Thursday, December 12, 2013

Digicel နှင့် Ooredoo ကဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်မှု စီမံကိန်းတွင် ပူးပေါင်းပါဝင်မည်

Posted by drmyochit Thursday, December 12, 2013, under | No comments


နိုင်ငံတကာ မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel က မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် လိုင် စင် ရထား သည့် Ooredoo ကုမ္ပဏီနှင့်ပူးပေါင်းကာ အစိုးရ၏ တာဝါတိုင်တည်ဆောက်မည့် စီမံကိန်း များတွင် ပါဝင်လာတော့မည်ဖြစ်ကြောင်း ၎င်းကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

ယခုကဲ့သို့ ပြည်တွင်းမိုဘိုင်း ဆက်သွယ်ရေးကွန်ရက်အတွက် တာဝါတိုင်များစိုက်ထူမှုတွင် ကာတာနိုင်ငံ အခြေ စိုက် Ooredoo ကုမ္ပဏီနှင့်အတူ ပါဝင်လာသည့် Digicel သည် ၎င်းတို့သီးသန့် ပါဝင်လာခြင်းမျိုး မ ဟုတ်ပေ။

မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် ထင်ရှားသည့် Yoma Strategic Holdings Ltd, First Myanmar Investment (FMI) ကုမ္ပဏီတို့ပါဝင်သည့် YSH Finance Ltd နှင့် Digicel လုပ်ငန်းစုတို့သည် Digicel Asian Holdings ဟူသောအမည်ဖြင့် စီးပွားရေးလုပ်ငန်းစု တစ်ခုကိုမကြာသေးမီကမှ ဖွဲ့စည်းထားခဲ့သည်။

ထို Digicel Asian Holdings လုပ်ငန်းစုသည် ကာတာနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းကာမြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းကွန်ရက်အတွက် တာဝါတိုင်တည်ဆောက်ခြင်း လုပ်ငန်းများကို  လာမည့်နှစ်အတွင်း လုပ်ဆောင်သွားတော့မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများဘက်က ပြောကြားသည်။

ယင်းကဲ့သို့ ဆက်သွယ်ရေးကွန်ရက်အတွက် တာဝါတိုင်များတည်ဆောက်မည့် စီမံကိန်းကို Digicel Asian Holdings သည် Myanmar Tower ဟူသောအမည်ဖြင့် လုပ် ကိုင်ဆောင်ရွက် သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံအတွက် အရည်အသွေးမြင့်တဲ့ ဆက်သွယ်ရေးကွန်ရက် တစ်ခုကို ကျွန်တော်တို့ပူးပေါင်း တည်ဆောက်ပေးမှာပါ။ ဒီတည်ဆောက်မှု စီမံကိန်းကမြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုး လာဖို့အတွက် ရည်ရွယ်ပါတယ်” ဟု Digicel ၏ဥက္ကဋ္ဌဖြစ်သူ Mr.Denis O'Brien ကပြောသည်။

Digicel နှင့် Ooredoo ပူးပေါင်းမှုသည် တာဝါတိုင်များတည်ဆောက်မှုတွင် ပါဝင်ရုံမဟုတ်ဘဲ တစ်နိုင်ငံလုံး၏ ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှု၏ အစိတ်အပိုင်းများတွင်လည်း ဆောင်ရွက်ရန်ရှိနေကြောင်း ယင်းကုမ္ပဏီများဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ဒေသခံကုမ္ပဏီ တစ်ခုအနေနဲ့ တခြားဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းခွင့်ရတာကို ကျေနပ်မိပါတယ်။ အခုလိုပူးပေါင်းမှုကနေတစ်ဆင့် ဒီနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနဲ့ ဆက်သွယ်ရေး စနစ်တွေကောင်းမွန်လာမှုကို ဦးတည်လုပ်ဆောင်သွားမှာပါ” ဟု FMI စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဋ္ဌ Mr. Serge Pun ကဆိုသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ နိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မှုစီမံကိန်းသည် လက်ရှိအနေအထားတွင် ကျေနပ်အားရဖွယ်ရာ အနေအထားသို့ မရောက်ရှိသေးကြောင်း ကွန်ပျူတာပညာရှင် နယ်ပယ်မှ လေ့လာသုံးသပ်သူတို့က ဆိုကြသည်။

အစိုးရ၏ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက်မည့် စီမံကိန်းတွင် ယခုကဲ့သို့ ဂျမေကာနိုင်ငံအခြေစိုက် Digicel ကုမ္ပဏီနှင့်ကာတာနိုင်ငံ၏ Ooredoo တို့ပါဝင်လာသည့်အပြင် တရုတ်နိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းစုသည်လည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။


-ယုဇနကိုကို
အတွဲ (၁၄)၊ အမှတ် (၄၈)
Internet Journal

အစ္စလာမ်မစ်ခေါင်းဆောင်၏သေဒဏ်ကို ဘင်္ဂလားဒေ့ရှ် တရားရုံး အတည်ပြု

Posted by drmyochit Thursday, December 12, 2013, under | No comments


မူလာကို ကွပ်မျက်သုတ်သင်မည့် နေ့ရက်အသစ်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးချေ။

အစ္စလာမ်မစ် အစွန်းရောက် ခေါင်းဆောင် အက်ဘ်ဒယ်လ်ခါဒါး မူလာအပေါ် ချမှတ်ထားသည့် သေဒဏ်ကို အပြီးသတ် အတည်ပြုကြောင်း ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုက ကြေညာခဲ့သည်။ အစောပိုင်းက မူလာကို အင်္ဂါနေ့တွင် သေဒဏ်ချမှတ်ရန် စီစဉ်ထားသော်လည်း အယူခံဝင်ခွင့်အတွက် ပြစ်ဒဏ်ကို ရွှေ့ဆိုင်းပေးရန် အကြောင်းဖန်လာခဲ့သည်။ သို့သော်လည်း တရားရုံးက မူလာ၏ အယူခံကို ပယ်ချကာ ၎င်းအား သေဒဏ်ပေးရန် အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။ မူလာကို ကွပ်မျက်သုတ်သင်မည့် နေ့ရက်အသစ်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးချေ။

မူလာသည် (၁၉၇၁)ခုနှစ်က ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲကာလအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွဲချက်ဖြင့် ဖေဖော်ဝါရီလက သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်၏ အင်အားကြီးမားသည့် အစ္စလာမ်မစ် ဘာသာရေး အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော မူလာက မိမိသည် လူ့အခွင့်အရေးကို ချိုးဖောက်သည့် အဆိုပါ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ခြင်း မရှိဟု ငြင်းဆိုထားခဲ့သည်။ ထို့အပြင် ယခုပြစ်ဒဏ် ချမှတ်မှုသည် နိုင်ငံရေးလုပ်ကြံမှု တစ်ခုသာဖြစ်ကြောင်းလည်း ၎င်းက တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

"ခုချိန်မှာတော့ မူလာကို သေဒဏ်ပေးဖို့ ဥပဒေကြောင်းအရ ဘာအတားအဆီးမှ မရှိတော့ပါဘူး"ဟု ရှေ့နေချုပ် မာဘူဘီအာလမ်က AFPသို့ ပြောကြားခဲ့သည်။ ယင်းကို အစိုးရ လိုလားသည့် ရှေ့နေများက လက်ခုပ်တီး ထောက်ခံခဲ့ကြသည်။ မူလာကို စစ်ဆေးမှုများ ပြုလုပ်နေစဉ် အတောအတွင်း ၎င်းကို ထောက်ခံသူများက ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။ ကြာသပတေးနေ့က တရားရုံး၏ နောက်ဆုံးအတည်ပြု ဆုံးဖြတ်ချက်ကို ချမှတ်ချိန်၌ ဒါကာမြို့တော်၌ လုံခြုံရေးကို မြှင့်တင်တင်းကျပ်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မိုဘိုင်းဖုန်း လိုင်းကတ်ဝယ်ရောင်း ဈေးကွက် ငြိမ်သက်လျက် ရှိသော်လည်း ဈေးနှုန်းသိသိသာသာ ကျဆင်းလာခြင်းမျိုး မရှိသေး

Posted by drmyochit Thursday, December 12, 2013, under | No comments


မိုဘိုင်းဖုန်းလိုင်းကတ် ဝယ်ရောင်းဈေးကွက်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ခန့်မှစတင်ကာ  ဈေးကွက်ငြိမ်သက် သွားခဲ့သော်လည်း ယခင်ဈေးကွက် ကောင်းမွန်ခဲ့စဉ်က ရှိခဲ့သောဈေးနှုန်းများ အတိုင်းပင် ဆက်လက် ရပ်တည်လျက်ရှိပြီး ဈေးကွက် လိုအပ်ချက်နှင့် အရောင်းအဝယ် အေးမှုအပေါ်တွင် လိုင်းကတ်ဝယ်ခြင်း၊ ပြန်လည်ရောင်းချခြင်း ဈးနှုန်းများသိသိသာသာ ကျဆင်းလာခြင်းမျိုး မရှိသေးကြောင်း သိရသည်။

ကျပ် ၁၅၀၀ တန်မိုဘိုင်းဖုန်း လိုင်းကတ်များမှာ လစဉ်ထွက်ရှိလျက် ရှိနေသောကြောင့် လိုင်းကတ်ဝယ်ရောင်း ဈေးကွက်အေးစက် သွားခဲ့သော်လည်း လက်ရှိအချိန်ထိ လိုင်းကတ်ပြန်လည် ရောင်းချခြင်းနှင့် အသစ်ပြန်လည် ဝယ်ယူခြင်းမှာ ရှိနေသေးကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းလိုင်းကတ် ရောင်းဝယ်ဈေးကွက် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “အခုလက်ရှိ အချိန်မှာတော့ လိုင်းကတ်အရောင်းအဝယ် ဈေးကွက်ကအေးနေပါတယ်။ ဒါပေမယ့် ရှိတော့ ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ကလိုင်းကတ် အဟောင်းတွေကို ပြန်ရောင်းကြတယ်။ တချို့ကလည်း အသစ်ထုတ်လာတဲ့ ကတ်အသစ်တွေကို ပြန်ရောင်းချင်ကြတယ်လေ။ ဒါပေမဲ့ ဝယ်လိုအားက အရင်လိုမဟုတ်တော့ဘဲ နည်းလာတဲ့အတွက်တော့ နည်းနည်းဂရုစိုက်ရတယ်။ ဥပမာ တချို့က ဟိုးအရင်တုန်းကထွက်ခဲ့တဲ့ ၂၀၀,၀၀၀ တန် နဲ့ ၂၅၀,၀၀၀ တန်လိုင်းကတ်တွေကို ပြန်ရောင်းပြီး အသစ်ထွက်တဲ့ ၁၅၀၀ တန်လိုင်းကတ်တွေကိုလဲပြီး ကိုင်ကြတယ်လေ။ ဘာကြောင့်လဲဆိုတော့ တချို့က ပိုက်ဆံပိုထွက် လာစေချင်လို့လည်း ပါသလို တချို့ကလည်း ဖုန်းတစ်လုံးကနေ ၂ လုံးကိုင်ချင်လို့လဲ ကြတာလည်းရှိကြတယ်။ ခုလက်ရှိအချိန်မှာ အရင်တုန်းကကျပ် ၂၀၀,၀၀၀ တန်လိုင်းကတ်တွေက ပြန်ရောင်းမယ်ဆိုရင် ၁၉၀,၀၀၀ ကနေ ၂၀၀,၀၀၀ ထိပေါက်ဈေးရှိနေ သေးတယ်လေ။ လိုင်းကတ် ၁ ကတ် ကို ၂၀၀,၀၀၀ နဲ့ပြန်ရောင်းလိုက်ပြီးတော့ နောက်ထပ်လိုင်းကတ် အသစ်ပြန်ဝယ်မယ် ဆိုရင်တော့ ခုလက်ရှိအချိန်မှာ ၁၅၀၀ တန် GSM လိုင်းကတ်တွေက ကျပ် ၁၁၀,၀၀၀ ကနေ ၁၂၀,၀၀၀ ထိပေါက်ဈေးရှိနေပြီးတော့ ၁၅၀၀ တန် MEC CDMA 800 လိုင်းကတ်တွေကတော့ လက်ရှိအချိန်မှာ ကျပ် ၆၀,၀၀၀ ကနေ ၇၀,၀၀၀ လောက်ပေါက်ဈေးရှိနေတဲ့အတွက် ၂ သိန်းတန်လိုင်းကတ် တစ်ကတ်ကို ရောင်းလိုက်ပြီး ကတ် ၁ ကတ်ပဲပြန်ဝယ်မယ် ဆိုရင်လည်း ပိုက်ဆံပိုထွက်လာနိုင်သလို ၂ ကတ် ပြန်ဝယ်မယ်ဆိုရင်လည်း အဆင်ပြေနေတဲ့အတွက် ဒီလိုမျိုးအလဲအထပ် လုပ်ကြတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လိုင်းကတ်တွေကိုပြန်ဝယ်တယ် ဆိုတဲ့နေရာမှာတော့ အတိုင်းအတာတစ်ခုထိပဲ ပြန်ဝယ်နိုင်ပါတယ်။ အရင်တုန်းက ဆိုရင်တော့ ဈေးကွက်ရဲ့လိုအပ် ချက်အရ ရောင်းတာဝယ်တာတွေကို စိတ်ကြိုက်လုပ်နိုင်ပေမယ့် ခုချိန်ကပြန်ရောင်းချင်တဲ့ သူတွေကပဲများနေပြီး ပြန်ဝယ်မယ့်သူတွေက နည်းလာတဲ့အတွက် လိုင်းကတ်တွေကို ကိုယ်ကပြန်ဝယ်ထားမိတာ များနေမယ်ဆိုရင်တော့ ကိုယ့်လက်ထဲမှာ လိုင်းကတ်တွေပိုက်မိ နေနိုင်တယ်လေ။ အဲဒါကြောင့် ပြန်ဝယ်တဲ့နေရာမှာတော့ ဈေးကွက်ရဲ့လိုအပ်ချက်နဲ့ ဝယ်လိုအားပေါ်မှာ ချိန်တွက်ရတာမျိုးတွေ ရှိပါတယ်” ဟု ပြောပြခဲ့သည်။

နောက်ပိုင်းတွင် တန်ဖိုးနည်းမိုဘိုင်းဖုန်း လိုင်းကတ်များ ပေါပေါများများ ထွက်ရှိလာခဲ့ပါက လိုင်းကတ်ဝယ်ရောင်း ဈေးကွက်မှာလည်း ပျောက်ကွယ်လာနိုင်မည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောပြ ကြသည်။

အတွဲ (၁၄)၊ အမှတ် (၄၈)
Internet Journal

ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်မှုနဲ့ ကမ္ဘာ့အလယ်မှာ လူမျိုးဂုဏ်ရည်တင့်စေတဲ့ အနုပညာရှင်တို့စကားသံ

Posted by drmyochit Thursday, December 12, 2013, under | No comments


တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ မြန်မာပြည်ဟာ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်း ဝတ်စား ဆင်ယင် မှု အလှတရားတွေနဲ့ နိုင်ငံ့ဂုဏ်ရည်မြှင့်တင် လို့ နေ ပါတယ်။ ကမ္ဘာမှာ လည်း မြန်မာရယ်လို့ ဂုဏ်ယူ ဝံ့ကြွားနိုင်အောင် မြန်မာ့စိတ်၊ မြန်မာ့အားမာန် တွေအပြင် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အသွင်သဏ္ဌာန်က ခံ့ညား ထည်ဝါစေ ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကို အနုပညာ ပြိုင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ခရီးစဉ်တွေထွက်ဖြစ်တိုင်း မိမိ လူမျိုးတို့ရဲ့ ရိုးရာဝတ်စားဆင်ယင် မှုတွေနဲ့ မြန်မာပြည်သားဆိုတဲ့ ဂုဏ်အင်ကို အနုပညာရှင်တိုင်းလိုလို ထုတ်ဖော်ပြသခဲ့ကြတာ တွေ့ရပါ တယ်။ ဒါ့ကြောင့် မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမှုဝတ်စားစားဆင်ယင်ပုံကို အမြတ်တနိုးတန်ဖိုးထား စိတ်နဲ့ နိုင်ငံတကာ အလယ်မှာ ညွှန်းဆိုပြခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့ စကားသံတွေကို စုစည်းဖော်ပြ လိုက် ပါတယ်။

► သက်မွန်မြင့်-
“မြန်မာဝတ်စုံကို နိုင်ငံခြားက မယ်တွေလိုက်ပြီးဝတ်တာတောင်မှ တော်တော် ကြည့်လို့ကောင်းပါတယ်။ မိန်းကလေးတစ် ယောက်ရဲ့ အလှကိုလည်း ပေါ်လွင်စေ တယ်  ။ နောက်ပြီး ယဉ်ကျေးမှုအနေနဲ့လည်း သဘော ကျစရာကောင်းတယ်။ လေးစားစရာကောင်း တယ်။စိုင်းစိုင်းနဲ့ပြည်ပခရီးသွားတုန်းက သက်မွန် က ထရက်ဒစ်ရှင်နယ်နဲ့ မဟုတ်ဘဲ ရပ်ကာ ပက်ဆိုတော့ ရပ်ကာပက်နဲ့ လိုက် အောင် ချင်းရိုးရာဝတ်စုံ လေးကိုပဲဝတ်ပြီး တက် လိုက်ရတယ်။ မြန်မာဝတ် စုံနဲ့တော့ ဝတ်ပြီး မတက်လိုက် ရဘူး။ တခြားပွဲ တွေမှာတော့ မြန်မာ ဝတ်စုံဝတ်ပြီးတော့တက်ဖြစ်တယ်။ ပြည်ပမှာ ကိုယ့်ရဲ့ မြန်မာဝတ်စုံဝတ်ပြီး ပွဲတက်တဲ့အခါ မှာ ကိုယ်က ဘာပဲပြောပြော ထူးထူးခြားခြား   လေးလည်းဖြစ်တယ်။ ကိုယ့် အဝတ်အစား ကလည်း လုံလုံခြုံခြုံနဲ့ လှလှပပလေးဆိုတော့ ဘာပဲဖြစ်ဖြစ် မျက်နှာပန်းလှတာပေါ့။ လူတွေ လည်း စိတ်ဝင်စားကြတယ်။ အဲဒီလိုမျိုးဝတ်ပြီး တက်ရတဲ့အတွက် မြန်မာဆိုတာကိုပြလို့ရသလို သက်မွန် ဂုဏ်လည်းယူမိပါတယ်”

► ဝိုင်းစုခိုင်သိန်း-
“ကိုယ့်မြန်မာဝတ်စုံကို ဝတ် ဆင်ရတာ ယုံကြည်မှုလည်းရှိတယ်။ ကျက် သရေလည်း ရှိတယ်။ သနပ်ခါးကြော်ငြာ ဖြစ် တော့ အမေရိကမှာ မြန်မာဝတ်စုံလေး ဝတ် ဖြစ်ခဲ့ တာပါ။ သူတို့နိုင်ငံက လူတွေက ဝိုင်း ကြည့် ကြတယ်။ ဝိုင်းစုကတော့ ဂုဏ်ယူတယ်။ ဓာတ်ပုံတွေ လည်းလာရိုက်ကြ တယ်။ မြန်မာလူမျိုး တစ်ယောက် အနေနဲ့ တအား ဂုဏ်ယူပါတယ်။ နိုင်ငံခြားသွားတိုင်း မြန်မာ ဝတ်စုံတွေ အမြဲတမ်းယူသွားဖြစ် ပါတယ်”

► အိန္ဒြာကျော်ဇင်
“အဓိကကတော့ ကိုယ့် နိုင်ငံမှာ လုပ်တဲ့ ဆီးဂိမ်း ပွဲကြီးမှာ ပရိ သတ်တွေ အ ကုန် လုံး ကို အန္တရာယ်ကင်းကင်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အားပေးနိုင်ကြဖို့ မျှော် လင့်ပါတယ်။ အစ်မတို့ မိသားစုလည်း ဆီးဂိမ်းပွဲ တော်ကြီးမှာ ကိုယ်တိုင် သွားအားပေးဖို့တော့ ရှိပါတယ်။အတိအကျ တော့ ပြောလို့ မရသေး ပေမယ့် သွားရောက် ပြီးတော့ အားပေးမှာ ပါ။ ကိုယ့်နိုင်ငံမှာ လုပ်မယ့် ပွဲတော်ကြီး ဖြစ်တဲ့ အတွက် နိုင်ငံသားတစ် ယောက်အနေနဲ့ပြောရရင် ဝတ်စားဆင်ယင်မှုအနေနဲ့ လည်း မြန်မာ့ ယဉ်ကျေးမှုကိုပြလို့ရ နိုင်တဲ့ ယဉ်ကျေးမှုအဝတ် အစားလေးတွေတော့ ဝတ်စေ ချင်တာပေါ့။ ပြီးတော့ အား ပေးတဲ့အပိုင်းမှာလည်း ယဉ် ယဉ်ကျေးကျေးနဲ့ အားပေး ကြ တဲ့အပိုင်းကို ဖြစ်စေချင်တာ ပေါ့။ ကိုယ့်နိုင်ငံမှာဖြစ်တဲ့ အတွက် သိက္ခာရှိရှိနဲ့ ကိုယ့်ယဉ် ကျေးမှုကို ထိန်းသိမ်းစွာနဲ့ အားပေးသွားကြတာမျိုးကိုပဲ မြင်ချင်ပါတယ်။ ဖြစ်စေချင် ပါတယ်”

