Tuesday, June 17, 2014

မေးပါရစေ

Posted by drmyochit Tuesday, June 17, 2014, under | No comments



လူငယ်တစ်ယောက်သည် ဘောလုံးအကယ်ဒမီကျောင်းကိုဝင်ရန် လျှောက်လွှာတင်သည်။အကယ်ဒမီကျောင်းအုပ်ကြီးက သူ့ကို မေးသည်။
“ဆိုကြပါစို့ မင်းဟာ ဘောလုံးကွင်းထဲမှာရှိနေမယ်။  ရှေ့မှာ
ပြိုင်ဘက်အသင်းက လူတစ်ယောက်ကိုတွေ့တယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို သူ မကန်နိုင်အောင် တအားကြုံးကန်ပစ်လိုက်ပါမယ်”
“မှန်တယ် ၊ နောက်အခြေအနေတစ်ခု၊ မင်းဟာ ဘောလုံးကွင်းထဲမှာဆိုပါစို့။
ရှေ့မှာ ပြိုင်ဘက်အသင်းက လူတစ်ယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း
တစ်ဖက်အသင်းက လူတစ်ယောက်စီရှိနေတယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို အဝေးကြီးရောက်အောင် ကန်ထုတ်ပစ်လိုက်ပါမယ်”
“ဟုတ်ပြီကွယ်။ နောက် အခြေအနေတစ်မျိုး၊ မင်းက ဘောလုံးကွင်းထဲမှာ၊ ရှေ့မှာ
ပြိုင်ဘက်အသင်းက လူသုံးယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း လူသုံးယောက်စီ၊
ဒီကြားထဲ သူတို့အသင်းရဲ့နည်းပြဖြစ်သူက မင်းဆီဦးတည်လာနေတယ်။ မင်း
ဘာလုပ်မလဲ”
“ဘောလုံး မကစားတော့ဘဲ ပြန်သိမ်းလာမှာပေါ့ ”
“မှန်တယ်။ ကိုင်း ၊ နောက်အခြေအနေတစ်မျိုးကို စဉ်းစားကြည့်။ မင်းဟာ
ဘောလုံးကွင်းထဲမှာရှိနေတယ်။ရှေ့မှာပြိုင်ဘက် အသင်းသားတွေ
အားလုံးရှိနေတယ်၊ ဘယ်နဲ့ ညာဘက်မှာလဲ တစ်ဖက်အသင်းရဲ့ အရံကစားသမားတွေ
စောင့်နေတယ် ဆိုပါစို့၊ မင်း ဘာလုပ်မလဲ”
လူငယ်ကအံကြိတ်ပြီး ပြောလိုက်သည်။
“မေးခွန်း တစ်ခု မေးလို့ရမလား”
“မေးနိုင်ပါတယ်”
“အခုကစားမယ့်ဘောလုံးအသင်းမှာ ကျွန်တော် တစ်ယောက်ထဲ ရှိတာလားဗျ ဟင်”

ရဲစတိုင်း
The Myanma Age

Wednesday, June 11, 2014

” သူ့ဆီမှာ…ရစရာ..ငါးသောင်း” (ဟာသ)

Posted by drmyochit Wednesday, June 11, 2014, under | No comments



မှတ်ပြီလားဟ
” သူ့ဆီမှာ…ရစရာ..ငါးသောင်း”
————————————–

မိန်းမဖြစ်သူက ရေချိုးခန်းမှ ထွက်လာပြီးနောက်.. ယောကျာင်္းဖြစ်သူက ရေချိုးခန်း အတွင်းသို့ ရေချိုးရန် ဝင်သွားလေသည်။

ထိုအခိုက် တံခါးခေါင်းလောင်းသံ မြည်လာသည်။

မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး တစ်ဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်ထပ်သို့ ခပ်လောလော ပြေးဆင်းလိုက် သည်။

တံခါးဖွင့်ပေးလိုက်ရာ တစ်ဖက်အိမ်မှ ” ဦးရှမ်း” ဖြစ်နေသည်။

သူမက ဘာမှ မပြောရသေးခင် ဦးရှမ်းက..
” ကျေးဇူးပြုပြီး တစ်ဘက်စောင် ကို ဖယ်ပေးပါ.. ငါးသောင်း ပေးပါ့မယ်..” ဟု ဆိုလေ၏။

သူမ ခဏမျှ မှင်တက်သွားပြီး.. ဦးရှမ်းရှေ့တွင် တစ်ဘက်စောင်ကို ဖယ်ပြပြီး.. ခေတ္တရပ်နေလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဦးရှမ်းက ငွေငါးသောင်းကို ကမ်းပေးလိုက်ပြီး.. တိတ်ဆိတ်စွာ ထွက်ခွါသွားသည်။

မိန်းမဖြစ်သူလည်း တစ်ဘက်စောင်ကို အမြန်ပြန်ဝတ်ခါ ဝမ်းသားအားရ အပေါ်သို့ ပြန်တက်လာသည်။

