ မယုံတာမျိုးတွေ ရှိတယ်။ ”ဒါကတော့ ကိစ္စမရှိပါဘူး။ တစ်ခါလေးနဲ့လည်း မဖြစ်လောက်ပါ ဘူးဆိုပြီး ငါစမ်းကြည့်ဦးမှ ဆိုပြီးတော့ အဲဒါမျိုးက အန္တရာယ်ထဲကို တွန်းပို့ တာပဲ။

လွန်ခဲ့တဲ့ ၄၊ ၅ နှစ်တွေကတည်းက Group Sex တွေ ရှိနေပြီလို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သိထားတာ များရှိသလား။

Group Sex ဆိုတဲ့ ကိစ္စတွေက တော့ ကြားလာရတဲ့ သတင်းတွေအရ သိနေရတယ်။ ဒါတွေကတော့ ဖြစ်နိုင် လောက်တဲ့ အနေအထားရှိတယ်လို့ ဆို နိုင်တာကတော့ မီဒီ ယာတွေရဲ့ လွှမ်းမိုး မှုရှိနေတယ်ဆိုတော့ ကလေးတွေက Website တွေ၊ တခြားနိုင်ငံတွေရဲ့ Information တွေ၊ တခြားနိုင်ငံရဲ့ အလေ့အထတွေ၊ တခြားနိုင်ငံရဲ့ ယဉ် ကျေးမှုတွေ လွယ်လွယ်ကူကူ သိလာရ တယ်။ လက်လှမ်းမီလာတယ်ဆိုတော့ အတု မြင်အတတ်သင် ဖြစ်ဖို့ နီးစပ် တယ်ပေါ့။အဲဒီအတွက်ကြောင့် တကယ် တမ်း လက်တွေ့ ရှိနိုင်လောက်တယ်လို့ ဆရာတို့ ပြောလို့ ရတယ်။ ဒါနဲ့ ပတ် သက်လို့ တကယ်တမ်း အချက်အလက် သိလားဆိုတော့ စောစောက ပြောသလို ဆရာတို့ HIV နဲ့ပတ်သက်လို့ အချို့ အချက်အလက်တွေတောင်မှ ဆရာတို့ မရနိုင်တော့ ဒါမျိုးဆိုရင် ပိုပြီးဆိုးတယ်။ အချက်အလက်အတိ အကျကတော့ ဆရာတို့မှာ မရနိုင်ဘူး။

လူငယ်တွေကြားက HIV ကာကွယ်ရေးအသိဟာ အင်မတန်အားနည်းသေးတယ်လို့ မထင်ဘူးလား။

လူငယ်တွေမှာ HIV ကာကွယ်ဖို့ အတွက် အသိပညာလို့ ပြောတော့ တကယ်တမ်းပြောရင် ဟိုအရင်ကထက် စာရင်အသိပညာက ဒီလောက်ကြီး မနိမ့်တော့ဘူး။ အဲဒီတော့ အသိပညာ ဗဟုသုတ Level  ကိုစစ်ကြည့်လိုက်လို့ ရှိရင် သာမန်လောက်ကို သိတယ်ဆိုတဲ့ အနေအထားက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီထဲမှာထဲထဲဝင်ဝင် ဂဃနဏ သိတယ်ဆိုတာ ၄ဝ၊ ၅ဝ ရာခိုင်နှုန်း ကြားမှာရှိတယ်။ HIV လို့ပြောရင်သာမန်သိလို့ မရဘူး။ ထဲထဲဝင်ဝင် ဂဃနဏသိမှရမယ်။ ဥပမာဆိုရင်  HIV ကိုကာကွယ်ဖို့အတွက် Condom  သုံးရင်ရတယ်ဆိုတာသိတယ်။ ကွန်ဒုံးဘယ်လို သုံးတယ်မသုံးဘူးဆိုတဲ့ အပေါ်မူတည်ပြီး  HIV သည် Condom သုံးလျက်နဲ့ ကူးသွားနိုင် တယ်။ စောစော က ပြောတဲ့ ဂဃနဏ ဆိုတာ အဲဒါပဲ။ကွန်ဒုံး သုံးတယ်။ HIV ကာကွယ် နိုင်တယ်။ ဒါက အပေါ်ယံသိတာ။ သို့သော် ကွန်ဒုံးနှစ်ထပ်သုံးတာသည် HIV ကာကွယ်နိုင်မှု ပိုထိရောက်တာလား။ HIV ကာကွယ်နိုင်မှု အနှောင့်အယှက် ဖြစ်စေတာလားဆိုတာ အဲဒါမျိုးတွေပေါ့။ မဟုတ်ဘူး ကွန်ဒုံးသည် နှစ်ထပ်သုံးလို့ မရဘူး။ ၄ဝ ရာခိုင်နှုန်း နဲ့ ၅ဝ ရာခိုင်နှုန်း လူငယ်တွေက ဂဃနဏသိတာ ကျန်တဲ့ တစ်ဝက်ကျော်က ဂဃနဏ သိတဲ့အထဲ မပါသေးဘူး။ ဂဃနဏ မသိသေးသရွေ့ ကာလပတ်လုံး HIV ကူးဖို့ အခွင့်အလမ်း တွေ ရှိနေသေးတယ်။ နောက်ပြီး သိရက်နဲ့ တောင် လက်တွေ့ကျင့်သုံးဖို့တောင် ကွာပြန်ရော။ လူတွေမှာ သိတာက သိတာတစ်ပိုင်း သိတာကို လက်တွေ့ ကျင့်တာကတစ်ပိုင်း ဆိုတော့ အမြဲတမ်းအသိထက် လက်တွေ့ကျင့်တာသည် ရာခိုင်နှုန်းနည်းနေမယ် ဆိုရင် သာမန်သိတာ ၈ဝ ရာခိုင်နှုန်း ဆိုရင် သာမန်သိ တာထက် လက်တွေ့ လိုက်လုပ်နေတာသည် ၈ဝ ရာခိုင်နှုန်း ထက်ကျမယ်။ ဂဃနဏ သိတာသည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းကြား ဆိုရင်လည်း ဂဃနဏ သိတဲ့အတိုင်း လိုက်လုပ်တဲ့ ကိစ္စ သည် ၄ဝ နဲ့ ၅ဝ ရာခိုင်နှုန်းအောက် မှာရှိမယ်ဆိုရင် ဒါကိုကြည့်တာနဲ့ ဆရာတို့မှန်းလို့ရတယ်။ ဘာလဲ၊ လူငယ်တွေသည် HIV ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသိပညာ ရှိရုံတင်မကဘူး။ အဲဒီမှာ အသိပညာအတိုင်းလိုက်ပြီး လက်တွေ့ကျင့်သုံးရမယ်။ ဥပမာ HIV သည် ကူးနိုင်တယ်။ HIV ကာကွယ်ချင်ရင် Condom သာ သုံးရမယ်ဆိုရင် ကိုယ်သည် အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု ရှိတိုင်းရှိတိုင်း ကွန်ဒုံးသုံးရမယ်။ ကိုယ့်ရည်းစား မို့လို့ မသုံးဘူးဆိုတာ မဟုတ်ဘူး။ ငါကတော့ အပျော်အပါးလိုက်ရင်တော့ ငါသုံးပါတယ်။ သို့သော် ငါ့ရည်းစားနဲ့ဆိုရင်တော့ ငါမသုံးပါဘူး။ ဒါဆိုရင်တော့ မဟုတ်တော့ ပြန်ဘူး။ တကယ်တော့ ဗဟုသုတတွေ လိုအပ်နေသေးတယ်။ ဒါပေမဲ့ ဟိုတုန်း က လို အရမ်းကြီးတော့ မဟုတ်ဘူး ဆိုပေမယ့် လိုနေသေးတယ်။

ကာကွယ်ရေးအသိကို မြှင့်တင်ဖို့အတွက် ဘာတွေလုပ်နေလဲ။ ဘာတွေ ထပ်လုပ်သင့်ပါသလဲ။

ဒါနဲ့ပတ်သက်ပြီး HIV ကာကွယ် ရေးနဲ့ပတ်သက်ပြီး လူငယ်တွေ အသိပညာရဖို့အတွက်ကတော့ ဆရာတို့ နည်းမျိုးစုံနဲ့ လုပ်နေကြတယ်။ အဖွဲ့အစည်းပေါင်းစုံ လုပ်တယ်။ အစိုးရဌာန တွေလည်းပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း ပါတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေလည်း ပါတယ်။ အဖွဲ့အစည်းပေါင်းစုံက ကိုယ်လုပ်လို့ ရနိုင်တဲ့ အေ နအထားလေးတွေကနေ လုပ်ကြတယ်။ သို့သော်လည်း နယ်နဲ့မြို့ နဲ့တော့ မတူဘူး။ မြို့ပြကလူတွေက တော့ဘာပဲပြောပြော နယ်က လူတွေ ထက်စာရင် ဒီလို အသိပညာရဖို့ အခွင့် အလမ်းတွေ ပိုများတယ်။ နယ်ကလူတွေ မှာက ဒီလိုအခွင့်အလမ်းတွေ နည်း နေသေးတယ်။ နယ်တွေကို ရောက်တဲ့အထိ ဆရာတို့ လုပ်ဖို့ လိုနေသေးတယ်။ အဲဒါကြောင့်လုပ်တယ်ဆိုတဲ့ နည်းလမ်း တွေမှာ အမျိုးစုံရှိရတော့မှာပေါ့။ ဟောပြောတယ်။ ဟောပြောပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့အတွက် မလွယ်ကူဘူး။ သင်တန်းတွေ လုပ်တယ်။ တစ်နိုင် ငံ လုံးအတိုင်းအတာနဲ့ လုပ်ဖို့မလွယ်ဘူး။ အဲဒီတော့ ဆရာတို့က ဟောပြောပွဲတွေ၊ သင်တန်းေ တွလုပ်တာ ကတစ်ပိုင်း ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ရောက် နိုင်တာသည် မီဒီယာပဲ။

အဲဒီတော့ TV Channel တွေ FM Radio တွေ ဒီဟာ တွေကနေ တစ်ဆင့် ဆရာတို့ လုပ်ဖို့လို တယ်။ အရင့်အရင်ကတော့ ဒီမီဒီယာ တွေသည် သုံးဖို့မလွယ်ဘူး။ ခက် တယ်။ အရင်တုန်းက အနေအထားနဲ့ကျတော့ ဒီမီဒီယာတွေ အသုံးပြုခွင့်ရဖို့ကို ငွေရေး ကြေးရေးတွေ သုံးရတယ်။ ပညာပေး လုပ်ငန်းတွေအတွက် နေရာမရှိဘူး။ ရှိဦးေ တာင်မှပဲ ဈေးကြီးတယ်။ Business တွေနဲ့အပြိုင် စီးပွားရေးကြော်ငြာတွေ အပြိုင်ပေးရတာဆိုတော့ ဈေးကြီးတယ်။ပညာပေး လုပ်ငန်းတွေကို အဲဒီလောက် အတိုင်း အတာ အထိ လုပ်နိုင်တဲ့လူမရှိဘူး။ ပညာပေးလုပ်ငန်းတွေအတွက်သည် Free ရတဲ့ မီဒီယာတွေသည် Free Access ဖြစ်မှ လူတွေကိုရောက်မှာပေါ့။ အခုတော့ လည်း အချို့ေ နရာတွေမှာ Free ရနေပြီ ဆိုတော့ ဘာပဲပြောပြောရှေ့ဆိုရင်တော့ ပိုပြီးတော့ အခြေအနေလေးတွေ ကောင်း လာမယ်ထင်တယ်ပေါ့။ ဆရာ့အနေနဲ့ ပြော ရရင် Free Education  လိုင်းလေး တွေရှိလာတာသည် ကောင်းတယ်။ ဒါမှပဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်မှာကိုး။ Radio နဲ့ ရောက်နိုင် တဲ့ နေရာတွေရှိတယ်။ တချို့ နေ ရာတွေမှာ TV ရောက်နိုင်တဲ့ နေရာတွေရှိတယ်။ လူမရောက်နိုင်တဲ့ နေရာတွေ အများကြီးပဲ။ သွားပြီး သင်တန်းမပေးနိုင်ဘူး။ သွားပြီး မဟောပြော နိုင်ဘူး။ သို့သော် Radio နားေ ထာင်ရင် ရေဒီယိုကနေ ပေးသွားမှာပေါ့။ ဒါမျိုး လေးတွေပေါ့။

အတိုင်းအတာတစ်ခု အထိ လုပ်နေသော်လည်း လုပ်ဖို့ လိုပါ သေးတယ်။ လုပ်ပုံလိုပါသေးတယ်။ ကျယ် ကျယ်ပြန့်ပြန့် နေရာအနှံ့တောရော မြို့ပါ မကျန်ရောက်ဖို့ အတွက် ဆိုရင်တော့ အရှိန် အဟုန်တော့ ထိန်းထားရဦးမယ်။ တစ်ခုပဲ ရှိတယ် တစ်ခါတလေမှာ ဖြစ်တတ်တာက ဘာလဲဆိုတော့ သူတို့ကပြောတယ် HIV က ၂ဝဝ၇ နောက်ပိုင်း ကျနေပြီဆိုတဲ့အခါမှာ သူတို့က နောက်ပိုင်းလူတွေက ဘာဖြစ် လာလဲဆိုတော့ အားလျော့လျော့ သွား တယ်။ မလိုတော့ ပါဘူးဆို။ မဟုတ်ဘူး။ ဒီတိုင်းဆက် လုပ်နေမှ ဒါဆက်ကျမှာလေ။ ရပ်လိုက်တာနဲ့ ပြန်ပြီးတော့ ထောင်တက် လာမှာပဲ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလို မျိုး အတွေ့အကြုံတွေ ရှိဖူးတယ်။ အရှိန် လည်း ချလို က်ရော ပြန်ထိုးထောင်တက် သွား ရော။ ဒါမျိုး မဖြစ်ဖို့လည်း လိုတယ်။ အရှိန်အဟုန်မပျက်အောင် လုပ်နေတဲ့ လူကလည်း ဆက်လုပ်ဖို့ လိုတယ်။ ပြီးရင် နောက် ဆုံးအ လှူရှင်တွေကလည်း နောက်ပိုင်း HIV ဆို သိပ်မဟုတ်တော့ဘူး။ အဲဒီလိုဟာမျိုးတွေ အမှန်တော့ အဲဒါ မဟုတ်ဘူး။ Prevention သည် လုပ်ကိုလုပ်နေရမှာ။ အဲဒီတော့ အရှိန်အဟုန် သည် ရပ်လို့လည်း မရသေးဘူး။ လျှော့လို့ လည်း မရသေးဘူး။ လုပ်နေတဲ့အတိုင်း ဆက် လုပ်သွားရမယ်။ အဲဒါမှ အခုကျ နေတဲ့ မြားသည် ဆက်ကျ သွားမယ်။

