Monday, January 14, 2013
ထူးထူးခြားခြား အီတလီမှာ မြေပြိုသည့် ဗီဒီိယိုဖိုင်
Posted by drmyochit
Monday, January 14, 2013, under ဗွီဒီယိုသတင်း | No comments
ကေအိုင်အေ ဌာနချုပ့်ရှိရာ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်တွင် လက်နက်ကြီး ထိမှန်ပြီး လူ (၂) ဦး သေဆုံး၊ လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
ကေအိုင်အေက ဒုက္ခသည်များကို စစ်အတွင်းအသုံးချ ၀ါဒ ဖြန့်ချင်သည့်အတွက် ဒုက္ခသည်များ ဘေူးကင်း ရာသို့ ထွက်ပြေး တိမ်းရှောင် သူများအား ကေအိုင်အိုမှ ခွင့်မပြု
Posted by drmyochit
Monday, January 14, 2013, under ပြည်တွင်းသတင်းများ | No comments
အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက် ပွဲတွေဖြစ် ပွားနေသောကြောင့် မိုင်ဂျာယန်ရွာနှင့် လွယ် ရင် ဟိုင် ရွာမှ ဒေသခံတွေမှ တရုတ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။ ကေအိုင်အေ တပ်မဟာ(၃) ထိန်းချုပ် နယ်မြေ ၀န်ဂေါဘွမ်မှာ ရှိသည့် ဒုက္ခသည်စခန်းမှ ဒုက္ခသည်တွေက တဖက် တရုတ်နိုင်ငံနှင့် စစ်ဘေး လွတ်သည့် နေရာများသို့ ပြောင်းရွေ့ဖို့ စီစဉ်နေကြသော်လည်း ဒုက္ခသည် စခန်းကို ထိန်းချုပ် ထားသည့် ကေအိုင်အို တိုင်းအုပ် ချုပ်ရေး မှူး မှထွက်ခွါခွင့် မပြုကြောင်း သိရှိရသည်။
KIA အဖွဲ့၏ မပြီးဆုံးသေးသော အကြမ်းဖက်မှုများ
Posted by drmyochit
Monday, January 14, 2013, under ကေအိုင်အေ | No comments
ယခု ရက်ပိုင်း အတွင်း မန္တလေး -မြစ်ကြီးနား လမ်းပိုင်းတွင် KIA အဖွဲ့၏ မိုင်းခွဲ တိုက်ခိုက် မှုများ ပိုမို စိတ်လာ သည်ကို သတိထား မိခဲ့သည်။ ယခင်က ရထားလမ်း တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း ရထား သံလမ်းများကို မိုင်းခွဲ ဖျက်ဆီးခြင်းသာ ရှိခဲ့သော်လည်း ယခုအခါ ညအချိန်တွင် သွားလာသော ခရီးသည်တင်ရထားများကိုပါ တိုက်ခိုက် လာတာကိုတွေ့ရှိရပါသည်။
မြစ်ကြီးနား မန္တလေး လူစီးရထားတွဲကို ဗုံးခွဲသည့်အတွက် လိုင်ဇာကို ဆုံးမ ပစ်ခတ်ခဲ့
Posted by drmyochit
Monday, January 14, 2013, under ကေအိုင်အေ | No comments
ကေအိုင်အေ မိုင်းထောင်မှုကြောင့် ပျက်စီးခဲ့သော ရထားနှင့် ဆုံးမပစ်ခတ်သဖြင့် ပျက်စီးခဲ့သော ကေအိုင်အေ လက်နက်တိုက်အနီးရှိ လူနေတဲတစ်လုံး
မြစ်ကြီးနား မြို့မှ ထွက်ခွာလာသည့် အမှတ်(၃၄) အစုန် မြစ်ကြီးနား- မန္တလေး အထူးအိပ်စင် ရထားအား မနေ့ က နံနက် ၃ နာရီ ၁၅မိနစ် ခန့်တွင် ကေအိုင်အေမှ မိုင်းထောင် တိုက်ခိုက်ခဲ့သည့်အတွက် မိုင်း ထောင်၊ ဗုံးခွဲ၊ ဆက်ကြေးကောက် လူသစ်စုလျှင် လိုင်ဇာ ဌာန ချုပ်သို့ ပစ်ခတ်မည်ဟု သတိပေးထားသည့် အ တိုင်း ယနေ့တွင် ပစ်ခတ် ခဲ့ကြောင်း သိရသည်။
ရထားမိုင်းခွဲ ကေအိုင်အေနှင့် ကေအိုင်အေ မီဒီယာတို့၏ ပူးပေါင်း လိမ်လည် သည့် ဓာတ်ပုံများ
အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကေအိုင်အေ တို့အ နေဖြင့် အကြမ်းဖက် မှုများအား ဆက်တိုက် လုပ်ဆောင် ခဲ့ကြသည်။ မိုင်းခွဲ၊ လူစု၊ ဆက်ကြေးကောက် မီဒီယာများ သတင်းတင်ပြနိုင်ပါလျှက် မည်သည့် မီဒီ ယာမှ မဖော်ထုတ်ခဲ့ကြ။ တိုင်းမှူးမှ လဂျားယန်သို့ အုပ်ချုပ်မှု ကိစ္စဆောင်ရွက် ရန် အကြောင်းကြား သည် ကို ငြင်းဆိုသည်မှ စ၍ ကေအိုင်အေ တို့ အခြေအနေမှာ ယခုအတိုင်း ဖြစ်ခဲ့သော်လည်း မီဒီယာတို့က အတည် မပြု ၀ံ့ကြ။
လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး ဒဏ်ရာရ ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၉ မိနစ်
Posted by drmyochit
Monday, January 14, 2013, under သတင်းများ | No comments
အစိုးရ တပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိ ရာ လိုင်ဇာမြို့၏ 'မြစ်ကြီးနား ဟိုတယ်' အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ သုံးဦးသေ ဆုံးကာလေးဦး ဒဏ်ရာ ရရှိ သည် ဟု လိုင်ဇာမြို့ခံများက ပြောသည်ဟု မဇ္ဈိမ သတင်းဌာန က ဖော်ပြသည်။
အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲ မြန်မာအသင်း ရွှေတံဆိပ် ၉ ခု ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် ပထမရ
Posted by drmyochit
Monday, January 14, 2013, under အားကစားသတင်း | No comments
ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှ တံခွန် စိုက် မြားပစ် ပြိုင်ပွဲနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အကြို ဆန်း စစ် မြားပစ် ပြိုင်ပွဲ တတိယနေ့ ပွဲစဉ် များကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဝဏ္ဏ သိဒ္ဓိ မြားပစ် ပြိုင်ကွင်း၌ ဆက်လက် ကျင်းပ ရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းနှင့် တာဝန်ရှိ သူများ တက် ရောက် ကြည့် ရှု အားပေးကြသည်။
လိုအပ်ချက်ကြောင့် ညပိုင်းတွင် အလုပ်လုပ်စားရသော မိန်းကလေးများအား KIA ခေါင်းဆောင် များမှ ခေါ်ဆောင်၍ သားမယား အဖြစ် ပြုကျင့်
Posted by drmyochit
Monday, January 14, 2013, under သတင်းများ | 2 comments
အစိုးရတပ်များနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း KIA ထိန်းချုပ်မှုအောက်ရှိတဲ့ ရွာတွေက လူအားလုံး လိုင်ဇာမြို့ ကို ရွှေ့ခိုင်းပြီး ဒုက္ခသည်များအဖြစ် နေထိုင်စေခဲ့ပါတယ်။ အစပိုင်းမှာတော့ ဆန်နဲ့စားစရာ အသင့် အတင့် ရရှိပြီး အချိန်ကာလကြာမြင့်လာတဲ့နောက်မှာ ထမင်းဝအောင် မစားရတဲ့ အခြေ အနေတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။
မီဒီယာသမားများအား တရားစွဲဆိုမည်ဆိုပါက The Voice အယ်ဒီတာ ဦးကျော်မင်းဆွေတို့၏ စာနယ်ဇင်းကောင်စီသို့ တင်ပြရမည်
Posted by drmyochit
Monday, January 14, 2013, under ပြည်တွင်းသတင်းများ | No comments
ရှမ်း တိုင်းရင်းသား များ KIA ကိုဆန္ဒပြမည်
Posted by drmyochit
Monday, January 14, 2013, under ပြည်တွင်းသတင်းများ | No comments
ဖားကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
Posted by drmyochit
