Monday, January 14, 2013

အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲ မြန်မာအသင်း ရွှေတံဆိပ် ၉ ခု ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် ပထမရ

Posted by drmyochit Monday, January 14, 2013, under | No comments

ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှ တံခွန် စိုက် မြားပစ် ပြိုင်ပွဲနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အကြို ဆန်း စစ် မြားပစ် ပြိုင်ပွဲ တတိယနေ့ ပွဲစဉ် များကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဝဏ္ဏ သိဒ္ဓိ မြားပစ် ပြိုင်ကွင်း၌ ဆက်လက် ကျင်းပ ရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းနှင့် တာဝန်ရှိ သူများ တက် ရောက် ကြည့် ရှု အားပေးကြသည်။

ပြိုင်ပွဲများ၏ အမျိုးသား Recurve အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် မလေးရှား နိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက ဒုတိယ၊ မြန်မာ နိုင်ငံက တတိယ၊ အမျိုးသမီး Recurve အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် မြန်မာ နိုင်ငံက ပထမ၊ ဗီယက်နမ် နိုင်ငံက ဒုတိယနှင့် စင်ကာပူ နိုင်ငံက တတိယ၊ အမျိုးသား Compound အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် ဗီယက်နမ် နိုင်ငံက ပထမ၊ မြန်မာ နိုင်ငံက ဒုတိယ၊ အမျိုးသမီး Compound အသင်းလိုက် ရှုံး/ ထွက် ပွဲစဉ်တွင် မြန်မာ နိုင်ငံက ပထမ၊ ဗီယက်နမ် နိုင်ငံက ဒုတိယ၊ Recurve Mix Team ရှုံး/ထွက် ပွဲစဉ်တွင် မြန်မာ နိုင်ငံက ပထမ၊ မလေးရှား နိုင်ငံက ဒုတိယနှင့် ဗီယက်နမ် နိုင်ငံက တတိယ၊ Compound Mix Team ရှုံး/ထွက် ပွဲစဉ်တွင် အင်ဒိုနီးရှား နိုင်ငံက ပထမ၊ မြန်မာ နိုင်ငံက ဒုတိယနှင့် ဗီယက်နမ် နိုင်ငံက တတိယ ရရှိကြသည်။

ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ် ပြိုင်ပွဲတွင် မြန်မာ နိုင်ငံက ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် သုံးခုဖြင့် ပထမ၊ ဗီယက်နမ် နိုင်ငံက ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံ ဆိပ် ခြောက်ခုဖြင့် ဒုတိယ၊ မလေးရှား နိုင်ငံက ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် တစ်ခုဖြင့် တတိယ ရရှိခဲ့သည်။ 

ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့် ပွဲကို ကျင်းပရာ Kangwondo Archery Association ဥက္ကဋ္ဌ Proff: Park Young Il က အမျိုးသမီး Compound Team ပြိုင်ပွဲ ပထမ ဆုရ မြန်မာနိုင်ငံနှင့် ဒုတိယဆုရ ဗီယက်နမ် နိုင်ငံတို့ အား လည်းကောင်း၊ ကမ္ဘာ့ မြားပစ် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် အရှေ့တောင် အာရှ မြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Sanguan Kosavinta က အမျိုးသား Compound Team ပြိုင်ပွဲ ပထမ ဆုရ ဗီယက်နမ် နိုင်ငံနှင့် ဒုတိယ ဆုရ မြန်မာ နိုင်ငံတို့အား လည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက အမျိုးသမီး Recurve Team ပြိုင်ပွဲ ပထမ ဆုရ မြန်မာနိုင်ငံ၊ ဒုတိယ ဆုရ ဗီယက်နမ် နိုင်ငံနှင့် တတိယ ဆုရ စင်ကာပူ နိုင်ငံ တို့အား လည်းကောင်း၊ အရှေ့တောင် အာရှ မြားပစ် အဖွဲ့ချုပ် အတွင်းရေးမှူး Maj Baharuddin Jamil က အမျိုးသား Recurve Team ပြိုင်ပွဲ ပထမဆုရ မလေးရှား နိုင်ငံ၊ ဒုတိယ ဆုရ ထိုင်းနိုင်ငံနှင့် တတိယ ဆုရ မြန်မာနိုင်ငံ တို့အားလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ် ချီးမြှင့် ကြသည်။

ယင်းနောက် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက Compound Mix Team ပြိုင်ပွဲ ပထမ ဆုရ အင်ဒိုနီးရှား နိုင်ငံ၊ ဒုတိယဆုရ မြန်မာနိုင်ငံနှင့် တတိယဆုရ ဗီယက်နမ် နိုင်ငံတို့အား လည်းကောင်း၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက Recurve Mix Team ပြိုင်ပွဲ ပထမ ဆုရ မြန်မာ နိုင်ငံ၊ ဒုတိယ ဆုရ မလေးရှား နိုင်ငံနှင့် တတိယ ဆုရ ဗီယက်နမ် နိုင်ငံတို့အား လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ် ချီးမြှင့် ကြကြောင်း သိရသည်။ 

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်