ရေချိုးခန်းနား အရောက်တွင် အထဲမှ ယောကျာင်္းဖြစ်သူက…
” ဘယ်သူလည်း..” ဟု မေးသည်။

” ဟိုဘက်အိမ်က.. ဦးရှမ်းပါ…”
သူမကပြန်ဖြေသည်။

ယောကျာင်္းဖြစ်သူက…
“အေး..ကောင်းတယ်..သူ့ဆီမှာ ငါရစရာ ငါးသောင်းရှိတယ်.. ဒီနေ့လာပေးမယ် ပြောထားတာ.. ပေးသွားသေးလား..? ”

” ရှမ်…!!!! ”
#NcNc@
(by; original writer)
မချိုမချဉ်ဟာသများ

Saturday, June 07, 2014

ဒီတကြိမ် ပျက်ကွက်လို့ကတော့..

Posted by drmyochit Saturday, June 07, 2014, under | No comments

အယ့် မနိုင်ဘူးဟ..


တာတီး ( Tar Tee ) တစ်ယောက်.. လုပ်လက်စအလုပ်တွေကို အလောတကြီး စိတ်စောစွာနဲ့ ပီးစီးအောင် လက်စသတ်နေတယ်။

ချစ်သူနဲ့ ချိန်းထားတာက ည ၇ နာရီ.. ခု ၆ နာရီခွဲနေပီ…
ဒီနေ့က.. အရေးကြီးသည်.. အချိန်မှီ မသွားလို့မဖြစ်…

ခါတိုင်းဆို တာတီးတို့က ဒီလိုမဟုတ်.. ရည်းစားကို အိပ်ထဲက ဖားလို သဘောထားတာ..
ဘယ်အချိန်ထုတ်ရိုက်စားစား အေးဆေးပါဆိုတဲ့ လူစားမျိုး…

သူငယ်ချင်းအပေါင်းအသင်းနဲ့များတွေ့လို့ကတော့.. တခွက်တဖလားမော့ပီး ရည်းစားချိန်းတာကို မေ့ချင်မေ့နေတတ်တာမျိုးလေ..

ရည်းစားကစိတ်ကောက်လို့…နောက်နေ့မှ ချော့ရပေါင်းလဲ.. မနည်းတော့ဘူး…

အဲ.. ဒီနေ့မနက်ကတော့.. သူ့ကောင်မလေးက ညဖက်တွေ့ဖို့ ဖုန်းထဲကို messsge ပို့ပီး ချိန်းဆိုလာတယ်…

ဒီတစ်ခါတော့.. သူ့ကောင်မလေးရဲ့ message ကိုဖတ်ပီး.. တာတီးတစ်ယောက် မျက်လုံးပြူး မျက်ဆံပြူး နဲ့…

” ဟိုက်..စ်.. ဒီတစ်ခါတော့ မသွားရင်မဖြစ်တော့ဘူး…အမငီး.. နာ့ဟာလေး..နာ့ဟာလေး..”
ဟု.. တဖွဖွရွတ်ဆိုပီး.. အလုပ်ကို ကုန်းရုန်းလုပ်နေလေတော့သည်..

သူ့ကောင်မလေး ပို့လိုက်သည့် message မှာ…

” တော့.. ကိုရင်တာတီး.. ကျမ ရှင့်ကို အကြီး ကြီး တင်းနေပီ တိလား.. ကျမချိန်းတိုင်း ရှင်မလာဖြစ်တာတွေ များနေပီ.. ဆက်ပီး သည်းမခံနိုင်တော့ဘူး..
ဒီည ၇ နာရီ ကျမကို လာတွေ့ပါ..
ပျက်ကွက်လို့ကတော့.. ရှင့်ခေါင်းအုံး သူများ အုံးသွားပီသာမှတ်..ဒါဗျဲ..!! ”

P.S
” ရှင်မလာ.. ရှင်သာ..ငတ်..
ရှင့်နေရာ… လူမလပ်..ဒချိ…! ”

ပုံ/- မိရွပိုးထိုး

မချိုမချဉ်ဟာသများ

Friday, June 06, 2014

“လူလာရင် ဒီလို လူမလာရင် ဒီလို..” (ဟာသ)

Posted by drmyochit Friday, June 06, 2014, under | No comments


ရှမ်းပြည်နယ်စပ် တစ်နေရာက မြို့လေးတစ်မြို့ရဲ့ ဈေးတစ်ဈေးမှာ မဗာစကားသိပ်မတတ်သော တောင်ပေါ် ရှမ်းမလေး တစ်ယောက် အမည်မသိသော အသား ရောင်းနေသည်။

ဗမာမ တစ်ယောက်ကလာမေးသည်။

““ဒါ ဘာအသားလဲ””

အမည် မပြောတတ်တော့ လက်ဟန်လုပ်ပြတယ် လက်တစ်ဘက်က ကွင်းပြီး လက်ညိုးတစ်ဘက်က ထိုးလိုက် ထုတ်လိုက်လုပ်ပြီး..

