Thursday, September 12, 2013

သိုလှောင်ရုံတစ်ခုအတွင်း ဂက်စ်အိုးများ ပေါက်ကွဲ တရားမဝင် မြန်မာလုပ်သား လေးဦး ဒဏ်ရာရ

Posted by drmyochit Thursday, September 12, 2013, under | No comments

မူအာ ၊ စက်တင်ဘာ ၁၁

သို လှောင်ရုံတစ်ခုအတွင်း အင်္ဂါနေ့ ညက ဂက်စ်အိုး၁၅လုံး ပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ  မြန်မာအလုပ်သမား လေးဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း  သိရသည်။

ည၈နာရီ မိနစ်၎ဝ၌ မတော် တဆဖြစ်ပွားမှုကြောင့် မီးလောင် ဒဏ်ရာရသူများ ပြင်းထန်ကြောင်း၊ စက်ရုံမှာ သိုလှောင်ရုံအဖြစ်လည်း  အသုံးပြုကာ အခြားသူများသို့ ထပ်မံဖြန့်ဖြူးရန်အတွက် သို လှောင်ခြင်းဖြစ်ကြောင်း ပါရစ် ဘာကာ စက်မှုဇုန် ၌ ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများအား ဆေး ကုသပေးရန်အတွက် ဆူလတန် ဖာတီမာအထူးကုဆေးရုံသို့ ချက် ချင်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

စက်ရုံတွင် ဂက်စ်အိုးအလုံး ၃ဝဝကျော်သိုလှောင်ထားပြီး တစ် အိုးလျှင် 14Kg  မှ 50 Kg အထိ ရှိကြောင်း၊ တရားမဝင်နိုင်ငံခြား လုပ်သားများဖြင့် ညပိုင်းမှာအလုပ် လုပ်သည်ဟုဆိုသည်။  ပေါက်ကွဲမှုကြောင့် စက်ရုံ အတွင်းပျက်စီးသွားပြီး အနားရှိ အခြားစက်ရုံတစ်ရုံ၏နံရံလည်း ပျက်စီးသွားသည်ဟုဆိုသည်။  ပေါက်ကွဲမှုကြောင့် စက်ရုံ မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုပြီး နောက် တရားမဝင်လုပ်သားများ ပုန်းနေခဲ့ကြသည်ဟု ဆိုသည်။  မူအာမြို့မီးသတ်နှင့် ကယ် ဆယ်ရေးမှူးချုပ် အစ္စမေး မာမွတ် မီးသတ်ကားနှစ်စီးနှင့် လူ၁၈ဦး စေလွှတ် ငြှိမ်းသတ်ခဲ့ရသည်ဟုဆို သည်။ မီးလောင်မှုကြောင့် ရင်းဂစ် ၃ဝဝဝဝဝဖိုး ဆုံးရှုံးခဲ့သည်ဟုဆို သည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်