Monday, January 14, 2013

ဖားကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ

Posted by drmyochit Monday, January 14, 2013, under | No comments


ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာမှာ ဒီကနေ့ မနက်က အစိုးရ တပ်နဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ အတွက် ဒေသခံပြည်သူ တစ်သောင်း ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။ဒေသခံပြည်သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာရွာတွေ ဘက်ကို ထွက်ပြေး တိမ်းရှောင် လာတာ တစ်သောင်းပတ်ဝန်းကျင်လောက်ရှိနေပြီ လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။

ဇန်န၀ါရီလ ၁၂ရက် ညနေပိုင်းမှာ အစိုးရ စစ်ယာဉ် တန်း ၁၇စီးလောက်ဟာ လုံးခင်းကျေး ရွာပတ် ဝန်း ကျင် တဝိုက်ကို ဝင်ရောက်လာပြီး တပ်စွဲ ထားခဲ့ရာ၊ ဒီကနေ့ မနက်ပိုင်း ၆နာရီလောက်က ကေအိုင်အေ တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည် သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာ ရွာတွေ ဘက် ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။

လုံးခင်းတ၀ိုက် တိုက်ပွဲဖြစ်ပြီး စိုးရိမ်မှုတွေကြောင့် ကုဋေမှော်၊ မားဆား၊ ကထန်ယန်၊ ဆန်ခါ၊ မဇွပ်ယန်စတဲ့ ရွာတွေက ဒေသခံတွေဟာ လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းတွေအိမ်မှာ လာရောက်ခိုလှုံနေကြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်