သမီးရည်းစားဘဝ အတူနေခြင်းနဲ့ ပတ်သက်ပြီး ဆရာဘာပြောချင်ပါသလဲ။

သမီးရည်းစားဘဝ အတူတူနေ တာနဲ့ ပတ်သက်လို့ ဆရာပြောချင်တာ ကတော့ ဒီလိုအချိန်မှာ အရွယ်ရောက် လာရင်တော့ သမီးရည်းစားဖြစ်ကြတာ သဘာဝပဲ။ ဒါ မမှား ဘူး။ ဒါလူ့ရဲ့ ခန္ဓာ ကိုယ်မှာရှိတဲ့ဟော်မုန်းရဲ့ လှုံ့ဆော်မှု ကြောင့် သဘာဝဖြစ်တယ်။ ဒါပေမဲ့ သမီး ရည်းစားအတူနေတယ်ဆိုတဲ့ အဖြစ်က တော့ ထည့်ပြီးစဉ်းစားရေ တာ့ မယ့် အ ချက်တွေ ရှိတယ်ထင်တယ်။ ဆရာ အမြဲ တမ်း ပြောတဲ့စကားကတော့ အဆင်သင့် ဖြစ်ပြီလားပေါ့။ သမီးရည်းစားကတော့ ဟုတ်ပြီ၊ သမီးရည်းစား အနေနဲ့ ကတော့ ဖြစ်တယ်။ သမီးရည်းစား အဆင့်ကနေ ကျော်ဖို့ကျတော့ နှစ်ယောက်စလုံးသည် အဆင်သင့်ဖြစ်ပြီလား။ ကိုယ့်ကိုယ်ကိုယ် မေးဖို့လိုမယ်ထင်တယ်။ ဒီမေးခွန်းကို မမေးဘဲနဲ့တော့ Blind ကြီး အဆင့်ကျော် သွားရင် အခက်အခဲတွေဖြစ်ကြမှာ။အဲဒီ တော့ အဆင်သင့်မဖြစ်ဘဲ ကိုယ်ဝန်ရ သွားရင် ဘာလုပ်ကြမလဲ။ အခုရှိတယ်။ အပြင်မှာ တစ်ခါတလေကြားရတာအဆင် သင့်မဖြစ်ဘဲ ကိုယ်ဝန်ရသွားတယ်။ ပြီး တော့မှ ဘာလုပ်ရမှန်းမသိဘူး။ နောက် ဆုံး ဘာပဲပြောပြော ဖြေရှင်းဖို့ အတွက် ပြဿနာ က လောလောဆယ် အိမ်ထောင် ပြုလို့မရ။ ယောက်ျားလေးဘက်ကလည်း လက်မခံသေး။ မိန်းက လေးဘက်ကလည်း လက်မခံသေး အသက်အားဖြင့်လည်း Ready မဖြစ်၊ ပညာရေးလည်း မပြီးသေး ဘူးဆိုရင် နောက်ဆုံးကျတော့လည်း မထူးပါဘူး။ ဖျက်ချလိုက်ဆိုတဲ့ဟာမျိုး အပြင်မှာ ရှိနေကြတယ်။ ကြားနေကြတယ် ဆိုတော့။ ဘယ်လိုပြောပြော ဖျက်ချတယ် ဆိုကတည်းက အတိုင်းအတာတစ်ခုအထိ တော့ မိန်းကလေးမှာ ထိခိုက်နစ်နာမှု ရှိတာပဲ။ အသက်ထိခိုက် နစ်နာနိုင်တာ ရှိတယ်။ အသက် ထိခိုက် မနစ်နာရင် တောင်မှပဲ အချို့ဆိုရင် ပိုးဝင်သွားတယ်။

ဘာကြောင့်လဲဆိုတော့ ဖျက်ချဖို့ကြိုးစား တဲ့အခါမှာ စနစ်တကျမှ မရှိတာလေ။ စနစ်တကျ ဖျက်ချပေးတယ်ဆိုတာ ဆရာ တို့ မြန်မာနိုင်ငံမှာမှ မရှိသေးဘူး။ တရား ဝင် ဘယ်မှာမှ မရှိသေးဘူး။ အဲဒီတော့ ခိုးကြောင်ခိုးဝှက်လုပ်ကြတယ်။ ခိုးကြောင် ခိုးဝှက်လုပ်ပြီ ဆိုကတည်းက တတ်ကျွမ်း တဲ့လူ လုပ်တာလည်း ဟုတ်ချင်မှ ဟုတ် မယ်။ မတတ်ကျွမ်းတဲ့လူလုပ်တာ ပိုများ တယ်။ ဒီတော့ မတတ်ကျွမ်းဘဲလုပ်တယ် ဆိုကတည်းက လုပ်တဲ့ နည်းလမ်းသည် စနစ်မကျရင် ရောဂါပိုး ဝင်တယ်။ တချို့ မိန်းကေ လးတွေဆိုရင် ဒီရောဂါပဲ။ အဲဒီ တော့ အထဲထဲကို ရောဂါပိုးဝင်သွားတဲ့ အတွက်ကြောင့် နောက်ဆုံး ဒီသားအိမ်ကြီး ပျက်စီးသွားတယ်။ တစ်သက်လုံး ကိုယ်လို ချင်တဲ့ အချိန်ရောက်ရင်တောင်မှ ကလေး မရတော့ဘူး။ တစ်သက်လုံး မြုံသွားတဲ့ ကိစ္စပေါ့။ ဒါတွေကတော့ မိန်းကလေး တစ်ယောက်အတွက် ထိခိုက်နစ်နာမှုဘဲ။ တစ်ခုေ တာ့ ပြေလည်သွားတယ်။ ဒါပေမဲ့ တစ်သက်လုံးအတွက် ဘာဖြစ်သွားမလဲ။ ဒါဟာ အမာရွတ်ကျန်ခဲ့တဲ့ သဘောပဲ။ ကဲနောက်ဆုံး ယူမယ်ဆိုပြန်တော့ရော အဆင် သင့်မဖြစ်ဘဲယူတယ်။ ကျောင်း မပြီးဘူး။ တို့လို့တန်းလန်း ဖြစ်တယ်။ တချို့ ကျောင်းပြီးဦးတောင်မှ အလုပ် အကိုင် မရှိသေးဘူး။ ကိုယ့်အိမ်ထောင် တစ်ခု တည်ထောင် ဖို့အတွက် Ready မဖြစ်သေးဘူးဆိုတော့ အဲဒီမှာ တစ်ခါ ထပ်ပြီး ဘာတွေဆင့်လာလဲဆိုတော့ အိမ် ထောင်ရေးပြဿနာတွေက ထပ်ဆင့်လာ တယ်။ အဲဒီတော့ နှစ်ေ ယာက် စလုံးက အဆင်သင့်မဖြစ်သေးဘဲ ယူလိုက်ကြတဲ့ အခါ နှစ်ယောက်စလုံးက အခက်အခဲ တစ်ခုရှိတိုင်း တစ်ယောက် နဲ့တစ်ယောက် အပြန် အလှန်ြ ပဿနာရှာ တယ်။ အပြစ် ဖို့ကြတယ်နဲ့ပဲ အဆင်မပြေကြဘူး။ ဘယ် အထိသွားလဲဆိုတော့ ကလေးအထိ သွား တယ်။ အဲဒီတော့ ဆရာပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက် လည်း တူ ချင်မှ တူမှာ။ အဆင်သင့်ဖြစ်ပြီ။

ပြဿနာ မရှိဘူး။ အဆင်သင့်မဖြစ်သေးတဲ့ လူအတွက် ကျတော့အဆင်သင့် မဖြစ် သေးသရွေ့ ကာလပတ်လုံး ခေါင်းထဲမှာ ထည့်ထားရမှာက ကိုယ့်မှာ အခက်အခဲ တွေ အများ ကြီးရှိနိုင်တယ်ဆိုတဲ့ဟာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆင်သင့် ဖြစ်မဖြစ် မေးခွန်းမေးပြီးမှ ကိုယ်ပိုင် ဆုံး ဖြတ်ချက်နဲ့ လုပ်ပေါ့။ မှားတယ်၊ မှန်တယ် တော့ ဆရာမပြောလိုဘူး။ လူတိုင်းမှာ လုပ်သင့်မလုပ်သင့် ကိုယ်တိုင် ဆုံးဖြတ် မယ်။ သို့သော် လုပ်ပြီးရင်လည်း တာဝန် ယူ တတ်တဲ့အကျင့် ရှိရမယ်။ ဒါပဲ။ တချို့ ယော က်ျားေ လးတွေ ရှိတယ်။ ဖြစ်နိုင်တယ် ဒါမျိုးက။ နှစ်ယောက်စလုံး ပထမတော့ စိတ်ခံစားချက်အရ လုပ်လိုက်တာပဲ။ နောက်ကျတော့ မဟုတ်ဘူး။ ဟုတ်လား တာဝန်မ ယူနိုင်ဘူး ဆိုတာတွေလည်းရှိတဲ့ အတွက်ကြောင့် အဲဒီတော့ မိန်းကလေး ဘက်ကလည်း ဒါတွေ သတိထားဖို့လိုတာ လေ။ တစ်ခါတလေမှာတော့ ကိုယ့်စိတ် တစ်ခုတည်း နဲ့ပဲ တကယ်တမ်းကျတော့ သူကတာဝန်မယူဘူးဆိုရင် ကိုယ့်မှာနစ်နာ တာတွေအများကြီး။ တကယ်တမ်းတာဝန် ယူဦးတော့ တကယ်တမ်းကျတော့လည်း အဆင်ပြေ ချင် မှပြေမယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အဆင်သင့် ဖြစ်ပြီလား ဆိုတဲ့ မေးခွန်းရဲ့အဖြေက ကိုယ့်ဆီမှာပဲ ရှိတယ်။ ဒီအဖြေသည် ကိုယ့်မှာရှိတယ် ဆိုရင် ဆက်သွား လို့ရ မယ်။ မရှိရင်တော့ သတိထားရမယ်ပေါ့။ အဲဒီတော့ ဒါဆိုရင် ကြိုကြိုတင်တင် ငါတို့ဘာလုပ်သင့်လဲဆိုတဲ့ အဖြေ။ ဒီလိုမျိုး ဖြစ်လာနိုင်တယ်ဆိုတာ သိတယ်။ ဒီလို မျိုး ဖြစ်လာနိုင်တာကို သိ ရင် ငါတို့ဘယ်လို ကြိုတင်ကာကွယ်ထား မလဲ။ ဖြစ်ပြီးမှလုပ်ရတာထက်စာရင် မဖြစ် ခင် ကြိုတင်ကာ ကွယ်ထား တာသည် နှစ် ယောက်စ လုံးအ တွက် အဆင်ပြေတယ်။ အဲဒီတော့ နှစ်ယောက်စလုံးအတွက် ကြိုတင် ကာကွယ်ဖို့ကို ဗဟုသုတရှိဖို့ လိုတယ်။ ဗဟုသုတရှိဖို့ဆိုရင် လူငယ် တစ်ယောက် အတွက် ရှိသင့် ရှိထိုက်တဲ့ ဗဟုသုတရှိဖို့ အတွက် စာအုပ်တွေ ဖတ်ထားလို့ရတယ်။ သူများပြောတာ နားထောင်လို့ရတယ်။

လူငယ်တွေကြားကအတူနေတဲ့အခြေအနေကိုလုံးဝဖျက်ပစ်လို့ မရနိုင်တာသေချာပါတယ်။ ကိုယ်ဝန်ဖျက်ချမှု ပြဿနာလည်းများလာတယ်လို့ ကြား နေရတယ်။ ဒီမွာေ ရာ တရားဝင္ကိုယ္ဝန္ဖ်က္ခ်မႈဥပေဒ လုပ္သင့္ပါသလား။

ယောက်ျားလေးနဲ့ မိန်းကလေး သည် အိမ်ထောင်မကျသေးဘူး။ သို့ သော်လည်း အကြောင်းကြောင်းကြောင့် မမျှော်လင့်ဘဲနဲ့ တရားဝင် အိမ်ထောင် မကျသေးခင်မှာ ကိုယ်ဝန်ရကြတယ် ဆို တာရှိနေတာပဲတဲ့။ အဲဒီတော့ ရပြီးပြီ ဆိုရင် ဒီကိုယ်ဝန်ကြောင့် ဖြစ်လာနိုင် တာတွေကို စဉ်းစားရမယ်။ ဖျက်ချတယ် ဆိုတာ မကောင်းဘူး။ ယူမယ် ဆိုပြန် တော့လည်း အဆင်သင့်မဖြစ်။ အိမ် ထောင်တစ်ခု တည်ဆောက်ဖို့အတွက် နှစ်ယောက်စလုံးအတွက် အခြေအနေ မပေးသေးဘူးဆိုရင် ဖျက်ချ သင့်သလား ပေါ့။ ဖျက်ချသင့်သလားဆိုတော့ ဖျက် ချသင့်တယ်လို့ ဖြေတဲ့လူလည်း ရှိမှာပဲ။ မဖျက်ချသင့်ဘူးလို့ ဖြေတဲ့လူလည်း ရှိ မှာပဲ။ ဘာလို့လဲဆိုတော့ ဆရာတို့ ဆီမှာ  မြန်မာ့ ယ ဉ်ေ ကျးမှုဆိုတာတော်တော်လေး ဟိုးအရင်ကတည်းက ရှိခဲ့ကြတာဆိုတော့ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် အချို့သောယဉ်ကျေးမှုေ တွ သည် ပြောင်း ဖို့ လို လာတာလည်း ဖြစ်ကောင်းဖြစ် နိုင်မယ်။ မိန်းကလေးနဲ့ ယောက်ျားလေး အိမ်ထောင် မကျသေးဘဲ အကြောင်း ကြောင်းကြောင့် ကိုယ်ဝန်ရသွား ခဲ့ေ သာ် ဒီကိုယ်ဝန်ကို တရားဝင်ဖျက်ချခွင့်။ ကျန်း မာရေး ရှုထောင့်အရပြောရင် ရှိသင့်တယ် လို့ ပြောလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ မဟုတ်တာတွေ လုပ်လို့ရှိရင် လုပ်ချင်တာ တွေ လုပ်လို့ရှိရင် ပြဿနာက ပိုဆိုးသွား မှာ။ စနစ်တကျလုပ်လိုက်တော့ ဘာပဲ ပြောပြော အန္တရာယ် ကင်းတယ်လို့ပဲ ဆို ရမှာပေါ့။ နို့မို့ဆိုရင် တရားဝင် မလုပ်ပေး ဘူး။ မလုပ်ပေးတော့ လုပ်ပေးတဲ့လူက စနစ်မကျဘူး။ ကျွမ်းကျင်မှုမရှိဘူးဆိုတော့။ သို့သော် ဒါပေမဲ့ တစ်ခါ တစ်ဖက်က ဒီလို ရှိပြန်ရင်လည်း လူတွေက ဒါကို အလွဲ သုံးစား လုပ်မှာလား။ ဒီဟာကြီးရှိ ပြန် ရင်လည်း ဒါကြီးရှိနေတာပဲ ငါတို့ကိစ္စမရှိ ဘူး။ နေချင်သလို နေလို့ရတယ်။ ကာ ကွယ်စရာလည်း မလိုဘူး။ ပြီးရင် ဒီလို လုပ်သွားလို့ရတယ်ဆိုတော့  ဘာပဲပြော ပြော ကောင်းတာနဲ့ ဆိုးတာနဲ့ပေါ့။ ရှိတဲ့ အတွက်ကြောင့် ကောင်းသွားနိုင်တယ်။ မရှိတဲ့ အတွက်ကြောင့် မကောင်းသွား တာလည်း ရှိတော့ ဒါကတော့ ကျန်းမာ ရေး ရှုထောင့်အရ ရှိသင့်တယ်လို့ ပြောလို့လဲပဲ။ ရှိခြင်း မရှိခြင်း အတွက် ကတော့ တော်ေ တ်ာကြီးကို ဆွေးနွေးရမယ်။ ပညာ ရှင်တွေ အကုန်လုံး ပါရမယ်။