►လှအဉ္ဇလီတင့်
“မြန်မာပြည်မှာ ဝတ်တော့ ဒီ မြန်မာဝတ်စုံက သိပ်ပြီးတော့ ထူး ထူးခြားခြား မဟုတ်ဘူးပေါ့။ မင်္ဂလာဆောင်မှာ၊ အလှူတွေ မှာ၊ အကယ်ဒမီပွဲတွေမှာ၊ ဘုရား တက်တာတို့ ဆိုရင် ဝတ်တယ်လေ။ ဒါက ဝတ်သင့်တဲ့နေရာ ဝတ်ဖို့ လိုက်ဖက်တဲ့ နေရာတွေဆိုပြီး ဝတ်တာ။အဲဒီလိုမျိုးပေါ့။ ဒါပေမဲ့ နိုင်ငံခြားကို ရောက်တဲ့အခါ ကျတော့ ထူးထူးခြား ခြား ခံစား ရတယ်။ စသွားဖို့ ပြင်က တည်း က မြန်မာဝတ်စုံကိုပဲ ဝတ် မယ်ဆိုပြီး ပြင်ဆင်သွားတာ။ ဒီဇိုင်နာကိုမျိုးမင်းစိုးက ချုပ် ပေးတာပါ။ ဟိုကို ရောက်တော့ မြန်မာမို့လို့ မြန်
မာဝတ်စုံဝတ် ခဲ့တယ်။ အဲ့ဒီအချိန်မှာ ဘယ်လိုဖြစ်လဲဆို တော့ သူများ ဝတ်စုံတွေနဲ့မတူဘဲ ကိုယ့်ရဲ့ ဝတ်စုံလေးက တစ်မျိုးဖြစ် နေတယ်ပေါ့။ မြန်မာပြည် ကနေ ထွက်သွားေ တာ့မှ မြန်မာ ဝတ်စုံဝတ်တော့ မြန်မာဆိုတဲ့ စိတ်က ကိုယ့်လူမျိုးရဲ့ ဝတ်စုံကို ဝတ်ရတဲ့အတွက် ဂုဏ်ယူသလို ဖြစ်ခဲ့ရတယ်။ သူတို့တွေက ဒီလိုချိတ်မျိုးကို မမြင်ဖူးကြ ဘူးလေ။ ဟိုရောက်တော့ မြန်မာလူမျိုးဖြစ်လို့ မြန်မာ ဝတ်စုံကို ဝတ်ခဲ့တယ်။ အားလုံး ရဲ့ စိတ်ဝင်စားမှုကိုလည်း ခံရ တယ်။ မြန်မာပြည်မှာ ဝတ်တာ နဲ့ နိုင်ငံခြားမှာ ဝတ်တာနဲ့ ခံစား ချက်က မတူဘူး”

►ပုလဲဝင်း
ဒီမြန်မာဝတ်စုံလေးကို နိုင်ငံခြားခရီးစဉ်တွေမှာ ဝတ် ဖြစ်ခဲ့တာကလည်း ဂုဏ်ယူလို့ ဝတ်တာပါ။ ကိုယ့် မြန်မာ ဝတ်စုံက တခြားဝတ်စုံတွေနဲ့ မတူဘူး။ အားလုံးထဲ မှာ ပေါ်လွင်နေတယ်။ ပုလဲမြန်မာ ဝတ်စုံလေးကို ဝတ်ထားတော့ မြင်တဲ့သူတိုင်းက ဘယ်နိုင်ငံကလဲလို့ မေးကြတယ်။ ဖြတ် သွားဖြတ်လာ သွားနေတဲ့ သူတွေကအစ။ ဒီလိုဝတ်စုံလေး ကြောင့် ကိုယ့်နိုင်ငံ ကို သိသွားသလို၊ စိတ် ဝင်စားရှိကြတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသလို ခံစားရတယ်။ ကိုယ်တွေ နိုင်ငံမှာတော့ ရိုးနေပြီ ဆို ပေမယ့်သူတို့ အတွက်ကျတော့ အမြင် တစ်မျိုးဆန်းသွား တယ်။ ဖက်ရှင် တစ်ခုလိုပေါ့။ ပုလဲ မြန်မာဝတ်စုံကို ဝတ်ချင်ရတာကလည်း ဘယ်နိုင်ငံပဲ ရောက်ရောက် အထင် ကရ ရှိတဲ့နေရာမျိုး တွေ မှာ ကိုယ့် မြန်မာဝတ်စုံ လေးနဲ့ အမှတ် တရ ရိုက် ချင်တယ်။ ဒါကြောင့်လည်း ဝတ်ဖြစ်ခဲ့တာပါ။

Popular Journal

ဆီးဂိမ်းအပြန် ပြည်သူတွေအတွက် ဘာကျန်ခဲ့မလဲ

Posted by drmyochit Thursday, December 12, 2013, under | No comments


ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးက မြန်မာ့မြေပေါ်သို့ တစ်ခေါက်အလည်ရောက်ခဲ့ပြန်ပြီဖြစ်သည်။ အရှေ့တောင် အာရှဒေ သတွင်းပြိုင်ပွဲဆိုသော်လည်း အိမ်နီးချင်းနိုင်ငံ အားလုံး နီးပါး ပါဝင်ခြင်းဖြစ်ရာ ကြီးကျယ် ခမ်း နားသော အဆင့်အတန်းရှိ အားကစားပြိုင်ပွဲပင်ဖြစ်သည်။ ထိုသို့သော ဝိသေသရှိသည့် ပြိုင်ပွဲတစ်ရပ်ကို အိမ်ရှင် အဖြစ် လက် ခံကျင်းပနိုင်ခြင်းက နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲ အတွက် လိုအပ်သော အဆောက်အအုံနှင့် ကွင်းများ၊ လမ်းများနှင့် လျှပ်စစ်မီးမှ အစ ပြင် ဆင်တိုး ချဲ့ရ သည်ဖြစ်ရာ ထိုအရာများကတော့ အကျိုးအမြတ် အဖြစ်ကျန်ခဲ့မည်ဖြစ်သည်။ ယင်းကဲ့သို့ မြင်နိုင်သော အရာများ သာမက ကြိုတင်မမြင်နိုင်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး အပြောင်း အလဲ များစွာ ကိုလည်း ဤပြိုင်ပွဲကြီးနှင့်အတူ ရနိုင်မည်ဖြစ်သည်။ တကယ်တော့ ထိုမျှ မကပါ။ ယင်းပြိုင် ပွဲကြီး တစ်ခု ကျင်းပ ခွင့်ရခြင်း၏နောက် တွင် ပြည်သူများအတွက်လည်း မည်ကဲ့သို့ အကျိုးအမြတ် ရနိုင်မည်ဆို သည်က စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။  ထို့ကြောင့် နယ်ပယ်ကဏ္ဍအ သီးသီး မှ ပြည်သူများထံ ဆီးဂိမ်း အားက စားပြိုင် ပွဲကြီးဆီမှ မည်သည့်အရာများမျှော်မှန်းရနိုင်မည်ဟူသော အမေးစကားဖြင့် မျှော်လင့်ချက် များအား ဖော်ပြပေးလိုက် ရပါသည်။

ဒေါ်ချောခင်ခင် (MCC Group-CEO)

ဆီးဂိမ်းလုပ်တဲ့အပေါ်မှာ သိပ်တော့ Positive မဖြစ်ဘူး။ မဖြစ်ဘူးဆိုပေမယ့် အစ်မအမြင်ကိုပြောရရင် ဆီးဂိမ်းအနေနဲ့ အစ်မတို့နိုင်ငံကို ဘယ်လိုအကျိုးပြုမှုတွေ ရှိမလဲ ဆိုရင် ဒီလိုမျိုး ပွဲတွေလုပ်တယ်ဆိုတာ နိုင်ငံတွေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာပေါ့။ မြန်မာပြည်အနေနဲ့ ဖွံ့ဖြိုးတိုးတက်သွားတာဆိုရင် ခေတ်မီတဲ့ အဆင့်မြင့်တဲ့ အားက စားရုံကြီးတွေအဖတ်တင်သွားတာပေါ့။ ဒါကအရင်ဦးဆုံး မြင်ရတဲ့ တိုးတက်မှုပေါ့။ နောက်တစ်ခုက ဟိုတယ်နဲ့ခရီးသွားပေါ့။ ဒါတွေကို မြင်တဲ့အခါမှာ အစ်မအမြင် က နှစ် ပိုင်းဖြစ်နေတာပေါ့။ တစ်ပိုင်းက ဘာလဲဆိုတော့ ဒီ ဟိုတယ်အခန်းတွေက ခရီးသွားရာသီဖြစ်တဲ့အတွက် အဲဒီ အခန်းတွေက ပြည့်မှာပဲပေါ့။ ဒီတော့ အဲဒါနဲ့ပတ်သက် လို့တော့ သိပ်မမြင်ဘူးပေါ့နော်။ နောက်တစ်ခုက အခန်းတွေ ဘလော့ခ် လုပ်တာပေါ့။ ဒီလိုလုပ်တော့ နိုင်ငံသားတွေဆိုရင်အားပေးဖို့ လာမယ် ဆိုရင်တောင် နေပြည်တော် မှာ အခန်းမရှိဘူးလား ပေါ့။ ရန်ကုန်မှာလည်း အခန်းတွေကျပ်တယ်။ တစ်နည်းအား ဖြင့်ပြောမယ်ဆိုရင် အမှန်တော့ Travel & Tour ကဏ္ဍက တိုက်ရိုက်အ ကျိုးသက်ရောက်မှုရှိတာပေါ့။ တစ်ဖက်ကတော့ ဘယ်ကောင်တိုးတက်သွားသလဲ ပြန်ကြည့်တဲ့အခါမှာ Tour  ရာသီနဲ့သွားတိုက်နေတဲ့အတွက် ဆီးဂိမ်းမှာ ဘယ်လောက် တိုးတက်သွားလဲမသိနိုင်ဘူး။
နောက်တစ်ခုက လက်လီအရောင်း ဆိုင်တွေပေါ့။ စားသောက်ဆိုင်တွေ အမှတ်တရအရောင်း ဆိုင်တွေ ဒါတွေကတော့  အရောင်းတက်မှာပေါ့။ ဒါက အစ်မ အမြင်ပါ။ ဒါပေမဲ့ပြောရမယ်ဆိုရင် အမှတ်တရပစ္စည်းအရောင်း ဆိုင်တွေက တခြားနိုင်ငံတွေလောက် ဆီးဂိမ်း အမှာတွေ အရမ်းမတက်ဘူး။ ဒါ အစ်မအမြင်ပါ။ အဝယ်နည်းနေတယ် လို့တော့ မြင်တယ်။ ကျန်တဲ့ ရိုးရာလက်မှုပညာ ပစ္စည်းတွေက တော့ ဝယ်တာပေါ့နော်။ နောက်တစ်ခုက စားသောက်ဆိုင်တွေ ပေါ့။ ဒါတွေကလည်း ဆီးဂိမ်းကြောင့် အများကြီး တိုးထွက်လာ တာ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက် စားသောက်ဆိုင်တွေက အခုရှိသလောက်တော့ အပြည့်ရောင်းရမယ်လို့ မြင်တယ်။ ဒါပေမဲ့ သူတို့မှာရှိတဲ့ အတိုင်းအတာထက် ကျော်လွန်တဲ့ ရောင်းအားဆိုတာမျိုးတော့ မတွေ့ရသေးဘူးပေါ့။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဆီးဂိမ်းတင်ဆက်တဲ့အခါမှာတော့ ဖွင့်ပွဲ၊ ပိတ်ပွဲပြီး ရင်တော့ မြန်မာနိုင်ငံအနေနဲ့ မားကက်တင်းအနေနဲ့ လူစိတ်ဝင်စားမှုခံရမယ်။ ဒီ ၁၁ ရက်နေ့ပြီးရင် မြန်မာကို ကမ္ဘာကပိုသိသွားမှာပေါ့။ အာဆီယံထဲ မှာ တော်ေ တာ်ေ လး ဆောင်ရွက်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်သိသွားမှာပေါ့။

ဒေါက်တာအောင်သူရ (Thura Swiss  ကုမ္ပဏီ CEO )

အဓိကပြောရရင် ဒီဂိမ်းတွေကနေ မြန်မာပြည်အတွက် အကျိုးရှိတာကတော့ မြန်မာပြည်ကအကြာကြီး ပိတ်ခံထားရ တော့ အထူးသဖြင့် ဒီအရှေ့တောင်အာရှမှာ ပိုပြီးထင် ထင်ရှားရှား ဖြစ်သွားတာပေါ့။ တချို့ကျတော့ ဒီကိုလာကြမယ်ဆို တချို့ကလည်း တီဗီကနေကြည့်နေမှာ ဆိုတော့ မြန်မာပြည် အခြေအနေကောင်း လာတယ် ဆိုတာ မြင် ရမယ်။ နောက်တစ်ခုက ဒါမျိုးကို စီစဉ်နိုင်ပါလားဆိုပြီး တဖြည်းဖြည်း ယုံကြည်မှုရှိလာမယ်။ ၂ဝ၁၄ မှာ အာဆီယံဥက္ကဋ္ဌနေရာလည်းယူရမယ်ဆို တော့ ဒီလိုပွဲမျိုးလည်း စီစဉ်နိုင်ပါလားဆိုပြီး ယုံကြည်မှုတော့ ပိုလာမှာပေါ့။ဒီတိုင်းပြည်က စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပိုပြီး မြင်သာထင်သာရှိလာစေမှာပေါ့။ ဒါပေမဲ့ ဆီးဂိမ်းတစ်ခု တည်း နဲ့တော့ မဖြစ်ဘူးပေါ့။ ရေရှည် Effectကတော့ အများကြီး မျှော်လင့်လို့မရပါဘူး။ ဒါကလည်း နိုင်ငံအတွက် ပိုက်ဆံအကုန်အကျများတဲ့ ပွဲတစ်ခုဖြစ်တယ်ပေါ့။ ဒါပေမဲ့ မြန် မာပြည် လိုမျိုး တိုင်းပြည်နဲ့ အခြားနိုင်ငံတွေပိုပြီး ထိတွေ့မှုတွေ ရှိလာနိုင်ပါတယ်။ နောက်တစ်ခုက အနောက်တိုင်းနိုင်ငံတွေကတော့ ဆီးဂိမ်းကို သိပ်တော့မသိကြဘူးပေါ့။ သိပ်မသိကြဘူး ဆိုတာ သူတို့အတွက် အရမ်းပြောင်းလဲသွားမှာ မဟုတ်လို့။ ဒါပေမဲ့ အရှေ့တိုင်းကတော့ မြန်မာပြည်ကို တော်တော်များများက သိပြီးသားပါဆိုတော့ ပိုပြီး သိလာတာမျိုးပဲရှိမှာပါ။ အရမ်းကြီးပြောင်းလဲမှုတွေတော့ မရှိနိုင်ပါဘူး။

လင်းသိုက်ညွှန့် (မြန်မာ့မြေ) စာရေးဆရာ

သေချာတာကတော့ အဆောက်အအုံ Infrastructure တွေပေါ့။ နေပြည်တော်က အားကစားအဆောက် အအုံတွေ သေချာတာက ဒါတွေကတော့ ပြန်သုံးရမယ်။ တစ်ခု က နေ ပြည်တော်ထက် ရန်ကုန်မှာဆိုရင် ပိုကောင်းတာပေါ့။ နေပြည် တော်မှာ အားကစားရွာဆိုရင် ကျွန်တော် သိသလောက်သူက အား/ကာသိပ္ပံပြောင်းမှာ ဆိုတော့  အားကစားသင်တန်း ကျောင်းမျိုးတွေပေါ့။ တစ်အချက်ကတော့ ထင်သာမြင်သာ ရှိတာ အခြေခံ အဆောက်အအုံတွေပေါ့။ ကျွန်တော်တို့ သုံး လို့ရမယ်။ အားကစားနဲ့ ပတ် သက်တာရော တခြားပွဲတွေရော ပေါ့။ နောက်တစ်ချက်က ဒီလိုမျိုး အားကစားပွဲကြီးကို တာဝန် ယူပြီးကျင်းပနိုင်တယ်။ နိုင်ငံသိက္ခာမကျအောင် ကျင်းပနိုင် တယ် ဆိုရင်တော့ နိုင်ငံတကာမှာ မျက်နှာပန်းလှမယ်။ International Image ပေါ့။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အားကစားကို တာဝန်ယူ ကျင်းပနိုင်တယ်ဆိုတဲ့ အနေအထား မျိုးဖြစ်မှာ ဖြစ်ပါတယ်။ စီးပွားရေး အားသာချက်အနေနဲ့ အားကစားနဲ့ပတ်သက်တဲ့ စီးပွားရေးတွေ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းတွေ၊ ဟိုတယ်၊ ခရီးသွား လုပ်ငန်းတွေ နိုင် ငံတကာ အဆင့်ကို ပြနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး တိုးတက်လာဖို့ရှိပါ တယ်။
နောက် Service ပေးရတဲ့ အေဂျင်စီတွေ၊ ပံ့ပိုးမှုတို့၊ Event Management  တွေ၊ ဒါမျိုးတွေ နောက်ပိုင်းတိုးတက် လာနိုင်မယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ နိုင်ငံက အာဆီယံ ဥက္ကဋ္ဌဖြစ်သွားတဲ့အခါမှာ အစည်းအဝေးပေါင်း ၃ဝဝ နဲ့ ၅ဝဝ ကြား ကျင်းပရမှာ။
အဲဒီတော့ဟိုတယ်တွေအများကြီး ဆောက်ထားတာ။ ဒီအစည်းအဝေးတွေကို လက်ခံကျင်းပသွားနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းလိုနိုင်ငံမျိုးက Tourism အရမ်းကောင်းတဲ့နိုင်ငံဖြစ်ပေမယ့် ခုသူတို့က နိုင်ငံရေးမတည်ငြိမ်တော့ ခရီးသွားတွေက သူတို့ဆီ မသွားတော့တဲ့အခါမှာ သူတို့ဘယ်ကို သွားမလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရှိတာပေါ့။ ကျွန်တော်တို့ ဆီက ဆိုက်ရောက်ဗီဇာတွေပေးမယ်။ ဆီးဂိမ်းကလည်း ကျင်းပနေ တယ်။ တခြားသော အခြေခံအဆောက်အအုံတွေ၊ လျှပ်စစ်မီးကအစ ဒီတစ်နှစ် နှစ်နှစ်လောက်အတွင်း တိုးတက် အောင်လုပ်မယ် ဆိုရင်တော့ နိုင်ငံခြားသားတွေ အနေနဲ့ Tourist Attraction ရှိလာမှာပေါ့။ ထိုင်းဆီက မားကက်ရှယ်ယာကို ပြန်ယူနိုင်တဲ့ အနေအထားလေးတွေ ဖြစ်သွားနိုင်မယ်လို့ ယူဆပါတယ်။

သေချာတာကတော့ ကမ္ဘာပေါ်မှာ အားကစားပြိုင်ပွဲတွေ လက်ခံကျင်းပတယ်ဆိုတာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ် တွေရလို့ လက်ခံကျင်းပတာပါ။ ဆီးဂိမ်းက မသိ သာပေမယ့် အိုလံပစ်လိုပြိုင်ပွဲတွေက အင်တာနေရှင်နယ်အဆင့်တွေကို ကျင်းပတဲ့အခါမှာ နိုင်ငံက တအားတိုးတက်သွားပါတယ်။ တရုတ်ဆိုရင် အိုလံပစ်ကို ကျင်း ပနိုင်ခဲ့ တဲ့အတွက် စီးပွားရေး ကဘယ်နှစ်ဆတက်သွားတယ်ဆိုတာ တရုတ်အစိုးရက တရား ဝင်ပြောတာ။ ဆီဂိမ်းလိုပြိုင်ပွဲက မသိသာပေမယ့် နောက်ပိုင်း မှာ နိုင်ငံတကာ ပွဲတွေ ကို မြန်မာအနေနဲ့ လက်ခံကျင်းပနိုင် တယ်ဆိုတာ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေရလာမှာပါ။ ဒီ ယုံကြည်မှု အခြေခံပြီး နောက်ပိုင်း မှာ အောင်အောင်မြင်မြင် လုပ်နိုင် မယ်ဆိုရင်တော့ နိုင်ငံအတွက် မရေတွက်နိုင်တဲ့ တွက် ချက်မရနိုင်တဲ့ အကျိုးအမြတ်တွေ ကျွန်တော်တို့ လုပ်ရင် လုပ် သလောက် ရမှာပါ။ တစ်ခုရှိတာက စီမံခန့်ခွဲမှု အပိုင်း မှာ လုပ် ရင် လုပ်သလောက်၊ အသိဥာဏ် ရှိသလောက်၊ ပါးနပ်ရင် ပါး နပ်သလောက် နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးရှိမှာပါ။

ဒေါ်စပယ်အောင် (Nature Dream ခရီးသွားလုပ်ငန်း)

အရှေ့တောင်အာရှဆိုင်ရာ အဆင့် ရှိတဲ့ပွဲတော်ကို မြန် မာပြည်မှာ  ကျင်းပခွင့်ရတာဂုဏ်ယူစရာပါ။ ဒီဆီးဂိမ်းအပြီးမှာ ခရီးသွားဧည့်တွေ ပိုတိုးတက်လာ မယ်လို့တော့ မျှော် လင့်တာ ပေါ့။ ဒါပေမဲ့ အပိုင်းနှစ်ပိုင်းပေါ်တော့ မူတည်လိမ့်မယ်။ ပထမ တစ်ပိုင်းက ဒီဆီးဂိမ်းကိုလာတဲ့ အားကစားသမားတွေ၊  အား ကစားသမား မိသားစုတွေ၊ အစိုးရ ဧည့်သည်တွေကို ပေးတဲ့ ဝန်ဆောင်မှုပေါ် မူတည်မယ်လို့ထင်တယ်။ ကျွန်မတို့ရဲ့ ဝန် ဆောင်မှုဟာ ကျွန်မတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်မှာလေ။ ကောင်းမွန်တဲ့ ဝန်ဆောင် မှုဖြစ်မယ်၊ ဈေးနှုန်းသင့်တင့်မယ်၊ ဧည့်သည်တွေအတွက် တန်တယ်လို့ ယူဆရင် အနာဂတ်မှာ ဧည့်သည်တွေ ပိုများလာနိုင်မယ်။ အားကစားသမား မိသားစု တွေရယ်၊ ပွဲကြည့်ပရိသတ်တွေကို သေချာလေး ဝန်ဆောင်မှု ပေးနိုင်မယ်ဆိုရင် ခရီးသွားလုပ်ငန်းအတွက် အနာဂတ်မျှော် လင့်ချက်ကောင်းတာပေါ့။ အကြောင်း အမျိုးမျိုးကို တွက်ဆရ မှာပေါ့။ အကယ်၍ ဆီးဂိမ်းမှာ လုံခြုံရေး ထိခိုက်မှုမျိုး၊ ကျန်း မာရေးထိခိုက်မှုမျိုး ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် မြန်မာ့ခရီးသွားလုပ် ငန်းတိုးတက်ဖို့အတွက် ဆီးဂိမ်းက တစ်ထောင့်တစ်နေရာက အကျိုးပြုလိမ့်မယ်။ အကြောင်း မညီညွတ်ဘူးဆိုရင်တော့၊ တစ်စုံတစ်ခု ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်ဘူးဆိုရင်တော့ အမည်းစက် ဖြစ် သွားနိုင်တာပေါ့။ အဲဒါတွေ ဘာမှမဖြစ် ဘူးဆိုရင်တော့ အလားအလာကောင်းပါတယ်။