““လူလာရင် ဒီလို လူမလာရင် ဒီလို ဒီလို ဒီလို အသားလေ””

ဒါနဲ့ ဗမာမ က သူ့ကို လက်ညိုး ထိုးလိုက် ထုတ်လိုက် လုပ်ပြရမလားဆိုပြီး…

““ဟေ့ ငါ့ကို ဘယ်လိုမိန်းမမျိုးအောက်မေ့နေသလဲ စော်ကားလှချည်လား””တဲ။

့ အော်ကြီးအော်ကျယ် စကားများနေကြတာ နဲ့ ဘေးက လည်လည်ဝယ်ဝယ်ရှိတဲ့ ရှမ်းလူမျိုးတစ်ယောက်က လာပြီး ဖြစ်စဉ်မေးမြန်းကာ…

““အော် ဒီလိုပါ အမ သူက ဗမာလိုမပြောတတ်လို့ ပုံစံလက်ဟန်ပြရတာတဲ့ သူရောင်းနေတာက လိပ် သားပါတဲ့””

““ ငွင့်.. အဲ့သလိုလား..မသိဘူးလေကွယ်””

မချိုမချဉ်ဟာသများ

“ဦးဇင်းသာဝ အလိမ်ခံရ.. (ဟာသ)

Posted by drmyochit Friday, June 06, 2014, under | No comments



တချိန်က…လင်မယားနှစ်ယောက်ရှိတယ်တဲ့ ။
ကိုသာဝ ဆိုသူက နေ့စဉ်လိုလို မူးမူးပြီး မိန်းမနှင့် မကြာခဏ ရန်ဖြစ်စကားများကြတတ်တယ် တဲ့။

မိန်းမဖြစ်သူက အကောင်းဆုံးနည်းလမ်းရှာပြီး ဘုန်းကြီးကျောင်းသို့ သင်္ကန်းသွားဝတ်ပါရန် တိုက်တွန်း လိုက်တယ်တဲ့။

့ တစ်နေ့တော့ ကိုသာဝ က သင်္ကန်းဝတ်ဖြစ်သွားတယ် တစ်ပတ်လောက်ကြာသော် ဦးဇင်းသာဝ က လူဘ၀နှင့်ဦးဇင်းဘ၀ကို စဉ်းစားတယ်။

“အင်း အိမ်ထက်စာရင် သင်္ကန်းဝတ်ရတာ ပိုအေးချမ်းတယ်”

(၂)လ ကြာသော် လူထွက်ချင်စိတ်မရှိ မိန်းမဖြစ်သူက လူထွက်ရက်ကိုမျှော်နေသည် (၃)လ ရောက်သော်လည်း လူထွက်ဖို့ အသံမကြား တစ်နေ့တွင် မိန်းမဖြစ်သူက…

““ဦးဇင်းဘုရား တပည့်တော်မ တို့၏ခြံစည်းရိုး ပေါက်ပြဲနေပြီး လူဝင်လိုက် ခွေးဝင်လိုက် နဲ့ ဘယ်လိုလုပ်ရမလဲဘုရား””

““ဟ ကပ္ပိယကြီးရှိတယ်လေ သု့ကိုကာခိုင်းလိုက်””

ဒီလိုနဲ့ နောက်တစ်လလည်း လူမထွက် ဒီတစ်ခါ..

““ဦးဇင်းဘုရား မိုးတွေကလည်းကျလာပြီ အိမ်ခေါင်မိုးလည်းမလုံဘူး ဘယ်လိုလုပ်ရမလဲဘုရား””

““ကပ္ပိယကြီးကိုလုပ်ခိုင်းလိုက်””

နောက်(၁)လ ကြာလဲ မထူး
““အင်း ဘယ်လိုလုပ်ရမလဲ””
နောက်တစ်နေ့ တွင် ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ သွားပြီး…

““ဦးဇင်းဘုရား…..တပည့်တော်မ၏ပေါင်ကြားမှာ အနာစိမ်း အကြီးကြီးပေါက်နေလို့ ကပ္ပိယကြီးကိုပဲ ညှစ်ခိုင်းတော့မယ်ဘုရား””

လို့ လျှောက်ပြီးပြန်လှည့်သွားသည်။
ဦးဇင်း စဉ်းစားသည်.. ပီးကာမှ ကမန်းကတန်းနဲ့…

““ဟေ့ဟေ့ ဒကာမ ခဏနေဦး ဒါတော့ကပ္ပိယကြီးကို ညှစ်ခိုင်းလို့မဖြစ်ဘူး ငါလာညှစ်ပေးမယ်““ ဆိုပြီး ချက်ချင်းလူထွက်ကာ အိမ်ရောက်တော့ …

““ပေးပေး ဘယ်မလဲ အနာ””
““ဘာ..အနာ မှ မရှိဘူး ရှင့်ကိုသတိရလို့ လိမ်ပြောတာ ဟိဟိ””

