Thursday, January 30, 2014

မြုံနေရဲ့သားနဲ့ ကိုယ်ဝန်ဘယ်လိုရလာတာလဲ

Posted by drmyochit Thursday, January 30, 2014, under | No comments

ဟိုင်းဝေး လမ်းမကြီးမှာ ကားမောင်းလာရင်း မူးမေ့လဲခါနီး အမျိုး သမီးတစ်ယောက် အကူအညီတောင်းလို့ ဆေးရုံ လိုက်ပို့ လိုက်တယ်။

ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာ စရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန် ရှိနေပြီ ဗျ။

"ဟာ ဘယ်ကလာ။ အဲဒါကျွန်တော့မိန်းမ မဟုတ်ဘူးဗျ။"

ယင်း အမျိုးသမီးအား ဆရာဝန်က မေးမြန်းသောအခါ " ဟင့် အင်း သူက ကျွန်မ ယောင်္ကျားပါ"
အဲဒီ မှာ ကျွန်တော် ဇောချွေးတွေ ပြန်နေပါတော့မယ်။ မဟုတ်ပါ ဘူးလို့ ငြင်းရက်သား ဒီကောင်မလေးက ဘာစိတ်ကူးပေါက်လို့ သူ့ယောက်ျားလို့ဆိုမှန်းမသိ။

ဒီတော့ တာဝန်မဲ့ချင်ရလားဆိုပြီး ဆရာဝန်များက ကျွန်တော့ကို DNA စစ်ဆေးမယ်လို့ဆိုပါတယ်။ သဘောတူလိုက်ပြီး DNA စစ်ဆေးလိုက်ရာ အဖြေထွက်လာပါတော့တယ်။

"ဟုတ်ပါတယ် ခင်ဗျားက သူ့ယောင်္ကျားမဟုတ်ပါဘူး။ မိတ်ဆွေက မွေးကတည်းက မြုံနေသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ကလေးမရနိုင်ပါဘူး။ ဆောရီးဗျာ။ လူကြီးမင်း ပြန်နိုင်ပါပြီ။"

အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကိုအပြန် ဟိုင်းဝေးလမ်းမကြီးမှာ တစ်ယောက်တည်း ဇောချွေးတွေ ပြန်နေပါတယ်။

ဒါဆို ကျွန်တော့မိန်းမ မွေးတဲ့ သားနဲ့သမီးက ဘယ်လိုရလာတာလဲဆိုတာလေ..

Translated from "Stress of Level"
အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်