ဒါပေမဲ့ ဒီဟာကို စဉ်းစားဖို့ အချိန်တော့ တန်ပြီ။ ဘာလို့လဲဆိုတော့ မစဉ်းစားရင် အခုလက် ရှိ အနေအထားအ တိုင်းပဲ ရှိနေမယ်ဆိုရင် ဆရာတို့မှာ ပြဿနာ အခက်အခဲတွေ က မျိုးစုံရှိတယ်။ ဆိုတော့ တချို့နိုင်ငံတွေ မှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြ ဘူး။ အလေ့ အထတွေ မတူကြဘူးဆိုတော့ ဆရာတို့ သူများနိုင်ငံတွေမှာ ဘယ်လို လုပ်လဲဆိုတာ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လေ့လာပြီးရင် ကိုယ့်နိုင်ငံမှာ ဘယ်လို လုပ်သင့်သလဲဆိုတာ အကောင်းဆုံး အ ဖြေက ဘာလဲပေါ့။ နောက်ဆုံးအဖြေက ရှိသင့် တယ်လို့ တွက်တာလည်း ရှိမယ်။ မရှိသင့်သေးဘူးလို့ တွက်တာလည်း ရှိ ချင်ရှိမယ်။ ရှိသင့်တယ်ဆိုရင်လည်း ရှိဖို့အတွက် ဘယ်လို အခြေအနေမျိုး ဆိုရင်တော့ ဘယ်လို အခြေအနေမျိုး ဖြစ် နိုင်လဲဆိုတာကိုပါ တစ်ခါတည်း တွဲပြီး သတ်မှတ်ရမှာပေါ့။ အဲဒီတော့ ဒါစပြီး စဉ်းစားရမယ့် အချိန်တန်ပြီ။ အထူးသ ဖြင့်တော့ ကိုယ်တွေနဲ့ ယဉ်ကျေးမှု အနေ အထားချင်း မတိမ်းမယိမ်းရှိတဲ့ နိုင်ငံမျိုး တွေမှာရော ဘာတွေလုပ်နေလဲ။ ရှိတဲ့ နိုင်ငံ ရှိမယ်။ မရှိတဲ့နိုင်ငံ ရှိမယ်။ မရှိတဲ့ နိုင်ငံ မှာရော ကိုယ်နဲ့အ တူတူပြဲ ပဿနာေ တွ ဖြစ်နေလား။ ပြဿနာတွေ မရှိဘူးဆိုရင် သူတို့မှာ မရှိရက်နဲ့ မဖြစ်ဘူးဆိုရင် သူတို့ မှာ တခြားဘာတွေလုပ်နေတဲ့ နည်းလမ်း တွေ ရှိလဲ။ ရှိတဲ့နိုင်ငံမှာရော ရှိတဲ့အ တွက် ကြောင့် ပိုပြီးကောင်းလား တစ်လွဲသုံး တာတွေ ရှိလားဆိုတာလေ့လာရမှာပေါ့။ အဲဒီကနေတော့ အဖြေတစ်ခုတော့ ထွက်မှာပေါ့။

မြ တ် စု ငြိ မ်းေ တွ့ ဆုံေ မး မြ န်း သ ည်

Popular Myanmar News Journal
UNFPA လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာနေဝင်းနှင့် တွေ့ဆုံခြင်း

အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်

Posted by drmyochit Thursday, September 12, 2013, under | No comments


တစ်ခါထိုင်ရင် သုံးလေးနာရီကျော် ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေ မှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။

သြစတြေးလျ လေ့လာမှုအရ လူတွေက အထိုင်များ လေလေ၊ ဘ၀သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။

အထိုင်များသူတို့အတွက် ဖြေရှင်းနည်း

အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။ ဖုန်းကို ရပ်ပြီးပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာ မှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့် အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။

မန္တလေးသို့ နိုင်ငံခြားသား ဝင်ရောက်မှု ရှစ်လတာအတွင်း ၄၆ ရာခိုင်နှုန်းကျော်တိုး

Posted by drmyochit Thursday, September 12, 2013, under | No comments

မန္တလေးရှိ စေတီပုထိုးများအား နိုင်ငံခြားသားများ လာရောက်လေ့လာစဉ်။ ဓာတ်ပုံ - လှိုင်ထွေးအောင်
မန္တလေး ၊ စက်တင်ဘာ ၁၁။

ယခု နှစ်အတွင်း ဇန်နဝါရီလမှ ဩဂုတ် လအထိ ရှစ်လအတွင်း နိုင်ငံခြား သားဝင်ရောက်မှုမှာ ၂၀၁၂ခုနှစ် ကထက် ၄၆ဒသမ၈ရရာခိုင်နှုန်း ကျော် တိုးတက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားလာရေး တိုင်းဒေသ ကြီးဦးစီးမှူး ဦးမျိုးမြင့်က ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။

''ဟိုတယ်နှင့်ခရီးသွားလာရေး လစဉ်မှတ်တမ်းများအရ မန္တလေး ဒေသ နိုင်ငံခြားသားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် များလာတာ တွေ့ရတယ်။ ဒီနှစ်နှစ်ကုန်အထိ နှစ်သိန်းဝင်ရောက်မယ်လို့ ခန့်မှန်း ထားတယ်။ ရှစ်လတာအတွင်း ဝင်ရောက်မှု တွက်ချက်တဲ့ အခါ ၄၆ဒသမ၈ရရာခိုင်နှုန်းကျော် တိုး တက်လာတာတွေ့ရတယ်။ ၂၀၁၀ ပြည့်နှစ်ကထက် ၁၇၂ဒသမ၄၅ ရာခိုင်နှုန်းကျော်အထိ တိုးတက် လာတယ်''ဟု တိုင်းဦးစီးမှူး ဦးမျိုး မြင့်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးခရီး သွားဇုန်နယ်မြေတွင် မန္တလေး၊ မင်းကွန်း၊ စစ်ကိုင်း၊ အင်းဝဒေသ များပါဝင်ပြီး မန္တလေးတိုင်းဒေသ ကြီးရှိ ပုဂံ၊ ညောင်ဦးတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ ဝင်ရောက်သူ ၈၇၀၀၁ဦး၊ ၂၀၁၃ခုနှစ်တွင် ၁၁၇၇၅၉ ဦးရှိ သဖြင့် ၃၀၇၅၈ဦး ပိုမိုဝင်ရောက် မှုရှိကြောင်း၊ ပြင်ဦးလွင်မြို့သို့လာ ရောက်သည့် နိုင်ငံခြားသားဦးရေ မှာ ၂၀၁၂ခုနှစ် ဇန်နဝါရီလမှ ဩ ဂုတ်လအထိ ၅၆၉၁ဦးရှိပြီး ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလမှ ဩဂုတ် လအထိ ၇၈၈၃ဦးရှိသဖြင့် ၂၁၉၂ ဦး ပိုမို ဝင်ရောက်မှုရှိကြောင်း၊ လာ မည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု များပြား လာမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ထွေးအောင်
Yangon Media Group

အောင်မြင်ကျော်ကြားမှုသည် ခက်ခဲကြမ်းတမ်းဟု ရိုစီဟတ်တင်ဂမ် သုံးသပ်

Posted by drmyochit Thursday, September 12, 2013, under | No comments

ဗြိတိသျှ နာမည်ကျော် အလှမယ်က သူမအနေဖြင့် အောင်မြင်ကျော်ကြား လူသိများလာလေလေ၊ ယင်း၏ ဘေးထွက်ဆိုးကျိုးများနှင့် ကြုံရလေလေ ဖြစ်လာကြောင်း ဖွင့်ဟခဲ့သည်။
အောင်မြင် ကျော်ကြားမှု ဆိုသည်မှာ ခက်ခဲကြမ်းတမ်းသည့် အရာတစ်ခုဖြစ်ကြောင်း ရိုစီ ဟတ်တင်ဂမ် ဝှစ်တလီက ဖွင့်ဟ ပြောကြားလိုက်သည်။ ဗြိတိသျှ နာမည်ကျော် အလှမယ်က သူမအနေဖြင့် အောင်မြင်ကျော်ကြား လူ သိများလာလေလေ၊ ယင်း၏ ဘေးထွက်ဆိုးကျိုးများနှင့် ကြုံရလေလေ ဖြစ်လာကြောင်း ဖွင့်ဟခဲ့သည်။ ရိုစီသည် မော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်လာသလို Transformers: Dark of the Moon ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ပြီးနောက် မင်းသမီး တစ်လက်အဖြစ်ပါ ပရိသတ် လက်ခံမှု ရရှိလာသည်။ ထို့အပြင် နာမည်ကျော် အက်ရှင်မင်းသား ဂျေဆန်စတက်ဟမ်းနှင့် ချစ်သူများ ဖြစ်ခဲ့ခြင်းကလည်း သူမအပေါ် လူအများ အာရုံစိုက်မှုကို ပိုမို ရရှိခဲ့သည်။

အသက်(၂၆)နှစ်ရှိ ရိုစီက သူမအနေဖြင့် အောင်မြင်မှုများအတွက် ကျေနပ်ကြောင်း ဝန်ခံခဲ့သော်လည်း ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်များ ဆုံးရှုံးသွားသည်ကို ရုန်းကန်ရကြောင်း ဆိုသည်။ ဗြိတိန်ထုတ် Grazia မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ရိုစီက "ကျွန်မရဲ့ မော်ဒယ်လ်ဘဝ ပထမဆုံး နှစ်တွေမှာ အလုပ်ရဲ့ စိန်ခေါ်မှုတွေက ခက်ခဲခဲ့ပါတယ်။ ခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားတယ်။ အလုပ်မှာ ကျွန်မက ပိုပြီး လိုက်လျောညီထွေ သက်တောင့်သက်သာ ရှိလာတယ်။ ဒါပေမဲ့ အောင်မြင်ကျော်ကြားမှုဟာ တခြားအနေအထား တစ်ခုကနေ ကျွန်မကို အခက်အခဲတွေ ကြုံလာစေခဲ့ပါတယ်။ ကျွန်မ မလိုလားတဲ့ အခြေအနေမျိုး ဆိုပါတော့"ဟု ဖွင့်ဟခဲ့သည်။

သူမက "ကျွန်မရဲ့ အသက်မွေးအလုပ် အစပိုင်းမှာ လူတွေဆီက အာရုံကို သိပ်မရခဲ့ပါဘူး။ ဒီတော့ ကျွန်မမှာ ဖိအားလည်း နည်းခဲ့တယ်။ ခုတော့ ကျွန်မဘာလုပ်လုပ် လိုက်ကြည့်မယ့် မျက်လုံးတွေ အများကြီးပဲ။ အရာရာကို ထိန်းသိမ်းနေရတယ်။ ကျွန်မ ဆယ်ကျော်သက် ဘဝတုန်းက ခပ်ရမ်းရမ်း ခပ်ဆိုးဆိုး ကောင်မလေးပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒါမျိုးဖြစ်နေလို့ မရတော့ဘူးလေ။ အောင်မြင်လာသူ တစ်ယောက်ရဲ့ ဘဝဟာ အခက်အခဲတွေ ရှိပါတယ်။ အထိန်းအကွပ်တွေကလည်း ကျပ်တည်းလွန်းပါတယ်"ဟု ပြောကြားသွားခဲ့သည်။

From: Planet Myanmar Network

အိမ်အကူကို နှိပ်စက်သည့် ပဲခူး တရားသူကြီး ဇနီး ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး

Posted by drmyochit Thursday, September 12, 2013, under | No comments

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)
ပဲခူးတိုင်း ပဲခူးမြို့နယ် ဒုတိယ တရားသူကြီး၏ ဇနီးကို အိမ်အကူအလုပ်သမ တဦးအား လက်ရောက် ကျုးလွန်မှုများဖြင့် ဝရမ်း ထုတ်ထား သော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးကို မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက် ကျူးလွန်ထား မှုဖြင့် တရားစွဲ ခံထား ရသည့် ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူ ဝင်း သက်ကို မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထား သော် လည်း ပုန်းရှောင်နေသည့် နေရာကို မသိ သဖြင့် မဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။

ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ဦးမြဝင်း က “ဝရမ်း ထုတ်ထားကတည်းက ကျနော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ (ဒေါ်ဖြူဝင်းသက်) ဘယ်မှာရှောင်တိမ်း နေတယ်ဆိုတာ သတင်းအတိအကျ မရလို့ မဖမ်းနိုင်သေးတာပါ၊ သူရောက်တယ်လို့ သတင်းကြားတဲ့ နေရာတွေက စခန်းတွေကိုတော့ အကြောင်းကြားထားတာတွေတော့ လုပ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားမှုသည် ၂၀၁၂ ခုနှစ် မတ်လထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ၂ လ အကြာတွင် ကာယကံရှင် မအေးယုအောင် က ပဲခူးမြို့နယ် အမှတ် (၃) ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ချိန်မှ စ၍ ဒေါ်ဖြူဝင်းသက်မှာ တိမ်းရှောင် နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး၏ ပြောပြချက် (ရုပ်/သံ)။ ဤ Video အား Myanmar News Now မှ ကူးယူ၍ ပြန်လည် ဖော်ပြပါသည်။

ယင်းအမှုကို တရားစွဲဆိုထားသည့် ကာယကံရှင်များနှင့် မျက်မြင်သက်သေများကို ပဲခူးမြို့နယ်တရားရုံးက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ထားပြီး ဒေါ်ဖြူဝင်းသက်ကို တုတ်၊ ဓား စသည်တို့ဖြင့် ထိခိုက် နာကျင်စေမှု ပုဒ်မ ၃၂၄၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ တရားလိုက အမှုဖွင့်ထားသော်လည်း ထွက်ပြေးတိမ်းရှောင်နေခြင်း ပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲဆိုထားကြောင်း ပဲခူးမြို့နယ် တရားရုံးထံမှ သိရသည်။

ပဲခူးမြို့နယ် တရားရုံး ရုံးတာဝန်ရှိသူ တဦးက “တရားလိုတွေ၊ မျက်မြင်တွေ စစ်ပြီးသွားပြီခင်ဗျ၊ အားလုံးစစ်ပြီးသွားမှ ဒေါ်ဖြူဝင်းသက် ကို တရားခံပြေး၊ ဝရမ်းပြေးအနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ အခင်းဖြစ်ပွားပြီး နောက် ဒေါ်ဖြူဝင်းသက်၏ ခင်ပွန်း ဦးအောင်ဖုန်းဝင်း ကိုလည်း တောင်တွင်းကြီး မြို့သို့ ရွှေ့ပြောင်း တာဝန် ထမ်းဆောင် စေခိုင်း ထားကြောင်း သိရသည်။

ယင်းအမှုကို တရားလိုဘက်မှ ဥပဒေ လမ်းကြောင်းအရ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအေးမြင့် ကလည်း “တရားလိုနဲ့ ရပ်ကွက် သက်သေတွေလည်း စစ်ပြီးပြီ၊ အမှုက ပေါ်တယ်၊ ဒေါ်ဖြူဝင်းသက်က ထွက်ပြေးနေတုန်း၊ ရဲကလည်း မမိသေးဘူး၊ သူရောက်တယ် ဆိုတဲ့ နေရာတွေကိုလည်း ဝရမ်းထုတ်ပြီး ရဲကို အဖမ်းခိုင်းနေတယ် တရားရုံးက”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်ဖြူဝင်းသက်နှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်း တို့ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပါ။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာများရရှိထားပြီး ယင်း မတိုင်ခင် ကလည်း ဦးခေါင်းအား ပုလင်းနှင့် ရိုက်ထားသည့် ဒဏ်ရာများ၊ ရင်ဘတ်ကိုလည်း ဓားဖြင့် ခုတ်ထားသည့် ဒဏ်ရာများ၊ ဆေးစာများနှင့် အတူ တရားလိုဘက်မှ တရားစွဲဆိုထားကြောင်း သိရသည်။

ထိုအချိန်က အခင်းဖြစ်ပွားပြီးချိန် တလကျော်ကြာသည်အထိ ဒေါ်ဖြူဝင်းသက်နှင့် ဦးအောင်ဖုန်းဝင်းတို့က မအေးယုအောင် ကို ဒဏ်ရာများ ပျောက်ကင်းချိန် အထိ ထိန်းသိမ်း ထားခဲ့သေးသော်လည်း နောက်ပိုင်း ရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲခံခဲ့ရသည်။

တရားခံပြေးကို ရဲများက ရှာမတွေ့နိုင်သော်လည်း ဒေါ်ဖြူဝင်းသက်၏ ဆွေးမျိုးများက တရားလိုနှင့် နီးစပ်သူများကို ကျေအေးရန် လာရောက် ညှိနှိုင်းမှုများ ရှိနေကြောင်း ပဲခူးမြို့နယ်တရားရုံး တာဝန်ရှိသူ တဦးက ပြောသည်။

