Thursday, September 12, 2013

ဒေလီဘတ်စ်ကားပေါ်မှ မုဒိမ်းမှုတရားခံများကို သေဒဏ်ချရန် အစိုးရရှေ့နေများတိုက်တွန်း

Posted by drmyochit Thursday, September 12, 2013, under | No comments

ဒေလီတရားရုံးသည် မိန်းကလေး တစ်ဦးအား မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် မိန်းကလေး သေဆုံးခဲ့မှုအတွက် စစ်ဆေးနေသော သံသယ တရားခံ (၄)ဦးတွင် အပြစ်ရှိကြောင်း အတည်ပြု ဆုံးဖြတ်လိုက်သည်။


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် မိန်းကလေး တစ်ဦးကို ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် တရားခံများကို သေဒဏ်ပေးသင့်ကြောင်း အစိုးရ ရှေ့နေများက ပြောကြားလိုက်သည်။ ဒေလီတရားရုံးသည် မိန်းကလေး တစ်ဦးအား မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် မိန်းကလေး သေဆုံးခဲ့မှုအတွက် စစ်ဆေးနေသော သံသယ တရားခံ (၄)ဦးတွင် အပြစ်ရှိကြောင်း အတည်ပြု ဆုံးဖြတ်လိုက်သည်။ အဆိုပါ တရားခံများကို သောကြာနေ့တွင် စီရင်ချက် ချမှတ်မည်ဖြစ်ရာ အစိုးရ ရှေ့နေများက အလွန်ယုတ်မာသော ပြစ်မှုအတွက် တရားခံများ အနေဖြင့် သေဒဏ်သာ ထိုက်တန်ကြောင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ မိန်းကလေးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ငရဲခန်းကို ကြုံခဲ့ရပြီးနောက် ဒဏ်ရာများ ပြင်းထန်စွာ ရရှိကာ (၂)ပတ်အကြာတွင် ဆေးရုံ၌ ကွယ်လွန်ခဲ့ရှာသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အိန္ဒိယ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ အနိုင်အထက် ပြုကျင့်ခံရမှုကို ဆန့်ကျင်လိုစိတ်များ ပိုမိုနိုးကြွလာခဲ့သည်။ အင်္ဂါနေ့က တရားရုံး ဆုံးဖြတ်ချက်တွင် တရားခံ (၄)ဦးဖြစ်သော မူကက်ရှ်ဆင်း၊ ဗင်နေရှာမာ၊ အက်ရှေသာကာ၊ ပါဝမ်ဂပ်တာတို့ (၄)ဦးသည် ရက်စက်သော မုဒိမ်းမှုတွင် အပြစ်ရှိသည်ကို သံသယဝင်စရာ မလိုတော့ကြောင်း တရားသူကြီးက အတည်ပြုခဲ့သည်။ ယင်းတရားခံ (၄)ဦးအနက် (၃)ဦး၏ ရှေ့နေများက မိမိတို့သည် ဖြစ်နိုင်ခြေရှိသည့် ပြစ်ဒဏ်တိုင်းအတွက် အယူခံဝင်ရန် ပြင်ဆင်ထားကြောင်း ဆိုသည်။

အစိုးရ ရှေ့နေ တစ်ဦးဖြစ်သူ ဒေယန် ခရစ်ရှ်နန်က "ဒီပြစ်မှုမှာ တရားခံတွေအတွက် ပြစ်ဒဏ်က သေဒဏ်ကလွဲလို့ တခြားဘာမှ မဖြစ်သင့်ပါဘူး"ဟု တရားသူကြီး ယိုဂက်ရှ်ခန်နားအား ပြောကြားခဲ့သည်။ ၎င်းက "ဒီကိစ္စမှာ ဆိုးယုတ်လွန်းတယ် ဆိုတာကလွဲရင် တခြားဘာကောက်ချက်မှ မချနိုင်ပါဘူး။ အကူအညီမဲ့နေတဲ့ မိန်းကလေး တစ်ယောက်ကို နိုင်ထက်စီးနင်း လုပ်ဖို့အတွက် သူတို့ဆီမှာ ဘာစာနာမှုမှ မရှိခဲ့ပါဘူး"ဟုလည်း ဆိုသည်။ တရားသူကြီး ခန်နားက "တရားခံတွေဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ဓမ္မတာထက် လွန်ကျူးတဲ့ လိင်အကြမ်းဖက်မှု၊ သက်သေခံ ဖျက်ဆီးမှုတွေအပြင် အကူအညီမဲ့နေတဲ့ သားကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက်ပါ အပြစ်ရှိကြောင်း ဆုံးဖြတ်တယ်"ဟု ကြေညာထားသည်။ တရားခံဘက်မှ ရှေ့နေတစ်ဦးဖြစ်သော ဗီကေအန်နန်က "ဒီလိုပြစ်မှုမျိုးအတွက် သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာတာကို ကျွန်တော်တို့ နားလည်ပါတယ်။ အဓိက အကျဆုံးက ပြစ်ဒဏ်ကို လျှော့ပေါ့နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်"ဟု AFPသို့ ပြောကြားသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်