
ကလေးငယ် အဓမ္မပြုကျင့်ရန် ကြံ စည်ခြင်း ခံရမှုနှင့် အဓမ္မပြု ကျင့်ခံ လိုက်ရမှု နှစ်ခုကို ဖေဖော်ဝါရီ ၁ ရက် တွင် အမှုဖွင့်တိုင်တန်းထားသဖြင့် သက်ဆိုင်ရာ ရဲစခန်းများက စစ်ဆေးဆောင်ရွက်နေရသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် ဇန်န၀ါရီ ၃၁ ရက် ည ၈ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အသက် (၁၀)နှစ်ကလေးငယ် အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်ခံရမှုကို အသက် (၃၂)နှစ် ရှိ မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားခြင်း...