Monday, January 14, 2013

လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး ဒဏ်ရာရ ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၉ မိနစ်

Posted by drmyochit Monday, January 14, 2013, under | No comments


Photo: The immediate aftermath of the mortar attack on Laiza on the morning of January 14, 2013. (PHOTO: EEDY NEWS)

အစိုးရ တပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိ ရာ လိုင်ဇာမြို့၏ 'မြစ်ကြီးနား ဟိုတယ်' အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ သုံးဦးသေ ဆုံးကာလေးဦး ဒဏ်ရာ ရရှိ သည် ဟု လိုင်ဇာမြို့ခံများက ပြောသည်ဟု မဇ္ဈိမ သတင်းဌာန က ဖော်ပြသည်။ 

တနင်္လာနေ့ နံနက် ၈ နာရီကျော်ချိန်တွင် ဒေါ့ဖုန်း ယန်မြို့နယ်ခွဲ ခမ်းကိုင်တောင် အစိုးရ အမြောက် စခန်းမှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီး ကျည်များ လိုင်ဇာမြို့၊ ခကျန်ရပ်ကွက်ရှိ 'မြစ်ကြီးနား ဟိုတယ်' အနီး နေအိမ်တခုတွင် လေးလုံး ကျရောက်ကာ သုံးလုံးပေါကွဲခဲ့သဖြင့် အမျိုးသားတဦး နေရာတွင် သေဆုံးကာ ကလေးနှစ်ဦးမှာ လိုင်ဇာဆေး ရုံတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ကျန်ဒဏ်ရာရသူ ၄ ဦးမှာ လိုင်ဇာဆေးရုံတွင် ဆေး ကုသမှု ခံယူနေသည်ဟု သိရသည်။

“၃ ယောက်သေဆုံးတယ်။ ဒေါ့ဖုန်းနယ် ခမ်းကိုင်တောင်ဘက်ကနေ ၄ လုံးပစ်တယ်။ ၄ လုံးက ပစ်လိုက် တဲ့အထဲ ၃ လုံးအောင်တယ်။ တလုံးက မအောင်ဘူး”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်