““ဟာ့…သေနာမ အဟုတ်မှတ်လို့””


credit > အတိုအထွာဟာသလေးများ

Thursday, June 05, 2014

ချစ်သူထံမှကိုလုံး ဖတ်ဖို့ရည်စားစာ (ဟာသ)

Posted by drmyochit Thursday, June 05, 2014, under | No comments



” တိန် ” !! သေ ပြီ ဆြာ

==========================
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်..သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး

စာဖောက်ဖတ်တာပေါ့ ။စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့

ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့

သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်းပြန်ထည့်ပေးလိုက်တော့တယ် ။

……………………………………………………

ကိုယ်လုံး … (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်ကခေါင်းပြတ်နေလို့လား) ။

ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကိုခေါင်းကြားညှပ်တာ..)

မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲဘာအကောင်ကြီး ဖြစ်မှန်းမသိ)

မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။

မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။

ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့် မီးမပြတ်တဲ့နိုင်ငံခြားတောင်သွားမလားလို့) ။

မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်! သူများတွေ အထင်လွဲတော့မှာပါပဲ.စွဲလန်း လုပ်ပါဟ…) ။

မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။ (ဒါနဲ့ပဲ တန်တယ်လေ..)

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။

ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲသွားကြည့်တာကိုး )

မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။

မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။

ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာထင်တာပေါ့လေ့..(မြက်ပင် လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။

ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့..

အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့…..( အသံ..အသံ !! အထင်လွဲစရာတွေဖြစ်တော့မယ်) ။

တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.)

မျိုဂျီး ဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့…တ အ..အားအော်နေတာလေ(အော်..အသံဝင်လို့ အ အ

လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)

အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။

မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)

ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)

ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..

နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။

စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကိုအားကျလို့တဲ့အေ… သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ

လို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.

ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။

မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်… ။ (အေး Dogလိုတော့မနေဘူးဟ)

ကိုယ်ရယ်..မီး အရန်လွမ်းတာပွဲ (လွမ်းတာပဲ အရန်တွေ ၊ line-up တွေလွမ်းချင်သေးတယ်) ။

မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)

ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)

အကြွေးတွေလည်း အလ**လ** (တန်းပြင်ပေးလိုက်တယ်) ပဲ ။

မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့(တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။

ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။

မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ..(အေး..တိုင်နဲ့ခေါင်းနဲ့သာသေအောင်ဆောင့်ပေတော့)။

မီးစာ ရှည်သွားပီမို့ တော်သေပီ.. (မီးစာကုန်ပြီးမှ မီးသေမှာပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)

။……………ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ကြပါစေ …………….။

မချိုမချဉ်ဟာသများ
ဟာသကုမ္ပဏီ

Wednesday, June 04, 2014

ငရစ် customer (ဟာသ)

Posted by drmyochit Wednesday, June 04, 2014, under | No comments



စားသောက်ဆိုင်တစ်ခုမှာကောင်မလေး ၀ိတ်တာအား

“အော်ညီမလေး ABC ရလား”

“ဟုတ်ကဲ့ရှင် ရပါတယ်”

“အင်းဒါဆိုရင် AကနေZအထိရွတ်ပြ”

” ရှင်”

“စတာပါ ကျွဲရိုင်းရောရှိလား”

“ဟုတ်ရှိပါတယ်ရှင့်”

“ဒါဆိုသေချာခြံခတ်ထားစမ်းပါ
ကျွန်တော်ကကြောက်တတ်လို့”

“ရှင်”

“နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက်
ငုံးဥဟက်ဖရိုက်နော်”

“ခင်ဗျားလာနောက်နေတာလား”

“ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား”

“ရှိသေးတယ်”

“အော် ရှိသေးရင်ဆက်ရောင်းလေ”

“ခင်ဗျားလွန်လာပြီနော်”

“စိတ်မဆိုးပါနဲ့ဗျာဟိုဟာလေထမင်းပေါင်း
ဆိုတာထမင်းအထီးနဲ့ထမင်းအမကို
မင်္ဂလာဆောင်ပေးထားတာလားဟင်”

“ခင်ဗျားဘာတွေလာပြောနေတာလဲ”

“မသိလို့မေးတာပါကြေးအိုးရလား”

“ရတယ်”(နည်းနည်းမာလာပြီ)

“ဒါဆိုသေချာဂျီးလေးဘာလေး
ပြောင်အောင်ချွတ်တိုက်ထားလိုက်နော်
ခနနေဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား
လွှတ်လိုက်မယ်”

“ခင်ဗျား နော်”

“ဟီး Coke ရလား”

“ရတယ်”

“အော် ရရင်ပြီးတာပဲ ကုတ်မရရင်
ကျွန်တော်ကုတ်ပေးမလို့”