ဧရာဝတီ

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်တော့မည်

Posted by drmyochit Thursday, September 12, 2013, under | 1 comment


အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက ယခုပဲသတင်းပေးပို့လာပါတယ်။
ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်းအ၀ိုင်းကဆိုပါတယ်။
ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲတာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မတွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ဒီလိုထိုးစစ်ဆင်မယ့် အစီအစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကိုတွေ့ရပါတယ်။

ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။


ရွှေသတင်းသစ်

သမီး ရေချိုးတာကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့ ပထွေး

Posted by drmyochit Thursday, September 12, 2013, under | No comments

စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူးထားခဲ့ကာ ထိုဖုန်းမှတဆင့် thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download လုပ်ခဲ့ပါတယ်။

တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့် ထို thumbdrive ကို ဖွင့်ကြည့် မိရာမှ ထိုထဲမှာရှိနေသည့် သမီးဖြစ်သူ၏ ရေချိုးခန်းမှတ်တမ်းကို တအံ့တသြ မြင်လိုက်ရ သည့် အတွက် တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း ယင်း အဖြစ်ကို ရဲတိုင် ခဲ့တာဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလက ကျူးလွန်ခဲ့သော ထိုပြစ်မှုအတွက် ပထွေးဖြစ်သူအား ထောင်သုံးလကျခံ စေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

From : .... New Myanmar News

၂၀၁၄ ပထမအပတ်တွင် simcard များကို (၁၅၀၀) ထက်ဈေးနှုန်းလျှော့နည်းကာ ခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ် နှုန်းဖြင့် ရောင်းချမည်

Posted by drmyochit Thursday, September 12, 2013, under | No comments

တောင်သူလယ်သမားအတွက် စိုက်ပျိုးရေးနည်းပညာများကို မကြာသေးမီက ဆယ်သွယ်ရေး operater အဖြစ်လုပ်ကိုင်ခွင့်ရရှိ ထားသောelenor Myanmar မှMobile phoneများက တစ် ဆင့်ဖြန့်ဝေပေး သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါစနစ်ကို ၂၀၁၄ ပထမလေးပတ်အတွင်းစတင်တည် ဆောက်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြု လုပ်ရခြင်း သည် တောင်သူ လယ် သမားများထုတ်လုပ်မှုတိုးတက် စေဖို့နှင့် ကုန်ကျစရိတ်များ ကို လျော့ချနိုင် ဖို့အ တွက်ဖြစ်ကြောင်းTelenor Myanmar မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

““မိုဘိုင်းဆက်သွယ်ရေးဟာ အများပြည်သူအတွက် ကောင်း မွန်တဲ့ဆက်သွယ်ရေးစနစ်ဖြစ်မယ် လို့ Telenor ကယုံကြည်ပါတယ်။ ဒါကြောင့်တိုင်းမှာလယ်သမားတွေ ကို ၀န်ဆောင်မှုပေးတဲ့ဟာ ကို မြန်မာနိုင်ငံမှာ ပေးမှာပါ”” ဟု ၎င်းကဆက်လက်ပြောသည်။

““ဒီဝန်ဆောင်မှုက လယ် သမားတွေကို အခမဲ့ဖြန့်ဝေပေး မှာပါ။ ဘာလို့လည်းဆိုတော့ ဒီ မိုဘိုင်းဖုန်း ကနေတစ်ဆင့် မိုးလေ ၀သကို သိရမယ်။ ဒီရာသီမှာ ဘာသီးနှံတွေစိုက်ရင် အကောင်း ဆုံးဖြစ်မယ်။ နောက်ပြီး နေ့စဉ် ဈေးကွက်ရဲ့အခြေအနေတွေပါ သိရမှာပါ”” ဟုTelenor Myanmar မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

အင်တာနက်လျှောက်ထားပြီးသောsimcardများကို၁၅၀၀ထက်သက်သောသောနှုန်းထားနှင့် ရောင်းချမည့်အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်းမှ လျော့နိုင်အောင် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၁၄ ၄လပိုင်းတွင်sim card များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း သိ ရသည်။Telenor Myanmar သည် နော်ဝေး အခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

Hot News

အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော

Posted by drmyochit Thursday, September 12, 2013, under | No comments



ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည် ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင်မြန်မာပြည်မှ တန်ခိုးကြီးဘု ရားတွေ မှာ မိန်းကလေးတွေမ၀င်ရ

ဥပမာ ကျိုက်ထီးရိုးတို့လိုဆံတော် ရှင် စေတီတော်တော် များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါ သည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲ လို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေ လိုက် ပါတယ်ဘုရား။

မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့ က ယောက်ျား မိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်
ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့

သူတို့က မိန်းမက သာတောင်သာသ လိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာ ယော က်ျားတွေ ကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လို တိုင်းတာရမလဲဘုရား။

ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ် လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။ မြန်မာနိုင်ငံက ဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရ မတက်ရ ဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။

အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေ ကို ဖြေပေးတော်မူပါဘုရား။ဆရာတော်ရဲ့ သီလ သမာဓိ ပညာ ကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။


ထိုမေးခွန်း၏အာဘော်အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။

နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မ၀င် မဖြတ်ရဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေ မဲ့ ယောင် ၀ါးဝါးတွေကတော့ လက်ခံနေကြတယ်။

နံပါတ် (၂) ကတော့ အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့် တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြ ရအောင်။

စာရေးသူအမြင်များ

နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက် ရ မ၀င်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ် ပါသည်။ထေရ၀ါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအ ယူအဆတွေ ရှိနေပါတယ်။

ဘုရားဟောမဟုတ်၍ ထေရ၀ါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ် ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသ လဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ် ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။

တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်း ကမ်းသက်မှတ်ခဲ့လေရော့လား၊

ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင် အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ဘုရားရှင်၏သားတော် များ မွေးဖွားပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။

မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မ၀င်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုး သမီးများ ၀င်ထွက် သွားလာနေသည်တို့ကို ထောက်ဆလျှင် ထိုရိုးရာအ စဉ်အလာလက်ခံမှုသည် စဉ်းစားစရာဖြစ်လာသည်။

သက်တော်ထင်ရှားဘု ရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ၀င်ထွက် သွားလာခွင့်ပြု ရသေးတာပဲ ဘုရားရှင်အားရည်စူးပြီး ကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများကိုက ဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ၀င်ရင် တက်ရင် မိုးကြိုးပြစ်သည်တဲ့၊

တကယ် ၀င် တကယ်တက်ကြည့်တော့ မိုးကြိုးမပြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီးအောင် ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။

အမျိုးသမီးနှင့်သိမ်

တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီးများကို သိမ်ထဲမ၀င်ရဟု ထင်နေကြသည်၊ ၀င်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊
ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့တာပါ၊

ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော် ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။

ရာဇဂြိုဟ်မြို့သိမ်

ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။

ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင် ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။

ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေ ခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်သည်။ သိမ်ထဲ ၀င်ခြင်းကြောင့် ဘာမှ မဖြစ်ပါဟု ယူဆပါသည်။

သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။

တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မ၀င်ရခြင်းသည် အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။ တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီး ရဟန်းမများ ထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီး ရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊

သူတို့ကိုယ်တိုင် ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်း မဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။ အမျိုးသမီးများနှင့်ဘုန်းကံအကြောင်း ဆက်လက် ဆွေးနွေးကြမည်။

အမျိုးသမီးများနှင့်ဘုန်းကံ

အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန် ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါ

အကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view)အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိ လာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းကို စာပေမှာ ပြဆိုထားတဲ့ စကားအချို့နဲ့ တင်ပြရပါလိမ့်မည်။

အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများ ကို ပြဆိုထားသည်။

သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင် သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို
စာက ကမ္မဇ (ကံကြောင့်) ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်လေ။

တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မ ဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျ သူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်ကွယ်သွားပြီး အမျိုးသမီး အင်္ဂါပေါ်ပေါက်လာခဲ့သည်၊ (ဓမ္မပဒအဋ္ဌကထာ သောရေယျဝတ္ထု)။

တခါက ရဟန်းမတစ်ယောက်သည်လည်း အမျိုးသမီးအင်္ဂါများ ပျောက်ကွယ်သွားပြီး အမျိုးအင်္ဂါများပေါ်ပေါက်လာသည်၊ ဘုရားရှင်အားလျှောက်ထားသောအခေါ ဘုရားရှင်က ရဟန်းတော်များ နေသောကျောင်းသို့ ရွှေ့ထားပေးခဲ့ရဖူးသည်။ (ပါရာဇိကဏ်ပါဠိတော်-၄၃)။

ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီးဓမ္မသင်္ဂဏီအဋ္ဌကထာက ဤကဲ့သို့ဆိုထား သည်၊ ‘‘အမျိုးသား လိင် သည် မြတ်၏ (ဥတ္တမ)၊ အမျိုးသမီးလိင်သည် ညံ့၏ (ဟီန)ဟု ဆိုထားသည်။ သောရေယျသူဋ္ဌေးသားကဲ့သို့သော အမျိုးသား လိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အလွန်အားကောင်းသော အကုသိုလ် (ဗလ၀ အကုသလ) အစွမ်းကြောင့် ဖြစ်သည်။

အမျိုးသမီးလိင်အင်္ဂါ ရရှိခြင်းသည်ကား အနဲငယ်သော ကုသိုလ် (ဒုဗ္ဗလ ကုသလ) အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ တဖန် အထက်ပါ ဘိက္ခူနီမကဲ့သို့ အမျိုးသမီးလိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အနဲငယ်သော အကုသိုလ် (ဒုဗ္ဗလ အကုသလ) အစွမ်းကြောင့် ဖြစ်သည်၊

အမျိုးသားလိင်အ င်္ဂါပေါ်ပေါက်လာခြင်းသည် အလွန်စွမ်းအားကြီးသော ကုသိုလ် (ဗလ၀ ကုသလ) ကြောင့် ဖြစ်သည်ဟု ပြထာသည်။ အကျဉ်းချုပ်သော် ၂ မျိုးလုံး ကွယ်ပျောက်ခြင်းသည် အကုသိုလ် အနဲအများကြောင့် ဖြစ်သလို ပေါ်ပေါက် လာရခြင်းကလဲ ကုသိုလ် အနဲအများကြောင့် ဖြစ်ရသည်။

ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက် အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့် အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့်အတွက် ဘုန်းကံလဲ နဲသည်ဟု ဆိုရပေမည်။ ဘုန်းကံဆိုသည်မှာ ကုသိုလ်ကံကိုဆိုလိုပါသည်။


အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသား များကဲ့ သို့ ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြား ကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများ သည် ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများ ရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။

အမျိုးသမီးများအခွင့်အရေး

မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ် ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာ ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီးရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြသည်။

မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ၀င်ရောက်နိုင်သည် ဖြစ်ရာကား သာသနာမှာ အမျိုးသား အမျိုးသမီး အဆင့်တူဟု ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ၈ ပါးကား အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန် သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရမည်။ သာသနာတော်မှာ အခွင့်တူခံစားမှု ရှိသော်လည်း အမျိုးသားများကသာ ဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ် ခွင့်မရှိသော အရာများကား ရှိသေးသည်။

ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။

အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။

အမျိုးသမီးနှင့်အကုသိုလ်

ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည် ကုသိုလ်ကံကြီးသူများဖြစ်ပြီး အကုသိုလ်ကံ နဲသူများဖြစ်သည်။ ဘုန်းကံနဲခြင်းဆိုသည်မှာ ကုသိုလ်ကံနဲပါးခြင်းနှင့် အကုသိုလ်ကံ များပြားခြင်းဖြစ်သည်။

ဗလ၀ အကုသလ ၀သေန - များစွာသော အကုသိုလ်အစွမ်းကြောင့် အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်အဖြစ်များသလား? မေးစရာရှိလာသည်။

တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာ ကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲ ဘုရား’’ မေးလျှောက်သော အခါ

ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။


၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။
(အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။

ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင် ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ် ဟုဆိုသည်၊ ထို ဣဿာအကြောင်းကို စာရေးသူ၏ဆိုက်တွင် လော ကအဖျက်တရား အပိုင်း(၁)တွင် အကျယ်တ၀န့်ပြဆိုထားပြီး မစ္ဆရိယအကြောင်းကိုတော့ လောကအဖျက်တရား အပိုင်း (၂) တွင် ဖော်ပြီးဖြစ်ရကား ထိုပို့စ်များကို လေ့လာနိုင်ပါသည်။ ညပိုင်းတွင် အမျိုးသမီး ရာဂစိတ်ပိုဖြစ်တယ်ဟု ဆိုသည်။

စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်း မှုပြုနေကြသူများကလဲ အမျိုးသမီးများပင်ဖြစ်သည်၊ စာရေးသူ၏ ပညာရေးကို ထောက်ပံ့သူများကားလဲ အမျိုးသမီးက ခက်များများ ပင်ဖြစ်သည်။ ထို့ကြောင့် နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး ၅၀၀ ဆိုတော့ နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်သည်။

ထိုသုတ်အဆိုအရ ထိုအင်္ဂါ၃ ရပ်ဖြင့် အဖြစ်များသူများကို ရည်ရွယ်သည်၊ အမျိုးသမီးအားလုံးကို မဆိုလို၊ ဖြစ်တတ်တဲ့သဘောကို ဆိုလိုသည်၊ ငရဲကျရောက်နေသော အမျိုးသမီးများကိုသာ ဆိုလိုပါသည်။ ငရဲကျရောက်တတ်တယ်ဟုဆိုသည်။ တော်ကြာ အမျိုးသမီးထုက ဒီလိုပြောရမလားဆိုပြီး စာရေးသူ ပါးစပ်ပေါက် ပိတ်သွားနိုင်သည်။

နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်း ရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည် ဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးဘ၀ကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘ၀ရောက်အောင် ကောင်းမှုပြု အမျိုးသားဘ၀ဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။

ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘ၀မျိုးများကို ရနိုင်မည်ဖြစ်ပါသည်။

ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘ၀တွေ များစွာရှိခဲ့သည်။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစတဲ့ သာဝကကြီး များသည်လည်း လူသားထက် ဘုန်းကံနိမ့်သည့် တိရစ္ဆာန်ဘ၀တို့ဖြင့် များစွာကျင်ခဲ့ရသည်တို့ကို ထောက်ဆ၍ ဘုရားဖြစ်ဖို့ သာဝကကြီးများဖြစ်ဖို့ ဘ၀အမျိုးမျိုး ဘုန်းကံအမျိုးမျိုးတို့ဖြင့် သံသရာကို ဖြတ်သန်းပြီးမှ ဘုရားအဖြစ်၊

သာဝကကြီးများအဖြစ်ကြရသည်ကို ထောက်ဆလျင် အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘ၀မှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများ မဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။

ဖေ့ဘုတ်မှာတင်ထားတဲ့ ချစ်စရာအမျိုးသမီးငယ်လေးများ၏ ဘုန်းကံ

ယနေ့ခေတ်အမျိုးသမီးများ

ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာ အမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာ ပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာ အမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။

ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမှာ အမျိုးသမီး များ နေရာ ယူလာသည်၊တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြသည့်အတွက် ပြည်သူများ အလေးပေးဆက်ဆံရမည့် သူများဖြစ်လာကြသည့်အတွက် လုပ်ရည်ကိုင်ရည် နှလုံးရည်များ တန်းတူ ရှိလာနိုင်သည်ဟု ဆိုနိုင်ပါသည်။
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့် အမျိုးသမီးများကို အထင်မသေးသင့်။

ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင် သလောက်ဤမျှလောက်ဖြင့်စုစည်းတင်ပြလိုက်ရပါသည်။ ကျေနပ်မှုမရှိသေးပါက ရှေ့ဆက်ပြီး လေ့လာနိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သိုလှောင်ရုံတစ်ခုအတွင်း ဂက်စ်အိုးများ ပေါက်ကွဲ တရားမဝင် မြန်မာလုပ်သား လေးဦး ဒဏ်ရာရ

