Monday, January 14, 2013

ရှမ်း တိုင်းရင်းသား များ KIA ကိုဆန္ဒပြမည်

Posted by drmyochit Monday, January 14, 2013, under | No comments

မြစ်ကြီးနားမြို့ တွင်စစ်ဘေးရှောင်နေသော ရှမ်းတိုင်းရင်းသား စိုင်းကျော်အောင် မှမြစ်ကြီးနား မြို့တွင်နေ ထိုင်သော ကချင် တိုင်းရင်း သား များနှင့် ရှမ်းတိုင်းရင်း သားများအား စုစည်းပြီးမနက်ဖြန် ဇန်နဝါရီ လ ၁၄ ရက်နေ့ တွင် KIAသောင်း ကျန်းသူများ အား ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရ သည်။

ကိုစိုင်းကျော်အောင်မှ ”ကျွန်တော် တို့  ဆန္ဒပြရတဲ့အကြောင်းအရင်းက….KIAကို လုံးခင်းဘက်မှာ ကျည် ဆံမှောင်ခို လာရောင်းနေတဲ့ အကောင်တွေရှိတယ်။ အဲဒီအကောင်တွေကိုရအာင် ရှင်းပစ်စေလို ပါ တယ်။ ကေအိုင်အေ (တပ်ရင်း၆)ဟာ ဖားကန်.-လုံးခင်းဘက်မှာ ရေမဆေးကျောက် ရှာတဲ့သူ အယောင်ဆောင်ပြိး ကုပ္မဏီလုပ်ကွက်တွေထဲက ဆီတိုင်ကီတွေ ကိုဖေါက်ပြိးလုယူတယ် နောက်ပြိး ဘက် ဖိုး(မြေတူးစက်)တွေ ကို သူ.လူ နဲ့သူဇွတ်မောင်း ယူသွားပြီး လုပ်ကွက်တွေထဲက ကျောက်စိမ်းတွေကို တူးဖေါ် ယူပြိးတော့ ရလာတဲ့ ပိုက်ဆံနဲ. မိသားစုထောက် ပံ့ပါတယ်။


မန္တလေးစတဲ့မြို.တွေမှာ တိုက်တွေကားတွေ ၀ယ်ထား ကြပါတယ်။ တချို.ငွေကိုတော့ လက်နက်မှောင်ခို လာရောင်း တဲ့သူတွေဆီက ကျည်ဆံတွေ ၀ယ်ပြိး ပြည်သူ လူထုကို နှိပ် စက်နေကြပါ တယ်။ ကေအိုင်အေ ကိုလုံး ၀ရှင်းသွားအောင် တိုက်ခိုက်ခြေမှုန်း သင့်ပါတယ်။ တနိုင်းဘက် မှာလည်း နယ်မြေခံ ရှမ်းနီ မျိုးနွယ် စုတွေရဲ့ ရှမ်း သမိုင်းပျောက်အောင် ရှေးဟောင်းရှမ်းဘုရားတွေကို မိုင်းခွဲဖျက်ဆီးပြစ်ပါတယ်။ တနိုင်းနယ်မှာ ရှမ်း မရှိခဲ့ဘူးဆိုတဲ့ အကြောင်း သက်သေပြ ချင်လို. ရှမ်းဘုရားတွေကို မိုင်းခွဲ ဖျက်ဆီး ပစ်ခဲ့ပါတယ်။ KI0/KIA ကချင်တွေ ဟာ ကချင်ပြည်နယ်မှာ ရှမ်းသမိုင်းရော ရှမ်းနီ မျိုးနွယ်စုတွေကို လုံးဝပျောက်ကွယ် သွားအောင် စနစ်တကျ လုပ်ဆောင်နေ တာဖြစ်ပါတယ်”ဟုပြောသည်။

ကချင်နေ့စဉ်သတင်းမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်