“ခင်ဗျား လစ်လိုက်တော့ ရဲစခန်း
ဖုန်းဆက်လိုက်မယ် မဟုတ်ရင်”

ကဲကဲဒါဆို တကယ် မှာမယ် နော် ညီမလေး

ဟုတ်ကဲ့မှာပါရှင့်

အင်း….ကိုကြီးမရှိတုန်း ကျန်းမာရေးလဲဂရုစိုက်
အစားအသောက်လဲမှန်မှန်စား……….ဟုတ်ပီ လား

Tuesday, May 20, 2014

ဆရာကောင်းတပည့်

Posted by drmyochit Tuesday, May 20, 2014, under | No comments

သင်္ချာဆရာမတစ်ယောက် စာသင်နေပါတယ်။

"တပည့်တို့ သင်္ချာဆိုတာ အရမ်းအရေးကြီးတယ်။ လူလူချင်းပဲ
လိမ်လို့ရတယ်။ သင်္ချာဂဏန်းတွေက လူကိုမလိမ်ဘူး။ ဥပမာ
လူတစ်ယောက် အိမ်တစ်လုံးဆောက်ဖို့ ၁၂ရက်ကြာရင်
လူ၁၂ ယောက်ဆို တစ်ရက်ပဲကြာမယ်၊ လူ၂၈၈ ယောက်ဆို
တစ်နာရီပဲကြာလိမ့်မယ်"
ဒါနဲ့ အတန်းရှေ့ဆုံးမှာထိုင်နေတဲ့ ကျောင်းသားက ပြောလိုက်ပါတယ်။
"ဟုတ်ပါတယ်ဆရာမ။ ၁၇၂၈ဝ ယောက် အိမ်ဆောက်ခိုင်းမယ်
ဆိုရင် တစ်မိနစ်ပဲကြာပါတယ်။ တကယ်လို့ လူ ၁ဝ၃၆၈ဝဝ
ဆောက်ခိုင်းမယ် ဆိုရင် တစ်စက္ကန့်ပဲကြာတော့မှာပါ၊ နောက်ထပ်
ပင်လယ်ကူးသင်္ဘောကြီး တစ်စင်း သမုဒ္ဒရာကိုဖြတ်ဖို့ ၄ရက်ကြာရင်
သင်္ဘော၎စင်း ဖြတ်တဲ့အခါဆို တစ်ရက်ပဲကြာပါတယ်၊
ဂဏန်းတွေက လူကိုမလိမ်တတ်ပါဘူး။ နောက်ပြီး ၂၅ ဒီဂရီ
စင်တီဂရိတ်ရှိတဲ့ ရေနွေး ၄ ခွက်ကို ပေါင်းထည့်လိုက်ရင်
၁ဝဝ ဒီဂရီဖြစ်သွားတာကြောင့် ရေနွေး ပွက်သွားပါတယ်။
ဟုတ်တယ်နော် ချာမ"
ရဲစတိုင်း

Monday, February 03, 2014

၁၆ နှစ်သမီးလေး လင်နောက်လိုက်ပြေးသောအခါ

Posted by drmyochit Monday, February 03, 2014, under | No comments

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့် တဲ့အခါ ချစ်သော ဖေဖေ ဒီစာကိုရေး ရတဲ့အ တွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။

သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။

ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး

စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော်/

Thursday, January 30, 2014

မြုံနေရဲ့သားနဲ့ ကိုယ်ဝန်ဘယ်လိုရလာတာလဲ

Posted by drmyochit Thursday, January 30, 2014, under | No comments

ဟိုင်းဝေး လမ်းမကြီးမှာ ကားမောင်းလာရင်း မူးမေ့လဲခါနီး အမျိုး သမီးတစ်ယောက် အကူအညီတောင်းလို့ ဆေးရုံ လိုက်ပို့ လိုက်တယ်။

ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာ စရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန် ရှိနေပြီ ဗျ။

"ဟာ ဘယ်ကလာ။ အဲဒါကျွန်တော့မိန်းမ မဟုတ်ဘူးဗျ။"

ယင်း အမျိုးသမီးအား ဆရာဝန်က မေးမြန်းသောအခါ " ဟင့် အင်း သူက ကျွန်မ ယောင်္ကျားပါ"
အဲဒီ မှာ ကျွန်တော် ဇောချွေးတွေ ပြန်နေပါတော့မယ်။ မဟုတ်ပါ ဘူးလို့ ငြင်းရက်သား ဒီကောင်မလေးက ဘာစိတ်ကူးပေါက်လို့ သူ့ယောက်ျားလို့ဆိုမှန်းမသိ။

ဒီတော့ တာဝန်မဲ့ချင်ရလားဆိုပြီး ဆရာဝန်များက ကျွန်တော့ကို DNA စစ်ဆေးမယ်လို့ဆိုပါတယ်။ သဘောတူလိုက်ပြီး DNA စစ်ဆေးလိုက်ရာ အဖြေထွက်လာပါတော့တယ်။