ဦးကိုကိုလတ် (အငှားယာဉ်မောင်း-နေပြည်တော်)

ဆီးဂိမ်းမှာ တချို့အားကစားနည်းတွေ နေပြည်တော်မှာ စနေပေမယ့်လက်ရှိကတော့ ကျွန်တော်တို့ အငှားယာဉ်မောင်းတွေရဲ့ စီးပွားရေးက ပုံမှန်အတိုင်းပါပဲ။ ဘာမှ သိပ် မထူးခြားသေးဘူး။ တခြားနိုင်ငံတွေကလာတာလည်း ပို့ဆောင်ရေးက ကားစီစဉ်ပေးတယ်။ အားကစားဝန်ကြီးဌာနကလည်း ကား စီစဉ်ပေးတယ် ဆိုတော့ ပြည် ပဧည့် သည်တွေက ကျွန်တော်တို့ အထေင တွေကို ငှားတာ သိပ်မရှိဘူး။ ဒါပေမဲ့ ခရီးသွားလုပ်ငန်း အဖွဲ့လေးတွေကတော့ နီးစပ်ရာ taxi တွေကို ချိတ်တာတော့ ရှိတာပေါ့။ ဆီးဂိမ်းဖွင့်ပွဲ ၁၁ ရက်နေ့ကျရင်တော့ ကျွန်တော်တို့ ပုံမှန်ထက်တော့ နည်းနည်းအလုပ်ရှုပ်လိမ့်မယ်။ အဲဒီရက်က ဖွင့်ပွဲ ကြည့်မယ့် ပြည်တွင်းဧည့်ရော၊ ပြည်ပဧည့်ရော လာကြမှာကိုး။ ၁၁ ရက်နေ့ နောက်ပိုင်းကျရင်လည်း ဘောလုံးပွဲ တွေဘာတွေရှိတဲ့အခါကျတော့ taxi  ငှားစီးတဲ့ ပြည်တွင်းဧည့် ပိုများလာမယ်လို့ မျှော်လင့်ထားတယ်။

မေဇင်ဝင်း၊ သုတလင်း
Popular Myanmar News Journal

PhotoSuite 3 Photo Editor v3.0.7 for android

Posted by drmyochit Thursday, December 12, 2013, under | No comments




Android ဖုန်းနဲ့ အရည်အသွေးကောင်း ရုပ်ထွက်လန်းတဲ့ ဓာတ်ပုံတွေဖြစ်အောင် Edit ချင်သူတွေအတွက် PhotoSuite 3 Photo Editor v 3.0.7  for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲကိုအသုံးပြုဖြင့် မိမိတို့ရိုက်ကူးထားသော ဓာတ်ပုံများကို Effect များထည့်ပြီးဖန်တီးနိုင်ခြင်း၊ဓာတ်ပုံကို တစ်ပုံနှင့်တစ်ပုံပေါင်းစပ်နိုင်ခြင်း၊ဓာတ်ပုံတွေကို Grid ဆွဲပြီး ပေါင်းစပ်ခြင်း၊Sketching Pictures များရေးဆွဲနိုင်ခြင်းပြုလုပ်နိုင်မှာပါ.. ကွန်ပျူတာပေါ်မှာဓာတ်ပုံပြင် photoshop  ဆော့ဝဲအလန်းစားကိုသုံးနေရသလိုမျိုးကိုခံစားရစေမှာပါ။ အရမ်းကောင်းတဲ့ ဓာတ်ပုံပြင်တဲ့ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးကို Google Play မှာ ၂.၉၉ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီးMyanmar Mobile Application Store မှာ freedownload ရယူနိုင်ပါတယ်..

PhotoSuite 3 photo editor ဆော့ဝဲလ်အားရယူရန်


Myanmar Mobile App

ဆယ်ကျော်သက် လေးတွေ ပိန်ရခြင်း အကြောင်းရင်း

Posted by drmyochit Thursday, December 12, 2013, under | No comments

ဆယ်ကျော်သက်တွေ ဆိုတာ မြီးကောင်ပေါက် အရွယ်တွေ ကို ခေါ်ကြတာ ဖြစ်ပါတယ်။ ဥရောပနဲ့ အနောက် နိုင်ငံတွေ မှာတော့ Teenager လို့ ခေါ်ပါတယ်။ အသက် ၁၀ နှစ်ကျော် ကနေ ၁၈ နှစ်ကြား အရွယ်ဟာ ဆယ်ကျော်သက်အရွယ် ဖြစ်ပါ တယ်။ အပျံသင်ခါစအရွယ်၊ အရာရာကို စူးစမ်းလေ့ လာ လိုစိတ်၊ အတုခိုးလိုစိတ်တွေ၊ အားကျစိတ်တွေ အပြည့်ရှိနေ တဲ့ အချိန်လည်း ဖြစ်တယ်။ မိဘတွေအနေနဲ့ အဲဒီ အရွယ်မှာ စနစ်တကျ ထိန်းသိမ်းနိုင်မှ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ကို ရယူနိုင်မှာ ဖြစ်တယ်။ ထစ်ခနဲဆိုတာနဲ့ စိတ်အပြောင်း အလဲ မြန်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် သေချာ ဂရုစိုက်ရပါတယ်။

သူတို့ဘာကြောင့် ပိန်ရတာလဲ..

ဆေးပညာ စစ်တမ်းများအရ ဒီအရွယ်မှာ အဝလွန်နေတဲ့ ကလေးတချို့ကို တွေ့ရတတ်ပေမယ့် အများစု ကတော့ ပိန်ကြတယ်လို့ ဆိုပါတယ်။ ပိန်ကြတဲ့ နေရာမှာတော့ ယောက်ျားလေး၊ မိန်းကလေး ဦးရေနှုန်းဟာ သာတူညီမျှသာ ရှိကြတယ်လို့ ဖော်ပြထားတယ်။ ဒါဆိုရင် သူတို့ဘာကြောင့် ပိန်ရသလဲ...။

ဒီအဖြေကတော့ နက်နဲပြီး ရှုပ်ထွေးပါတယ်။ အဓိပ္ပါယ်ဖော်ဖို့လည်း တော်တော်လေး ခက်ခဲတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ အဓိက ကတော့ အားကျစိတ်၊ စွဲလမ်းစိတ်၊ အတုခိုးတတ်တဲ့ စိတ်တွေကြောင့် ဖြစ်ရ တယ်လို့ ဖော်ထုတ်ကြပါတယ်။ ရောဂါကြောင့် ပိန်ရတာ တစ်ရာမှာတစ်ယောက်လို့ ဆိုရလောက်အောင် အရေအတွက် နည်းပါးပါတယ်။ အဖြေကတော့ ဒီအရွယ်မှာ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ပိန်ပိန်ပါးပါးနဲ့ လှပချင်ကြတယ်။ ပိန်အောင် ကြိုးစားကြတယ်။ ဘယ်သူမှ ဒီအချိန်မှာ ဝမနေချင်ဘူး။ ဖက်တီးလို့ အခေါ်ခံရမှာကို အလွန်ပဲ စိုးရွံ့ကြတယ်လို့ ပြောကြပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ အားကျ အတုယူတဲ့ Celebrity တွေ ပုံစံအတိုင်း အတုခိုးပြီး နေထိုင်တတ်ကြပါတယ်။

 ဝဖြိုးနေတဲ့ မိန်းကလေးတွေက ပိန်ဆေးတွေ သောက်ကြတယ်။ အစားလျှော့စားပြီး ဝိတ်ကျအောင် ကြိုးစားကြတယ်။ သူတို့လိုပဲ ယောက်ျားလေးတွေကလည်း ညဘက် အစာမစားတာ။ လက်ဖက်ရည်သောက်ပြီး လေခံအောင်၊ အစာစားချင်စိတ် ပပျောက်အောင် ကြိုးစားကြပါတယ်။ ပိန်အောင် ကြိုးစားတဲ့နေရာမှာ ယောက်ျားလေး၊ မိန်းကလေး အားလုံးအတူတူပဲ ဖြစ်ပါတယ်။

အတုခိုး မှားယွင်းခြင်း

ပိန်ရတဲ့ နောက်အချက် တစ်ခုကတော့ အတုခိုး မှားယွင်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ လေ့လာသူ တွေက သုံးသပ်ပါတယ်။ တချို့က ကိုယ်အားကျ အတုယူတဲ့ သူရဲ့ပုံစံအတိုင်း လိုက်လံပြုမူ နေထိုင်လေ့ ရှိတာကြောင့် မူးယစ်ဆေး သုံးစွဲသွားတတ်တယ်။ ဆေးလိပ်သောက်၊ အရက်သောက်သွားတတ်ကြပြီး ကျန်းမာရေးကို ထိခိုက်ကာ ပိန်ချုံးနေကြခြင်း ဖြစ်ပါတယ်။ မိန်းကလေးတွေကျတော့ လှချင်၊ ပချင်စိတ် ကြီးမားရင် ပိန်ချုံးတတ်ကြပါတယ်။ သူတို့ရဲ့ လှပလိုစိတ်က သူတို့ကို ပိန်ချုံးစေတာ ဖြစ်ပါတယ်။

စိတ်အလိုမကျခြင်း

စိတ်အလိုမကျစေတာကလည်း ဆယ်ကျော်သက်တွေကို ပိန်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ ရည်းစားနဲ့ ကွဲကွာနေခြင်းကြောင့် ဖြစ်ဖြစ်၊ သူတို့စိတ် တွေဟာ စားချင်သောက်ချင်စိတ် မရှိကြတော့ဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။

By ကိုမိုး (တောင်ကြီး)

(ကြောက်တတ်လျှင် မဖတ်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်)

Posted by drmyochit Thursday, December 12, 2013, under | No comments

မွေးနေ့ပွဲကျင်းပသော သူငယ်ချင်း ၇ ဦးသွေးပျက်ဖွယ် ကြုံတွေ့ခဲ့ရသည့် နှစ်ထပ်အိမ်ထဲက ခြောက်ခြား ဖွယ်ရာ ညတစ်ည (ကြောက်တတ်လျှင် မဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်)



ထူးဇင် နားထဲတွင် အိမ်ပွဲစား၏ အသံများသာတရစပ် ကြားနေရသည်။

"လခရော... အိမ်ပါ အဆင်ပြေပါတယ်အစ်ကိုရာ မျက်စိမှိတ်ပီးသာ ငှားလိုက်ပါ... "

ထူးဇင်လည်း အိမ်ကလေးအား သဘောကျနေမိသည်...နှစ်ထပ်တိုက်ခံအိမ်လေးဖြစ်ပြီး ၀ရန်တာလေးပါ ပါသဖြင့် ထူးဇင်သဘောကျခြင်းဖြစ်သည်။

"ကဲ...ဒါဆို ကျွန်တော် တစ်နှစ်စာ ငွေချေလိုက်မယ်လေ...နောက်နေ့ပြောင်းလာလို့ရပြီမဟုတ်လား... အိမ်မှာလည်း လက်ရှိနေတဲ့သူ မရှိဘူးဆိုတော့...."

"ဟုတ်ကဲ့....အဆင်ပြေပါတယ်ဗျာ.... အဆင်ပြေပါတယ်... ကဲဒါဆို ကျွန်တော်တို့စာချုပ်ချုပ်ဖို့ အိမ်ရှင်ဆီသွားလိုက်ရအောင်...."

သည်လိုနှင့် ထိုအိမ်လေးကို ထူးဇင် တစ်နှစ်စာ စာချုပ်ချုပ်လိုက်သည်။ အိမ်လေးသည် မြို့ထဲနှင့်လည်း သိပ်မဝေး လိုင်းကားလည်း ရောက်သဖြင့် သဘောကျမိခြင်းဖြစ်သည်။ ရပ်ကွယ်အနေအထားလည်း တိတ်ဆိတ်မှုရှိပြီး..... ခြံဝန်းလည်းကျယ်လှသည်။ နောက်တစ်နေ့ ပြောင်းလာတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။

******************

တစ်နေကုန် အိမ်ကိုရှင်းလင်း သန့်ရှင်းပြီး နေရာတကျထား၍ ပင်ပန်းသဖြင့် ထူးဇင် ကြမ်းပြင်ပေါ်လှဲချလိုက်မိသည်။ ကိုယ်ငှားလိုက်သော အိမ်မှန်သွားပြီဟု ၀မ်းသာ၍ နယ်မှ အမေနှင့်အဖေအား ဖုန်းဆက်ပြီး အကြောင်းကြားရဦးမည်။

စာကြည့်စားပွဲပေါ်တွင်ပင် ထူးဇင်သန်းဝေမိသည်....... စာကြည့်ပြီးမျက်စိညောင်းသဖြင့် စားပွဲပေါ်တွင်ပင် ခေါင်းချလိုက်မိသည်။ ကျောပြင်က အေးခနဲဖြစ်သွားသဖြင့် ကြက်သီးများထလာတာ ထူးဇင်လှန့်နိုးသွားမိသည်။ အိပ်ပျော်သွားသည်ကို မသိလိုက်ပေ.......မနက်ဖြန်လည်း ကျောင်းတက်ရမည် ဖြစ်သဖြင့် အိပ်ရာခင်းပြီး အိပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုစဉ်.....

"ဂျစ် ... ဂျစ်... ဂျစ်"
ထူးဇင် ခေါင်းဆတ်ကနဲ ဖြစ်သွားသည်။ ဘာသံလဲဟ..... ဘယ်ကလာတဲ့အသံလဲ စိတ်ထဲရေရွတ်မိသည်။ အိပ်ချင်စိတ်ကများနေသည်နှင့် ခြင်ထောင် ထောင်ပြီးခေါင်းထိုးအိပ်လိုက်တော့သည်.......။

"ဟိတ်...ဟိတ် ခေါ်နေတယ်လေ......" မိန်းကလေးတစ်ယောက်၏ အသံ...
"မင်းဘယ်သူလဲ........ဘာဖြစ်လို့ ငါ့အိမ်ထဲရောက်နေရတာလဲ" ထူးဇင် မှုန်ရီေ၀၀ါးနှင့်ပြောနေမိသည်။
"ဟင်.. ဒါက ကျွန်မအိမ်ပဲ ရှင်သာ ကျွန်မအိမ်မှာလာနေတာ........"
ထူးဇင် ကြောင်တောင်တောင် ဖြစ်သွားသည်။
"ဒါပေမယ့်.. ကျွန်မ နေခွင့်ရှင့်ကို မပြုနိုင်ဘူး ရှင်ထွက်သွားပေးရမယ်..." ထိုမိန်းကလေး၏ ရှည်သွယ်သွယ်လက်တစ်စုံသည် ထူးဇင်၏ လည်ပင်းတစ်ဝိုက်သို့ နွယ်ပင်တဖွယ် ရစ်ပတ်လေတော့သည်။ ထူးဇင် ခံစားလိုက်ရသည်မှာ အေးစက်စက်အထိအတွေ့............။
"မလုပ်နဲ့ မလုပ်နဲ့.........."
ထူးဇင် ဘေးပတ်ဝန်ကျင်ကို ကြည့်မိလိုက်သည်........ သူခြင်ထောင်ထဲပင်ရှိသေးသည်။ ဟူး............အိပ်မက်မက်နေတာပဲ.. စိတ်ထဲမှ တော်ပါသေးရဲ့ဟု ရေရွတ်မိသည်။ အိပ်ခါနီး ဘုရားမရှိခိုးမိလို့ စိတ်ကထင်သည်နှင့်...... ဘုရားသေချာရှိခိုးပြီး ထုးဇင် ပြန်အိပ်လိုက်တော့သည်။

အကယ်၍ ထိုသရဲလိုလို ၀ိညာဉ်လိုလို မိန်းကလေးသည် အပြင်တကယ်ရှိမည်ဆိုလျှင်.......။

"ဟေ့ကောင်.....ထူးဇင်"
"ဟဲ့...သောက်ပလုတ်"
ကန်တင်းမှာ......ဗိုက်ဆာဆာနှင့် စားနေရင်း လန့်ဖျန့်သွားမိသည်။
"အာ...ဝေဖြိုး မင်းကွာအသံမပေး ဘာမပေးနဲ့ ငါဖြင့်လန့်လိုက်တာကွာ"
"ဟဲ..ဟဲ ချစ်သူငယ်ချင်းကြီး ငါမင်းကို အကူအညီတစ်ခုတောင်းချင်လို့ပါကွာ..."
သည်ကောင်...ဒီလိုစကားပြောပြီဆို ထူးဇင်လန့်မိသည်........။
"ကဲ..ပြော...ဘာကိစ်.."
"သည်လိုကွာ....ငါသည်နေ့ အိမ်ပြန်မအိပ်ချင်ဘူး....နောက်ပြီးကောင်းချင်လို့ကွာ.."
"ဘာ...မင်းကလည်း သေသေချာချာပြောကွာ ဘာတွေမှန်းမသိဘူး ကောင်းတာတွေရော"
"သည်လိုကွာ...ငါရယ်...နောက်ဘော်ဒါတစ်ပွေရယ်...မင်းအိမ်မှာ သည်နေ့ ဘီယာသောက်ရင်း...ပျော်ဖို့ပါဖို့ပေါ့ကွာ"
"မင်းကတော့ လုပ်ပြီ...အေးကွာ...ငါတစ်ယောက်တည်းနေတော့လည်းရပါတယ်... အရမ်း..သောင်းကျန်းတာတော့ မဖြစ်စေနဲ့ ဒါပဲ..."
ဝေဖြိုးမျက်နှာကြီး...... ကောင်မလေးဆီက အဖြေပြန်ရရင်တော် သည်လောက်ပျော်မည်မဟုတ်ပါ။

*********************

"အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ....ပြန်လာမယ်ဆိုတာ မသိတော့သူ..."
ဝေဖြိုးတစ်ကောင်တော့ သူပြောနေသလိုပင် ကောင်းနေမှန်း ထူးဇင်သိလိုက်သည်။ သူနဲ့အတူပါလာသည့် ကိုထက်ဆိုသူ ဘော်ဒါတစ်ပွေကလည်း အေးအေးဆေးဆေးမို့တော်သေးသည်။
"ကိုဖြိုး များနေရင်...ကျွန်တော့်ကိုပြောနော်.... အိပ်ချင်ရင် လိုက်ပို့ပေးမယ်"
ပြောပြောဆိုဆိုနှင့် ကိုထက်သည် ဝေဖြိုးကို တွဲရ်ျအိပ်ယာခင်းထားသော ဖျာပေါ်သို့လိုက်ပို့ပေးလေသည်။ ဝေဖြိုးတို့နှစ်ယောက်အိပ်ယာနှင့် ထူးဇင်အိပ်သောနေရာသည် အိမ်ရှေ့ခန်း၏ တစ်ဖက်တချက်တွင်ရှိလေသည်....။
"အေ့......" ဝေဖြိုးဆီမှ.... လေတက်သံကိုကြားနေရလေသည်။
သည်လိုနှင့်...............
ဝေဖြိုးဆီမှ စကားပြောသံတစ်ခုကြားလိုက်ရသည်။
"ဟေ့ကောင်...ထူးဇင်...မင်းအိမ်မှာတစ်ယောက်တည်းနေပြီး ဘယ်သူတွေကို ခေါ်အိပ်နေလည်း..."
သောက်လက်စ ရေပင်နင်သွားသည်....
"ဘယ်လို......ငါက ဘယ်သူ့ကို ခေါ်အိပ်ရမှာတုန်း......."
ဝေဖြိုးသည် ရီဝေေ၀ ပြှုံးဖြဲဖြဲနှင့်......
"မင်းမညာနဲ့နော်....ငါ့မှာ သက်သေရှိတယ်.......ဒီမှာကြည့်..."
ဝေဖြိုးပြလိုက်သောအရာသည်..... မမူးတမူးဖြစ်နေသည့် ထူးဇင်၏မျက်လုံးကို ပြူးကျယ်သွားစေသည်။
ဝေဖြိုးလက်ထဲတွင် ကိုင်ထားသောအရာလေးသည်....မိန်းကလေးများ ညှပ်တတ်သော ဆံညှပ်လေးတစ်ခုဖြင့်သည်။
"အာ.....မဟုတ်ပါဘူး...ဘယ်ကရောက်တာပါလိမ့်"
ဝေဖြိုးက ပြုံးဖြဲဖြဲဖြင့်......
"ငါသိပါတယ်ကွာ.........ဟင်းဟင်း.."
ဝေဖြိုး မူးမူးဖြင့်.....အိပ်ပျော်သွားလေသည်။ ထူးဇင်နှင့် ကိုထက်လည်း..စကားနည်းနည်းပြောပြီးသည်နှင့်..အိပ်ရန်ပြင်ဆင်လိုက်သည်။
အိပ်ရာဝင်ခါနီးမှ အပေါ့သွားချင်သလိုလို ဖြစ်သည်နှင့် ထူးဇင် အိမ်သာသို့သွားရန်ပြင်ဆင်လိုက်လေသည်။
မူးမူးနှင့် အိမ်သာသို့ ဘယ်လိုရောက်မှန်းမသိရောက်သွားပြီး.....ပြန်ထွက်လာသောအခါတွင်............ ထူးဇင်၏ ခြေလှမ်းကို တုံ့ခနဲ ဖြစ်သွားစေသည်........ နောက်တစ်ယောက်ယောက် ပုဆိုးကိုဆွဲထားသလိုခံစားလိုက်ရသည်... အမူးပါပြေသွားသလိုခံစားရသည်...ဘယ်ကနေ ဘယ်လိုချွေးသီးချွေးပေါက်များ ကျလာသည်မသိ....... ထူးဇင်နောက်ကိုတဖြည်းဖြည်းလှည့်ကြည့်မိသည်။
ဘယ်သူမှမရှိ...ထူးဇင်မျက်လုံး အောက်သို့တဖြည်းဖြည်းရောက်ရှိသွားသည်... ထူးဇင် ပါးစပ်မှ "S***!!!" ဆိုသည့်စကားလုံးထွက်သွားသည်.....သူ၏ ပုဆိုးနှင့်....အိမ်သာမှ သံငုတ်တစ်ခုနှင့် ငြိနေသောကြောင့်ပင်။

*******************

"ဟဟားဟား......မင်းကတော့ဖြစ်ရမယ်..." ညကအဖြစ်အပျက်ကိုပြောပြသောအခါ ဝေဖြိုးခများ အားရပါးရ ရယ်လေတော့သည်။

"ငါလည်း တော်တော်လန့်သွားတာကွ......"
ထိုအခါမှ နှုတ်ဆိတ်နေသော ကိုထက်က စပြောလေသည်။
"ကျွန်တော့်ရဲ့ အသိတစ်ယောက် နှစ်ယောက်ပြောဖူးတယ်... သရဲခြောက်ခံရတော့မယ်... ခြောက်ခံရပြီဆိုရင်.. ပတ်ဝန်းကျင်တစ်ခုလုံး ကိုယ်တစ်ယောက်တည်း ရှိသလိုခံစားသွားရပီး......ကြက်သီးတွေထလာတယ်လို့ပြောဖူးတယ် တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မခံဏားဖူးဘူး"

"ထူးဇင်ရာ...မင်းလည်း စိတ်ခြောက်ချားမနေပါနဲ့.... မင်းနေတဲ့အိမ်လေးက နေလို့ကောင်းပါတယ်... ခြောက်မယ်ဆို မနေ့ကတည်းက ငါတို့ကိုခြောက်နေပြီ.."