Posted by drmyochit Thursday, September 12, 2013, under | No comments

မူအာ ၊ စက်တင်ဘာ ၁၁

သို လှောင်ရုံတစ်ခုအတွင်း အင်္ဂါနေ့ ညက ဂက်စ်အိုး၁၅လုံး ပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ  မြန်မာအလုပ်သမား လေးဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း  သိရသည်။

ည၈နာရီ မိနစ်၎ဝ၌ မတော် တဆဖြစ်ပွားမှုကြောင့် မီးလောင် ဒဏ်ရာရသူများ ပြင်းထန်ကြောင်း၊ စက်ရုံမှာ သိုလှောင်ရုံအဖြစ်လည်း  အသုံးပြုကာ အခြားသူများသို့ ထပ်မံဖြန့်ဖြူးရန်အတွက် သို လှောင်ခြင်းဖြစ်ကြောင်း ပါရစ် ဘာကာ စက်မှုဇုန် ၌ ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများအား ဆေး ကုသပေးရန်အတွက် ဆူလတန် ဖာတီမာအထူးကုဆေးရုံသို့ ချက် ချင်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

စက်ရုံတွင် ဂက်စ်အိုးအလုံး ၃ဝဝကျော်သိုလှောင်ထားပြီး တစ် အိုးလျှင် 14Kg  မှ 50 Kg အထိ ရှိကြောင်း၊ တရားမဝင်နိုင်ငံခြား လုပ်သားများဖြင့် ညပိုင်းမှာအလုပ် လုပ်သည်ဟုဆိုသည်။  ပေါက်ကွဲမှုကြောင့် စက်ရုံ အတွင်းပျက်စီးသွားပြီး အနားရှိ အခြားစက်ရုံတစ်ရုံ၏နံရံလည်း ပျက်စီးသွားသည်ဟုဆိုသည်။  ပေါက်ကွဲမှုကြောင့် စက်ရုံ မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုပြီး နောက် တရားမဝင်လုပ်သားများ ပုန်းနေခဲ့ကြသည်ဟု ဆိုသည်။  မူအာမြို့မီးသတ်နှင့် ကယ် ဆယ်ရေးမှူးချုပ် အစ္စမေး မာမွတ် မီးသတ်ကားနှစ်စီးနှင့် လူ၁၈ဦး စေလွှတ် ငြှိမ်းသတ်ခဲ့ရသည်ဟုဆို သည်။ မီးလောင်မှုကြောင့် ရင်းဂစ် ၃ဝဝဝဝဝဖိုး ဆုံးရှုံးခဲ့သည်ဟုဆို သည်။

Yangon Media Group

ကုလသမဂ္ဂ၏ ပထမဆုံး လူမှုအကူယာဉ်တန်း ကချင်ဒုက္ခသည်များထံ ရောက်ရှိ

Posted by drmyochit Thursday, September 12, 2013, under | No comments


ကုလသမဂ္ဂ၏ ပထမဆုံး အထောက်အကူပေးသည့် ယာဉ်တန်းသည် ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များထံသို့ ရောက်ရှိသွားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။ ၂နှစ်အတွင်း ပထမဆုံး အကူပစ္စည်းများကို ပို့ဆောင်နိုင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

ကုလသမဂ္ဂ အေဂျင်စီများနှင့် အထောက်အပံ့ပြု အဖွဲ့အစည်းများ၏ ဆေး၊ အစားအစာနှင့် အခြား အကူပစ္စည်းများကို လိုင်ဇာမြို့၊ ဝေချိုင် ဒုက္ခသည်စခန်းမှ လူပေါင်းလေးထောင်ကျော်အတွက် ပေးအပ်ခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှစ၍ ယခုပထမဆုံးအကြိမ် သယ်ယူပို့ပေးနိုင်ခြင်း ဖြစ်ကြောင်း လူသားချင်း စာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်မှု ရုံး OCHA၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျင်းလတ်ကေက ပြောသည်။

အစိုးရ ထိန်းချူပ်မှုအောက်တွင် ရှိမနေသည့် ဒေသများမှ လူပေါင်းငါးသောင်းသုံးထောင် အတွက်လည်း အလားတူ အကူအညီများ လိုအပ် နေကြောင်း ၄င်းက ဂျနီဗာမြို့တွင် ပြောဆိုသည်ဟု သိရသည်။ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ ၄င်းတို့၏ အကူအဖွဲ့အစည်းများကလည်း ဤ ယာဉ်တန်းသည် ထပ်မံပို့ဆောင်ရမည့် အကူအညီအတွက် အရေးကြီးလှသော ပထမဆုံး ခရီးဖြစ်ကြောင်း ပြောဆိုသည်ဟု ဂျင်းလတ်ကေက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကို သုံးပတ်ကြာ ထိုးစစ်ဆင်အပြီး မြန်မာအစိုးရက နှစ်ဖက် သဘောတူ အပစ်ရပ် ကြေညာခဲ့ပြီး တစ်လအကြာတွင် တရုတ်နိုင်ငံ၌ တွေ့ဆုံကြကာ တိုက်ပွဲများ လျော့ချရေးအတွက် ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ကြရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

From: Myanmar ICT

သင်သတိမပြုမိသော စိတ်ဖိစီးမှု အကြောင်းရင်းများ

Posted by drmyochit Thursday, September 12, 2013, under | No comments


ဆူညံသံ

ဆူညံသံများနှင့် ထိတွေ့မှုများ လျှင်ခန္ဓာကိုယ်မှ အဒရီနယ်လင် ဟော်မုန်းများထွက်လာစေပြီး သွေး ပေါင်တက်လာတတ်သည်။ ဆူညံ သော ပတ်ဝန်းကျင်၌ အလုပ်လုပ်ရသူ များသည်

တိတ်ဆိတ်သည့်နေရာ တွင်အလုပ်လုပ်ရသူများထက် နှလုံး ရောဂါဖြစ်ပွားနှုန်း နှစ်ဆမှ သုံးဆ အထိမြင့်မားလေ့ရှိသည်။

မိတ်ဆွေများ

ပျော်ရွှင်မှုသည် မိတ်ဆွေတစ်ဦး မှ တစ်ဦးသို့ ကူးစက်တတ်သည်။ ထို နည်းတူပင် မိတ်ဆွေတစ်ဦး စိတ်ဖိစီး နေသည့်အခါ အခြားတစ်ဦးထံ ကူး စက်လေ့ရှိသည်။

မိဘများ

စိတ်ဖိစီးမှုဒဏ် ခံနိုင်ရည်ကို မိဘများထံမှ အမွေဆက်ခံရရှိသည်။ အမြွှာကလေးများကို လေ့လာချက် များအရကလေးနှစ်ဦးကို တစ် ယောက်တစ်နေရာစီ၊ ပတ်ဝန်းကျင်တစ်ခုစီခွဲထားသော်လည်း စိတ်ဖိစီးမှု ခံနိုင်ရည်မှာတစ်ဦးနှင့်တစ်ဦးအတူတူပင်ဖြစ် သည်ကို တွေ့ရ သည်။ စိတ် ဖိစီးမှုမခံနိုင်သည့် မိဘများ၏ကလေး များသည်လည်း စိတ်ဖိစီးမှုကိုခံနိုင် ရည်နည်းပါးသည်ကိုတွေ့ရသည်။

မအိပ်ခင်အင်တာနက်ကြည့်ခြင်းနှင့် စာရိုက်ခြင်း
ညမအိပ်ခင် နည်းပညာပစ္စည်းတစ်ခုခုအသုံးပြုခြင်းသည် စိတ်ဖိ စီးမှုဖြစ်ပေါ်စေသည်။ မအိပ်ခင်နှစ် နာရီအတွင်း အင်တာနက်ကြည့်၊ စာရိုက်ခြင်း ပြုလုပ်သူများသည် စိတ် ဖိစီးမှုပိုမိုဖြစ်ပေါ်သည်ကို တွေ့ရ သည်။

ဇော်ကို
Source:RD
Health Updates Journal

Nokiaရဲ့ မျက်နှာပြင်အကြီးမားဆုံး Windows Phabletပွဲထုတ် တော့မည်

Posted by drmyochit Thursday, September 12, 2013, under | No comments


ထွက်ရှိထားတဲ့ သတင်းများအရ Nokiaအနေနဲ့ ၎င်းတို့ရဲ့ ပထမဆုံး Windows Phone Phabletကို လာမယ့် စက်တင်ဘာ ၂၆ရက်နေ့မှာ ပွဲထုတ်ကြေညာမယ်လို့ သိရပါတယ်။ အဆိုပါ Phabletရဲ့ နာမည်ကတော့ Lumia 1520ဖြစ်ပြီး ပေါ့ပါးလှပနဲ့ ဒီဇိုင်းပုံစံ ဖန်တီး ထုတ်လုပ်သွားမှာပါ။ မျက်နှာပြင် ၆လက်မအရွယ် Displayမှာ ရုပ်ထွက် 1080-Pixelရှိလို့ သင့်ရဲ့ အမြင်အာရုံတွေကို ဖမ်းစားသွားမယ့် ၀င်းဒိုးဖုန်းပဲ ဖြစ်ပါတယ်။ 2GB RAMတပ်ဆင်ထားပြီး Qualcomm Snapdragon 800 Processorအသုံးပြု ထားကာ အချက်အလက်သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဉာဏ် 32GBထည့်သွင်း ပေးထားတဲ့အပြင် မလုံလောက်သေးရင် ထပ်မံ သုံးစွဲဖို့ SD Slotတစ်ခုလည်း စီစဉ်ပေးထားကြောင်း သိရပါတယ်။

Windows Phoneတွေရဲ့ ဈေးကွက်ဟာ Softwareထောက်ပံ့မှု မရှိခဲ့တာကြောင့် Screenကြီးကြီးတွေ မထုတ်လုပ်နိုင်ခဲ့ပေမယ့် အခုတော့ GDR3ဆိုတဲ့ Softwareရဲ့ 1080pရုပ်ထွက် ဖန်တီးပေးမှုနဲ့ အခြားသော Softwareတိုးတက်မှု တွေလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေ၊ ခန့်မှန်းချက်တွေကတော့ အများအပြား ထွက်ရှိနေခဲ့ပေမယ့် Nokiaရဲ့ တရားဝင် မိတ်ဆက်ပွဲရောက်မှသာ အဆိုပါ Lumia 1520ရဲ့ အချက်အလက်တွေကို အတိအကျ မှန်မှန်ကန်ကန် သိရမှာ ဖြစ်ပါတယ်။

From: Myanmar ICT

ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတွင် ကေဘယ်ကားပြေးဆွဲရန် ဂျပန်နှင့် ဆွေးနွေး

Posted by drmyochit Thursday, September 12, 2013, under | No comments

ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ကြည်ညိုနေသည့် မြင်ကွင်း။ ဓာတ်ပုံ - အေအက်ဖ်ပီ
မော်လမြိုင် ၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတွင် သက်ကြီး ရွယ်အိုဘုရားဖူးများ သွားလာရေး လွယ်ကူရန်အတွက် Cable Car   ပြေးဆွဲနိုင်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Asia Africa Cooperation Environment Center (ACEC) Myanmar INGO  အသင်းဥက္ကဋ္ဌ  Mr. Mitsuru Suzuki နှင့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁ဝနာရီက မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ မွန် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာ တိုင်းရင်းသားရေးရာဝန်ကြီးဦး သက်ဝင်း၊ စည်ပင် သာယာဝန် ကြီး ဒေါက်တာတိုးတိုး အောင်၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးဝင်းမော်ဦးနှင့် အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဇော်လင်း ထွန်းတို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ACEC  အ သင်းဥက္ကဋ္ဌက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး စေတီတော်တောင်တက်လမ်း တွင် Cable Car  တပ်ဆင်ပြေး ဆွဲရေးနှင့် မော်လမြိုင်မြို့အတွက် အဆင့်မြင့်သောက်သုံးရေရရှိ ရေးကို ဂျပန် အထူးချေး ငွေဖြင့် ဆောင်ရွက်ရေး ကိစ္စများကို တင် ပြဆွေးနွေးရာ မွန်ပြည်နယ် အ စိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျိုက် ထီးရိုးတောင်တက်လမ်းတွင် Cable Car  တပ်ဆင်ပြေးဆွဲရေး လုပ်ငန်းအတွက် သက်ဆိုင်ရာ နေရာသို့သွားရောက်ကာ ကွင်း ဆင်း လေ့လာ ပြီး လုပ်ငန်းဆောင် ရွက်မည့်နေရာအနေအထားများ ကို စနစ်တကျလေ့လာပြီး မွန် ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည် တင်ပြရန် မွန်ပြည်နယ်အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရသို့ တင်ပြ ပေးမည်ဖြစ်ကြောင်း၊ မော်လမြိုင် မြို့အတွက် အဆင့်မြင့်သောက် သုံးရေရရှိရေးလုပ်ငန်းအတွက် ဂျပန်အထူးချေးငွေရရှိမည်ဆို၍ ကျေးဇူးတင်ရှိပါကြောင်း၊ အမြန် ဆောင်ရွက်ပေးစေလိုကြောင်း၊ သဘောတူညီပါကြောင်းများကို ပြန်လည်ပြောကြားခဲ့ကြောင်း သိ ရသည်။

အောင်ထိုက်ဦး
Yangon Media Group

ဒေလီဘတ်စ်ကားပေါ်မှ မုဒိမ်းမှုတရားခံများကို သေဒဏ်ချရန် အစိုးရရှေ့နေများတိုက်တွန်း

Posted by drmyochit Thursday, September 12, 2013, under | No comments

ဒေလီတရားရုံးသည် မိန်းကလေး တစ်ဦးအား မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် မိန်းကလေး သေဆုံးခဲ့မှုအတွက် စစ်ဆေးနေသော သံသယ တရားခံ (၄)ဦးတွင် အပြစ်ရှိကြောင်း အတည်ပြု ဆုံးဖြတ်လိုက်သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် မိန်းကလေး တစ်ဦးကို ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် တရားခံများကို သေဒဏ်ပေးသင့်ကြောင်း အစိုးရ ရှေ့နေများက ပြောကြားလိုက်သည်။ ဒေလီတရားရုံးသည် မိန်းကလေး တစ်ဦးအား မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် မိန်းကလေး သေဆုံးခဲ့မှုအတွက် စစ်ဆေးနေသော သံသယ တရားခံ (၄)ဦးတွင် အပြစ်ရှိကြောင်း အတည်ပြု ဆုံးဖြတ်လိုက်သည်။ အဆိုပါ တရားခံများကို သောကြာနေ့တွင် စီရင်ချက် ချမှတ်မည်ဖြစ်ရာ အစိုးရ ရှေ့နေများက အလွန်ယုတ်မာသော ပြစ်မှုအတွက် တရားခံများ အနေဖြင့် သေဒဏ်သာ ထိုက်တန်ကြောင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ မိန်းကလေးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ငရဲခန်းကို ကြုံခဲ့ရပြီးနောက် ဒဏ်ရာများ ပြင်းထန်စွာ ရရှိကာ (၂)ပတ်အကြာတွင် ဆေးရုံ၌ ကွယ်လွန်ခဲ့ရှာသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အိန္ဒိယ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ အနိုင်အထက် ပြုကျင့်ခံရမှုကို ဆန့်ကျင်လိုစိတ်များ ပိုမိုနိုးကြွလာခဲ့သည်။ အင်္ဂါနေ့က တရားရုံး ဆုံးဖြတ်ချက်တွင် တရားခံ (၄)ဦးဖြစ်သော မူကက်ရှ်ဆင်း၊ ဗင်နေရှာမာ၊ အက်ရှေသာကာ၊ ပါဝမ်ဂပ်တာတို့ (၄)ဦးသည် ရက်စက်သော မုဒိမ်းမှုတွင် အပြစ်ရှိသည်ကို သံသယဝင်စရာ မလိုတော့ကြောင်း တရားသူကြီးက အတည်ပြုခဲ့သည်။ ယင်းတရားခံ (၄)ဦးအနက် (၃)ဦး၏ ရှေ့နေများက မိမိတို့သည် ဖြစ်နိုင်ခြေရှိသည့် ပြစ်ဒဏ်တိုင်းအတွက် အယူခံဝင်ရန် ပြင်ဆင်ထားကြောင်း ဆိုသည်။

