Monday, January 14, 2013

လေယာဉ် ပျက်ကျပြီးနောက် လေထဲမှ ဆက်တိုက်ကြသော တိုက်ပွဲများ

Posted by drmyochit Monday, January 14, 2013, under | No comments

မြန်မာ့တပ်မတော်မှ MI- 35 အမျိုးအစား ရဟတ်ယာဉ် တစ်စီး အင်ဂျင်ချို့ယွင်း မှုကြောင့် ပျက်ကျသည်။ ဦးတေဇ တို့ လိုက်ပါသွားသည့် ရဟတ်ယာဉ် လည်း ကချင်ပြည် နယ်တွင် ပျက်ကျ ဖူးသည်။ မကြာသေးမီ က Air Bagan လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စီးလည်း ပျက်ကျခဲ့သည်။ စက်ကိရိယာ များနှင့် ထိန်းချုပ်မောင်းနှင်သူ၏ အမှားအယွင်းများကြောင့် စက်တပ်ထားသည့် လေယာဉ်သည် အချိန် မရွေး ပျက်ကျ နိုင်သည်ပင်။

လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ ကေအိုင်အေ ၀က်ဆိုဒ်မှ သူတို့ ပစ်ချကြောင်း၊ ပစ်ချသည့် နာမည် တစ်ခု ပါရေးပြီး တင်သည်။ ၄င်း ရဟတ်ယာဉ် ကျသည့် နေရာမှာ ဂရောင် ဂရာဘွန် အနီး ဘွန်နွယ်ဘွန် တွင်ဖြစ်ကြောင်း တင်သည်။ ကချင်ပြည်နယ်တွင် ကေအိုင်အေ မီဒီယာမှ လွဲ၍ အခြား မရှိသည့် အတွက် ချက်ချင်း ပျံ့နှံ့သွား သည်။ မကြာမီ ဝေဟင် ချစ်သူမှ ထိုသတင်း တက်လာသည်။ သို့သော် မည်သူမျှ ပစ် ခတ်ခြင်း မရှိ။ ပစ်ချခံရခြင်းမဟုတ်ပါ single engine failure ဖြစ်သွားခဲ့တာပဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။


တာလောကြီး ကျေးရွာနောက်တစ်နေ့ နံနက်တွင် ပျက်ကျခဲ့သ ည်ဆိုသော မြန်မာတပ်မတော်(လေ)မှ MI-35 ရဟတ်ယာဉ်မှာ မြစ်ကြီးနား လေတပ်စခန်းမှ အုပ်ချုပ်မှုကိစ္စ၊ ဆောင်ရွက်ရန်အတွက် မြစ်ကြီးနားမြို့မှ ၂၀ မိုင်ခန့်အကွာ မြစ်ကြီး နားမြို့နယ်၊ တာလောကြီး ကျေးရွာ အနီးသို့ ပျံသန်းလာသော တပ်မတော် ရဟတ်ယာဉ် တစ်စီးဖြစ်ကြောင်း၊ ရုတ်တရက် စက်ချို့ယွင်း သဖြင့် အရေးပေါ် ဆင်းသက်ခဲ့ ရကြောင်း၊အခင်းဖြစ် ပွားရာသို့ တပ်ဖွဲ့များအား အခြား ရဟတ်ယာဉ်များနှင့် ချက်ချင်း ပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြ၀တီ ၀က်ဆိုဒ်တွင် ဖော်ပြထားပါသည်။

တာလောကြီး ကျေးရွာ

ထို့နောက်တွင်တော့ နိုင်ငံတော်ပိုင် ရုပ်သံများမှ တစ်ဆင့် အဖြစ်မှန်ကို ရှင်းပြခဲ့သည်။ ထိုအဆင့်တွင် ကျေနပ် ခြင်း မရှိသည့် ဘီဘီစီမှ နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ အဖြစ် ခန့်အပ်ခြင်း ခံရသော ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းခဲ့ရာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသည်မှာ အမှန်ဖြစ်ကြောင်း၊ ရဟတ် ယာဉ် ပျက်မကျမှီ အချိန်တွင် လေယာဉ်ပိုင်းလော့မှ အခြေစိုက်စခန်းသို့ ၄င်းတို့ ယာဉ် စက်တစ်ခုခု ချို့ယွင်းကြောင်း သတင်းပို့ခဲ့သေးကြောင်း၊ ထို့နောက်တွင် အဆက် အသွယ်ပြတ် သွားကြောင်း၊ သစ်ပင်တောတောင် ထူထပ်၍ လေယာဉ် ဦးပိုင်း ပျက်စီးကြောင်း၊ ယခင် ၄င်းတာဝန် ထမ်းဆောင်စဉ် ကလည်း ထိုဖြစ် စဉ်မျိုး ရှိဖူးကြောင်း အကျယ်တ၀င့် ရှင်းပြပေးခဲ့သည်။