"ဒါဆို.... ဒီဆံညှပ်လေးက ဘယ်လိုလုပ်ရောက်လာသလဲ..."

"အဲဒါတော့...မင်းအပိုင်းလေ...ငါတို့တော့ပြန်တော့မယ် တတာကွာ....ကျောင်းမှာတွေ့မယ်..."

ထူးဇင် ဆံညှပ်ကလေးအား ကြည့်ရင်း........ တွေးပြီး ကျန်နေခဲ့တော့သည်..။

******************

ထူးဇင် ကျောင်းတက်ပြီး ပင်ပန်းသည်နှင့် ဝေဖြိုးတို့အပြင်သွားဖို့ခေါ်တာတောင် မလိုပဲအိမ်သို့ပဲ တန်းပြန်လာခဲ့လေသည်။ အိမ်ရောက်သည်နှင့် လန်းသွားအောင်ရေချိုးပြီး...... အိပ်ယာပေါ်တွင်လှဲရ်ျ စာအုပ်တစ်အုပ် ဖတ်နေလိုက်လေသည်။ ထူးထူးခြားခြား ၀တ္တုတိုလေးတစ်ပုဒ်ကို သွားရ်ျတွေ့လိုက်သည်။
"သင့်ဘေးမှာ သူရှိနေတယ်....."
သရဲဝတ္တုတိုလေးတစ်ပုဒ်ဖြစ်သည်...... ခပ်ဆိုးဆိုးသရဲထဲကတော့ မဟုတ်ပေ။ ကြောက်လန့်အောင် မဆွဲဆောင်နိုင်ပေမယ့် ဖတ်လို့တော့ကောင်းသည်။ စာအုပ်ဖတ်ရင်း ထူးဇင် အိပ်ပျော်သွားမိသည်။
"နင့်နားမှာ ငါရှိတယ်....နင့်နားမှာ ငါရှိတယ်.....ခစ်ခစ်..."
"၀ုန်း.........."
နားထဲကြားလာသော အသံတစ်ခုကြောင့် ထူးဇင်ငုတ်တုတ်ထထိုင်မိလျက်သားဖြစ်သွားသည်။ ဘေးဘီ ၀ဲကြည့်မိလိုက်သည်။ ဘယ်သူမှမရှိ..စောနက အသံတသံ သူကောင်းကောင်းကြားလိုက်ရသည်။...

ထိုစဉ်......အိမ်၏ထုပ်တန်းပေါ်မှ တစ်ခုခုကျလာသည်ကို ထူးဇင်တွေ့လိုက်မိသည်....... ဆေးပျယ်စပြုနေသော ဓာတ်ပုံလေးတစ်ပုံ.......မျက်နှာခြမ်းက ပျက်နေပေမယ့်.... မိန်းကလေးတစ်ယောက်၏ ပုံတစ်ပုံမှန်း သူသိလိုက်သည်။ ပုံထဲတွင် ဆံပင်မတိုမရှည်မိန်းကလေးတစ်ယောက်..သူမ၏ဘေးတွင်... ကလေးငယ်လိုလို.... တစ်ယောက်အားလက်ဆွဲထားသည်ကိုတွေ့ရသည်.......။
ထိုစဉ်..........

"ချွမ်..."
နောက်ထပ် တစ်ခုခုကျလာသည်ကိုထူးဇင်တွေ့လိုက်မိသည်...........။

မိန်းကလေး ဆံညှပ်လေးတစ်ခု........တနေ့ညက တစ်ခုတွေ့သည်.....ယခုတစ်ခု.....ဒါဆိုတစ်စုံပြည့်ပြီပေါ့။
ထူးဇင်အတွေးများဖြင့် ရှုပ်ယှက်ခက်နေသည်...အိမ်ရဲ့ထုတ်တန်းပေါ်...ဒီဆံညှပ်တစ်စုံနဲ့ ဓာတ်ပုံတစ်ပုံက မည်သို့ ရောက်နေသလဲ။ အတွေးများစွာဖြင့် ချာချာလည်နေသည်။

ထိုစဉ်.............။
"၀ုန်း......"

အိမ်အ၀င်တံခါးက ရုတ်တရက်ပွင့်လာသည်.......။

"ထူးဇင်........မင်းဘာလုပ်နေတာလဲ....."

"ဝေဖြိုး...မင်းကွာ အသံမပေး ဘာမပေးနဲ့......"

"ငါခေါ်နေတာ 199 ခေါက်လောက်ရှိပြီ မင်းဖာသာမင်း မကြားတာ"

"ဟင်း.....ငါအတွေးလွန်နေလို့ကွာ..... မင်းဒီည ငါ့အိမ်မှာအိပ်ပေး...."

"ဘာဖြစ်တာလဲကွ....မင်းကလည်း....."

"ဒီလိုကွာ ငါပြောပြမယ်....."
................... .
.......... ......................"

ဝေဖြိုးခမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။

"မင်း ပြသနာက ခပ်ဆန်းဆန်းနော်........ ဒါတိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ဘူးနော်...ထူးဇင်"

"ငါလည်း စဉ်းစားနေတာကွ......... သည်အိမ်မှာ ငါ့အပြင်တစ်ယောက်ယောက်ရှိနေပြီ........"

ထူးဇင်ပြောလိုက်မှ......ဝေဖြိုး ဟိုကြည့်သည်ကြည့်လိုက်ကြည့်နေသည်....သူ့မျက်လုံးတွင် ကြောင်လန့်သော အရိပ်အယောင်တော့ ထူးဇင်မမြင်ပေ........။

"ငါလည်း သိချင်တာနဲ့အတော်ပဲ......ငါ့အိမ်ကို ဖုန်းဆက်ပြီး.......မင်းအိမ်မှာ တစ်ပတ်လောက်နေဦးမယ်ကွာ.."

****************************

ညဘက်နှစ်ယောက် အိပ်ရာပေါ်လှဲနေရင်း.......သူငယ်ချင်းနှစ်ယောက်စကားများပြောနေကြသည်။

"ဝေဖြိုး......မင်းတစ်ခုခု မခံစားမိဘူးလား........"

"ဟေ ဘာလဲကွ...."

"ငါတို့ကို.....တစ်ယောက်ယောက်ကြည့်နေသလိုမျိုး ခံစားမှုလေ.."

"ဟင်........မင်းလည်း အဲလိုဖြစ်နေလား....."

"ဟုတ်တယ်.....ငါအဲလို ခံစားမိနေတယ်....."

"အေး....ငါလည်းပြောမလို့ပဲ.......ကဲ.... ငါတို့ကို ဘယ်သူကြည့်နေလဲ..... သောက်ရူးလာမလုပ်နဲ့ သတ္တိရှိရင် ထွက်ခဲ့..."

ဝေဖြိုးအသံခပ်ကျယ်ကျယ်ဖြင့်အော်လိုက်လေသည်...........။ ဘာသံမှမကြားရပါ......ထူးဇင်တောင် လန့်သွားမိသည်......။

"ထူးဇင်.....ဘာတွေလဲကွ....သည်မှာ..."

"ဟမ်...ဘာကိုပြောတာလဲ......."

ထူးဇင်...ဝေဖြိုးပြောတဲ့နေရာ ညွှန်ပြလိုက်တော့အခါတွင်....ဝေဖြိုး၏ ခြေရင်းတွင်...ရေများရွှဲ၍နေသည်....။

"နေပါဦး...ဒါ ဘယ်ကလာတဲ့ရေတွေလဲ...."
ဝေဖြိုး အသံတွင် နည်းနည်းတော့ မတည်ငြိမ်မှန်း ထူးဇင်သိလာသည်။

"မျက်နှာကျက်က ထင်ပါတယ်...."

"မျက်နှာကျက် မိုးလည်း မရွာဘဲ ဘယ်လိုယိုတာတုန်းဟ......"

"ငါလည်း မသိဘူး မနက်ကျမှ အပေါ်တက်ကြည့်ဦးမယ်....."

"ငါတော်တော်တင်းလာပြီ....."
ဝေဖြိုးပြောပြောဆိုဆို ဟိုကြည့်သည်ကြည့်ထပ်ကြည့်နေသည်..။

"ကဲ...အိပ်ပါတော့ကွာ... မနက်ကျမှ ထပ်ကြည့်ကြတာပေါ့...."
နှစ်ယောက်သား မျက်နှာချင်းဆိုင်ကြည့်ပြီး သဘောတူကာ အိပ်လိုက်ကြတော့သည်။ ထူးဇင် သန်းခေါင်ကျော်လောက် ပြန်နိုးလာသည်.... ကြမ်းပိုးလား ခြင်လားမသိ ဟိုယား သည်ယားနှင့်..အိပ်လို့မရဖြစ်သည်နှင့် ခြင်ထောင်ထဲတွင် ငုတ်တုတ်ထိုင်လိုက်သည်။

"ဟင်........."
နှုတ်မှထွက်သွားမိသည်..။ တွေ့လိုက်သည်..တွေ့လိုက်သည်...တစ်ခုခုပဲ မှောင်မှောင်မည်းမည်းနှင့်
 သေချာမသဲကွဲပေ...။

"ဘယ်သူလဲ........."
အသံထွက်၍ ထူးဇင်မေးလိုက်သည်.........။

"၀ှစ်..........၀ီးးးးးးးးးး"
မသိမသာ လေတိုးသံလိုပဲ ကြားလိုက်ရသည်.........။
"ဘယ်သူလဲလို့ မေးနေတယ်....."

"ထူးဇင် ဘာဖြစ်တာလဲ..."
သူ့အသံကြောင့် ဝေဖြိုးပါနိုးလာသည်....။

"ငါတစ်ခုခု မြင်လိုက်တယ်...ကြားလိုက် ကြားလိုက်တယ်......"

"လာကွာ......အချိန်မဆွဲနဲ့ ထကြည့်ကြရအောင်...... ဒီသရဲ အသေသတ်ပစ်မယ်......."
နှစ်ယောက်သား ပြိုင်တူ ခြင်ထောင်ထဲမှ ထွက်လိုက်သည်.....။ အိမ်တံခါးမကို ဖွင့်လိုက်သည်....... ခြံအပြင်ဘက်ကို ဝေ့ကြည့်လိုက်သည်...... ခြံတံခါးဝ လှုပ်ခတ်သွားသည်မှ အပငြိမ်သက်ဆဲပင်......။

"ထူးဇင် ဖိနပ်ချွန်ပေါ်မှာ ဘာလဲမသိဘူး......"
ဖိနပ်ချွတ်ပေါ်တွင်....အရာတစ်ခုကို ထူးဇင် ကြည့်လိုက်မိသည်.......။ စာရွက်တစ်ရွက် ဟောင်းနွမ်းနေသဖြင့်... အ၀ါရောင်ပင်သန်းနေသည်... စာရွက်ပေါ်တွင်....ပုံတစ်ပုံနှင့် စာသားတစ်ချို့...။
*******************

ထူးဇင် နှင့် ဝေဖြိုး .... တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ နှစ်ယောက်စလုံး နားမလည်နိုင်သော မျက်လုံးများဖြင့်.......။ အိမ်တံခါးမကိုပိတ်ရ်ျ နှစ်ယောက်သား ပြန်အလှည့်တွင်....

"ချွမ်း...ကလောက်...ကလောက်.."

ထူးဇင်....နောက်သို့ဆုတ်ရပ်မိသား ဖြစ်သွားသည်....။ မှောင်မှောင်မည်းမည်းထဲတွင်... တွေ့လိုက်ရသော အရာတစ်ခုသည်..... ကလေးငယ်ငယ်လေးများ ကစားသော ချွင်ချွင်နှင့်မြည်သော... လက်ကိုင် ဘောလုံးလေးနှင့် ချလူလေး တစ်ခုဖြစ်သည်...။

"ဒါ ဘယ်ကကျလာတာလဲ... ထူးဇင် မင်းအိမ်က သွေးရိုးသားရိုး မဟုတ်ဘူးနော်... တစ်ခုခုစုံစမ်းဦးကွာ..."

"အေးကွာ...ငါလည်းအိမ်လေးကိုကြိုက်လို့သာ ငှားလိုက်တာ... နောက်ကြောင်းကို မစုံစမ်းမိဘူး.. ကဲကွာ အချိန်လည်း မနည်းတော့ဘူး အိပ်ကြရအောင်..."

************************

"ထူးဇင် ဘာကြားသေးလဲ ဟေ့ကောင်...."

"ဘာမှတော့ မကြားရတော့ဘူးကွာ.... နောက်ဘာတွေ့ဖြစ်ဦးမလဲတော့မသိဘူး...ငါတော့တော်တော်ညစ်နေပြီ"

အမှန်ပြောရရင် ထူးဇင်ကိုယ်တိုင်လည်း အနည်းငယ် ကြောက်လန့်လို့နေလာမိသည်။ နောက်ဘာတွေဆက်ဖြစ်ဦးမလဲ.......

တက္ကသိုလ်ကျောင်းကြီးကတော့ လှပဆဲဖြစ်သည်။

"ဟေး..........ထူးဇင် ၊ ဝေဖြိုး...."

အတွေးကိုယ်စီနှင့် နှစ်ယောက်သား... လန့်သွားမိသည်။

"ထူးဇင် နင့်ကိုအကူအညီတောင်းမလို့ဟ..."

မီမီ က စရ်ျပြောလိုက်သည်.....ထူးဇင်မျက်ခုံးပင့်သွားမိသည်။ ထူးဇင်နှင့် ဝေဖြိုးရှေ့တွင် မီမီ ၊ ကြည်ပြာ ၊ အောင်ခန့် ၊ အာကာ ၊ သဇင် တို့ ငါးယောက်သား မျက်နှာငယ်လေးများနှင့်....။

"ကဲ...ပြော..ဘာအကူအညီလဲ...."

လျှာသွက် အာသွက်ဖြင့် မီမီမှစရုျပြောလေသည်...။

"သည်လိုဟာ... အောင်ခန့်နဲ့ ကြည်ပြာက မွေးနေ့တူတူပဲလေ နင်လည်း သိသားနဲ့... နက်ဖန်သူတို့မွေးနေ့လေ နင်တို့ နှစ်ယောက်မေ့နေတယ်မဟုတ်လား.... ငါတို့သူငယ်ချင်း (7) ယောက်... ပါတီအသေးစားလေးပေါ့ဟာ...လုပ်ချင်လို့"

"အဲဒါနဲ့...ငါက ဘာကူညီရမှာလဲ...."

ထိုစဉ်...အာကာမှ

"ဒီလိုကွာ... မင်းတစ်ယောက်တည်းအိမ်ငှားနေတော့... မင်းအိမ်လေးမှာ ငါတို့ညဘက် မွေးနေ့ပွဲလေးလုပ်ရမလားလို့...."

"ဟေ....."

"ဘာ......."

ထူးဇင် နှင့် ဝေဖြိုး နှစ်ယောက်သားပြိုင်တူထွက်သွားလေသည်။

"နင်တို့ကလည်း သရဲသဘက် တွေ့တာကျနေတာပဲ ဒါလေးကို...."

"ဟေ...အော်.. ရပါတယ်ဟာ... နင်တို့မွေးနေ့ပဲ ငါကူညီရမှာပေါ့......"

"ဟေးးးးးး အိုကေ... ဒါဆို နက်ဖန် ညနေ (3) နာရီ....ငါတို့တွေ ဈေးဝယ်ထွက်ပြီးရင် နင့်အိမ်လာခဲ့မယ်.. လိပ်စာပေးလိုက်........."

******************************

ဘာတွေဆက်ဖြစ်ဦးမလဲမသိ... ထူးဇင်စိတ်ထဲလေးနေမိသည်။ ဝေဖြိုးဘက်လှည့်ကြည့်မိတော့လည်း သူလည်း ထူးဇင်လို တွေးနေသည်မှာမလွဲပင်။ သူတို့မဟုတ်သော တစ်စုံတစ်ယောက်ကတော့ ရှိနေသည်မှာအသေအချာပင်... ဒါပေမယ့် ... လူကို အန္တရာယ်မပေးသေးတာကိုပင် ကျေးဇူးတင်ရဦးမည်...။

"တွေ့ပြီဟေ့....ဒီမှာ ဒီမှာ ထူးဇင်တို့အိမ်..."

အသံခပ်ကျယ်ကျယ်နှင့် မီမီအော်သည်ကို ထူးဇင်ကြားလိုက်ရ်ျ အားလုံးကို ထွက်ကြိုလိုက်သည်။

"ဘီယာဆိုတာ အရက်တော့မဟုတ်ပါ...တငွေ့ငွေ့လေးပေါ်လာ...."

အောင်ခန့်၏ အသံဖြစ်သည်.. ဘီယာကဒ်လိုက် ဆွဲလာရင်း ခြံထဲသို့ဝင်လာလေသည်။

သောက်ကြစားကြရင်း... မွေးနေ့ပွဲလေးကတော့ စည်စည်ကားကား....ပင်။ မီမီတေစ်ယောက် ကင်မရာတစ်လုံးဖြင့် အလုပ်ရှုပ်နေလေသည်။

"ကင်မရာကို ကြည့်ကြ... ဓာတ်ပုံရိုက်မယ်........"

"ပြန်ပြဦးဟာ... ငါ့ပုံလှမှ လှပါ့မလားမသိဘူး..." ကြည်ပြာတစ်ယောက် ကင်မရာကို...ကြည့်နေလေသည်။

"ဟင်... ဒါဘယ်သူ့ပုံလဲဟ.... ထူးဇင်ဘေးမှာ တစ်ယောက်ယောက်ပဲ..."

"ငါ့ဘေးမှာ...တစ်ယောက်မှ မရှိပါဘူး...."

"ဟင်ဒါဆို...ဘယ်သူလဲ...မှုန်ဝါးဝါးလေးပေါ်နေတယ်..." မီမီက အသံစူးစူးဖြင့် ပြောနေသည်...။

"ပြစမ်း...." ကင်မရာကိုထူးဇင် လှမ်းယူလိုက်သည်။ ထူးဇင်ဘေးတွင် ဝေဖြိုးလည်း ရှိနေလေသည်။

ထူးဇင်နှင့်ဝေဖြိုးကြားတွင်..မထင်မရှား အရိပ်တစ်ခု... သေချာသည်က... ဆံပင်အရှည်နှင့် မိန်းကလေးတစ်ယောက် ဖြစ်ပုံရသည်.........။ ထူးဇင်နှင့်ဝေဖြိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
ဝေဖြိုးက စတင်ပြောလိုက်သည်.......။

"နင်တို့တွေအကုန်လုံး ဒီည အိပ်လို့ရတယ်နော်... ဒီမှာ... ငါအကြောင်းစုံပြောပြမယ် ဒီကိစ္စက ငါတို့အားလုံး ဖြေရှင်းမှပြီးမယ်ထင်တယ်...."

ဒီလိုဟ.........................
အားလုံး၏ မျက်လုံးထဲတွင် အရောင်တစ်မျိုးစီ လက်သွားကြသည်။ သေချာသည်က... ထိုအရောင်ထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များပါသည်မှာ မလွဲပင်ဖြစ်သည်ဟု ထူးဇင်သိနေလေသည်။

"ဟဲ့...ဟဲ့ ဟိုမှာ ဟိုမှာ ငါမြင်လိုက်တယ်....." မီမီအသံစူးစူးက သူလက်ညှိုးထိုးသည့်ဘက်ကို အားလုံး၏အကြည့်များရောက်သွားကြသည်...။

သူတို့အားလုံးမြင်လိုက်ရသော မြင်ကွင်းတစ်ခုကတော့..........။

အဖြစ်အပျက်က မြန်ဆန်လွန်းလှရ်ျ မျက်စိလျင်သောသူသာ တွေ့လိုက်သည့်အဖြစ်ပင် သူတို့ဝိုင်းထိုင်နေသော... အိမ်၏ ခြေရင်းဘက်မှ အရိပ်တစ်ခု ဖြတ်သန်းသွားခြင်းဖြစ်သည်။.......

"ဟဲ့....ထူးဇင် ဘာတွေလဲဟာ... ငါကြောက်တယ်နော်.... အိမ်ပြန်မယ်ဟာ.."

ကြည်ပြာမှ စပြောလေသည်....။

အောင်ခန့်ကတားသည်။

"နင်ကလည်း...အချိန်ကိုလည်းကြည့်ဦး... ည(9)နာရီကျော်နေပြီ...သည်နေရာက နည်းနည်းအသွားအလာကျဲတယ်လေ... နင်တစ်ယောက်တည်း ဘယ်လိုဖြစ်မလဲ...."

အာကာ လည်း တားလေသည်။

"ငါတို့လည်း ရှိတာပဲဟာ..... မကြောက်ပါနဲ့... ဘာမှမလုပ်နိုင်ဘူး နင်အတွေ့အကြုံတောင်ရတယ်.."
အားလုံးသည်....မကြောက်တကြောက်သာဖြစ်နေကြသည်....ဘီယာလေးကလည်း နည်းနည်းပါးပါး အစွမ်းပြနေဆိုတော့... ...။

"ကဲ..... ငါတို့ကို တစ်ခုခုမလုပ်သ၍ တော့... ဘာမှမဖြစ်ဘူး.... နင်တို့မကြောက်ကြပါနဲ့.. ငါတို့ယောက်ျားလေး လေးယောက်တောင်ရှိတာပဲ..."

ဝေဖြိုးက ထပ်ဝင်ပြောပြန်သည်။

အားလုံးက အနည်းငယ်အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်... သည်ပြသနာ ဘယ်ကစဆိုသည်ကို ဖော်ထုတ်ရတော့မည်ဟု ထူးဇင် စဉ်းစားမိနေတော့သည်....။

*****************************

"ငါရေသွားချိုးဦးမယ်ကွာ......."

"အာကာ...ရေချိုးခန်းက အောက်ထပ်မှာပဲရှိတယ်....."