အစိုးရ ရှေ့နေ တစ်ဦးဖြစ်သူ ဒေယန် ခရစ်ရှ်နန်က "ဒီပြစ်မှုမှာ တရားခံတွေအတွက် ပြစ်ဒဏ်က သေဒဏ်ကလွဲလို့ တခြားဘာမှ မဖြစ်သင့်ပါဘူး"ဟု တရားသူကြီး ယိုဂက်ရှ်ခန်နားအား ပြောကြားခဲ့သည်။ ၎င်းက "ဒီကိစ္စမှာ ဆိုးယုတ်လွန်းတယ် ဆိုတာကလွဲရင် တခြားဘာကောက်ချက်မှ မချနိုင်ပါဘူး။ အကူအညီမဲ့နေတဲ့ မိန်းကလေး တစ်ယောက်ကို နိုင်ထက်စီးနင်း လုပ်ဖို့အတွက် သူတို့ဆီမှာ ဘာစာနာမှုမှ မရှိခဲ့ပါဘူး"ဟုလည်း ဆိုသည်။ တရားသူကြီး ခန်နားက "တရားခံတွေဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ဓမ္မတာထက် လွန်ကျူးတဲ့ လိင်အကြမ်းဖက်မှု၊ သက်သေခံ ဖျက်ဆီးမှုတွေအပြင် အကူအညီမဲ့နေတဲ့ သားကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက်ပါ အပြစ်ရှိကြောင်း ဆုံးဖြတ်တယ်"ဟု ကြေညာထားသည်။ တရားခံဘက်မှ ရှေ့နေတစ်ဦးဖြစ်သော ဗီကေအန်နန်က "ဒီလိုပြစ်မှုမျိုးအတွက် သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာတာကို ကျွန်တော်တို့ နားလည်ပါတယ်။ အဓိက အကျဆုံးက ပြစ်ဒဏ်ကို လျှော့ပေါ့နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်"ဟု AFPသို့ ပြောကြားသွားသည်။

From: Planet Myanmar Network

မြောက်ဥက္ကလာပ လူသတ်မှုတွင် ပါဝင်သူဟုဆိုသူများကို သေဒဏ်ပေးသင့်ဟု တရားလို ရဲအရာရှိက စွဲချက်တင်

Posted by drmyochit Thursday, September 12, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၁၁

 နှစ် နှစ်ခန့်ကြာပြီဖြစ်သည့် မြောက် ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ သော မင်းမဲ့စရိုက်ဆန်ဆန်လူ သတ်မှုတွင် ပါဝင်သူဟုယူဆထား သူများကို သေဒဏ်ပေးထိုက်သည့် ပုဒ်မဖြင့် တရားလိုရဲအရာရှိက အင်းစိန် မြောက်ပိုင်း ခရိုင်တရား ရုံး၌ စက်တင်ဘာ ၁ဝရက်က စွဲ ချက်တင်လိုက်ကြောင်း သိရသည်။ ယင်းစွဲချက်ပုဒ်မကို ပြင် ဆင်ရန်အတွက် တရားပြိုင်၏ မိသားစုဝင်များနှင့် အကျိုးဆောင် ရှေ့နေများက ရန်ကုန်တိုင်းဒေသ ကြီးတရား လွှတ်တော် သို့ တက် ရောက်သွားမည်ဖြစ်သည်။

အဆိုပါအမှုကို တရားပြိုင် ဘက်မှလိုက်ပါသူ အကျိုးဆောင် ရှေ့နေတစ်ဦးက ''စက်တင်ဘာ ၁ရရက်မှာ ပြန်ခေါ်သက်သေတွေ စစ်မယ်။ ဒီစွဲချက်ပုဒ်မကို ပြင်ဆင် ဖို့ တရားပြိုင်တွေရဲ့ မိသားစုဝင် တွေက စွဲချက်တွေကို မိတ္တူကူးနေ တယ်။ အခုစွဲ ချက်တင် လိုက်တဲ့ ပုဒ်မက လူသတ်မှု၊ ကြိုတင်ကြံ စည်မှု၊ ပူးပေါင်းပါဝင်မှုတွေနဲ့ စွဲ ချက်တင်လိုက်တာပါ။ ဒီစွဲချက် ပုဒ်မကို ပြန်လည်ပြင်ဆင်ဖို့အတွက်   အဆင့်ဆင့်ဆောင်ရွက်သွားမယ်'' ဟုပြောသည်။ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှ တရားလို ရဲအရာရှိက စက်တင်ဘာ၁ဝရက်တွင် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ၃၀၂၊ ၁(ခ)/  ၃၄ဖြင့်စွဲချက်တင်ခဲ့ကြောင်း၊ အ ဆိုပါအမှုကို မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှ တရားသူကြီး ဦးအောင်မြသိန်းက စစ်ဆေးနေ ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မြောက် ဥက္ကလာပမြို့နယ်ရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ''ဒီအမှုက ကြို တင်ကြံစည်မှုတွေနဲ့သတ်တဲ့ လူ သတ်မှုပါ။ အမှန်အတိုင်းပြစ်ဒဏ် ခံရအောင်တော့ လုပ်ဆောင်ရ မှာပဲ''ဟု ပြောသည်။ အဆိုပါအမှုသည် နှစ်နှစ် ခန့်ကြာ မြင့် ပြီဖြစ်ကြောင်း၊ အဓိ ကတရားခံဟု ယူဆရသူသုံးဦး မှာ လွတ်မြောက်နေသေးကြောင်း၊ ဖမ်းဆီးရမိသူ စုစုပေါင်းမှာ ယခု ၂၃ဦးခန့်ရှိပြီဖြစ်သည်ဟု တရား ခံဟု စွဲဆိုခံထားရသူများထဲမှ မိ သားစုဝင်တစ်ဦးက ပြောသည်။ တရားပြိုင် မိသားစုဝင် တစ် ဦးက ''အဓိက တရားခံတွေက ထွက်ပြေးသွားပြီထင်တယ်။ မမိ သေးဘူး။ ဒီစွဲချက်ပုဒ်မကိုပြင်ဆင် ဖို့ ကျွန်မတို့ ဆက်လက်ဆောင် ရွက်သွားမယ်''ဟုပြောသည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလ အတွင်းက မြောက်ဥက္ကလာပမြို့ နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင် တွင် စားသောက်နေသော ကို ကျော်မင်းဆိုသူကို လူ၂၅ဦးခန့် ပါသောလူအုပ်က မျက်နှာဖုံးများ စွပ်ကာ ဓားများဖြင့် အကြိမ်ကြိမ် ထိုးသတ်ခဲ့ သည့်ဖြစ်ရပ် တစ်ခု ကို မြောက်ဥက္ကလာပရဲစခန်းက အမှု ဖွင့်ကာ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်မြတ်ဇံ
YMG

အန်းဒရွိုက်အတွက် Google Play Music

Posted by drmyochit Thursday, September 12, 2013, under | No comments


မြန်မာအိုင်စီတီ ပရိသတ်တွေထဲက အန်းဒရွိုက်Userတွေ အတွက် “Google Play Music”ဆိုတဲ့ Music Appတစ်ခု တင်ဆက်ပေးလိုက် ပါတယ်။ အန်းဒရွိုက်ဗားရှင်း 2.2နဲ့ အထက်မှာ ထည့်သွင်းနိုင်မှာ ဖြစ်ပြီး ဖိုင်အရွယ်အစား 7.7MBနဲ့ Play Storeမှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ အဆိုပါ Appဟာ သီချင်းတွေများစွာကို ရှာဖွေတာ၊ နားဆင်တာ၊ ဝေမျှတာတွေ ပြုလုပ်နိုင်ပြီး သီချင်းတွေ အားလုံးကို စမတ်ဖုန်းထဲမှာ သိမ်းထားစရာ မလိုတော့ဘဲနဲ့ Onlineကနေပဲ နားဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် သီချင်းအသစ်တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်သလို မိမိနှစ်သက်ရာ သီချင်းတွေကိုလည်း Selectionလုပ်ကာ နားဆင်နိုင်ပြီး စမတ်ဖုန်းထဲ Downloadရယူ သိမ်းဆည်းထားနိုင်မှာပါ။ Google Incမှ ထုတ်လုပ်ဖြန့်ချိတာ ဖြစ်ပြီး သီချင်းချစ်သူတွေ လက်မလွှတ်သင့်တဲ့ Appလေးတစ်ခုပဲ ဖြစ်ပါတယ်။

နိုင်ငံရေး ပစ်မှတ်များကို မိုးပျံဗုံးဖြင့် တိုက်ခိုက်ရန် နီယိုနာဇီတို့ ကြံစည်

Posted by drmyochit Thursday, September 12, 2013, under | No comments

အစွန်းရောက် ဝါဒီအင်အားစုများနှင့် ဆက်စပ်နေသည့် လူတစ်ဦးကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ရာ ၎င်းထံမှ ဗုံးတစ်လုံးနှင့် လေယာဉ်ပုံစံငယ် အချို့ကို သိမ်းဆည်းရမိခဲ့သည်။

နိုင်ငံရေး ပစ်မှတ်များကို ဦးတည်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည့် နီယိုနာဇီတို့၏ အကြံအစည်ကို တားဆီးနိုင်ခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။ အစွန်းရောက် ဝါဒီအင်အားစုများနှင့် ဆက်စပ်နေသည့် လူတစ်ဦးကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ရာ ၎င်းထံမှ ဗုံးတစ်လုံးနှင့် လေယာဉ်ပုံစံငယ် အချို့ကို သိမ်းဆည်းရမိခဲ့သည်။ ယင်းဗုံးသည် အပြည့်အဝ အလုပ်လုပ်နိုင်စွမ်းရှိအောင် တည်ဆောက်ထားကြောင်းလည်း ရဲများက ဆိုသည်။ ဂျာမနီ အနောက်တောင်ပိုင်း ဖရိုင်းဘာ့ဂ်တွင် ၎င်းမသင်္ကာသူကို ဖမ်းဆီးရမိပြီး ဗုံးကို ရဲများက သိမ်းယူနိုင်ခဲ့သည်။ ယင်းဗုံးသည် သေးငယ်သော်လည်း မီတာ(၃၀)ပတ်လည်အတွင်း ဆိုးရွားပြင်းထန်သည့် ထိခိုက်သေကြေမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။

နီယိုနာဇီ ဝါဒီများသည် ယမန်နှစ်အတွင်း ဂျာမနီနိုင်ငံ တဝှမ်းတွင် အကြမ်းဖက် ရန်ပြုမှု (၈၀၀)ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရဲတပ်ဖွဲ့သည် သတင်းအရ ဖရိုင်းဘာ့ဂ်တွင် တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်ပြီးနောက် အသက်(၂၃)နှစ်ရှိ သံသယ တရားခံကို ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ဆေးမေးမြန်းမှုများအရ နီယိုနာဇီတို့သည် နိုင်ငံရေးသမားများ စုရုံးနေသည့် နေရာတစ်ခုတွင် ဗုံးကို လေထဲမှ ပျံသန်းလာစေကာ ကြဲချရန် ရည်ရွယ်ထားခြင်းဟု သိရှိလာရသည်။

"လက်ဝဲယိမ်း နိုင်ငံရေးသမားတွေနဲ့ နာဇီဝါဒ ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို အဓိက ပစ်မှတ်ထားပြီး ဒီဗုံးမျိုးကို အသုံးပြုဖို့ သူတို့က ရည်ရွယ်ထားတာပါ"ဟု ဖရိုင်းဘာ့ဂ် အစိုးရရှေ့နေ ဝုလ်ဖ်ဂန်းမိုင်ရာက APသို့ ပြောကြားခဲ့သည်။ ဇွန်လကလည်း ဂျာမနီရှိ အစ္စလာမ် လှုပ်ရှားသူ အချို့၏ နေအိမ်များကို ဝင်ရောက်စီးနင်းရာ အလားတူ ဗုံးလက်နက် ပုံစံငယ်များကို တွေ့ရှိခဲ့ဖူးရာ ဂျာမန် ရဲတပ်ဖွဲ့ အနေဖြင့် နိုင်ငံရေး လုပ်ကြံမှုတွင် လက်နက်သစ်တစ်မျိုး အသုံးပြုလာနိုင်ခြေကို သတိပြုရန် လိုအပ်နေပြီဟု မိုင်ရာက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

အမှတ်တရမွေးနေ့ပွဲလေး ပိုင်ဆိုင်ခဲ့ရသည့် ၄ နှစ်သား ကင်ဆာဝေဒနာရှင်လေး

Posted by drmyochit Thursday, September 12, 2013, under | No comments


ဟင်နရီ ဟာလမ်သည် ကလေးဘဝ ကတည်းက Neuroblastoma အမည်ရှိ အာရုံကြောစနစ်တွင် ဖြစ်ပွားသော ကင်ဆာဝေဒနာ တစ်ရပ်ကို ကြုံနေရရှာသည်။

ပြင်းထန်သော ကင်ဆာရောဂါကို ခံစားနေရရှာသည့် ကလေးငယ် တစ်ဦးအတွက် မိဘနှစ်ပါးက ဘဝတွင် အမှတ်ရစရာ မွေးနေ့လေး တစ်ခုကို စိတ်ကူး ဖန်တီးပေးခဲ့ကြောင်း သိရှိရသည်။ ဟင်နရီ ဟာလမ်သည် ကလေးဘဝ ကတည်းက Neuroblastoma အမည်ရှိ အာရုံကြောစနစ်တွင် ဖြစ်ပွားသော ကင်ဆာဝေဒနာ တစ်ရပ်ကို ကြုံနေရရှာသည်။ ဗြိတိန်နိုင်ငံ၊ ပလိုင်းမောက်သ်တွင် နေထိုင်သော ကလေးငယ်၏ မိဘနှစ်ပါးဖြစ်သည့် မိုက်ခ်နှင့် အဲလ်ဘတ်သ်တို့သည် ဟင်နရီလေး၏ (၄)နှစ်ပြည့် မွေးနေ့တွင် ပျော်စရာ အစီအစဉ်လေး တစ်ခုကို ပြုလုပ်ပေးနိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးက ဟင်နရီအတွက် ကမ္ဘာ့စံချိန်တင် မွေးနေ့လက်ဆောင် ကတ်အရေအတွက် ရရှိစေလိုကြောင်း အင်တာနက်မှတစ်ဆင့် ပန်ကြားခဲ့ပြီးနောက် ချစ်စရာ ရုပ်ပုံလေးများ၊ ပန်းပွင့်လေးများနှင့် အလှဆင်ထားသည့် မွေးနေ့လက်ဆောင် ကတ်လေး (၇၀၀)ကျော်မျှ ဟင်နရီ့ထံ ရောက်ရှိလာခဲ့သည်။

အဆိုပါ ကတ်ကလေးများကို ဖင်လန်၊ ဒူဘိုင်း၊ ဟောင်ကောင်၊ နယူးဇီလန်၊ ဩစတြေးလျ အစရှိသည့် ကမ္ဘာ့နိုင်ငံ အများအပြားမှ ပေးပို့လာကာ ဟင်နရီအတွက် ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။ ဟင်နရီလေးသည် ပြီးခဲ့သည့် တစ်နှစ်လုံးကို ဘရစ္စတို တော်ဝင် ကလေးဆေးရုံကြီးတွင် တက်ရောက် နေထိုင်ခဲ့ရရှာသည်။ ယခုအချိန်တွင် မိုက်ခ်နှင့် အဲလ်ဘတ်သ်တို့၏ အဓိက မျှော်လင့်ချက်မှာ ဟင်နရီလေးကို အမေရိကန်သို့ ခေါ်ဆောင်သွားပြီး ဆေးဝါးကုသနိုင်ရန် ဖြစ်သည်။ ဟင်နရီလေးသည် ရောက်ရှိလာသည့် မွေးနေ့ကတ်ပြားလေးများပေါ် ရေးထားသည့် စာများကို လုံးစေ့ပတ်စေ့ နားမလည်သော်လည်း ပျော်ရွှင်နေခဲ့ကြောင်း သိရသည်။

