
စက်တင်ဘာ ၁၂ ရက်၊ ၂၀၁၄ ခုနှစ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)သည် ထိန်းချုပ်နယ်မြေများအလိုက် ခရစ်ယာန်ဘာသာရေး သင်းအုပ် ဆရာ၊ ဓမ္မဆရာများအား အသုံးချကာ စက်တင်ဘာ ပထမပတ်မှစ၍ လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဒေသခံကချင်ပြည်သူများသည် အပတ်စဉ် တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်လေ့ရှိရာ ထိုအထဲမှ လူငယ် လူရွယ်များအား သီးခြားတွေ့ဆုံကာ စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။ ``၀တ်ပြုလာတဲ့ အထဲမှာ လူငယ်တွေလည်း ပါတာပေါ့။ ၀တ်ပြုဆုတောင်းပြီးတဲ့နောက်...