တိတ်ဆိတ်နေသဖြင့်... အောက်ထပ်တွင် အာကာရေချိုးနေသောအသံက ကြားနေရလေသည်။.......ထိုစဉ်.. ရေသံသည် တခဏရပ်တန့်သွားလေသည်....။

"ဟေ့ကောင်တွေ.....လာဦး......လာပါဦး......ငါကြောက်လာပြီ......ဟေ့ကောင်တွေ..."

အပေါ်ထပ်ကနေ...အာကာ၏အသံအား...သူတို့အားလုံးကြားလိုက်ရသည်....။

"ဝေဖြိုး... အာကာဘာဖြစ်နေပြီလဲမသိဘူး... လာကွာ..."

"၀ုန်း...၀ုန်း..."

သူတို့အားလုံးအောက်ထပ်သို့ပြေးဆင်းကြသည်.......။

ရေချိုးခန်းရောက်သောအခါ အာကာတစ်ယောက် ရေကန်ပေါ်က ရေပိုက်ခေါင်းကိုသာကြည့်နေသည်။ ထူးဇင်မြင်လိုက်ရသည်မှာ...ရေပိုက်ခေါင်းသည်ပြုတ်နေရ်ျ ရေပိုက်အ၀တွင်...ဆံချည်မျှင်ကဲသို့ အရာတစ်ခု.... ထွက်နေသည်ကိုတွေ့လိုက်ရသည်...။

မိန်းကလေးများ၏ အသံကျွတ်ကျွတ်ညံသွားသည်...။

"ဟဲ့...ဘာကြီးလဲ..လုပ်ပါဦး....ငါတို့ကြောက်လာပြီနော်..."

"ရေမထွက်တော့လို့ ငါလည်း ပိုက်ခေါင်းကိုဖြုတ်လိုက်တာ... အဲဒါကိုတွေ့တာပဲ... ကြည့်ပါဦးကွာ ငါမကိုင်ရဲဘူး.."

ထိုစဉ်လက်ရဲ ဇက်ရဲရှိသော ဝေဖြိုးက ထိုဆံချည်မျှင်လား ဆွဲထုတ်လိုက်လေသည်။.... ဆံချည်မျှင်နှင့်အတူပါလာသည်က..... အရုပ်မခေါင်းပြတ်လေးပင်ဖြစ်တော့သည်။

"ဒါက ဘယ်လိုရောက်နေတာလဲ....."

"တောက် လန့်သွားတာပဲကွာ.... ဘယ်သူက ဘယ်လို... ရေကန်ထဲ အရုပ်မ လာပစ်ထည့်ထားလဲမသိဘူး..."

အားလုံးပြောပြောဆိုဆိုဖြင့် အပေါ်ထပ်သို့ ပြန်တက်သွားကြလေသည်။ နောက်ထပ်ဘာတွေထပ်လာဦးမည်လဲ....နောက်တစ်နေ့
မိုးလင်းရင်တော့.. သည်အကြောင်းတွေ ကျောင်းမသွားပဲ ထူးဇင် စုံစမ်းဦးမည်ဟု...ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သိုပေမယ့်...မိုးမလင်းခင် နောက်ထပ်ပြသနာများ ဖြစ်လာဦးမည်ဆိုတာကို ထူးဇင်တစ်ယောက် သိခဲ့ပါမူ....။

**********************************

ထူးဇင်၏ သူငယ်ချင်းနှစ်ယောက်မွေးနေ့ပွဲသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ဖြစ်နေခဲ့သည်။ ထိုစဉ်ကြည်ပြာတစ်ယောက် ပျောက်သွားသည်ကို ဘယ်သူမှသတိမထားမိလိုက်ချေ.....။
သောက်သူကသောက်...စားသူကစား.... ထိုအချိန်တွင်........

"အား.........ထူးဇင်ရေ........အာကာ...အောင်ခန့်.....ဝေဖြိုး.....အမလေး....လုပ်ကြပါဦး...."

အားလုံးမျက်လုံးပြူး မျက်ဆံပြူးဖြင့်.............ဝေဖြိုးမှ...

"ဟင်...ဒါ...ကြည်ပြာ့အသံ.....သူဘယ်ရောက်သွားတာတုန်း....."

အားလုံးဝုန်းဒိုင်းဖြင့်....အောက်ထပ်ဆင်းပြေးကြသည်...။ အောက်ထပ်တွင်မတွေ့၍....
 ခြံထဲဆင်းကြည့်သောအခါ..
 ခြံထောင့်ရှိ ယုဇနပင်အောက်တွင် ရပ်၍ငိုနေသော..ကြည်ပြာကိုတွေ့လိုက်သည်...။

"ကြာပြာ....ဘယ်လိုဖြစ်တာလဲ....."
သဇင်က စမေးလိုက်သည်....။

"သည်နားမှာ ငါမပြောချင်သေးဘူး...အီး.ဟီး...ဟီး...ငါကြောက်တယ်...ငါ့ကိုအပေါ်ခေါ်သွားကြပေးပါ.."

ကြည်ပြာအား အားလုံးဝိုင်းကူ၍... ခေါ်လာပြီ အိမ်ပေါ်ထပ်သို့အရောက်တွင်....ကြည်ပြာသည် ထိုင်ချပြီးငိုလေတော့သည်.....။

"သရဲမ..သရဲမ... ငါ့ကိုလာပြောတယ်.....အီး...ဟီး... ငါကြောက်တယ်..."

"ကြည်ပြာ...သဇင့်ကို ပြောပြပါ...ဘယ်လိုဖြစ်တာလဲ.....

"ခုနက ငါထိုင်နေတုန်း ယုဇနပန်းအနံ့ရလို့ ငါလည်း ပန်းကြိုက်တာနဲ့..... ပန်းခူးမလို့ အောက်ဆင်းသွားတာ.... နင်တို့သိလား....... အပင်အောက်ရောက်ရောက်ချင်းလေ...ငါ့တကိုယ်လုံး...ကြက်သီးတွေထသွားတာ...နောက်ြပီးအားလုံး
တိတ်ဆိတ်သွားသလို ငါခံစားလိုက်ရတယ်...... ငါနားကိုတိုးတိုးလေးတစ်ယောက်ယောက်လာပြောသလိုပဲ... မိန်းကလေးအသံဆိုတာ ငါကောင်းကောင်းသိတယ်........ငါ့အပင်ကို နင်ဘာလို့လာခူးတာလဲတဲ့.... ဘယ်လိုဖြစ်မှန်းမသိဘူး....ငါအားငယ်ပြီး ငိုချလိုက်တော့တာပဲ.....ငါကြောက်တယ် သဇင်....ငါကြောက်တယ်.."

ထူးဇင်တို့ ယောက်ျားလေးငါးယောက်.... သက်ပြင်းပြိုင်တူချမိသည်။

"ငါဒေါသထွက်လာပြီကွာ....ဒီမိန်းမ ဘာဖြစ်လို့...."
ဝေဖြိုး တော်တော်လေးသွေးဆူနေသည်.........။

************************************************

ထူးဇင်စဉ်းစားနေမိသည်........ ယခုအဖြစ်အပျက်များတွင် ထိုသရဲမသည် တိုက်ရိုက်တော့မလာပေ။ အားလုံးကလည်း တိုက်ဆိုင်မှုဟု ပြောလို့မရ..... သက်ပြင်းသာအကြိမ်ကြိမ်ချမိနေတော့သည်။

လူတို့သည် သဘာဝလွန်ဖြစ်ရပ်များနှင့်တွေ့လျှင်.... တစ်ခါတရံဆွံအသွားတတ်ကြသည်။ အချို့ကိစ္စရပ်များတွင်.... သက်သေပြရ်ျမရသောကြောင့်.... ကိုယ်တိုင်ကြုံတွေ့ဖူးမှသိရမည်ဆိုလျှင်.... ယခုထူးဇင်တို့ ကြုံတွေ့ရသောအဖြစ်အပျက်များသည်... ကြားဖူးနားဝလောက်သာရှိသော ပုံပြင်သာသာ..ရှိဦးမည်...။ နောက်ထပ်...ဘာတွေကြုံတွေ့မလဲဆိုတာကိုတော့... ဘယ်သူမှ ပြောနိုင်မည်မဟုတ်ပါ..................ထူးဇင်အမျိုးမျိုးစဉ်းစားလို့နေတော့သည်......။

"ဟင်းးးးးးးးးးးးးးးးးးးးး"
သက်ပြင်းအရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်မိပြန်တော့သည်........။

အုပ်စုလိုက်ထိုင်နေရင်းနဲ့ပင် ည (12) နာရီပင် ကျော်လာပြီဖြစ်သည်....။ အားလုံးသည် တိတ်ဆိတ်နေကြသည်....။

"ကဲ ငါတို့ အိပ်ကြရအောင်...." ထူးဇင်ကပင် စ၍ ပြောလိုက်သည်...။

"ဒီအပေါ်ထပ်မှာပဲ....ဟိုတစ်ဖက်မှာ မိန်းကလေးသုံးယောက်...တစ်ခြင်ထောင်အိပ်...ငါတို့ သည်တစ်ဖက်မှာ တစ်ခြင်ထောင်အိပ်မယ်......"

ထိုစဉ်.... သဇင်မှ...
"နေဦး.... ငါ့မှာ ပရိတ်ကြိုးပါတယ်ဟ... ငါမြဲတမ်းဆောင်ထားတယ်... ငါလည်ပင်းမှာလည်းဆွဲထားတာ နင်တို့ သတိမထားမိဘူးလား.... ငါတို့အိပ်တဲ့ ခြင်ထောင်ပတ်လည်ကို...ပရိတ်ကြိုးနဲ့ ကာထားလိုက်မယ်..."

အားလုံးကသဘောတူလိုက်ကြသည်.... သည်အချိန်တွင် ဘုရားမှတပါး ကိုးကွယ်ရာမရှိတော့ချေ....။
အခြေအနေသည်....ထူးဇင်တို့ထင်တာထက် ဆိုးလာမည်ကို........တစ်ယောက်ယောက်သိခဲ့ပါမူ......................................................................
....................................................

*********************

ည(2)နာရီခန့်တွင်...
ထူးဇင် ဖျတ်ခနဲ လန့်နိုးလာမိသည်။ အသံ...အသံ... သည်အသံ.... သရဲဇာတ်လမ်းထဲကလို လေတိုးသံမျိုး... ဒါပေမယ့် သိပ်တော့မတူသလို... ချောက်ချားဖို့ကောင်းနေသည်တော့အမှန်ပင်.....။ ထူးဇင်၏ မျက်လုံးသည်... အိမ်၏ခြေရင်းဘက်သို့ရောက်သွားသည်........။

"အင့်........"

ပါးစပ်က အသံထွက်ဖို့ကြိုးစားပေမယ့် မထွက်လာချေ အာစေးမိထားသလိုပင် ဖြစ်နေလေသည်။

"အင်း..အင်း..အင့်...."

အိမ်ခြေရင်းဘက်...မီးခိုးရောင်လိုလို အဖြူညစ်ပေပေအရောက်လိုလို အရာတစ်ခုက... ခြင်ထောင်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာနေလေသည်။...

"အစ်...အင့်..အင်း...."

လက်ကအားယူး၍ ရွေ့လျားသောလည်း မရ...။

"ရွှစ်....ဖျန်း............"

ထူးဇင် မျက်လုံးထဲတွင်... အရောင်တစ်ခုလက်သွားသလို ခံစားသွားရသည်...။ ပါးစပ်မှလည်း.....

"ဟင်းးးးးးးးးးးးးး အား........" ထွက်သွားလေသည်....။

ခြင်ထောင်ပတ်လည်ရှိ ပရိတ်ကြိုးလေးလှုပ်ရှားသွားသည်ကို ထူးဇင်မြင်လိုက်ရသည်။

"ထူးဇင်... ဘာဖြစ်တာလဲ.. ဟေ့ကောင်..."

အရင်ဆုံး ဝေဖြိုးမှ လန့်နိုးလာလေသည်။

"ငါတစ်ခုခု တွေ့လိုက်တယ်ကွ........"

သူတို့နှစ်ယောက်၏ စကားသံကြောင့် အားလုံးအိပ်ရာမှ နိုးလာကြလေသည်။

"ဘာဖြစ်တာလဲဟင်....ငါကြောက်တယ်...သဇင် ငါကြောက်တယ်..." ကြည့်ပြာသည် တစ်ခုခြောက်ခံရသူဖြစ်ရ်ျ... ကြောက်လန့်နေသည်...။ သဇင်...မှ

"ဘာရည်ရွယ်ချက်နဲ့လုပ်နေတာလည်းမသိဘူး....ဘာပဲဖြစ်ဖြစ် ငါတို့ကို အများကြီးထိခိုက်လို့မရပါဘူး သူငယ်ချင်းရယ် စိတ်မပူပါနဲ့..."
သဇင်သည် အေးအေးဆေးဆေးပင်ဖြစ်သည်။

"သူ့မှာ အကြောင်းတစ်ခုခုရှိကိုရှိရမယ်......" ထိုစဉ်....

"ရှပ်...ရှပ်.... ချွတ်....."

"ဘာအသံလဲ....အိမ်ဘေးက...တစ်ယောက်ယောက် သွားတဲ့အသံ...." ဝေဖြိုးထ၍....

"ဟာကွာ...ငါနဲ့တွေ့မယ်......"
ဝုန်းဒိုင်း ရုတ်တရက်....ဝေဖြိုးအောက်သို့ဆင်းသွားလေသည်....။
အိမ်မကြီးတံခါးကို ဆွဲဖွင့်ပြီး ခြံဝန်းထဲမှ... အိမ်ဘေးသို့ ဝေဖြိုး ပြေးသွားလေသည်။ ဝေဖြိုးတွေ့လိုက်ရသည်က...
မှုန်ဝါးဝါးနှင့် မီးခိုရောင်... ယောက်ျားလေးပုံစံအရိပ်တစ်ခု.....

"ဟာကွာ.... ... " ဝေဖြိုးထိုအရိပ်နောက်..... ပြေးလိုက်သွားသည်...အနားရောက်သောအခါ.......
ပျောက်ချင်းမလှပျောက်သွားလေသည်။

"တောက်...." ဝေဖြိုးတစ်ယောက် ဒေါသများစွာဖြင့်......... သူသရဲဆိုတာကို မကြောက်ပေ... ယုံလည်းမယုံပေ နဖူးတွေ့ ဒူးတွေ့ ကြုံလာရသည့်အခါတွင်..... သူလည်း အနည်းငယ်တော့ ကြောက်ရွံ့မိသည်။

******************************

ထူးဇင်တို့အားလုံး....အိမ်ပေါ်မှ ခြံဝန်းထဲသို့ရောက်ရှိနေကြည်သည်။

"ဝေဖြိုး ဘာတွေ့လိုက်လဲ...."

ဝေဖြိုးပြောပြလိုက်သောအခါ အားလုံးအံ့သြသင့်နေကြသည်။

"ထူးဇင် မင်းပြောတော့ မိန်းကလေးဆို.... ဘာလဲဟ.... ငါတွေ့တာ ငါ့အရွယ်...ယောက်ျားလေးတစ်ယောက်ပဲ.. မှုန်ဝါးဝါးပဲ... "

"ကဲ...ကဲ အားလုံးအပေါ်တက်ကြ .... ပရိတ်ကြိုးထဲမှာနေတာ... ပိုပြီးလုံခြုံမယ်..."
သဇင်ကစပြီး ဆော်သြလိုက်သည်...အားလုံး...အိမ်ပေါ်တက်သို့ တက်လာကြလေသည်။ တစ်ခုကောင်းသည်က... မီးမပျက်သောကြောင့်ဖြစ်သည်..... ထူးဇင်သည် မီးချောင်းကို အများကြီးထွန်းမထား...အပေါ်ထပ် မီးချောင်းနှစ်ချောင်း အောက်ထပ်မီးချောင်းနှစ်ချောင်း...သာထွန်းထားသည်..တအားကြီးမလင်းပေမယ့်.
.. ကောင်းကောင်းမြင်ရသည်...။

အားလုံး ပရိတ်ကြိုးဝန်းထဲရောက်သောအခါ အားလုံးတိတ်ဆိတ်နေကြသည်.....။ ထူးဇင်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်... အိမ်ကိုလာဖို့ လက်ခံမိလိုက်တာ... သူ့အမှားပင်။

"ဟဲ့...ဟိုမှာ ... ဟိုမှာ...အမေရေ...သမီးကြောက်တယ်..." မီမီ၏ အသံစူစူးသည်.. အားလုံးကို လန့်ဖျန့်သွားစေသည်... မီမီ ညွှန်ပြရာ အားလုံးကြည့်လိုက်သောအခါ...အိမ်ခြေရင်းမှ..၀ိုးတိုးဝါးတားအရိပ်တစ်ခုသည် သူတို့အားလုံးဆီသို့.. ဦးတည်၍... လာနေသည်ကို တွေ့ရသည်။
"သဇင်..ငါကြောက်တယ်...ငါကြောက်တယ် လုပ်ပါဦး.." ကြည်ပြာမှ သဇင့်ကို အကူအညီတောင်းလေသည်...။
သဇင်လည်း ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ထားပုံရသည်.....။ ထိုအရိပ်သည်... တဖြည်းဖြည်းနီးကပ်ရ်ျလာလေသည်...။
အားလုံးသည်....တုန်လှုပ်စွာကြည့်နေကြလေတော့သည်.....။

"၀ှစ်........." အသံအနည်းငယ်သာ မြည်သွားသည်....။ ထိုအရိပ်သည် ပရိတ်ကြိုးနားရောက်သောအခါ ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်။ အားလုံးပြိုင်တူ သက်ပြင်းချမိလေသည်....။
တစ်ယောက်နှင့်တစ်ယောက်..... တိတ်ဆိတ်စွာကြည့်နေကြသည်.....စိတ်ထဲတွင် အလိုလို နားလည်ကြသည်။ ထူးဇင်တို့အားလုံး ဘာလုပ်ရမည်နည်း............။

**************************************************

ထိုစဉ်........ ၀ရန်တာတွင်...ရှိနေသော အရာတစ်ခုသည် ထူးဇင်တို့အား ကြည့်နေမည်ကို အားလုံးသိခဲ့ပါမှု......။

"ကဲ....ခုချိန်မှာ ငါတို့စဉ်းစားဖို့အချိန်ရပြီ... ငါလည်း ပြောမယ့်သာပြောတာ ကြောက်နေမိတယ်.."
သဇင်က ပြောလေသည်....။

"ခုထိ အန္တရာယ် မပေးပုံထောက်ရင် သူတစ်ခုခုပြောချင်တာလား... ဒါပေမယ့်... ထူးဇင်ပြောတာနဲ့ ငါတို့တွေ့တာ မိန်းကလေးတစ်ယောက်လိုလို...ဝေဖြိုးပြောတော့.... ယောက်ျားလေးပုံစံ...ဘယ်လိုလဲဆိုတာ ငါမပြောတတ်တော့ဘူး... "
သဇင်က သုံးသပ်ပြောဆိုနေသည်...။

"ငါကြောက်တယ်....ငါကြောက်တယ်"
ကြည်ပြာတော့ မျက်ရည်တစမ်းစမ်းပင်ဖြစ်နေသည်။
ထိုအချိန်တွင်.............

"၀ုန်း......၀ုန်း....ဒုန်း......."

"ဘာသံလဲ.....ဟဲ့..ဘာသံလဲ...."
မီမီကထ၍အော်ပြောလေသည်.....။
အသံလာရာကို အားလုံးနားစွင့်နေကြလေသည်....။ အသံလာရာဘက်သည်.....အိမ်အောက်ဖက်ရှိ...နောက်ဖေးမီးဖိုခန်းမှဖြစ်သည်..... အားလုံးသွားရမည်လား.... ပရိတ်ကြိုးကို ကျော်သွားမည်လား.....တွေဝေနေကြသည်...။

"ဟာကွာ...ကြာတယ်....."
ဝေဖြိုးပရိတ်ကြိုးအားကျော်၍...အောက်ထပ်ဆင်းသွားလေသည်...။
"ဝေဖြိုး နေဦးလေကွာ...ဟေ့ကောင်..."
ထူးဇင်အော်ခေါ်လေသည်...နောက်မရသည့်အဆုံး အောင်ခန့်၊ ထူးဇင်...၊ အာကာ ပါ လိုက်သွားလိုက်လေသည်...။ စည်းဝိုင်းထဲတွင်... မိန်းကလေးသုံးယောက်ကျန်ခဲ့လေသည်။

"ဟေ့ကောင် မင်းဘယ်သူလဲ ထွက်ခဲ့ကွာ... ဒုက္ခပေးတာများနေပြီ"
ရှူးရှူးရှဲရှဲဖြင့်... ဝေဖြိုးအော်နေလေသည်..။ နောက်ဖေးခန်းထဲရောက်သွားသောအခါ.... ထူးဇင်နေသောအိမ်တွင် များများစားစားမရှိသော အိုးခွက်ပန်းကန်များသည်....ပြန့်ကျဲကာ...ကွဲသည့်အရာက ကွဲနေလေသည်....။
သည့်ထက် ထူးခြားတာ မတွေ့သဖြင့်.... အိမ်ပေါ်သို့ပြန်တက်မည်အပြုတွင်.......