Monday, January 14, 2013, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာမှာ ဒီကနေ့ မနက်က အစိုးရ တပ်နဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ အတွက် ဒေသခံပြည်သူ တစ်သောင်း ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။ဒေသခံပြည်သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာရွာတွေ ဘက်ကို ထွက်ပြေး တိမ်းရှောင် လာတာ တစ်သောင်းပတ်ဝန်းကျင်လောက်ရှိနေပြီ လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။
ဇန်န၀ါရီလ ၁၂ရက် ညနေပိုင်းမှာ အစိုးရ စစ်ယာဉ် တန်း ၁၇စီးလောက်ဟာ လုံးခင်းကျေး ရွာပတ် ဝန်း ကျင် တဝိုက်ကို ဝင်ရောက်လာပြီး တပ်စွဲ ထားခဲ့ရာ၊ ဒီကနေ့ မနက်ပိုင်း ၆နာရီလောက်က ကေအိုင်အေ တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည် သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာ ရွာတွေ ဘက် ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။
VOA မှဖော်ပြသည့် ကချင်ဒေသ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ သတင်း
Posted by drmyochit
Monday, January 14, 2013, under ပြည်တွင်းသတင်းများ | No comments
ကချင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေုတုန်းဖြစ်ပါတယ်။ အစိုးရဘက်က ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အေ ဌာနချုပ်နဲ့ မိုင် အစိတ်လောက်အကွာ နေရာတခုနဲ့ ၆ မိုင်အကွာ ဒေသတခု တို့မှာ ခြေလျှင် ထိုးစစ် ဆင်နွဲနေသလို လေယာဉ်ကလည်း ကူညီပစ်ခတ်ပေးနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါ တယ်။ ကေအိုင်အေအဖွဲ့ရဲ့ တပ်မဟာ (၃) ဒေသမှာ အစိုးရရဲ့ ခြေလျှင်ထိုးစစ်မှာတော့ အထိ အ ခိုက် များ တာကြောင့် ပြန်ပြီးဆုတ်ခွာသွားရာမှာ စစ်သုံး ပစ္စည်းတွေနဲ့ လက်နက်ကြီးတချို့ကို KIA ဘက် က သိမ်းဆည်း ရမိလိုက်တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခွာ ညိုက တင်ပြထားပါတယ်။
ကချင်ပြည်နယ်ဘက်မှာ အစိုးရနဲ့ ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေကြား ကချင်ဌာနချုပ်ရှိရာ လိုင်ဇာ အနီး မှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ရာမှာ သုံး-လေးလကြာ တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်နေခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ (၃) ဘက်မှာလည်း ဒီကနေ့မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ် ခဲ့ကြောင်း KIA ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။
မြန်မာ့မျိုးချစ်တပ်မတော်သို့KIAသောင်းကျန်းသူများကလျှို့ ဝှက်စွာဆက်သွယ်နေပြီ
