
ဒုက္ခသည်စခန်းကိုလည်း ကေအိုင်အေမှ လက်နက်ကိုင် တပ်သားများဖြင့် စောင့်ကြပ်လျက်ရှိပြီး ဘယ်ကို မှသွား ခွင့်မပြုကြောင်း သိရှိရသည်။ ဒုက္ခသည်စခန်းအတွင်း၌ ရိက္ခာဖူလုံမှုများမရှိသည့်အပြင် ဆောင်းတွင်း ကာလတွင် အအေးဒဏ်ကို ခံနိုင်သည့် အ၀တ်အထည်များမရှိသည့် အတွက် မီးဖိုမှုများ ရှိသည် ကိုလည်း တိုက်ပွဲဖြစ်ပွားနေသည့် အတွက် ကေအိုင်အေ က ခွင့်ပြုခြင်းမရှိသည့်အတွက် ဒုက္ခသည် များမှာ ရာသီဥတုဒဏ်၊ ရိက္ခာပြတ်လတ်မှုဒဏ်တွေကိုခံနေရကာ ဒုက္ခသည်တွေအတွက် အသက် အန္တရာယ်စိုးရိမ် နေရကြောင်းသိရှိရသည်။ အစိုးရနှင့် ကေအိုင်အေ တို့၏တိုက်ပွဲကြောင့် ကေအိုင်အေ နယ်မြေအတွင်း ဒုက္ခသည် ဦးရေ ၃သောင်းကျော်ရှိကြောင်းသိရှိရပါသည်။
0 comments:
Post a Comment