"ဖလတ်...ဖလတ်...ရှပ်"
နောက်ဆုံးမှ လိုက်လာသော အာကာ၏ခြေထောက်ရပ်တန့်သွားလေတော့သည်....။ ထူးဇင်မြင်လိုက်ရသည်မှာ...အာကာအား တစ်ယောက်ယောက်ကတွန်းထုတ်လိုက်သကဲ့သို့
အာကာသည် အရှိန်ဖြင့် ထူးဇင်တို့သုံးပေါ်သို့ ကျလာလေသည်...။

"ဟေ့ကောင်တွေ...အပေါ်ထပ်ကိုပြေးပြေး.."
အာကာအသံကုန်ဟစ်ရှာသည်....။

*******************************

"ဟဲ့ အသံကြားတယ်... ဘာဖြစ်နေပြီလည်းမသိဘူး...သဇင်..."
ကြည်ပြာမှ ထိတ်လန့်သောအသံဖြစ်ပြောလေသည်...။

ထိုစဉ်........
"အင့်..အင့်..." ထိုအသံသည်... မီမီဆီမှ ထွက်သောအသံဖြစ်သည်..။ သဇင်သည် မီမီအားလှည့်ကြည့်သောအခါ မီမီသည် ပြူးကျယ်မျက်လုံးများနှင့် အသံပင်မထွက်နိုင်ရှာ....။ မီမီကြည့်ရာသို့ သဇင်နှင့် ကြည်ပြာ ကြည့်လိုက်သောအခါတွင်...... ကြည်ပြာသည်....နှုတ်ခမ်းအား...သွားဖြင့်ဖိကိုက်ထားလေသည်...။ တည်ငြိမ်သော သဇင်သည်..... အလွန်ပင်ထိတ်လန့်သွားစေတော့သည်။သူတို့သုံးယောက်မြင်ရသော အရာသည်... ရုပ်ရှင်ထဲက သရဲနှင့်နှင့်တော့ မတူပေ... သို့ပေမယ့်.. ထိုအရာ၏ ခြေထောက်နှစ်ချောင်းကြားတွင်.. အရည်တစ်ခုစီးဆင်းနေရ်ျ..ထိုအရာသည်... လမ်းဖြင့် သူတို့အားလှမ်းခေါ်နေလေသည်....။

**********************************

ထူးဇင်တို့လေးယောက်သား လှေကားပေါ်ပြေးတက်ကြလေသည်.......။ ထူးဇင်၊ အာကာ ၊ အောင်ခန့် သုံးသေား စည်းဝိုင်းထဲအရောက်တွင်.... အာကာ၏ ကိုယ်လုံးတစ်ဝက်သာ ရောက်ပြီ... ခြေထောက်အားအရာတစ်ခုက ဖမ်းဆွဲထားလေသည်.... ထူးဇင်တို့သုံးယောက်.....သား အာကာအားဝိုင်းဆွဲထားကြလေသည်.....။ ထူးဇင်တို့နိုင်လိုက်ပါသည်...အာကာသည် စည်းဝိုင်းထဲသို့ ရောက်လာသည်...။

မိန်းကလေးသုံးယောက်အားကြည့်လိုက်သောအခါ........သုံးယောက်စလုံးသည် ကြောင်
အအဖြစ်နေလေသည်။
အာကာသည် သူ၏ခြေကျင်းဝတ်အား ပွတ်သတ်၍နေလေသည်...ထူးဆန်းသည့်အရာတစ်ခုကို ထူးဇင်ထပ်မြင်တွေ့လိုကရပြန်သည်.......ထိုအရာသည်............။
အာကာ၏ခြေကျင်းဝတ်တွင်.... အညိုရောင်စွဲနေသော လက်ရာတစ်ခုကို တွေ့လိုက်ရခြင်းပင်.......။

"သဇင်..ကြည်ပြာ...မီမီ...."
ထူးဇင်...အော်ခေါ်လိုက်မှပင်..အားလုံးသတိပြန်ဝင်လာကြသည်.....။

သဇင်မှ...
"ထူးဇင်...ငါ..ငါတို့မြင်လိုက်ရတယ်.."

"ဟမ်....ငါတို့ကိုလည်း.....တစ်ယောက်ယောက်လိုက်လို့ ပြေးလာရတယ်....ဒါဆို...."

အားလုံးသည် မပြောပဲနားလည်လိုက်ရသည်............။

သဇင်သည်....သူ့လွယ်အိတ်ထဲမှာ တစ်စုံတစ်ခုအား လိုက်ရှာနေလေသည်....။
သူရှာနေသောအရာသည်... ပရိတ်ကြိုး သည်အချိန်တွင်..သူတို့အား.... ကယ်တင်နိုင်သောအရာတစ်ခုပင်ဖြစ်သည်.....။ ပရိတ်ကြိုးသည်... သူတို့အားလုံး လည်ပင်းနှင့် လက်တွင်ပတ်နိုင်လောက်...မလုံလောက်...။ ထို့ကြောင့် အားလုံးကို လည်ပင်းတွင်ဆွဲနိုင်အောင်သာ... သဇင်... ပရိတ်ကြိုးခြောက်ကွင်း ကွင်းလိုက်လေသည်...။

"ဒါလေးကို နင်တို့လည်ပင်းမှာ ဆွဲထားလိုက်ပါ... အဟန့်အတားတော့ တစ်ခုခု ပေးလိမ့်မယ်..လို့ ငါထင်တယ်.."

အားလုံး၏ လည်ပင်းတွင် ပရိတ်ကြိုး ကိုယ်စီရှိနေကြလေသည်.......။

"ငါတို့ မိုးမလင်ခင်ဘာလုပ်ကြမလဲ...ဟင်..."
ကြည်ပြာက ငိုမဲ့မဲ့ဖြင့်မေးရှာသည်...။

ထူးဇင်က သက်ပြင်းတစ်ချက်ချရ်ျ....
"ငါတို့ အဖြေတစ်ခုခုရှာတွေ့မှာပါဟာ......."

အားလုံးသည် သည်လိုအခြေအနေမျိုးတွင် အိပ်မပျော်နိုင်အောင်ရှိနေကြသည်.....။

*****************************************************

အာကာသည်....ထူးဇင်အားလက်ဖြင့်ကုတ်၍ မိန်းကလေးများဘက်သို့ လက်ညိုးထိုးပြသည်..။ ထူးဇင်သည်...ဝေဖြိုးဘက်သို့တစ်ချက်ကြည့်လိုက်သည်......ဝေဖြိုးသည်.. အာကာပြသောနေရာသို့ မျက်တောင်မခက်ပဲ ကြည့်နေမိသည်..။ ထူးဇင်လည်း... ဝေဖြိုးကြည့်သည့်ဘက်သို့ ကြည့်လိုက်သော....အခါ.၊ ကြည့်ပြာသည်ထိုအရာကို ကြည့်ပြီးသည်နှင့် သတိလစ်သွားလေသည်..။ တည်ငြိမ်သော သဇင်သည်... ဘယ်လိုလုပ်မလဲ စဉ်းစားနေဟန်တူသည်...။ ထိုအရာသည်...............

မီမီ၏ ဆံပင်များသည်...တစ်စုတစ်စည်းတည်း လေပေါ်တွင် စု၍အပေါ်သို့ ထောင်လာသည်ကိုတွေ့ရလေသည်...။ မီမီသည် သတိမထားမိသေးသည်ကို အားလုံးသိ၍နေသည်....။ ဆံပင်စုသည် လက်ဖြင့်စု၍ ကိုင်သလိုမျိုး... စု၍တက်လာပြီးလျှင်...........။

"အင့်.... ငါ့ ငါ့ဆံပင်ကို ဆွဲနေပြီ လုပ်ကြပါဦး......အီးဟီးဟီး"
မီမီအသံစူးစူးသည် အိမ်တစ်အိမ်လုံး ပျံ့နှံ့သွားလေတော့သည်...။ အားလုံး ကြောင်ကြည့်နေရာမှ ဘာလုပ်ရမှန်းမသိဖြစ်ကုန်သည်...။ မီမီ၏ ဆံပင်စများသည်...အပေါ်သို့ပါပါလာ၍.... မီမီသည် ဆံပင်စောင့်ဆွဲခံရသူပမာ... နာ၍လာသည်ကို..အားလုံးတွေ့ရလေသည်...။

"လုပ်ပါဦး...ငါနာလာပြီး ငါ့ဆံပင်တွေကျွတ်ထွက်တော့မယ်..... ထူးဇင်... သဇင်... ငါ့ကို ကယ်ပါဦး..."
မီမီသည် မခံမရပ်နိုင်လောက်အောင် အော်ဟစ်နေလေတော့သည်...။

ထိုအချိန်တွင် ရုတ်တရက်...................သဇင်သည်.... ပရိတ်ကြိုးစ တစ်စကို မီမီ၏ဆံပင်တွင် ပတ်၍ ချည်လိုက်လေတော့သည်........။

"ရွှစ်...၀ှစ်..."
လေတိုးသံသကဲ့သို့ ကြားလိုက်ရပြီးး..မီမီ၏ဆံပင်များသည်....အောက်သို့ပြေကျသွားလေတော့သည်....။
အားလုံးသည်ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်....။ အားလုံး ဘာဆက်လုပ်ရမည်နည်း.....။

*********************************************

ထိုအချိန်တွင်..... သဇင်...ကျန်ရှိနေသေးသော ပရိတ်ကြိုးတစ်ကြိုးအား ၄င်းတို့အပေါ်တွင် အတန်းတစ်တန်းဖြစ်အောင် ချည်လိုက်လေသည်..။ ထူးဇင်တို့အားလုံးသည်.... လှောင်ချိုင့်လေးထဲတွင်... နေနေရသလိုဖြစ်နေလေသည်..။
ထူးဇင်တို့အားလုံး.. စဉ်းစားနေကြပြီဖြစ်သည်...သည်အတိုင်းမိုးလင်းတော့မည်လား... နာရီကြည့်လိုက်တော့... 2 နာရီနှင့် 45 မိနစ်.. အဖြစ်အပျက်တွေသည် မြန်ဆန်လွန်းလှသည်...။ အခြေအနေတွေသည် နောက်ထပ်ဆိုးရွားလာဦးမည်လား..ထူးဇင် မစဉ်းစားတတ်တော့ချေ.....။

"ဂျွတ်.....ဂျွတ်...၀ုန်း....."
အိမ်အပေါ်ရှိ...မျက်နှာသည်...ထူးဇင်တို့ရှေ့မှာတင်ပြိုကျလာလေသည်....။ မြင်လိုက်ရသော အရာများသည်... အံ့သြထူးဆန်းဖွယ်တွေသာ ဖြစ်လေသည်...။ ထူးဇင်တိုမြင်လိုက်ရသောအရာများသည်... ကလေးကစားစရာအရုပ်များနှင့် ကလေးအ၀တ်အထည်များ ဖုန်များတတ်နေသော
အရာများဖြစ်လေသည်...။

ထိုစဉ်... ထိုအရာများသည် တစ်စုတစ်စည်းတည်းဖြစ်သွားပြီ...ခြေ့ရင်းဘက်သို့ အလိုလိုအရွှေ့သွားလေသည်....။ ထိုအရာများသည်... နောက်ထပ်.... တစ်ယောက်ယောက်
ကန်လိုက်သလို လွင့်စင်သွားပြန်သည်..... ထိုလွင့်စဉ်သွားသောအရာများရှိ တစ်ခုသည်... ထူးဇင်တို့ စည်းဝိုင်းအတွင်းသို့ ၀င်ရောက်လာလေတော့သည်......။ ထိုအရာသည်.. Photo Stand လေးတစ်ခုပင်ဖြစ်သည်...။ ထူးဇင်တို့သည်.. ထိုအရာအားကြည့်လိုက်သောအခါတွင်... အားလုံးသည် အံ့သြသင့်သွားလေတော့သည်.......။

ထူးဇင်တို့ ထင်ထားသည့်အတိုင်းပင်... ထူးဇင်တို့နှစ်ဦးနောက်သို့ တစ်ယောက်ယောက်လိုက်လာ၍နေလေပြီ....။

ထိုစဉ်... ထူးဇင်သည် ဝေဖြိုးဘက်သို့ လှည့်ကြည့်လိုက်လေသည်...။

"ဟင်.......ဝေဖြိုး မင်းနောက်မှာ..........."

ထူးဇင်သတိပေးသံအား...ကြား၍ ဝေဖြိုး လှည့်ကြည့်လိုက်သောအခါတွင်............။

အရိပ်မည်းမည်းတစ်ခုသည်.... ဝေဖြိုးနှင့် ထူးဇင်တို့အား....အုပ်မိုးလိုက်လေတော့သည်............။

ဝေဖြိုးနှင့် ထူးဇင်တို့ နှစ်ယောက် လောကကြီးကို မေ့မျောသွားခဲ့လေတော့သည်......။ ။ ။

သဇင်တို့အားလုံးသည်......... အရာရာအားလုံးပိတ်ကားပေါ်တွင်...မြင်ရသလိုခံစားနေကြရလေသည်...။

လူ့ဘ၀တွင် ကိုယ်ကြုံတွေ့ရသမျှအားလုံးသည်... ထူးဆန်းအံ့သြဖွယ်ရာဖြစ်လျှင် တစ်ယောက်ယောက်အား ပြောပြမည်ဆိုလျှင် မယုံနိုင်စရာ အကြောင်းများဖြစ်လေသည်.... ထိုအရာများသည်... ကိုယ်တိုင်ကြုံတွေ့မှသာ.... ယုံရသောအရာများဖြစ်မည်ဆိုလျှင်..... သင်ကိုယ်တိုင်ကြုံတွေ့မည်ဆိုလျှင် သင်ဘယ်လို ခံစားရမည်နည်း...။

#########################
#########################
( နောက်ကြောင်းပြန်ရလျှင် )
*******************

"ကို.... နန်းတော့ မတွေးရဲပါဘူးကိုရယ်... ကို့ကို ချစ်လို့သာလိုက်လာသာလေ"

"နန်းရယ်.... ကိုယ် နန်းကို တကယ်ချစ်လို့ ခိုးခဲ့တာပဲ.... နန်းစိတ်မပူပါနဲ့ကွာ... ဒါ ကိုယ့်ရဲ့ ကြီးဒေါ်အိမ်ပဲလေ
နန်း ကြိုက်သလိုနေ.. လစာပေးစရာမလိုဘူး... ကြီးတော်က ကိုယ့်ကိုသိပ်ချစ်တာ..."

နန်းကလျာနှင့်... မြတ်ကိုတို့သည်.. တက္ကသိုလ် တတိယနှစ်တွင် ချစ်ကြိုက်ခဲ့သော သမီးရည်းစားပင်ဖြစ်သည်... စားမေးပွဲမတိုင်ခင်... ချစ်သောစိတ်ကိုမထိန်းနိုင်သဖြင့်....
ခိုးပြေးခဲ့ကြသည်..။ သည်အချိန်တွင် နန်းကလျာဘက်က မိသားစုဘက်မှ မည်သို့မှသဘောမတူမှန်း သိထားရက်နဲ့ပင် မြတ်ကိုနောက်ကို ချစ်သောစိတ်တစ်ခုနဲ့ပင် လိုက်ခဲ့ခြင်းဖြစ်သည်... ယခုအခါတွင်... မှားလား မှန်လား နန်းကလျာကိုယ်တိုင်ပင်မသိတော့ချေ...။

"အကြီးရယ် ခဏပါပဲ.. ကျွန်တော်အလုပ်လုပ်ပါတော့မယ်...ပြီးရင်ပြောင်းတော့မှာပါ"

"အေးဟယ်... ငါလည်း မပြောချင်ပါဘူး နင့်အမေဘက်က မောင်နှမတွေရော အများကြီးပဲ ငါ့ကိုအပြစ်ပြောနေကြပြီ ငါဘယ်လိုလုပ်ရမလဲ..."

မြတ်ကို စိတ်ညစ်ရလေပြီ....။ သူ့အလုပ်နှင့် အိမ်ငှားခနှင့် ဘယ်လို လုပ်ရမည်လဲ....။

"ကို.... နန်းမှာ ကိုယ်ဝန်ရှိနေပြီ...."

"ဟင်...ဘယ်လို...."

"ကိုယ်မလိုချင်ဘူးလားဟင်.... နန်းတော့ နန်းရဲ့သွေးကို မွေးမယ်လို့ဆုံးဖြတ်ပြီးပြီ"

"နန်းရယ်... ကိုယ်တို့အခြေအနေကိုလည်း ကြည့်ဦးလေ...."

နှစ်ယောက်သားစိတ်ညစ်ရလေပြီ....။

"နန်း...ကိုယ်သွေးသားကို မလိုချင်လို့တော့ မပြောပါဘူး... အခုအချိန်မှာ မလိုသေးဘူးထင်တယ်..."

"ဟင်... ကိုက မလိုချင်ဘူးလား......."

"မဟုတ်ပါဘူး မလိုအပ်သေးဘူးထင်လို့ပါ......."

နှစ်ဖက်အသိုင်းအ၀ိုင်းကြား အခြေအနေများသည် တင်းမာလာသောအခါ နန်းကလျာတို့၏အိမ်ထောင်ရေးသည်.. အလဲလဲအကွဲကွဲ ဖြစ်ခဲ့လေသည်...။

"နန်းကတော့.... နန်းရင်သွေး မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင်မွေးမှာပဲ..."

"ကိုယ်မလိုချင်လို့ ပြောတာမဟုတ်ဘူးလေ... အခက်အခဲကိုနန်းလည်း သိသားနဲ့... သည်အခြေအနေက နန်းနဲ့ကိုယ့်အခြေအနေကို ကွဲသွားစေနိုင်တယ်...."

အခက်အခဲကြားထဲမှ မြတ်ကိုသည်... ရရာအလုပ်ကိုဝင်လုပ်ခဲ့လေသည်.... သူသည် နန်းကို အလွန်ပင်မြတ်နိုးသည်...။ တစ်နေ့... မြတ်ကို အလုပ်မှအပြန်တွင်...။ မမြင်သင့်သော အဖြစ်အပျက်တစ်ခုအား မြင်တွေ့လိုက်ရလေသည်..။

"နန်း...နန်း.........."

နန်းကလျာသည်......လည်ပင်းတွင်ကြိုးတန်းလန်းနှင့်.... ခြေထောက်နှစ်ချောင်းကြားတွင်
 သွေးများယိုစီး၍ကျနေလေသည်............။

"နန်း......နန်း......ကိုယ်မှားပါတယ်ကွာ..........."
မြတ်ကိုသည် ယူကြုံးမရဖြစ်ပြီး ငိုကြွေးမိသည်...နန်း၏နောက်ဆုံးအချိန်အား သူမမီလိုက်ချေ....။

နန်းသည် ဆွေမရှိမျိုးမရှိနှင့် မြတ်ကိုမည်သို့လုပ်ရမည်လဲ............။ သည်လိုနှင့် ခြံထောင့်ရှိ နန်းအလွန်နှစ်သက်သော ယုဇနပန်းပင်အောက်တွင် နန်းအောင် မြုပ်နှံခဲ့ပြီးးးး.......... မြတ်ကို၏ မိဘနှင့်ဆွေမျိုးများအား နန်း၏မွေးရပ်မြေသို့ သဘောထားချင်းမတိုက်ဆိုင်၍ ပြန်သွားပြီဟု ပြောလိုက်လေတော့သည်......။ ။ ။

******************************

နန်းကလျာမရှိသောနေ့ရက်များသည် မြတ်ကို လုံးဝမပျော်ရွှင်ခဲ့ ယုဇနပန်းပင်အောက်တွင်သာ မြတ်ကို အချိန်ကုန်ခဲ့လေသည်....။ ပို၍ဆိုးသည်က အိမ်၏ မျက်နှာချက်အပေါ်၏ အပေါက်တစ်ခုတွင်... နန်းသည်... သူ၏ ရင်သွေးအတွက်.... ပတ်သတ်သည့်အရာများအား... စုစည်းထားခဲ့သည်ပင်ဖြစ်သည်....။

မြတ်ကို ပို၍စိတ်ထိခိုက်ရလေသည်....။ နန်း၏မျှော်လင့်ချက်များအား သူ၏စကားများက ရိုက်ချိုးခဲ့လေသည်...။ သူ၏မိန်းမသေခဲ့ရသည်ပင် သူ၏အပြစ်များ မကင်းသလိုခံစားမိလေသည်.....။

တစ်နေ့ ..............
မြတ်ကိုပျောက်နေ၍... သူ၏မိဘများ... မြတ်ကို၏အိမ်သို့လာရာတွင်..... မြတ်ကိုသည်...... ဆွဲကြိုချ၍ သေဆုံးနေသော ရုပ်အလောင်းကိုမြင်တွေ့ရလေသည်.................။
.........................

***********************
#####################

အဖြစ်အပျက်များသည် တစ်ခါတရံ မြန်ဆန်လွန်းလှသလို တစ်ခါတရံသည် ကြာမြင့်လွန်းလှသည်...။ ထူးဇင်နှင့်ဝေဖြိုးတို့သတိရချိန်တွင်...မိုးစင်စင်ပင်လင်းနေပြီဖြစ်သည်..........။ အိမ်တွင်ကျန်ခဲ့သည့် သူငယ်ချင်းများအား......... စိတ်ပူသဖြင့် အမြန်အပြေးအလွှား ပြေးလွှားသွားကြသည်...။ ထူးဇင်တို့ အိမ်ပြန်ရောက်ချိန်တွင်.......... သဇင်တို့အားလုံးသည်.. လည်း.... ကောင်းကောင်းမွန်မွန်ပင်....။ အားလုံးသည် အခြေအနေအားလုံးအား မပြောဘဲနှင့်ပင်သိနေကြလေသည်................။

နောက်တစ်ရက်အကြာတွင်................

ထူးဇင်ငှားနေသောအိမ်လေးတွင်............ အလှူအတန်းအသံများနှင့်အမျှဝေသံများကြားရလေသည်.......။ ထူးဇင်တို့အမျှဝေသောလူအထဲတွင် နာမည်အချို့အားလူအားလုံးကြားလိုက်ရလေသည်..။ ထိုနာမည်အထဲတွင်....... နန်းကလျာနှင့်မြတ်ကိုဟူသော နာမည်သည်....အပေါ်လွင်ဆုံးဖြစ်သည်.........။

******************************

နောက်တစ်နေ့တွင် ထူးဇင်သည်...... နောက်တစ်အိမ်သို့ပြောင်းရွှေ့နေပြီဖြစ်သည်......။ အိမ်၏ ပိုင်ရှင်အဒေါ်ကြီးသည်..... ထူးဇင်အား ထပ်တလဲလဲတောင်းပန်၍........ ကျေးဇူးများတင်နေလေသည်...။
ထိုအချိန်တွင်.......