ဒီနေ့ဇန်နဝါရီလ၁၃ရက်နေ့အထိ မြန်မာ့ တပ်မတော်နှင့် KIAသောင်းကျန်းသူ များတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား လျှက်ရှိရာ KIAသောင်းကျန်းသူများဘက်မှ အကျအဆုံးများလျှက်ရှိကြောင်း KIA ဌာနချုပ် လိုင်ဇာမှ ထိပ်တန်း အရာရှိ တစ်ဦးက အတည်ပြုပြောကြား သည်။ လိုင်ဇာ မှလွဲပြီး ကျန်ဒေသ များတွင် တာဝန်ထမ်းဆောင်နေသော KIAသောင်းကျန်း သူများသည် စိတ်ဓါတ် ကျဆင်း လျှက်ရှိကာ နီးစပ်ရာ မြန်မာ့ တပ်မတော် စခန်းများသို့ လက်နက်ချ အလင်း ဝင်ရောက်ရန်အတွက် လိုင်ဇာ ဌာနချုပ်မှ မသိအောင် လျှို့ဝှက်စွာ ဆက်သွယ်နေကြောင်း သိရှိရသည်။
MI-35 ရဟက်ယာဉ်အား ပစ်ချခဲ့သည့် KIA ရဲဘော် ဘားအောင် အား ဂုဏ်ပြုပွဲကျင်းပ
Posted by drmyochit
Monday, January 14, 2013, under ဓါတ်ပုံသတင်း | No comments
လေယာဉ် ပျက်ကျပြီးနောက် လေထဲမှ ဆက်တိုက်ကြသော တိုက်ပွဲများ
Posted by drmyochit
Monday, January 14, 2013, under သတင်းများ | No comments
မြန်မာ့တပ်မတော်မှ MI- 35 အမျိုးအစား ရဟတ်ယာဉ် တစ်စီး အင်ဂျင်ချို့ယွင်း မှုကြောင့် ပျက်ကျသည်။ ဦးတေဇ တို့ လိုက်ပါသွားသည့် ရဟတ်ယာဉ် လည်း ကချင်ပြည် နယ်တွင် ပျက်ကျ ဖူးသည်။ မကြာသေးမီ က Air Bagan လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီးလည်း ပျက်ကျခဲ့သည်။ စက်ကိရိယာ များနှင့် ထိန်းချုပ်မောင်းနှင်သူ၏ အမှားအယွင်းများကြောင့် စက်တပ်ထားသည့် လေယာဉ်သည် အချိန် မရွေး ပျက်ကျ နိုင်သည်ပင်။
ကေအိုင်အေခေါင်းဆောင်များကြောင့် အလှမ်းဝေးနေသော ကချင်ပြည်နယ် ငြိမ်းချမ်းရေး
Posted by drmyochit
Monday, January 14, 2013, under ဆောင်းပါး | No comments
KIAတပ်ဖွဲ့ကရှေ့တန်းစစ်သားများနေရာတွင် လီဆူးလူမျိုးများဖြင့် အစားထိုး
Posted by drmyochit
Monday, January 14, 2013, under ပြည်တွင်းသတင်းများ | No comments
KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား ထင်ရှားတဲ့ အဖြေရလာဒ်တစ်ခု ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အဆင့်မြင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင် ထားပေမယ့် KIA ဘက်က စစ်ဘက် ခေါင်းဆောင် ပိုင်းက တက်ရောက်မှုမရှိတာကြောင့် ဆွေးနွေးပွဲ ပျက်ပြား သွားခဲ့ရ ပါတယ်။ အဲဒီ နောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက်စလုံးမှာ ကျဆုံးမှုတွေရှိ နေခဲ့ပါတယ်။ စစ်တပ်က ပစ်ခတ် တိုက်ခိုက်မှုတွေပြင်းထန် လာတာမို့ KIA ခေါင်းဆောင်ပိုင်း အနေနဲ့ တရုတ် ပြည်ဘက်ကို တိမ်းရှောင် နေကြ ပါတယ်။
၁၅ နှစ်ကျောင်းသူကို အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့တဲ့ ကေအိုင်အေ ရဲဘော် ၅ ယောက်ကို တွေ့ရှိဖမ်းမိပြီ
Posted by drmyochit
Monday, January 14, 2013, under ပြည်တွင်းသတင်းများ | No comments
နေ စရာမရှိ လို့ နန့်ဆန်ယန် ဘုရားကျောင်းမှာ မှီခိုပြီးနေတဲ့ ကချင် မိန်းကလေးကျောင်းသူ တစ်ဦးအား ဇန်န ဝါရီလ၇ ရက်နေ့က KIAမှ လူမဆန်စွာ အုပ်စုဖွဲ့ မုဒိန်း ကျင့်ခဲ့တဲ့ KIAသောင်းကျန်းသူ ၅ ဦး အနက်မှ ၄ဦးအား ဒီနေ မွန်းလွဲ ၂နာရီက နန့်မွန်းကျေးရွာ အပြင်ဘက် ၅မိုင် အကွာတွင် ဖမ်းမိခဲ့ ကြောင်းမြန်မာ့ မျိုးချစ် တပ်မတော်၊ တပ်ရင်း(.... .)မှတပ်ရင်းမှူး ကပြောသည်။