သို့သော် ကေအိုင်အေတို့မှာ ၀ါဒဖြန့်၍ ကောင်းတုန်းပင်။ ဘီဘီစီမှ ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ် မှူးကြီး ဂျိမ်းစ်လွမ်း ဒေါင်ကို မေးမြန်း၍ ကေအိုင်အေတို့ ပစ်ချကြောင်း ၄င်း၏ အပြောကို ဖော်ပြသည်။ ဧရာ ၀တီမှ လိုင်ဇာအနီး စခန်းများမှ ကေအိုင်အေများနှင့် လေယာဉ်ဆက်စပ်ကာ ပစ်ချသယောင် ဖော်ပြသည်။ ကေအိုင် အေတို့မှ ဗီဒီယို ဖိုင်များ တည်းဖြတ် ထုတ်လွှင့်သည်။ ထိုသို့ဖြင့် လေထဲက လေယာဉ်ပျက် ကျသည် ကို မပြီးနိုင် မစီးနိုင် လေထဲမှ ဆက်လက် ပစ်ချနေသည်။


မြန်မာ့တပ်မတော် စစ်ကြောင်းများ လက်ရှိရောက်နေသည့် နေရာအနေအထားအရ တာလောကြီး ကျေး ရွာ တစ်ဝိုက်သည် မြန်မာ့ တပ်မတော်မှ စိုးမိုးထားသည့် နေရာဖြစ်သည်။လဂျားယန်ကို သိမ်းပိုက်ပြီးသည် သာမက လိုင်ဇာဌာနချုပ် သို့ပင် ခြိမ်းခြောက်နေသည့် အနေအထား ရှိသည်။ ထိုအချိန်တွင် ကေအိုင်အေ တို့ အနေဖြင့် လေယာဉ်ပစ် သေနတ် တကား ကားဖြင့် တပ်မတော်မှ လုံခြုံရေး ယူထားသည့် နေရာများသို့ လာနိုင် ရန် အကြောင်း မရှိ။ ဧရာဝတီနှင့် ကေအိုင်အေတို့ ဖော်ပြသည့် ဗီဒီယိုများမှ ပစ်ခတ်နေသည့် နေရာ များ ရှိသည့် တောင်ကုန်းများကိုလည်း မြန်မာ့တပ်မတော်မှ ထိန်းချုပ်ထားပြီး ဖြစ်သည်။ ထို့ပြင် တာေ လာကြီး ဆိုသည်မှာ မြစ်ကြီးနားမှ မိုင် ၂၀ ခန့်အကွာ လေယာဉ်ဖြင့် ၅ မိနစ်ခရီးသာ ဖြစ်သည်။

MI-35 ရဟတ်ယာဉ် ဆိုသည်မှာ AK-47 လောက်ကိုင်၊ .5 စက်သေနတ်လောက်ဖြင့် ပစ်ခတ်၍ ပျက်ကျ သည့် ရဟတ် ယာဉ်မျိုး မဟုတ်။ လေယာဉ်ပစ်သေနတ်ဖြင့် အပစ်ခံရပါက လေယာဉ် ပိုင်းလော့မှ ဘာကြောင့် အခြေစိုက် စခန်းကို သတင်းပို့မှာလဲ ဆိုသည့် ဦးရဲထွဋ် ပြောပြသည့်အတိုင်းသာ ဖြစ်သည်။



အခြေအနေ အချိန်အခါအားဖြင့် လိုင်ဇာကို မတိုက်ချင်၍သာ အပစ်ရပ်ထားခြင်း ဖြစ်သည်။ သမိုင်းကြောင်း တွင် စစ်ပွဲအတွင်း ရည်မှန်းချက် စခန်းမသိမ်းမချင်း အပစ်ရပ်သည် မရှိ။ သဘောထားကြီးစွာဖြင့် ငြိမ်း ချမ်းရေး ကို စောင့်မျှော် နေချိန်တွင် လေလှိုင်းပေါ်က ၀ါဒဖြန့်ခြင်းများ မလျော့သေးသည့် ကေအိုင်အေေ ကြာင့် အမှန်တ ကယ် ဗုံးကြဲ လေယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များ လေ့ကျင့်ခန်းဆင်းမည် ဆိုပါက ကေအိုင်ေ အ ဆိုသည် ကချင် မြေမှ ၁ လ အတွင်း အမှန်ပျောက်ပေတော့မည်သာ ။


လိုင်ဇာ ဌာနချုပ်မှ ရိုက်ကူးပြင်ဆင် တည်းဖြတ် ၀ါဒဖြန့်နေပုံ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်