Monday, February 03, 2014

ကင်ညာတွင် ဗလီတစ်ခုကို ရဲတပ်ဖွဲ့ စီးနင်းရာမှ (၂)ဦးသေဆုံး

Posted by drmyochit Monday, February 03, 2014, under | No comments

တနင်္ဂနွေနေ့က မွမ်ဘာဆာမြို့ရှိ ဗလီတစ်ခုကို ရဲများက စီးနင်းခဲ့စဉ် ဓားတယမ်းယမ်းဖြင့် တုံ့ပြန်ရန် ကြိုးစားသည့် လူငယ်အချို့ကို မဖြစ်နေ ပစ်ခတ်ခဲ့ရသည်။

ကင်ညာနိုင်ငံတွင် အကြမ်းဖက်သမားများကို လှုံ့ဆော် စည်းရုံးနေကြောင်း သတင်းထွက်နေသည့် ဗလီတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီးနောက် လူ(၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က မွမ်ဘာဆာမြို့ရှိ ဗလီတစ်ခုကို ရဲများက စီးနင်းခဲ့စဉ် ဓားတယမ်းယမ်းဖြင့် တုံ့ပြန်ရန် ကြိုးစားသည့် လူငယ်အချို့ကို မဖြစ်နေ ပစ်ခတ်ခဲ့ရသည်။ အဆိုပါ ဗလီသည် လူငယ်လူရွယ်များကို အကြမ်းဖက်သမားများအဖြစ် ပုံသွင်းလေ့ကျင့်ပေးနေသည့် ဌာနတစ်ခုအဖြစ် နာမည်ကြီးနေသည်။

အစ္စလာမ်မစ် ဘာသာရေး အဆောက်အအုံ တစ်ခုဖြစ်သည့် မက်စ်ဂ်ျဒ်မူဆာ ဗလီကို မိမိတို့ အနေဖြင့် ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ရဲများက အတည်ပြုခဲ့သည်။ ကင်ညာရဲတပ်ဖွဲ့က အဆိုပါ ဗလီထဲတွင် အကြမ်းဖက်သမားများကို လူသစ်စုဆောင်း စည်းရုံးနေသည်ဟု ယုံကြည်လျှက်ရှိသည်။ ဖြစ်စဉ်အတွင်း ရဲများနှင့် အစွန်းရောက် လူငယ်အချို့ ထိပ်တိုက်တွေ့ပြီး အနည်းဆုံး အစ္စလာမ်မစ် အစွန်းရောက် သွေးကြွနေသည့် လူငယ်တစ်ဦးနှင့် ရဲတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဆိုသည်။

ရဲတစ်ဦးသည် မျက်နှာတွင် ဓားနှင့်ထိုးခံရပြီး ယင်းဒဏ်ရာကြောင့်ပင် မကြာမီတွင် ကွယ်လွန်သွားခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောကြားခဲ့သည်။ စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့များ အနေဖြင့် ဂျီဟတ်ကြွေးကြော်သံများ ရေးထိုးထားသည့် စာတန်းများ၊ Laptopကွန်ပျူတာများနှင့် DVDများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်အပြီးတွင် နိုင်ငံအတွင်းရှိ ဗလီအချို့ရှေ့၌လည်း ဆန္ဒပြမှုများ ပေါ်ပေါက်လာကြောင်း သတင်းများက ဖော်ပြသွားသည်။

From: Planet Myanamr Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်