"ဟုတ်ပါတယ် ခင်ဗျားက သူ့ယောင်္ကျားမဟုတ်ပါဘူး။ မိတ်ဆွေက မွေးကတည်းက မြုံနေသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ကလေးမရနိုင်ပါဘူး။ ဆောရီးဗျာ။ လူကြီးမင်း ပြန်နိုင်ပါပြီ။"

အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကိုအပြန် ဟိုင်းဝေးလမ်းမကြီးမှာ တစ်ယောက်တည်း ဇောချွေးတွေ ပြန်နေပါတယ်။

ဒါဆို ကျွန်တော့မိန်းမ မွေးတဲ့ သားနဲ့သမီးက ဘယ်လိုရလာတာလဲဆိုတာလေ..

Translated from "Stress of Level"
အောင်ခမ်း ( ရိုးရာလေး )

Thursday, November 07, 2013

ဟာသ

Posted by drmyochit Thursday, November 07, 2013, under | No comments

မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”

“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”
နောက်တစ်နေ့“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”
နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”

“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”
နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။ အိမ်ခေါင်မိုးလည်း မိုးမယိုတော့

“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”
“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”
“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”
“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”
“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”
~သေးထွက်ရီရသောဟာသများ~

Wednesday, September 04, 2013

" မိန်းမ မှတ်ဥာဏ် "

Posted by drmyochit Wednesday, September 04, 2013, under | No comments




တခါက ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးဆီသို့ အမျိုးသမီး လူနာ တဦး ဆေးခန်း လာပြသည်။ ဆရာဝန်ကြီးက ရာဘာလက်အိတ်ကို လက်မှာစွပ်ပီး လူနာကို ကြည့်လိုက်ရင်းက နောက်ပြောင်လိုသည့် သဘောဖြင့် ..

" ဒီလက်အိတ်ကို ဘယ်လို လုပ်တာလဲ သိလား.."



လူနာ အမျိုးသမီးက ခပ်ကြောင်ကြောင် ပုံစံဖြင့် " ဘယ်လိုလုပ်သိမှာလဲ "

" မသိရင် ပြောပြမယ်..ဒီလက်အိတ်ကို လုပ်ဘို့အတွက် လူတစုဟာ နေအရမ်းသာနေတဲ့ နေရာကို သွားရတယ်.၊ ပီးတော့ ရာဘာ အနှစ်ရည်တွေထဲကို သူတို့ရဲ့ လက်တွေကို ထည့်စိမ်ရတယ်..ပီးတော့ အဲ့ဒီလက်ကို လေထဲမှာ မြှောက်ပီး နေရောင်နဲ့ ခြောက်သွားအောင် ထောင်ထားရတယ်၊ ခြောက်သွားတဲ့ အခါကျတော့မှ ဒီလို ပုံစံလေးဖြစ်သွားတာပေါ့ (လက်ထောင်ပြလိုက်ရင်း)..အဲ့ဒီတော့မှ သူတို့နဲ့ မလှမ်း မကမ်းမှာ ရှိတဲ့ စက္ကူဗုံးထဲကို အဲ့ဒီလက်အိတ်တွေ ချွတ်ပီး ပစ်ထည့်ရတယ်..အဲ့ဒီနည်းနဲ့ ရာဘာလက်အိတ်ဆိုတာ ဖြစ်လာရတာ " လို့ ဆရာဝန်ကြီးက ခပ်တည်တည်နှင့် နောက်လိုက်သည်.။

ဆရာဝန်ကြီး စကားဆုံးပီးအတော်ကြာတဲ့အထိ လူနာအမျိုးသမီးက ငြိမ်နေပီးတော့မှ ရုတ်တရတ် ခွီးခနဲ ထရီတယ်.....

ဆရာဝန်ကြီး , " အွန် .. ဘာလို့ရီတာလဲ .. မယုံလို့လား.."
လူနာအမျိုးသမီး " မဟုတ်ပါဘူး ဆရာရယ်.၊ ဆရာပြောနဲ့ ဆက်စပ်ပီး ကွန်ဒုံးကို ဘယ်လိုလုပ်တာလဲဆိုတာကိုပါ တွေးမိလို့ပါ.."

( မှတ်ချက် ။ ။ အမျိုးသမီးများဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဦးနှောက်ကောင်းတယ်ဆိုတာလေး ပြောပြချင်လို့ပါ..)

*MH မှ မှတ်မိနေသော ပို့စ်တခုကို ပြန်ပြောပြတာဖြစ်ပါတယ်..(မှတ်မိမှာပေါ့..အမျိုးသမီးပဲဟာ..နော်)

"တကယ်လုပ်မှာလား ပြောစမ်းပါ"

Posted by drmyochit Wednesday, September 04, 2013, under | No comments



ဥရောပ တက္ကသိုလ်တစ်ခုမှာ...
...
ပါမောက္ခလေးရဲ့ရုံးခန်းထဲကို ကျောင်းသူတစ်ယောက် ဝင်လာတယ်
သူမလာရာလမ်းကို ပြန်ကြည့်တယ်
ပြီးတော့ တံခါးကိုဂျက်ထိုးပြီး ပိတ်လိုက်တယ်
သူမဆံနွယ်တွေကို နောက်ပြန်လှန်တင်လိုက်ရင်း ပြောတယ်... ...