အိမ်၏ တစ်နေရာတွင်........................
ထူးဇင်တို့အား ကြည့်နေသော အရိပ်တစ်ခုအား..........ထူးဇင်တို့သိခဲ့ပါမူ.........။

ပြီးပါပြီ............။

အားလုံးကျေးဇူးတင်ပါတယ်..... အားပေးတာကို......။ တကယ်ဆို ဆက်ချင်ပါသေးတယ်.... အခန်းဆက်ရေးရတာ တာဝန်ကြီးပါတယ်... ကျွန်တော်လည်း တခြားစာလေးတွေ ရေးချင်သေးတယ် ဒါကြောင့် ဇာတ်သိမ်းလိုက်တာပါ... မသိမ်းရင်လည်း သူငယ်ချင်းတွေ ပြောကြတော့မယ်... နည်းနည်းစဉ်းစားစရာလေးတွေ ချန်ခဲ့ပါတယ်... ဒါတော့ စဉ်းစားကြည့်လိုက်ပါ.... ကျတော်ဇာတ်လမ်းကိုပြန်မဖြည်ပြတော့ပါဘူး...။

 အောင်မိုးသူ

By ပရလောက၏ သည်းထိတ်ရင်ဖို ဖြစ်ရပ်များ

နိုင်ငံရေးတွေနဲ့ ပြည့်နှက်နေတဲ့ ရှိတ်စပီးယားပြဇာတ်ကို ကလေးငယ်ပေါင်း ရာကျော်နဲ့ အသက်သွင်း တင်ဆက်နိုင်ခဲ့

Posted by drmyochit Thursday, December 12, 2013, under | No comments

ရှိတ်စပီးယားပြဇာတ်အတွက် လေ့ကျင့်နေတဲ့ စန္ဒာရာမဘုန်းတော်ကြီး ကျောင်းမှ ကလေးငယ်များကို ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

'ကောဒေါမြို့ရဲ့ အရှင်သခင် စကော့တလန်နိုင်ငံရဲ့ ဘုရင်ဖြစ်မယ်' ဆိုပြီး စကော့တလန်သူ စုန်းမ
သုံးယောက်ရဲ့ ကြိုတင်ဟောချက်သုံးချက်က ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ စစ်သူကြီး Macbeth အတွက်
ထီးနန်းအာဏာကို လိုချင်တပ်မက်မောစိတ်ကို ပြင်းထန်လာစေပြီး နည်းလမ်းပေါင်းစုံသုံးပြီး ထီးနန်း
သိမ်းယူဖို့ဆုံးဖြတ်ခဲ့တာကနေ ဒီဇာတ်လမ်းက အစပျိုးလာခဲ့တာပါ။

Macbeth ဇာတ်လမ်းကို ရှိတ်စပီးယားရဲ့ နာမည်ကြီးပြဇာတ်ထဲမှာ ၀မ်းနည်းဖွယ်ရာတွေ၊ အမှောင်
တွေနဲ့ ပြည့်နှက်နေတဲ့အကြောင်းတွေနဲ့ တွေ့ရမှာပါ။

စကော့တလန်နိုင်ငံမှာ ထီးနန်း အာဏာကိုမက်မောပြီး သတ်ဖြတ်လု ယူခဲ့ရာကနေ နောက်ဆုံး
မကောင်းသူ တို့လားရာကို သွားခဲ့ရတဲ့ စစ်သူကြီး မက်ဘက်သ်နဲ့ သူ့ရဲ့ဇနီး လေဒီမက်ဘက်သ်ရဲ့
အကြောင်းကို ဇာတ်လမ်း ဆင်တင်ဆက်ထားတာပါ။

ဒီဇာတ်လမ်းကို ဒီဇင်ဘာလ ၆ ရက် နေ့က အမျိုးသားဇာတ်ရုံကြီးမှာ နိုင်ငံတကာကျောင်းများ၊
ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနဲ့ အနုပညာသင်ကျောင်းတို့မှ အသက်ခြောက်နှစ်ကနေ
အသက် ၂၀ ကြားရှိတဲ့ ကလေးနဲ့ လူငယ် ၃၀၀ နီးပါးလောက် စုပေါင်းပြီး တင်ဆက်ခဲ့တာဟာ
အံ့မခန်းပါပဲ။

Great Britain ရက်သတ္တပတ်ရဲ့ ဖျော်ဖြေပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိသျှသံရုံးရဲ့ ပံ့ပိုးပေးမှု
နဲ့ London's Globe Theatre က ကျွမ်းကျင်းသူတွေ၊ ရန်ကုန်ရှိတ်စပီးယားကျောင်းက
အကူအညီတွေနဲ့ အခမဲ့ဖျော်ဖြေပွဲ တစ်ခုအဖြစ် တင်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခန်းတိုင်းကို မြန်မာပရိသတ်တွေရော၊ နိုင်ငံခြားသား ပရိသတ်တွေပါ နားလည်နိုင်အောင်လို့
မြန်မာဘာသာ စကားရော အင်္ဂလိပ်ဘာသာစကားကို ပါသုံးပြီး ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ဘုရင် Macbeth နဲ့ သူ့ရဲ့မိဖုရား Lady Macbeth နေရာကို
ကျောင်းတိုင်းက ကလေးတွေက အခန်းတစ်ခန်းစီမှာ တစ်လှည့်စီ သရဖူတွေ ကိုယ်စီဆောင်းလို့
သရုပ်ဆောင်ကြတာကြောင့် ကြည့်တဲ့သူတွေအနေနဲ့ အစပိုင်းမှာ နည်းနည်းရှုပ်ထွေးတယ်လို့
ထင်ရပေမယ့် ကလေးတွေကတော့ သူတို့အလှည့်နဲ့ သူတို့နေရာကို တာဝန်ကျေကျေနဲ့
သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

အသက်ငယ်တဲ့ ကလေးတွေက အားလုံးစုပေါင်းပြီးတော့ သရုပ်ဖော်ရတဲ့နေရာတွေမှာ ကျောင်း
အလိုက် တစ်စုတစ်ဝေးတည်းတွေ့ရပြီး အသက်ကြီးတဲ့ ကလေးတွေကျတော့လည်း သူတို့နေရာ
တွေမှာ တစ်ကိုယ်တည်း အမှားမရှိ သရုပ်ဆောင်သွားခဲ့ကြတာပါ။

ရှိတ်စပီးယားရဲ့ မူရင်းပြဇာတ် တစ်ခုလုံးက လုပ်ကြံသတ်ဖြတ်ခန်းတွေနဲ့ ရက်ရက်စက်စက်ပြည့်နှက်
နေပေမယ့် အဲဒီအခန်းတွေကို ကလေးတွေ သရုပ်ဖော်လိုက်တဲ့အခါမှာ လက်နက်မပါဘဲနဲ့
လက်ဟန်ခြေဟန်နဲ့ တိုက်ခိုက်တဲ့ပုံစံတွေ၊ ချစ်စရာကောင်းတဲ့ ကလေးတွေကြောင့် ကြောက်စရာ၊
စက်ဆုပ်စရာ မကောင်းတဲ့အပြင် ရယ်စရာတောင် ကောင်းလို့နေပါသေးတယ်။

"ကလေးတွေက တကယ်ကို ချစ်ဖို့ ကောင်းပါတယ်"လို့ ပွဲလာကြည့်တဲ့သူ တစ်ဦးဖြစ်တဲ့ ဂျပန်
လူမျိုး Marca က ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

"သူတို့ အားလုံး ပြဇာတ်တစ်ခုလုံး ပြီးတဲ့အထိ အမှား တစ်ခုနှစ်ခုလောက်က လွဲပြီး အားလုံး
အဆင်ပြေပြေနဲ့ လုပ်နိုင်ကြပါတယ်။ ကျွန်တော့် ကင်မရာ မယူလာမိလို့ ကျွန်တော်
တော်တော်လေး နောင်တရမိပါတယ်"လို့လည်း ဆိုပါတယ်။

ပြဇာတ်မဖျော်ဖြေမီ ဒီဇင်ဘာလ ၄ ရက်နေ့ကတော့ ပထမဦးဆုံးပြကွက် ဖြစ်တဲ့ စစ်တပ် တစ်ခု
အဖြစ် သရုပ်ဖော်ဖို့အတွက် စစ်ဝတ်တန်ဆာတွေအစား သနပ်ခါးပါးကွက်ကြား၊ ကျောင်းဝတ်စုံ
အဖြူနဲ့ အစိမ်းကို ဆင်တူဝတ်ထားတဲ့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ် အယောက်
၂၀ ကျော်ကို နိုင်ငံခြားသားသင်ကြားရေးမှူး နှစ်ဦး ကနေ သင်ကြားပေးခဲ့ကြပါတယ်။

သူတို့ လေးတွေနဲ့ တခြားကျောင်းက အလားတူကလေးတွေရဲ့ ကြိုးစားသင်ယူမှုကြောင့် အမျိုးသား
ဇာတ်ရုံက ဖျော်ဖြေပွဲကြီးဟာ အောင်အောင်မြင်မြင်နဲ့ ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့ကြပါတယ်။

ဖျော်ဖြေပွဲမှာ ကလေးတွေ သင်ကြားပေးခဲ့ပုံတွေကို အတိုချူပ်ပြသခဲ့တဲ့ ဗီဒီယိုနဲ့ စတင်ဖွင့်လှစ်
လိုက်ခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲမှာ စင်ပေါ်ကို ယုံကြည်မှုအပြည့်နဲ့ တက်လို့ရအောင် သင်ကြားပေးနေတဲ့
သင်ကြားရေးမှူး နှစ်ယောက်ဖြစ်တဲ့ Liam Shae ၊ James Erskine တို့နဲ့ တလေးတစား သင်ယူ
နေကြတဲ့ နိုင်ငံတကာကျောင်းမှ ကလေးတွေနဲ့ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းမှကလေး
တွေရဲ့ ကြိုးပမ်းမှုတွေကို တွေ့ကြရပါတယ်။

သင်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ အနောက်နိုင်ငံသား Liam က ဒီလိုသင်ကြားပေးခြင်းကြောင့်ရရှိလာ
တဲ့ အကျိုးရလဒ်တွေကို ဖျော်ဖြေပွဲမတိုင်မီ သူတို့ရဲ့ နောက်ဆုံးလေ့ကျင့်ချိန်ဖြစ်တဲ့ လှိုင်သာယာ
စက်မှုဇုန်ထဲမှာ တည်ရှိတဲ့ စန္ဒာရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကလေးတွေကို
လေ့ကျင့်သင်ကြားပေးပြီးတဲ့အချိန်မှာ ရှင်းပြပါတယ်။

"ကလေးတွေအနေနဲ့ ရှိတ်စပီးယားပြဇာတ်ကို ထိရောက်တဲ့သင်ကြားမှုနဲ့ သင်ကြားပေးပြီးတော့
အကျိုးရလဒ် ကောင်းတွေ ရဖို့ ရည်ရွယ်ပါတယ်" လို့ သူက ပြောပါတယ်။

"ပြီးတော့လည်း အတူတကွလုပ် ဆောင်ခြင်းရဲ့ အရေးပါပုံကို ကလေးတွေ သိနိုင်ပါလိမ့်မယ်။
ရှိတ်စပီးယားကို လက်ခံလာအောင် လုပ်နိုင်တာပါပဲ။ နိုင်ငံတကာကျောင်းက ကလေးတွေနဲ့
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း က ကလေးတွေရဲ့တွေ့ဆုံမှုလို့လည်း ဆိုနိုင်ပါတယ်။ ဘယ်လို
ကွာခြားတာ တွေပဲရှိရှိ သောကြာနေ့ညမှာ အတူတကွ စင်မြင့်ပေါ်မှာ တင်ဆက်မှုတွေကို
အတူတကွ ပြုလုပ်သွားမှာပါ။ ပြဇာတ်မှာတော့ သူတို့အားလုံးက အတူတူပါပဲ"လို့ အသက် ၃၄ နှစ်
အရွယ် Liam Shae က ဆိုပါတယ်။

ပြည်တွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လေးကျောင်းဖြစ်တဲ့ စန္ဒာရာမကျောင်း၊ နန်းဦး၊
မိဂဒါဝုံနဲ့ ရွှေမဉ္ဇူဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနဲ့ ဂီတမိတ်မှချိတ်ဆက် ပေးတာဖြစ်ပြီး
British Council ၊ Laurel Art School အပါအ၀င် တခြား နာမည်ကြီးကျောင်းတွေက
ကျောင်းသား၊ ကျောင်းသူအယောက် ၃၀၀ ၀န်းကျင်လောက်က British Embassy နဲ့
Shakespeare ကျောင်းအကူအညီနဲ့ ရှိတ်စပီးယားပြဇာတ် Macbeth ကို သောကြာနေ့က
မြို့မကျောင်းလမ်းမှာ ဖျော်ဖြေခဲ့တာပါ။

ရှိတ်စပီးယားပြဇာတ်ကို ကျောင်းစာ သင်ခန်းတော်တော်များများမှာ လွယ်လွယ်နဲ့ သင်ကြားနိုင်ဖို့
ဆိုတာ ခဲယဉ်းသလို နိုင်ငံခြားသားနှစ်ဦးက တိုင်းတစ်ပါး ဘာသာစကားကိုသုံးပြီး သင်ကြားနေ
ပေမယ့် ဘာသာပြန်သူရဲ့ အတွေ့အကြုံကောင်းတွေကြောင့် လေ့ကျင့်နေစဉ်မှာ ဆရာတွေနဲ့
တပည့်တွေကြားမှာ အပေးအယူမျှနေတာကို တွေ့ရပါတယ်။

အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ ဂီတမိတ်မှ ပြဇာတ်သင်ကြားသူ ကိုသီလမင်း က ကလေးတွေကို
အနုပညာအကြောင်း သင်ပေးရင် ဘယ်လိုအကျိုးရလဒ်တွေ ရမယ်ဆိုတာ သိတာကြောင့် ဒီလို
သင်ကြားပေးတာကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဂီတမိတ်နဲ့ ဒီကျောင်းထိုင်နဲ့က အရင်ကတည်းက သိကြတာပါ။ သူတို့ဘာတွေ
သင်ကြမယ်၊ ဘာတွေ လေ့ကျင့်ပေးကြမယ်ဆိုတာကို ကျွန်တော်က အရင်ကတည်းက
ဒီကျောင်းထိုင်နဲ့ ဆရာမတွေကို ရှင်းပြထားတယ်၊ ဆရာမတွေအနေနဲ့ကလည်း သူတို့တပည့်တွေ
ကို အနုပညာ အကြောင်းသင်ပေးရင် ဘယ်လိုအကျိုး ရလဒ်တွေရမယ်ဆိုတာ သိတယ်လေ။
ပြီးတော့ ကျွန်တော်တို့ ဂီတမိတ် ကလည်း နွေရာသီတိုင်း ဒီလိုမျိုးကျောင်းတွေကို သွားပြီးတော့
အနုပညာနဲ့ ပတ်သက်တာတွေကို သင်ကြားပေးလေ့ရှိတယ်။ ဒါကြောင့် အနုပညာနဲ့ ပတ်သက်တဲ့
ဘယ်အရာကိုမဆို ဒီက ကလေးတွေအနေနဲ့ အခက်အခဲမရှိ သင်ကြားနိုင်ကြမယ်လို့ ယုံကြည်ပါ
တယ်"လို့ ကိုသီလမင်းက ဆိုပါတယ်။

ပြဇာတ်ကို အချိန်သုံးပတ်နဲ့ တကယ့် စင်ပေါ်မှာ ကပြနိုင်ဖို့ဆိုတာ တခြား ကလေးတွေအတွက်
ခက်ခဲနိုင်ပေမယ့် စန္ဒာရာမ ဘုန်းတော်ကြီးသင်ပညာ ကျောင်းက ကလေးတွေကတော့ အေးအေး
ဆေးဆေးပါပဲ။

"ကျွန်တော်က ပြဇာတ်အစမှာ စကော့တလန်ဘုရင် ဒန်ကန်ရဲ့ ဂလက်မစ်မြို့ကို အပိုင်စားရတဲ့
စစ်သူကြီး မက်ဘက်သ်အဖြစ် သရုပ်ဆောင်ရပါတယ်။ ဒန်ကန်ဘုရင်ကြီးက ကောဒေါ မြို့ရဲ့
အကြီးအကဲကို သတ်ပြီး ကျွန်တော့်ကို အဲဒီမြို့ကို အပိုင်စား ပေးတဲ့အခန်းမှာ ကျွန်တော်က
သရုပ်ဆောင်ပေးရမှာပါ။ အရင်နေ့တွေကရော ဒီနေ့ရော အဲဒီအခန်းကို လေ့ကျင့်နေရပေမယ့်
နောက်ထပ်လည်း လုပ်ချင်နေသေးတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ အကုန်လုံး ဒီလိုမျိုး
ပြဇာတ်ကဖို့အတွက် လေ့ကျင့်နေရတာ ပျော်သလို ပွဲမှာကဖို့အတွက်လည်း ပျော်ပါတယ်"လို့
အသက် ၁၁ နှစ်ရှိပြီ ဖြစ်တဲ့ ကျောင်းသားလေး စိုးကိုကိုက ပြဇာတ်အတွက် လေ့ကျင့်နေစဉ်မှာ
ပြောပြပါတယ်။

တွဲဖက်ဒါရိုက်တာဖြစ်တဲ့ စကော့တလန်လူမျိုး James Erskine က တော့ ပြဇာတ်ထဲမှာပါတဲ့
စကော့တလန်ရိုးရာအကဟာ ကလေးတွေအတွက် အတူတကွ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး
အကတစ်မျိုးလို့ ဆိုပါတယ်။

"ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကလေးတွေအတွက်က အသစ်လိုမျိုးဖြစ်နေတော့
စိတ်ဝင်တစားကို သင်ယူကြပါတယ်။ တခြားသူတွေအတွက် ခက်ခဲတယ်လို့ထင်နေတာက
သူတို့တွေအတွက်ကတော့ ပျော်စရာတောင်ကောင်းနေသလိုပါပဲ။ ကျွန်တော်တို့နှစ်ယောက်
လုပ်ခိုင်းတာကိုလည်း မညည်းမညူလုပ်ပေးကြတာက ချစ်ဖို့ကောင်းလှပါတယ်" လို့ သူက
ပြောပါတယ်။

"ဒီမှာမှ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများက ရှိတ်စပီးယားရဲ့ ပြဇာတ်
အကြောင်းကို သူ့ရဲ့ စာတွေဖတ်လို့၊ စာတွေရေးလို့ ချဉ်းကပ်ကြတာကို တွေ့ရတယ်။ ဒါပေမဲ့
အဲဒီလိုမျိုး အစပျိုးတာက အချိန်ကြာလာတာနဲ့အမျှ သူတို့ကို ငြီးငွေ့သွားစေတယ်လို့ ကျွန်တော်
မြင်တယ်။ ကျွန်တော့်အတွက်ကတော့ ရှိတ်စပီးယားပြဇာတ်တွေကို အပြင်မှာ လက်တွေ့
သရုပ်ဆောင်လိုက်တာ၊ သရုပ်ဖော်တာကို ကြည့်လိုက်တာတွေကို စာအတိုင်း လိုက်ဖတ်နေရတာ
ထက် နှစ်သက်တယ်"လို့ James Erskine က ပြောပါတယ်။

ဒီလိုမျိုး ပြဇာတ်ကတယ်ဆိုတာ လူတိုင်း၊ အရွယ်တိုင်းအတွက် အကောင်း ဆုံးသင်ခန်းစာတစ်ခု
ပါပဲ။ နာမည်ကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယား ပြောသလိုပေါ့။ 'ကမ္ဘာကြီးက ဇာတ်ခုံကြီးတစ်ခု
ဆိုရင် ယောက်ျားတိုင်း၊ မိန်းမတိုင်းက သရုပ်ဆောင်တွေချည်းပါပဲ' ဆိုတဲ့စကားက ပြီးခဲ့တဲ့
သောကြာနေ့က ကလေးတွေ ကပြဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေပွဲကြီးကနေ သက်သေပြလိုက်သလိုပဲ
လို့တောင် ထင်မိပါတယ်။

နန္ဒာအောင်  -  မြန်မာတိုင်း(မ်)

ဆီးဂိမ်းမကျင်းပမီ အစည်းအဝေး တစ်ခုတွင် မြန်မာက အိမ်ရှင်အဖြစ် နိုင်ငံတကာ အဆင့်မီ မလုပ်နိုင်ဟု ဆိုကာ အထင်သေးခဲ့ကြသော အာဆီယံဝန်ကြီးများ ယခုအခါ မြန်မာ၏ အဆင့်အတန်း မြင့်မားမှုကို ချီးကျူး၍ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံပေးရန် ကမ်းလှမ်း

Posted by drmyochit Thursday, December 12, 2013, under | 1 comment


စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များစွာရှိသဖြင့် ဝေဖန်ခံနေရသော ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ အိမ်ရှင်မြန်မာနိုင်ငံမှာ အာရှအဆင့် အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည့် အနေအထားရှိနေပြီဟု အာဆီယံနိုင်ငံများမှ အားကစားဝန်ကြီးများက မှတ်ချက်ပြုခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။

SEA Games ပြိုင်ပွဲကျင်းပရန် တည်ဆောက်ထားသည့် အားကစားကွင်း၊ အားကစားရုံများမှာ နိုင်ငံတကာ အဆင့်ရှိပြီး အာရှအဆင့် ပြိုင်ပွဲများပင် လက်ခံကျင်းပနိုင်ပြီ ဖြစ်ရာ ယင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် ကမ်းလှမ်းမှုများရှိကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်း သည် နိုင်ငံဂုဏ်ကို မြင့်တက်စေကြောင်း၊ SEA Games ပြိုင်ပွဲ မကျင်းပမီ အစောပိုင်းကာလက ပြိုင်ပွဲဝင် နိုင်ငံများ၏ အားကစားဝန်ကြီးများအဆင့် တွေ့ဆုံပွဲတွင် အာဆီယံ နိုင်ငံများက အထင်အမြင် သေးခဲ့ကြ သော်လည်း နောက်ဆုံးအကြိမ် တွေ့ဆုံပွဲတွင်မူ ၎င်းတို့၏ သဘောထား ပြောင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 မြားပစ်အားကစားနည်းတွင်ကမ္ဘာ့အဆင့်ရှိသည့် တောင်ကိုရီးယား နိုင်ငံသည်ပင်  မြန်မာနိုင်ငံ၏ မြားပစ် ကွင်းကို အံ့သြခဲ့ရပြီး ကမ္ဘာ့မြားပစ်ပြိုင်ပွဲ ကျင်းပရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲကျင်းပနိုင်ရန် ညှိနှိုင်းမှု များ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။ ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရန် ဝဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားရုံများကို နေပြည်တော်တွင် အသစ်တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။

By The Voice

အပြစ်မဲ့ပြည်သူများကို KIA အဖွဲ့က ဖမ်းဆီးသွားတဲ့ကိစ္စနှင့် ပက်သက်၍ ရှမ်းနီပါတီမှ ဦးအောင်မင်းနှင့် ကုလလူ့အခွင့်အရေးကော်မရှင်သို့ စာပို့

Posted by drmyochit Thursday, December 12, 2013, under | No comments

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဖွရွာမှ အပြစ်မဲ့ပြည်သူများအား တပ်သားသစ် ဖမ်းဆီး စုဆောင်းသွား တဲ့ကိစ္စနှင့် ပက်သက်၍ ဦးအောင်မင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ နောက်နောင် ဤကဲ့သို့ လုပ်ဆောင်ခြင်းမပြုလုပ်ရန် ဆောင်ရွက်ပေးဖို့ တင်ပြစာ ပေးပို့လိုက်တယ်လို့ သိရှိရသည်။

