Thursday, September 12, 2013

မန္တလေးသို့ နိုင်ငံခြားသား ဝင်ရောက်မှု ရှစ်လတာအတွင်း ၄၆ ရာခိုင်နှုန်းကျော်တိုး

Posted by drmyochit Thursday, September 12, 2013, under | No comments

မန္တလေးရှိ စေတီပုထိုးများအား နိုင်ငံခြားသားများ လာရောက်လေ့လာစဉ်။ ဓာတ်ပုံ - လှိုင်ထွေးအောင်
မန္တလေး ၊ စက်တင်ဘာ ၁၁။

ယခု နှစ်အတွင်း ဇန်နဝါရီလမှ ဩဂုတ် လအထိ ရှစ်လအတွင်း နိုင်ငံခြား သားဝင်ရောက်မှုမှာ ၂၀၁၂ခုနှစ် ကထက် ၄၆ဒသမ၈ရရာခိုင်နှုန်း ကျော် တိုးတက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားလာရေး တိုင်းဒေသ ကြီးဦးစီးမှူး ဦးမျိုးမြင့်က ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။

''ဟိုတယ်နှင့်ခရီးသွားလာရေး လစဉ်မှတ်တမ်းများအရ မန္တလေး ဒေသ နိုင်ငံခြားသားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် များလာတာ တွေ့ရတယ်။ ဒီနှစ်နှစ်ကုန်အထိ နှစ်သိန်းဝင်ရောက်မယ်လို့ ခန့်မှန်း ထားတယ်။ ရှစ်လတာအတွင်း ဝင်ရောက်မှု တွက်ချက်တဲ့ အခါ ၄၆ဒသမ၈ရရာခိုင်နှုန်းကျော် တိုး တက်လာတာတွေ့ရတယ်။ ၂၀၁၀ ပြည့်နှစ်ကထက် ၁၇၂ဒသမ၄၅ ရာခိုင်နှုန်းကျော်အထိ တိုးတက် လာတယ်''ဟု တိုင်းဦးစီးမှူး ဦးမျိုး မြင့်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးခရီး သွားဇုန်နယ်မြေတွင် မန္တလေး၊ မင်းကွန်း၊ စစ်ကိုင်း၊ အင်းဝဒေသ များပါဝင်ပြီး မန္တလေးတိုင်းဒေသ ကြီးရှိ ပုဂံ၊ ညောင်ဦးတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ ဝင်ရောက်သူ ၈၇၀၀၁ဦး၊ ၂၀၁၃ခုနှစ်တွင် ၁၁၇၇၅၉ ဦးရှိ သဖြင့် ၃၀၇၅၈ဦး ပိုမိုဝင်ရောက် မှုရှိကြောင်း၊ ပြင်ဦးလွင်မြို့သို့လာ ရောက်သည့် နိုင်ငံခြားသားဦးရေ မှာ ၂၀၁၂ခုနှစ် ဇန်နဝါရီလမှ ဩ ဂုတ်လအထိ ၅၆၉၁ဦးရှိပြီး ၂၀၁၃ ခုနှစ်တွင် ဇန်နဝါရီလမှ ဩဂုတ် လအထိ ၇၈၈၃ဦးရှိသဖြင့် ၂၁၉၂ ဦး ပိုမို ဝင်ရောက်မှုရှိကြောင်း၊ လာ မည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု များပြား လာမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ထွေးအောင်
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်