'ဆရာ... သမီး ခုဖြေတော့မယ် စာမေးပွဲ အောင်ချင်တယ်... '

... စကားကို ခဏရပ်လိုက်ပြီး ပါမောက္ခလေးကို စိုက်ကြည့်လိုက်တယ်
နုတ်ခမ်းတွေကို သပ်လိုက်ပြီး ဆက်ပြောတယ်... ...

'အဲဒီအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မယ် ဆရာ၊ ဘာပဲလုပ်ရလုပ်ရနော်'

... ဆိုပြီး ထိုင်ခုံပေါ်ခြေထောက်တဖက်တင်တယ်၊ စကပ်လေးကို ပေါင်ရင်းထိ ဆွဲဖော်လိုက်တယ်။
ဒီတော့ ပါမောက္ခလေးက မေးတယ်... ...

'တကယ်လား သမီး'
'တကယ်ပါ ဆရာ၊ ဘာပဲဖြစ်ဖြစ် လုပ်မယ်'
'ဘာပဲဖြစ်ဖြစ်နော်'
'ဟုတ်ကဲ့'

ပါမောက္ခလေး ထိုင်ရာက ထလာတယ်
ကျောင်းသူလေးနား လာရပ်တယ်
ကလေးမပုခုန်းနှစ်ဖက်ကို လှမ်းကိုင်လိုက်တယ်
မျက်နှာခြင်း တဖြေးဖြေး နီးလာတယ်
ကလေးမက မျက်လုံးလေးနှစ်ဖက် စုံမှိတ်ရင်း တစုံတခုရောက်လာမှာကို စောင့်မျှော်နေတယ်
ပါမောက္ခလေးက နှစ်ကိုယ်ကြားယုံ လေသံလေးနဲ့ ထပ်မေးပြန်တယ်... ...

'ဘာပဲ ဖြစ်ဖြစ်နော် သမီး'
'ဟုတ် ... ဘာပဲဖြစ်ဖြစ် လုပ် လုပ် ပါ့ မယ် ဆ ရာ'

သူမမျက်နှာနား အနီးဆုံးကပ်လိုက်ပြီး ပါမောက္ခလေးကပြောလိုက်တယ်... ...

'ဒါဆို စာကျက်' ... တဲ့။


သန်၎ကို-ဘာသာပြန်သည်

"သူ့အလှည့် ကိုယ့်အလှည့်"

Posted by drmyochit Wednesday, September 04, 2013, under | No comments



လူတစ်ယောက် ဆံပင်ညှပ်ရင်း ဆံသဆရာနဲ့ ရောက်တတ်ရာရာ ပြောနေတယ် ... ..

"သပ်သပ်ရပ်ရပ်လေး ညှပ်ပေးဗျ၊ ကျနော်က မနက်ဖန် ရောမကို ခရီးထွက်မှာ"
"ရောမ ဘာလုပ်ဖို့လဲ၊ လူတွေကရှုပ်၊ မြို့ကညစ်ပတ်နဲ့၊ အီတာလျံတွေ ကောင်းတာမဟုတ်ဘူး"
"ဟုတ်လား"

"ဘယ်လေကြောင်းနဲ့ သွားမှာလဲ"
"IAI နဲ့"
"ဟင်း... IAI က အလွန်ညံ့တဲ့ လေကြောင်းလိုင်း၊ အချိန်ကမမှန်၊ လေယာဉ်မယ်တွေက ရုပ်ဆိုးဆိုး"
"ဟုတ်လား"

"ဘယ်ဟိုတယ် တည်းမှာလဲ"
"Swan ဟိုတယ်မှာ"
"အား.. အဲဒီဟိုတယ် ဝန်ဆောင်မှုကညံ့၊ ဈေးကကြီး၊ အခန်းတွေကကျဉ်း၊ မစွံဘူး"
"ဟုတ်လား"

"ဘာလုပ်ဖို့ သွားမှာလဲ"
"ဗာတီကန်စီးတီးကို သွားပြီး ပုပ်ရဟန်းမင်းကြီးကို ဖူးဖို့ဗျ"
"သူ့ကို လာဖူးတဲ့ လူတစ်သန်းလောက်ကြား၊ ခင်ဗျား သူ့ကိုမြင်ရလှ မှုန်ပျပျပေါ့"
"ဟုတ်လား"

ဒီလိုနဲ့ နောက်တစ်လလောက်ကြာတော့ အဲဒီလူနဲ့ ဆံသဆရာ ကော်ဖီဆိုင်မှာ တွေ့ကြတယ်
ဆံသဆရာက မေးတယ်... ...
"ဘယ်လိုလဲ ခင်ဗျား ခရီးစဉ် အဆင်ပြေလား"