အဆိုပါ တင်ပြပေးပို့စာတွင် မံစီမြို့နယ်၊ မန်ဖွရွာသား (၂၇)ဦးကို KIA က ဖမ်းဆီးခေါ်ဆောင် သွားသည့် ကိစ္စ၊ မိုးညှင်းမြို့နယ်၊ ပန်းလားကျေးရွာက မိမိသဘောဆန္ဒမပါဘဲ စစ်သင်တန်းတက်ခဲ့ရသော မောင်ကျော်ကျော် လွင်အား KIA မှ ဒီဇင်ဘာလ (၂၄) ရက် အရောက်ပြန်လာရန် ညွှန်ကြားစာ ပေးပို့ခဲ့ခြင်း ကိစ္စနှင့် ရှမ်းရွာ(၁၄)ရွာအား တစ်ရွာလျှင် (၁၅) ဦး KIA ရဲဘော်အဖြစ် သင်တန်းပေးရန် ခေါ်ဆောင်နေခြင်း ကိစ္စတို့ကို ထည့်သွင်းထားပြီး၊ ငြိမ်းချမ်းဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့ နောက်ဆုံး သဘော တူခဲ့သော သဘောတူညီချက်နှင့် ဆန့်ကျင်နေသည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ကို ထိခိုက်နိုင်သည့် အခြေအနေတစ်ရပ်ကို ဖြစ်စေနိုင်သည်ဟုလည်း ရေးသားဖေါ်ပြထား ပါသည်။

From : ရှမ်းနီသတင်းဌာန


မြို့ကွက်သစ်ဖော်ရန်နှင့် ရဲတပ်ရင်းဖွင့်ရန် လယ်မြေသိမ်းဆည်းဟုဆို

Posted by drmyochit Thursday, December 12, 2013, under | No comments

အုံတုံပင်ကျေးရွာရှိ အသိမ်းဆည်းခံရသော လယ်မြေများတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူများကိုတွေ့ရစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ ပုသိမ် မုံရွာကားလမ်းသစ်ဘေး ရှိ အုံတုံပင်ကျေး ရွာပိုင် လယ်မြေဧက ၇၀ ကျော်ကို မြို့ကွက်သစ်ဖော်ရန်နှင့် ရဲတပ်ရင်း ဖွင့်လှစ်ရန်ဟုဆိုကာ
သိမ်းဆည်းရန် လုပ်ဆောင်နေသည့် အတွက် သမ္မတထံသို့ တိုင်ကြားထား ကြောင်း လယ်
ယာမြေ အသိမ်းဆည်းခံရ သည့် တောင်သူအချို့က ပြောသည်။

"ကျွန်မတို့ လုပ်နေတဲ့ လယ်မြေတွေကို လန ၃၉ ကျလာပြီ။ ရဲတပ်ရင်း ဆောက်ဖို့ အတွက်
မြေသိမ်းမယ်။ မြေပေးရင် ပေး၊ မပေးရင်လည်း သိမ်းမှာပဲ။ အသာ တကြည်ပေးတာမှ နစ်နာကြေး
ရဦး မယ်ဆိုပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လာပြောပါတယ်။
သူတို့က ပါးစပ်ကသာ ပြောပြီး ဘာအထောက်အထားမှလည်း မပြပါဘူး။ နိုဝင်ဘာလဆန်းပိုင်း
က တည်းက သူတို့ ကျွန်မတို့ကို အဲဒီလို လာပြောပြီး အစည်းအဝေးတွေလည်း ခဏခဏခေါ်ပါ
တယ်။ တောင်သူတွေ က မြေမပေးချင်မှန်းသိတော့ တစ်အိမ် တက်ဆင်းလိုက်ပြီး သဘောတူ
ကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။

တချို့အိမ် တွေဆို ညကြီးသန်းခေါင် နှိုးပြီး လက်မှတ် ထိုးခိုင်းတာမျိုးတောင် ရှိပါတယ်။ တချို့
တောင်သူတွေက ကြောက်ကြောက် နဲ့ လက်မှတ်ထိုးပေးလိုက်ရပါတယ်။ ဒါပေ မဲ့ ဘယ်သူမှ
တော့ မြေသိမ်းတဲ့ ကိစ္စကို သဘောမတူကြပါဘူး။ အသိမ်းခံရတဲ့ လူ ၄၁ ယောက်လောက်ထဲ
မှာ သဘောတူတဲ့ လူဆိုလို့ တစ်ယောက်နှစ်ယောက်လောက် ပဲ ရှိတာပါ"ဟု ယင်းမာပင်မြို့နယ်
စုန်းကျင်းကျေးရွာအုပ်စု၊ အုံတုံပင် ကျေးရွာမှ ဒေါ်လှိုင်းရင်က ပြောသည်။

တောင်သူများပိုင်ဆိုင်သည့်လယ်ယာ မြေများကို ပုသိမ် မုံရွာကားလမ်း၏ အရှေကဘက်ခြမ်း
တွင် မြို့ကွက်သစ် ဖော်ရန်နှင့် အနောက်ဘက်ခြမ်းတွင် ရဲတပ်ရင်းအမှတ် ၂၈ တည်ဆောက်ရန်
သိမ်းယူခြင်းဖြစ်ပြီး တစ်ဧကလျှင် အကွက်ငါးကွက်ရိုက်ကာ နှစ်ကွက်ကို တောင်သူများထံ ပြန်
ပေးမည်ဖြစ် ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ က
တောင်သူများကို ပြောကြားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

"ကျွန်မတို့က လျော်ကြေးလည်း မလို ချင်ဘူး။ မြေအစားလည်း ပြန်မလိုချင်ပါ ဘူး။ ကျွန်မတို့
ဘိုးစဉ်ဘောင်ဆက် လုပ်စားခဲ့တဲ့ မြေကိုပဲ ပြန်လိုချင်တာ ပါ။ သူတို့ မြေအစားပြန်ပေးမယ်ဆိုတာ
ကလည်း အပြောပဲ ရှိပြီး ဘယ်နေရာမှာ ပြန်ပေးမယ်ဆိုတာလည်း မသိပါဘူး။ နောက်ပြီး ပေ
၂၀၀ ကျော်ပတ်လည် မြေကွက်ကို ငါးပိုင်းပိုင်းပြီး နှစ်ပိုင်းပြန် ပေးမယ်ဆိုတာက ကိုယ့်မြေကို
ကိုယ့် ပြန်ပေးတာမျိုးပါ။ အများကြီးယူပြီး နည်းနည်းလေး ပြန်ပေးမယ့် သဘောပါ ပဲ။ ပိုဆိုးတာ
က လယ်မြေတွေနေရာမှာ မြို့ကွက်သစ်ဖော်လိုက်ရင် စိုက်လို့ ပျိုး လို့ပါ မရ ဖြစ်သွားမှာ။ကျွန်မ
တို့က ဒီမြေ နဲ့ အသက်မွေးဝမ်းကျောင်းပြုလာတာ ဖြစ်တဲ့အတွက် ဒီမြေကို အသိမ်းမခံနိုင် ပါဘူး"
ဟု လယ်မြေအသိမ်းခံရသူတစ်ဦး ဖြစ်သူ မအေးအေးဝင်းက ဆိုသည်။

လတ်တလောတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သိမ်းယူမည့် မြေများကို
မြေတိုင်းခြင်း၊ တိုင်ရိုက်ခြင်း များ ပြုလုပ်နေသော်လည်း စိုက်ပျိုး ထားသည့် သီးနှံများကို
ဖျက်ဆီးခြင်း၊ တောင်သူများကို အတင်းအဓမ္မဖယ်ရှား ခိုင်းခြင်းကိုမူ ပြုလုပ်ခြင်းမရှိသေး
ကြောင်း သိရသည်။

"သူတို့က ဘယ်သူဘယ်ဝါရဲ့ အမိန့်ပါ လို့ အတိအကျမပြောဘဲ လုပ်နေကြပြီး ကျွန်တော်တို့က
မကျေနပ်လို့ တိုင်မယ်၊ျွှန်းမယ်လုပ်ကာမှ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးရဲ့
တယ်လီဖုန်းနဲ့ လမ်းညွှန်ချက်အရ လုပ်ရ တာပါဆိုပြီး ဒီဖင်ဘာလ ၁ ရက်နေ့မှာ မြို့နယ်အုပ်ချုပ်
ရေးမှူးက စာထုတ်ပေးပါ တယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော် တို့ရဲ့ မြေကို အသိမ်းမခံနိုင်
ပါဘူး။ မြေပြန် ရတာ မရတာထက် စိုက်ပျိုးမြေပျက်သွား မှာကို စိုးရိမ်တာပါ"ဟု အုံတုံပင်ရွာသား
တစ်ဦးကလည်း ပြောသည်။

လယ်ယာမြေ သိမ်းဆည်းခံရသည့် တောင်သူ အယောက် ၄၀ ကျော်ရှိ သည့်အနက် တောင်သူ
ကိုးယောက်က လက်ပံတောင်းတောင် အစီရင်ခံစာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦး၏ အကူ
အညီဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့ က သမ္မတ ဦးသိန်းစိန်ထံသို့ တိုင်ကြား ထားကြောင်းလည်း
အဆိုပါ ရွာသားက ဆိုသည်။ ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး ကလည်း တိုးချဲ့မြို့ကွက်သစ်
ဖော်ခြင်း လုပ်ငန်းမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်သာဖြစ်သည့်အတွက် စစ်ကိုင်း
တိုင်းဒေသကြီးအစိုးရအဖွဲ့ နျင့် တောင်သူများအား တွေ့ဆုံရန် စီစဉ်ပေးခဲ့ကြောင်း၊ မြို့ကွက်
သစ်ဖော် ခြင်း လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းရှိမရှိကိုမူ ၎င်းက မဆုံးဖြတ်နိုင်ကြောင်း
မြန်မာတိုင်း(မ်)ကို ပြောသည်။

"စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်နဲ့ ခရိုင် အုပ်ချုပ်ရေးမှူး
နှစ်ယောက်တော့ အခု လ ၇ ရက်နေ့က တောင်သူတွေနဲ့ လာတွေ့ သွားပါတယ်။ သူကတော့
မြို့ကွက်သစ် ဖော်တာက ဒီဒေသဖွံ့ဖြိုးရေးအတွက် လုပ်တာဖြစ်တဲ့အတွက် တောင်သူတွေ
အနေနဲ့ ဒီအစီအစဉ်ကို လက်ခံစေချင် တဲ့အကြောင်း ပြောသွားပါတယ်။

တောင်သူတွေက သူတို့လုပ်ကိုင်စား သောက်နေတဲ့မြေတွေ ဖြစ်တဲ့အတွက် မပေးနိုင်ဘူးလို့
ပြောတော့ သူတို့ကမြေအလွတ်တွေလို့ ထင်တာကြောင့် ခွင့်ပြုခဲ့တာ၊ ဒီကိစ္စတွေကို မသိဘူး
လို့ လည်း ပြောသွားတယ်။ ကျွန်တော့် အထင်တော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို တင်တုန်း
က စိုက်ပျိုးမြေမဟုတ်တဲ့ဟာတွေကို ဓာတ်ပုံရိုက်ပြီးတင်လိုက် တယ် ထင်ပါတယ်။

အခုအချိန်ထိ တော့ တောင်သူတွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြေလည်မှု မရသေးပါဘူး။
ဒီကိစ္စကို ရှေကဆက်မလား၊ နောက်ဆုတ် မလားဆိုတာလည်း သေချာ မသိရပါ ဘူး။ အဆင်
ပြေအောင် လုပ်ပေးမယ်လို့ပဲ ပြောသွားတယ်"ဟု အုံတုံပင်ကျေးရွာ လယ်မြေသိမ်းဆည်းခံရမှုနဲ့
ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ ကိုဌေးလှိုင် က ဆိုသည်။

အုံတုံပင်ကျေးရွာကိစ္စကို လတ် တလောတွင် ရှေ့နေကွန်ရက်တစ်ခုက ကူညီလုပ်ဆောင်ပေး
နေပြီး အင်န် အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကိုလည်း အုံတုံပင်သို့ လာ
ရောက်ရန် ဖုန်းနျင့် ဆက်သွယ်ပြော ကြားထားကြောင်း ၎င်းကပြောသည်။

အုံတုံပင်ကျေးရွာသည် ပဲစင်းငုံ၊ နျမ်း၊ ကြက်သွန်၊ ခရမ်းချဉ်စသည့် ရာသီပေါ် သီးနှံများ စိုက်ပျိုး
ရာဒေသဖြစ်ပြီး လက်ပံတောင်းတောင်၊ စံပယ်တောင် တို့နှင့် နှစ်မိုင်ခန့် အကွာအဝေးတွင် တည်
ရှိသည့်ရွာဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလကလည်း အဆိုပါ လယ်မြေများကို အကွက်ရိုက်
၍ သိမ်းဆည်းရန် ကြိုးပမ်းခံခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အသနားခံစာတင်ခဲ့
သဖြင့် ပြန်လည်လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း အုံတုံပင်ကျေးရွာမှ တောင်သူအချို့က
ပြောသည်။

ကြေးမုံဝင်း  -- မြန်မာတိုင်း(မ်)

စစ်တွေမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြ

Posted by drmyochit Thursday, December 12, 2013, under | No comments


ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) ဟာ မွတ်စလင်တွေကိုသာ ကူညီနေတဲ့အတွက် စစ်တွေမြို့ခံ ၃၀ လောက်ဟာ ဒီကနေ့မနက်ပိုင်းက စစ်တွေဆေးရုံကြီးဝင်းထဲမှာ AZG(MSF) အဖွဲ့ကို အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။

“AZG လုပ်တာမှန်သမျှ ဘင်္ဂါလီတွေပဲ အရေးတယူ ဂရုစိုက်လုပ်ပေးတယ်ပေါ့နော်၊ ကျမတို့ဒေသခံ တိုင်းရင်းသားလူမျိုးတွေကျတော့ သူတို့ရဲ့အရေးစိုက်ခြင်းမခံရဘူး၊ ဒါတွေက နှစ်ပေါင်း ၂ဝ ကျော်နေပြီ၊ ကျမတို့ သက်သေနဲ့ ချပြစရာအကြောင်းတွေ အများကြီးရှိတယ်၊ အဲဒါကြောင့်မို့ ကျမတို့က ကန့်ကွက်တာဖြစ်ပါတယ်”

စစ်တွေမြို့မှာ ရုံးစိုက်နေတဲ့ ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG(MSF) က မောင်တောမြို့နယ်က မွတ်စလင်အမျိုးသမီးတစ်ဦးကို စစ်တွေဆေးရုံကြီးကို လာပို့ရာမှာ စစ်တွေမြို့ခံတွေက ဆန္ဒပြခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့ AZG(MSF) ရုံး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့မှာ ပြန်လည်ပြောဆိုနိုင်ခွင့်မရှိကြောင်း ငြင်းဆိုပါတယ်။

RFA Burmese

၂၀၁၂ခုနှစ်အတွင်း ငှက်ဖျားကြောင့် လူပေါင်း ၆ သိန်းကျော် သေဆုံး

Posted by drmyochit Thursday, December 12, 2013, under | No comments

လူပေါင်း သန်း ၂၀၀ ကျော် ငှက်ဖျားရောဂါပိုး ကူးစက်ခံရပြီး ၆သိန်းကျော်သေဆုံးခဲ့တယ်လို့ WHO ပြော (Credit: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​ကမ္ဘာတ၀ှမ်း ​ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်ကြောင့် ​ပြီးခဲ့တဲ့ ​၁၃နှစ် အတွင်း ​ငှက်ဖျားရောဂါခံခဲ့ရသူတွေရဲ့ ​အသက်ပေါင်း ​သုံးသန်းကျော်ကို ​ကယ်တင်နိုင်ခဲ့တယ်လို့ ​ကျန်းမာရေး အဖွဲ့က ​တာဝန်ရှိသူတွေကပြောပါတယ်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်မှာ ​တိုးတက်မှုတွေရှိလာပေမယ့် ​ငှက်ဖျားရောဂါပိုးကြောင့် ​လူပေါင်း ​ခြောက်သိန်း ထက် ​မနည်း ​သေဆုံးခဲ့ပြီး ​များသောအားဖြင့် ​အာဖရိကနိုင်ငံက ​ကလေး ငယ်တွေဖြစ်ကြ တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​နောက်ဆုံးထုတ်ပြန်တဲ့ ​၂၀၁၃ ​ခုနှစ် ​ငှက်ဖျားရောဂါ ​အစီရင်ခံစာထဲမှာ ​ဖော်ပြထား ပါတယ်။

ကူညီထောက်ပံ့မှု ​အားနည်းတာတွေနဲ့ ​အခြေခံ ​ကုသကာကွယ်မှုတွေဖြစ်တဲ့ ​ချဉ်ထောင် ​အလုံအလောက် ​မပေးဝေနိုင်တဲ့ အတွက်ကြောင့် ​ငှက်ဖျားရောဂါ ​အန္တရာယ်ဟာ ​ကြီးမားနေဆဲ ​ဖြစ်တယ်လို့လည်း ​ကျန်းမာရေး ​အစီရင်ခံစာက ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​ငှက်ဖျားရောဂါ ​ကူစက်ခံစားရသူပေါင်းဟာ ​ခန့်မှန်းခြေအနေနဲ့ ​သန်း ​နှစ်ရာကျော်ရှိခဲ့ပြီး ​အဲဒီထဲမှာ ​ခြောက်သိန်းကျော်ဟာ ​သေဆုံးခဲ့ရပါတယ်။

ပစိဖိတ်ဒေသထဲမှာ ​ငှက်ဖျားရောဂါပိုးကြောင့် ​သေဆုံးခဲ့ရသူ ​သုံးရာကျော်ရှိပြီးများသောအားဖြင့် ​Papua ​New ​Guinea ​နိုင်ငံကဖြစ်ပါတယ်။ ​ဒေသတွင်းနိုင်ငံတွေထဲမှာတော့ ​ငှက်ဖျားရောဂါကြောင့် ​အိန္ဒိယနိုင်ငံမှာ ​သေဆုံးသူ ​ငါးရာကျော်ရှိပြီး ​မြန်မာနိုင်ငံမှာတော့ ​လေးရာကျော်ရှိတယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ABC Radio Australia

ဒုတ္ထာစွန့်ပစ်မြေများဖယ်ရှားပေးရန်နှင့် မြေယာပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေတိုင်းတာမှုများ စတင်

Posted by drmyochit Thursday, December 12, 2013, under | No comments

ကြေးနီစီမံကိန်း စွန့်ပစ်မြေများ သယ်ဆောင်၍ ဒုတ္ထာချက်လုပ်သော လုပ်ငန်းခွင်ကို တွေ့ရစဉ် ဓာတ်ပုံ- မျိုးမင်းဦး ။ 7day Daily

ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု၊ ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်းနယ်မြေ၏ အရှေ့ဘက်၊ မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး လမ်းဘေးဝဲယာ ဒုတ္ထာစွန့်ပစ်မြေများ ဖယ်ရှားရေးနှင့် မြေယာပြန်လည် ထူထောင်ပြုပြင်ရေးဆောင်ရွက်ရန် ဒီဇင်ဘာ ၈ ရက်မှ စတင်၍ မြေယာတိုင်း တာမှုလုပ် ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ဒုန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ကပြောသည်။

““လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာပါ အချက်တွေနဲ့အညီ တိုင်းတာနေတာဖြစ်ပါတယ်””ဟု ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

ဒုတ္ထာကွင်းအတွင်း ပိုင်ရှင်အများစုသည် မြေယာလျော်ကြေးရရှိပါကစွန့်ပစ်မြေစာပုံခြင်းကို ခွင့်ပြုလိုသူများလည်းရှိသည်။ အချို့ ဒုတ္ထာကွင်းပိုင်ရှင်များသည် လက်ရှိဒုတ္ထာချက်လုပ်သည့်နေရာတွင် ဆက်လက်လုပ်ကိုင်စားသောက်လိုကြသည်။ ဒုတ္ထာမြေများအား ဖယ်ရှားလိုက်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒုန်းတောကျေးရွာအုပ်စုအတွင်း နေထိုင်သော ဒုတ္ထာကွင်းပိုင်ရှင် ၄၇၂ ဦးက  သက်ဆိုင်ရာသို့ ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုး စာတင်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုန်းတောကျေးရွာအုပ်စုအတွင်း ဒုတ္ထာလွှမ်းသည့် မြေဧရိယာ ၁၅၃ ဒသမ ၈၃ ဧက ရှိကြောင်း သိရှိရသည်။

7day Daily

စာမရတဲ့ ကျောင်းသူတွေကို နမ်းခိုင်းပြီး အိမ်ပြန်တိုင်လို့ ရက်ရက်စက်စက် ရိုက်ခဲ့တဲ့ ကျောင်းဆရာကို အရေးယူမှု မရှိသေး (ဟာဂျူလီ-ကသာ)

Posted by drmyochit Thursday, December 12, 2013, under | No comments

သင်္ချာမေးခွန်း မဖြေနိုင်တဲ့ကျောင်းသူ(၅)ယောက်အား အတန်းဖေါ်ကျောင်းသား(၅)ယောက်ကို ဖက်နမ်းခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည်ဆိုပြီး
တင်ပါး၊ကြော၊ဦးခေါင်းတို့ကိုပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ရာ
ကသာမြို့နယ်ဒုတိယတရားရုံးမှ ၁၂၊၁၂၊၁၃ရက်နေ့တွင်စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်၊

ထိုသို့တရားရုံးမှ စစ်ဆေးနေသလို ဌာနဆိုင်ရာစစ်ဆေးမှုလည်း ပြုလုပ်သွားခဲ့ပြီးဖြစ်သည်၊ ထိုသတင်းသည့် ပညာရေးလောက ပြုပြင်ပြောင်းလဲရေးအတွက် တပ်လန့်သံ တဖွယ်ဖြစ်ကုန်ကြရသော်လည်း
ထိုဆရာအား ပညာဌာနအနေဖြင့် ယနေ့အချိန်အထိ တစ်စုံတရာ အရေးယူမှု မရှိသေးကြောင်း သိရှိရပါသည်၊(ဟာဂျူလီ-ကသာ)

မှတ်ချက်။ ။7 days မျက်နှာဖုံးသတင်းတွင်တော့ ပညာရေးဌာနမှ အရေးယူထားပြီးဖြစ်ကြောင်း ဖေါ်ပြရေးသားခဲ့ပါသည်၊




ဟာဂျူလီ-ကသာ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်