Hugs for Henry အမည်ရှိ အင်တာနက် လှုပ်ရှား ဆော်ဩမှုကို မိဘနှစ်ပါးက စီစဉ်ခဲ့ပြီးနောက် ဟင်နရီ့အကြောင်း ဖတ်ရှုသိရှိလာသူများက ကလေးငယ်အတွက် မွေးနေ့ကတ်လေးများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဟင်နရီအတွက် ကမ္ဘာအရပ်ရပ်မှ သူစိမ်းများက မွေးနေ့ကတ်လေးပေါင်း (၇၃၇)ခုကို အမှတ်တရ လက်ဆောင်ပို့ပေးခဲ့ကြသည်။ ဟင်နရီသည် အထူးဂရုစိုက် ကြပ်မတ်၍ ကုသမှုမျိုးကို ခံယူနေရဆဲဖြစ်ရာ ဆေးရုံမှ ဆင်းနိုင်ခြင်း မရှိသေးပေ။ ၎င်း၏ မွေးနေ့ဖြစ်သည့် ဩဂုတ်လ (၃၀)ရက်နေ့ ကတည်းက လက်ဆောင်ကတ်လေးများကို ဖွင့်ဖတ်ရန် စိတ်ကူးယဉ်ခဲ့သော်လည်း ထိုစဉ်က အရေးပေါ် စောင့်ရှောက်ကုမှု ခံယူနေရခြင်းကြောင့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ သို့သော်လည်း စက်တင်ဘာလ (၆)ရက်နေ့တွင် ဟင်နရီ အနေဖြင့် ကတ်ကလေးများကို ကိုယ်တိုင်စတင် ဖွင့်ကြည့်ခဲ့ပြီး မိသားစုကလည်း ကူညီပေးခဲ့သည်။ (၂)ရက်ကြာမြင့်ချိန်တွင် ဟင်နရီ၊ မိုက်ခ်၊ အဲလ်ဘတ်သ်တို့နှင့် (၉)လသမီးလေး ဂျော်ဂျီယာနာတို့ မိသားစုလေးသည် မွေးနေ့ကတ် အားလုံးကို ဖောက်ကြည့်ပြီး ဖြစ်လာသည်။

ထိုနေ့ နောက်ပိုင်းမှ ရောက်ရှိလာသော မွေးနေ့ကတ်များ ရှိနေသေးသော်လည်း ယင်းတို့ အားလုံးကို မရေတွက်ရသေးဟု ကလေး၏ မိခင်ဖြစ်သူ အဲလ်ဘတ်သ်က ဆိုသည်။ ယခုအခါ မိဘနှစ်ပါးသည် သားငယ်အတွက် အမှတ်တရအဖြစ် ကမ္ဘာပေါ်တွင် သူစိမ်းများထံမှ မွေးနေ့လက်ဆောင်ကတ် အများဆုံး ပေးပို့ခြင်း ခံရသူဆိုသော စံချိန်တစ်ရပ် ဖန်တီးပေးပါရန် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့ထံ စာရေးသား ပန်ကြားထားသည်။

"ကျွန်မတို့ သားလေးအတွက် ခုလို ထောက်ခံ အားပေးမှုတွေ ရှိလာတာကို ကျွန်မရော၊ မိုက်ခ်ပါ အရမ်း ထိခိုက် ခံစားခဲ့ရပါတယ်။ နိုင်ငံတွေ အများကြီးက မွေးနေ့ကတ်လေးတွေ ရောက်လာတယ်။ ဟောင်ကောင်၊ နယူးဇီလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ တက်စ်မေးနီးယား အများကြီးပဲ။ ရှင်တို့ နိုင်ငံနာမည် တစ်ခုခုပြောရင် အဲဒီကလည်း ပေးပို့လိုက်တဲ့ လက်ဆောင်ကတ်လေး ရှိနေမယ် ထင်တယ်"ဟု အရေးပေါ်လူနာများအတွက် တာဝန်ယူရသည့် သူနာပြု တစ်ဦးဖြစ်သူ အဲလ်ဘတ်သ်က ဖွင့်ဟခဲ့သည်။

သူမက "သားလေးရဲ့ မွေးနေ့က ဩဂုတ်လကုန်မှာ ပြီးသွားတာပါ။ ဒါပေမဲ့ နောက်ထပ် ကတ်လေးတွေ ရောက်နေတုန်းပဲ။ နောက်ထပ် လပိုင်းလောက်ထိ လက်ဆောင်ကတ်လေးတွေ ရောက်လာမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေကို ကမ္ဘာ့စံချိန် တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ရင် သိပ်ကောင်းမှာပါ။ တစ်နှစ်လုံး ကင်ဆာကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေရတဲ့ ကျွန်မတို့ သားလေးအတွက် အမှတ်တရ တစ်ခုခု ဖြစ်စေမှာပါ"ဟုလည်း ဆိုသည်။ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် မိုက်ခ်က "ဒီလောက် မွေးနေ့ကတ်တွေ အများကြီးကို မြင်ရတာ မယုံနိုင်စရာပဲ။ ဟင်နရီလေးကို မွေးနေ့ကတ်တွေ ဝန်းရံနေတာ မြင်ရတာ ပြောမပြနိုင်တဲ့ ခံစားချက်မျိုး ဖြစ်မိပါတယ်။ အသစ်ရောက်လာတဲ့ ကတ်လေးတွေကိုလည်း တစ်စောင်ချင်း အချိန်ယူပြီး သားလေးကို ဖတ်ပြနေမှာပါ"ဟု ပြောကြားသွားသည်။

Planet

ကိုယ်ဝန်ဆောင် မိခင်လောင်းများ မေးလေ့ရှိသော မေးခွန်းများ

Posted by drmyochit Thursday, September 12, 2013, under | No comments



မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဘာကြောင့် ကောင်းမွန်ပြည့်ဝစွာ စားသောက်ဖို့ လိုအပ်တာပါလဲ။

ဖြေ - ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှုဟာ ကိုယ်ဝန်ဆောင်ကိုရော သန္ဓေသားကိုပါ ကျန်းမာစေ တာကြောင့် အရေးကြီးပါတယ်။ မိခင်ရဲ့စားသောက်တဲ့ အစားအစာများကြောင့်သာ သန္ဓေသားက ကြီးထွား ရတာ ဖြစ်သလို၊ သူကျန်းကျန်းမာမာရှိစေရန် လိုအပ်တဲ့အာဟာရတွေရဖို့ကိုလည်း မိခင်စားသောက် တဲ့ အစားအစာ တွေပေါ်မှာပဲ မှီခိုရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တိုင်း အစားအသောက်မှရတဲ့ စွမ်းအင်၊ အာဟာရနဲ့ ရေ ဓါတ်တွေပိုပြီး လိုအပ်ပါတယ်။ ဒီအချိန်မှာ ကိုယ်စားနေကျပမာဏထက် ပိုပြီးတိုးတက်စားသောက်ပေးဖို့လိုအပ် ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အထူးအရေးကြီးတာက တော့ ကိုယ်ခန္ဓာအတွက်လပ်တဲ့ ကယ်လ်ဆီယမ် မါတ်၊ သံဓါတ်နှင့် ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ အာဟာရ ဓါတ်တွေ လုံလုံလောက်လောက်ရနိုင်ဖို့ပဲ ဖြစ်ပါတယ်။

မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဗီတာမင်နှင့်သတ္တုဓါတ်တွေ ဖြည့်စွက်စားသောက်ပေးဖို့ လိုပါသလား။

ဖြေ - အဓိကလိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓါတ်များကို နေ့စဉ်စားသုံးတဲ့အစာအာဟာရများမှ ရရှိအောင် စားသုံး ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မျှတတဲ့စားသောက်မှုပုံစံဖြစ်အောင် စီစဉ်စားသုံးပါ။ အဓိက လိုအပ်တဲ့ သံဓါတ်၊ ဖောလစ်အက်ဆစ်ဓါတ်၊ ကယ်လ်ဆီယမ်နှင့် အမျှင်ဓါတ်တို့ကို နှံစားသီးနှံများ၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီး၊ နို့နှင့် နို့ထွက်ပစ္စည်းများအပြင် အသားများစားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါ တယ်။ ကိုယ်ဝန်ဆောင်မိခင်တို့ အ တွက် အထူးစီစဉ်ထုတ်လုပ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ ကို စားသုံး ခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ် ၀န်ဆောင်အားဆေးများနှင့် အခြားအားဆေးများကိုတော့ ဆရာဝန်၊ သားဖွားဆရာမများကို တိုင်ပင်ပြီးမှ သုံးစွဲ သင့်ပါတယ်။

မေး - ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်အလေးချိန် မည်မျှတက်လာပါသလဲ။

ဖြေ - ကိုယ်အလေးချိန်တက်နှုန်းဟာ ကိုယ်ဝန်ဆောင်ရဲ့ အရပ်အမြင့်နဲ့လည်း ဆိုင်ပါတယ်။ ယေဘူယျ အား ဖြင့်တော့ ၁၅ပေါင်မှ ၄၀ပေါင်အထိ တက်လာပါတယ်။

မေး - နို့မကြိုက်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် တစ်နေ့ကို ၃-၄ကြိမ် နို့သောက်ဖို့အတွက် ဘယ်လို စီစဉ်နိုင် ပါသလဲ။

ဖြေ - နို့အစား ဒိန်ခဲ၊ ပူတင်းနှင့် ဒိန်ချဉ်များကိုလည်း စားသုံးနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်စဉ် ဖြစ်လေ့ရှိသော ဝေဒနာများ (Common Complaints)

ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံးရက်သတ္တပါတ်များမှာ စိုးရိမ်စရာမလိုတဲ့ ဝေဒနာလေးတွေ ခံစားရတတ် ပါတယ်။

ခါးနာခြင်း (Backache)

ကြီးထွားလာတဲ့ ကိုယ်ဝန်ရဲ့အလေးချိန်ကြောင့် ခါးရိုးမှာ အားသက်ရောက်မှုဖြစ်လာရတာကြောင့် ခါးနှင့် ခါး အောက်ပိုင်း အရိုးအဆစ်တွေ နာကျင်မှုဖြစ်တတ်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ (What to do to avoid ...)

- ခါးနှင့်ကိုယ်ကို ဖြောင့်ဖြောင့်နေပါ။

- ဖိနပ်အနိမ့်များကိုသာ စီးပါ။

- တစ်ခုခုကို မယူမည်ဆိုလျှင် ဒူးကိုသာကွေးပါ။ ခါးကိုမကုန်းပါနှင့်။

- ထိုင်ရာမှ ထချင်လျှင် လက်ကိုပေါင်ပေါ်တွင်ထောက် အားယူပြီးထပါ။

- အိပ်နေရာမှ ထလိုလျှင် ဘေးတစောင်းဖြစ်အောင် ပြုပြင်ပြီး လက်မောင်းများအားကို အသုံးပြုရ်ျထပါ။

သွားဖုံးများ သွေးထွက်ခြင်း (Bleeding Gum)

ကိုယ်ဝန်ဆောင်စဉ်မှာ နုနယ်လာတဲ့သွားဖုံးများ သွေးထွက်လွယ်ပါတယ်။ ဂရုပြုပြီး သွားတိုက်ခြင်း၊ ခံတွင်း စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့သည် သွားများ ပျက်စီးမှုကို အကာအကွယ်ဖြစ်စေပါသည်။

အသက်ရှူမ၀ခြင်း (Breathlessness)

ကိုယ်ဝန်ဆောင်နေစဉ် အသက်ရှူမမှုတွေ ဖြစ်တတ်ပါတယ်။ ကြီးထွားလာတဲ့ သားအိမ်က ရင်ခေါင်း တွင်းက အမြှေးပါးလေးကို တွန်းပင့်ထားသလို ဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ပက်လက်နေလျှင် ပိုပြီး အဆင် မပြေ ဖြစ်တတ်ပါတယ်။ အိပ်တဲ့အခါ ခေါင်းအုံးများ ပိုအသုံးပြုပြီးအိပ်စက်ပါ။ ကိုယ်ဝန်နောက်ဆုံး လမှာတော့ ဒီပြဿနာပျောက်သွားမှာ ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း (Constipation)

ကိုယ်ဝန်ဆောင်နေချိန်တွင် ခန္ဓာကိုယ်တွင်းအူလမ်းကြောင်းများ ပုံမှန်ထက် နှေးကွေးစွာ အလုပ် လုပ် သောကြောင့် ၀မ်းချုပ်ခြင်း မကြာခဏဖြစ်တတ်ပါသည်။

သက်သာအောင် ဘာတွေလုပ်ရမည်လဲ (What to do to ...)

- အမျှင်ဓါတ်များများပါတဲ့အစာများ၊ သစ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များစားသုံးပြီး ရေများများ သောက် ပေးပါ။

- ၀မ်းသွားလိုပါက ချုပ်တည်းမထားပါနှင့်။

- ၀မ်းချုပ်တာ ဆက်တိုက်ဖြစ်နေလျှင်တော့ ၀မ်းပျော့ဆေး၊ ၀မ်းနုတ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီး သောက် သုံးပါ။

ကြွက်တက်ခြင်း (Cramp)

တစ်ချို့သော ကိုယ်ဝန်သည်များဟာ ခြေထောက်နှင့် ခြေသလုံးကြွက်သားတက်သည့် ဝေဒနာများ ခံစားရ တတ် ပါတယ်။ ညဘက်တွေမှာ ပိုပြီးဖြစတ်ပါတယ်။ ခြေထောက်အကြောလျှော့ခြင်း၊ ဆေးလူးခြင်း၊ ခေတ္တ လမ်းလျှောက် ပေးခြင်းဖြင့် သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

ခေါင်းမူးခြင်း (Dizziness)

ခန္ဓာကိုယ်အတွင်း ဟိုမုန်းဓါတ်များပြောင်းလဲမှုကြောင့် ပက်လက်နေထိုင်စဉ်၊ ရုတ်တရက်ထလိုက်စဉ်၊

အချိန်ကြာကြာရပ်နေစဉ် စတဲ့အခြေအနေတွေမှာ ခေါင်းမူးတတ်ပါတယ်။ ဒီလိုမူးဝေလာလျှင် ထိုင်ချ လိုက်ပါ၊ ဦးခေါင်းကို ငုံ့ထားပါ။ ပက်လက်မနေပါနှင့်။

မကြာခဏဆီးထွက်ခြင်း (Frequent Urination)

မကြာခဏဆီးထွက်မှုကတော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလများနှင့် နောက်ပိုင်းကာလတွေမှာ

အဖြစ်များပါတယ်။ ညဘက်အိပ်ယာဝက်ခါနီး ရေများများမသောက်ရန် လိုအပ်ပါတယ်။

ရင်ပူတဲ့ဝေဒနာ (Heartburn)

အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေဟာ ရင်ခေါင်းပေါ်တက်လာတတ်တာမို့ ရင်ပူတဲ့ဝေဒနာကို ကိုယ် ၀န်ဆောင် တွေခံစားရတတ်ပါတယ်။ ပက်လက်အိပ်နေရင် ပိုဆိုးတတ်တာမို့ ခေါင်းအုံးမြင့်မြင့်ထားပြီး အိပ်ပါ။

အစာကိုနည်းနည်းနှင့် အကြိမ်များများစားသုံးပါ။ အိပ်ယာဝင်ခါနီး (၄)နာရီအလိုမှာတော့ ဘာမှမစား သင့်တော့ ပါဘူုး။ အစာအိမ်ဆေးဖြစ်တဲ့ Antacid ဆေးတွေကိုတော့ ကိုယ်ဝန်ဆောင်ပထမ ၁၂ပတ်မှာ လုံးဝမစားသင့်ပါဘူး။

ယားယံခြင်း (Itching)

ကိုယ်ဝန်ဆောင်စဉ်မှာ ၀မ်းဗိုက်အကြောတွေ ဆန့်ထွက်ရတာကြောင့် ယားယံ(နာကျင်ကိုက်ခဲ)မှု ကလေး တွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မွေးဖွားခါနီး သုံးလလောက်အထိ ဒီပြဿနာဖြစ်နေရင်တော့ ဆရာဝန် နှင့် ပြသသင့်ပါတယ်။ ဒါဟာ အသည်းရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။

မူးဝေအော့အန်ခြင်း (Nausea and Morning Sickness)

မူးဝေအော့အန်တာကတော့ ကိုယ်ဝန်ရှိခြင်းရဲ့ ဦးဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါး နံနက်ပိုင်း မှာ ဖြစ်တတ်သလို တစ်နေ့လုံးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်၁၂ပတ်လောက်ရောက်ရင်တော့ ပျောက် သွား တတ်ပါတယ်။

ဝမ်းသွားလျှင်နာကျင်သည့်ရောဂါ (Piles)

ကိုယ်ဝန်ဆောင်ကာလမှာ ၀မ်းသွားတဲ့အခါ နာကျင်တာ၊ ၀မ်းသွားလျှင်သွေးပါတာတွေ ဖြစ်တတ် ပါ တယ်။ ၀မ်းချုပ်လျှင် ပိုဖြစ်တတ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ (What to do ...)