"ပြေတယ်၊ ရောမမြို့ကြီးကလဲ အရင်လိုမဟုတ်တော့ဘူး၊ သန့်ရှင်းသပ်ရပ်ပြီး မြို့သူမြို့သားတွေလဲ ဖော်ရွေကြတယ်"
"ဟုတ်လို့လား"

"IAI ကလဲ အချိန်အတိအကျပျံတယ်၊ လေယာဉ်မယ်လေးတွေလဲ ငယ်ငယ်ချောချောလေးတွေ"
"ဟုတ်လို့လား"

"Swan ဟော်တယ်လဲ ပြင်ဆင်မွမ်းမံထားတော့ အခန်းတွေလဲကျယ်၊ ဝန်ဆောင်မှုလဲကောင်း၊ ဈေးလဲချိုတယ်"
"ဟုတ်လို့လား"

"ဟုတ်ပါတယ်"
"ဒါပေမယ့် ခင်ဗျား ပုပ်ရဟန်းမင်းကြီးကိုတော့ အဝေးကနေ မှုန်ပျပျပဲဖူးခဲ့ရတာမလား"

"မဟုတ်ဘူးဗျ၊ ပုပ်ရဟန်းမင်းကြီးက တနေ့ကို လူတစ်ရာရွေးပြီး တဦးခြင်း ဖူးတွေ့ခံတယ်"
"ဟုတ်လို့လား"

"ဟုတ်တယ်၊ ကျနော်ကံကောင်းတယ်၊ သူ့ကို တဦးခြင်းအနီးကပ်ဖူးခဲ့ရတယ်"
"ဟုတ်လို့လား"

"ဟုတ်တယ်၊ သူကတောင် မေးလိုက်သေးတယ်"
"ဘာမေးတာလဲ"

"ဆိုးလိုက်တဲ့ ဆံပင်ပုံ၊ ဘယ်ဆိုင်မှာ ညှပ်တာလဲ တဲ့"
"ဂိန်..."

သန်၎ကို-ဘာသာပြန်သည်

Wednesday, April 10, 2013

ကလေးအဖေဘယ်သူလဲ

Posted by drmyochit Wednesday, April 10, 2013, under | No comments

၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီး သွားတဲ့ မှုခင်း တစ်ခုဖြစ် ပါတယ်။ ဝမ်းနည်း ဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ် ပါတယ်။

တရားရုံး တစ်ရုံးက အမိန့် တစ်ခု ချစရာ ရှိနေပါ တယ်။ အမှုက ဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက် ကို လက်ထပ် ခဲ့တဲ့ အသက် ၂၉ နှစ် အရွယ် Soupolos ဟာ သား သမီး လိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေ လို့ ကလေး မရနိုင်ဘူး ဖြစ်နေ ပါတယ်။ ဒါကြောင့် ကိုယ်တိုင် ကလည်း ကလေး လိုချင်၊ ဇနီးဖြစ် သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင် ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။

ယင်း အလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။

သား သမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလို လုပ်တာကို မကြိုက်ပေမယ့် “ငါဒီ အလုပ်တွေ မလုပ်ချင်ပါဘူး မိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ် သက်တမ်း ၆ လ အတွင်း တပတ် သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန် မရခဲ့ပါ။

ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျား က စိတ်ဆိုးပြီး တရားစွဲ ခဲ့ပါတယ်။ Frank Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ ပဲပြောခဲ့တာ... ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား ရင်ဆိုင်ခဲ့ ပါတယ်။

ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။

သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။

Ref:islandmix.com

Thursday, March 07, 2013

သိပ်လှတဲ့ ပုလိပ် မမများ..... ဂလု

Posted by drmyochit Thursday, March 07, 2013, under , | No comments

ပြည်သူ့ ရဲထဲ ကျွန်တော်လည်းဝင်ချင်ပါတယ်...

Thursday, February 14, 2013

စင်္ကာပူက ဟာသ

Posted by drmyochit Thursday, February 14, 2013, under | No comments

~ သန်၎ကို ~
စင်္ကာပူရောက်ပြီး သိပ်မကြာမှီ ကာလတစ်ခုကပေါ့.. ...
ကျနော်နဲ့ မိုးကြီး Mustafa ဘက်ကို ဖုန်းသွားဝယ်ဖို့ တိုင်ပင်နေတာကို ကိုအောင်က ကြားသွားပြီး သူလည်းလိုက်မယ် တဲ့။

"ဟေ့ကောင်၊ မင်းက ညလုံးပေါက် အလုပ်ဆင်းထားတာ ၂ ရက် ဆက်တိုက်ရှိနေပြီ၊ အိမ်မှာပဲ အိပ်နေ နားနေလေ၊ ဘာလိုက်လုပ်မှာလဲ"

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်