- ၀မ်းမချုပ်အောင် ဂရုစိုက်ပါ။ အမျှင်ဓါတ်များများပါတဲ့အစာတွေ စားပေးပါ။

- ကြာကြာမတ်တပ်မရပ်ပါနှင့်။

- မိမိအိပ်ယာခြေရင်းပိုင်းကို မြင့်မြင့်ရှိပါစေ။

- စအိုအတွင်းပိုင်း ကျွံထွက်လာပါက လက်ဖြင့်အသာအယာ ပြန်လည်ထိုးသွင်းပါ။

အအိပ်ခက်ခြင်း (Difficulty in Sleeping)

ကိုယ်ဝန်ဆောင်များ မွေးခါနီးလေ အအိပ်ခက်တဲ့ ပြဿနာပိုဆိုးလေ ဖြစ်တတ်ပါတယ်။ သန္ဓေသား က လည်း ညဖက်များမှာ ပိုလှုပ်ရှားတတ်ပြီး ကိုယ်တွင်းဇီဝကမ္မလုပ်ငန်းများကလည်း တစ်ခါတစ်ရံပုံမှန် မရှိတာ ကြောင့် အအိပ်ခက်တတ်ပါတယ်။ အိပ်ဆေးများ မသုံးပါနှင့်။ ညဘက်အိပ်ယာဝင်ခါနီး ရေနွေးဖြင့် ရေချိုး ခြင်း၊ ထိုင်လျက် မကျတကျအနေအထားဖြင့် အိပ်စက်ခြင်း၊ ၀မ်းဗိုက်နံဘေးတွင် ခေါင်းအုံးထားပြီး တစောင်း အိပ်စက် ခြင်းတို့ကို ပြုလုပ်ကြည့်သင့်ပါတယ်။

အရေပြားနှင့် ဆံပင်များတွင် ဖြစ်လာသော အပြောင်းအလဲ များ (Skin and Hair Change)

ကိုယ်ဝန်သည် မိခင်များတွင် အရပြားအရောင်ပြောင်းလာခြင်း ၊ ဦးခေါင်းမှ ဆံပင် တိုးပွားခြင်းများ

ဖြစ်တတ်ပါသည်။ ဆံပင်များ အဆီပိုထွက်လာတတ်ပါသည်။ မီးဖွားပြီးနောက် မကြာမီ အရေပြားအရောင် နဂို အတိုင်းပြန်ဖြစ်လာပြီး ဆံပင်များ ပြန်ကျွတ်သွားတတ်ပါသည်။

ကိုယ်တွင်အစင်းရာကဲ့သို့ အမာရွတ်များ ဖြစ်လာခြင်း (Stretch Mark)

ကိုယ်ဝန်ဆောင်ကာလ အတွင်း အချို့သော ကိုယ်ဝန်သည်များသည် ပေါင်၊ ၀မ်းဗိုက်၊ ရင်သားများတွင် အနီရောင်အမှတ်များ ပေါ်လာတတ်ပါသည်။။ မီးဖွားပြီးနောက်ပိုင်း တဖြည်းဖြည်းမှေးမှိန်သွားတတ်ပါသည်။

အဖြူဆင်းခြင်း (Thrush)

မွေးလမ်းကြောင်းထိပ်ဝ တွင် မှိုကြောင့် ကူးစက်နာဖြစ်ရခြင်း ဖြစ်သည်။ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ စ သည့် ဝေဒနာများ ခံစားရတတ်ပါသည်။ ၀မ်းတွင်းမှ ကလေးငယ်၏ပါးစပ်သို့ ကူးစက်တတ်သောကြောင့် ဆရာဝန် နှင့် ပြသ၍ ကုသမှုခံယူရပါမည်။

မောပန်းနွမ်းနယ်ခြင်း (Tiredness)

ကိုယ်ဝန်အစပိုင်း ရက်သတ္တပတ်များတွင် မောပန်းနွမ်းနယ်မှုများ ခံစားရတတ်ပါသည်။ ကိုယ်ဝန် ၁၄ ပတ် လောက်မှာတော့ ပျောက်သွားတတ်ပါသည်။ ကိုယ်ဝန်သည် တစ်ဦး အနေဖြင့် မောပန်းလာပါက အနား ယူပါ။

Dr. ဇီဝက

အာရှ-ပစိဖိတ်နိုင်ငံအချို့၌ အမျိုးသား ၄ ဦးတွင် ၁ ဦးက လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ဖူး

Posted by drmyochit Thursday, September 12, 2013, under | No comments


အာရှ-ပစိဖိတ် ဒေသ နိုင်ငံအချို့တွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အမျိုးသား အများအပြားသည် ဘဝတွင် အမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှု အနည်းဆုံး တစ်ကြိမ်မျှ ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီနှင့် သီရိလင်္ကာ နိုင်ငံများတွင် အမျိုးသား (၁၀၀၀၀)မျှကို ဖြန့်ကျက် မေးမြန်းသော အင်တာဗျူးတွင် (၂၄) ရာခိုင်နှုန်းက မိမိတို့သည် ဘဝတွင် အမျိုးသမီး တစ်ဦးကို အနိုင်အထက် ပြုကျင့်ဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ တောင်အာဖရိက ဆေးသုတေသန ကောင်စီမှ ရေချယ်လ်ဂျူးကက်စ်က ယခုစစ်တမ်းသည် အာရှ-ပစိဖိတ် ရပ်ဝန်းတွင် မုဒိမ်းမှုများ ပျံ့နှံ့ ဖြစ်ပွားနေသည်ကို ယခုစစ်တမ်းက ညွှန်ပြနေကြောင်း ဆိုသည်။

ယခုစစ်တမ်းတွင် ဖြေကြားသူ အမျိုးသား (၁၀)ဦးတိုင်း (၁)ဦးက ဘဝတွင် မိမိ၏ ချစ်သူ၊ လက်တွဲဖော် မဟုတ်သော အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ဖူးကြောင်း ဝန်ခံခဲ့ပြီး ချစ်သူအမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှုများပါ ထည့်ပေါင်းတွက်ချက်သည့်အခါ (၂၄)ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရသည်။ ယင်းသည် အမျိုးသား (၄)ဦးလျှင် (၁)ဦးက ပြစ်မှုကျူးလွန်ဖူးသည့် သဘောမျိုး သက်ရောက်နေသည်။ မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံဖူးသူ အားလုံး၏ ထက်ဝက်မပြည့်သော အရေအတွက်ကမူ မိမိတို့သည် အမျိုးသမီး တစ်ဦးထက် မနည်းကို ကျင့်ကြံဖူးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြေဆိုသူ အမျိုးသား (၁၁)ရာခိုင်နှုန်းက မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံခဲ့ပြီး ပါပူအာ နယူးဂီနီ နိုင်ငံရှိ ဘူဂိန်ဗီးလ် အရပ်မှ ဖြေကြားသူများတွင် (၆၀)ရာခိုင်နှုန်းက အဆိုပါ အတွေ့အကြုံ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ယခုသုတေသန ရလဒ် အပြည့်အစုံကို Lancet Global Health ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ဂျူးကက်စ်က "ဒီစစ်တမ်းက အာရှ-ပစိဖိတ်မှာ မုဒိမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ လိုအပ်နေတယ် ဆိုတာကို ညွှန်ပြနေတယ်။ ဒီပြစ်မှု ကျူးလွန်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကျွန်တော်တို့ ပိုနားလည်လာဖို့ အရေးကြီးပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က မိန်းကလေး တစ်ဦး ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်က အာရှနိုင်ငံအချို့တို့တွင် အမျိုးသမီးများ၏ ဘဝကို အခြေခံကျကျ ကာကွယ်ရန် ပိုမိုလိုအပ်နေသည့် သက်သေဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

ယခုစစ်တမ်းအတွက် အင်တာဗျူးခံသူ အမျိုးသားများကို အထူးလေ့ကျင့်ထားသည့် မေးမြန်းသူများက ဆွဲဆောင်ကာ လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မုဒိမ်းကျင့်သည်ဆိုသော အသုံးအနှုန်းကို ရှောင်ဖယ်ကာ မုဒိမ်းမှုမြောက်သည့် အခြေအနေများ ပြုလုပ်ခဲ့ဖူးခြင်း ရှိမရှိကို သွယ်ဝိုက် မေးမြန်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် "ခင်ဗျားရဲ့ ဇနီးဖြစ်ဖြစ်၊ ရည်းစားဖြစ်ဖြစ် မဟုတ်တဲ့ အမျိုးသမီး တစ်ဦးကို အင်အားသုံးပြီး လိင်ဆက်ဆံဖူးသလား"ဆိုသော မေးခွန်းမျိုးဖြင့် ချဉ်းကပ်ခဲ့ခြင်းဟုလည်း သိရှိရသည်။



From : planet

အဓမ္မသိမ်းပိုက်ရန်အတွက် အခန်းပိတ်လှောင်ခံနေရသည့်မြန်မာအမျိုးသမီးအားကယ်ထုတ်

Posted by drmyochit Thursday, September 12, 2013, under | No comments


စက်တင်ဘာ ၁၀   ကိုတီး

ဘန်ကောက်မြို့ ဘန်ဖီနယ်မြေ ၀တ်လုံဖေါ့ အရပ်တွင်ရှိသောဘဲသားအလုပ်ရုံအနီးတွင်နေထိုင် သည့်မြန်မာပွဲစားတစ်ဦးက မြန်မာအမျိုးသမီးတစ်ဦး အား အလိုမတူပဲ သားမယားအဖြစ် ပေါင်းသင်းရန် အဓမ္မကြံစည်စဉ်အခန်းနီးနားမှ မြန်မာအလုပ်သမား များက MAT အဖွဲ့သို့ အကူညီတောင်းသဖြင့်
ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

 မြန်မာပြည် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ……….မှ    …….. မ ဆိုသူအား  အခန်းထဲတွင် ပိတ်လှောင်ထားပြီး
နောက် သားမယားအဖြစ် ပေါင်းသင်းရန် ကြံစည်နေသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့်ပူးပေါင်း၍ ကယ်တင်ခဲ့ကြောင်းသိရသည်။

“သမီးကို အခန်းမှာ ပိတ်လှောင်ထားတာ ၆ ရက်ရှိပြီ၊ အခန်းနီးနားတွေက  သမီးရဲ့အခြေအနေကို သိလို့
ဦးလေးတို့ MAT အဖွဲ့ကို အကူညီတောင်းလို့ ခုလိုလွတ်လာတာ။ ပတ်ဝန်းကျင် က ထင်နေတာက သမီး
တို့ကို လင်မယား လို့ထင်နေကြတာ။ ဘန်ကောက်ကို တက်လာတုန်းက သမီး ကို အဓမ္မပြုကျင့်ထား
တယ်။  သူက သမီးကို ထပ်ကြိုးစားတယ်။ သမီးက ဗမာပြည်ပြန်ပို့ပေးဖို့ပြောတယ်။ သမီးက နှလုံးလည်း အားနည်းတယ်လေ။ ခုလိုကူညီပေးကြတာကို ကျေးဇူးတင်ပါတယ်” ဟုပြောဆိုသွားသည်။

သားမယားအဖြစ် အဓမ္မ သိမ်းပိုက်ရန် ကြိုးစားသည့် မြန်မာပွဲစား….. အား သူမကို ထပ်မံ မနှောက်
ယှက်ရန်နှင့် ယခုကဲ့သို့သော အပြုအမူမျိုးအား မပြုလုပ်ရန် ကတိက၀တ်ပြု လက်မှတ်ထိုးစေလျှက်
အာမခံဖြင့် ရဲစခန်းမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

သူမ၏ နောက်ဆက်တွဲ ကျမ္မာရေးစောင့်ရှောက်မှု ကိစ္စရပ်များအတွက်လည်း  AHTD က
စီစဉ်ညွန်ကြား ထားပြီဖြစ်ကြောင်း သိရှိရသည်။

ရွှေလုပ်သား

GSM/WCDMA (UMTS) လိုင်း ၁ သန်း အသစ် တပ်ဆင် တိုးချဲ့ခြင်းနှင့် လိုင်း ၃ သန်းကို အစားထိုးပြောင်းရွှေ့ခြင်း ဆောင်ရွက် လျက်ရှိ

Posted by drmyochit Thursday, September 12, 2013, under | No comments

GSM/WCDMA (UMTS) လိုင်းတစ်သန်း အသစ်တပ်ဆင် တိုးချဲ့ခြင်းနှင့် လိုင်းသုံးသန်းကို အစားထိုး ပြောင်းရွှေ့ခြင်း ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါ ကိစ္စရပ်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် တင်ဒါစတင် ရွေးချယ်ခဲ့ကြောင်း၊ ၎င်းနောက်လုပ်ငန်း လိုအပ်ချက်နှင့် ကိုက်ညီသည့် Huawei Technologies Co.,Ltd နှင့် စာချုပ်ချုပ်ဆိုကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက ပြောကြားကြောင်း စက်တင်ဘာလ ၃ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ ၎င်းလိုင်းလေးသန်း တိုးချဲ့စီမံကိန်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လိုလာမည့် ရေဒီယိုစခန်းသစ် လေးရာအတွက်မြေနေရာရယူခြင်း၊ ကွင်းဆင်းတိုင်းတာခြင်း၊ စက်မှုအဆောက်အဦးနှင့် တာဝါတည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားစနစ် တည်ဆောက်ခြင်း၊ လေအေးပေးစက် တပ်ဆင်ခြင်း စသည့် လုပ်ငန်းများအတွက်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်မတိုင်မီ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ၎င်းအဆိုပြုလွှာ တင်သွင်းရန်အတွက် လိုအပ်သည့် အချက်အလက်များ၊ လမ်းညွှန်ချက်များ၊ ပုံစံများကို အင်ဂျင်နီယာချုပ်ရုံး၊ ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေးစခန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း၊ တင်သွင်းသူသည် ကျပ်သိန်းငါးဆယ်ကို စိတ်ဝင်စားကြေးအဖြစ် ဌာနသို့ပေးသွင်းရမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့်ကြေညာခဲ့သည်။

From: Internet Journal

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်