Thursday, January 30, 2014

Facebook မှာဆုံတွေ့ခဲ့ရတဲ့ သားအရွယ်ယောင်္ကျားလေးနဲ့ လက်ထပ်ခဲ့သူ အမျိုးသမီး အချစ်ကြောင့် နွားချေးကျုံးတဲ့ဘ၀ရောက်သော်လည်း သက်ဆုံးတိုင်ချစ်သွားမည်ဟုဆို

Posted by drmyochit Thursday, January 30, 2014, under | No comments



အမေရိကန် နိုင်ငံ ကအမျိုး သမီး တစ်ဦး ဟာ အချစ်စစ် ကိုယုံကြည် ခဲ့လို့ အရာ အားလုံး ကို စွန့်လွှတ် ခဲ့ တယ် လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ရေးသား ထားပါ တယ်။ ကယ်လီ ဖိုးနီးယား ပြည်နယ်မှာ နေ ထိုင် တဲ့ အသက် (၄၁) နှစ် အရွယ်ရှိ အက် ဒရီယာ နာ ဟာ အသက်ကြီး မှ အချစ် စစ်၊ အချစ်မှန် ကိုရှာဖွေ တွေ့ရှိပြီးတဲ့နောက်သူ့ရဲ့ချစ်သူအသက် (၂၅) နှစ်သာရှိသေးတဲ့ အိနိ္ဒယနိုင်ငံသား ကူးမားကို လက်ထပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

အက်ဒရီယာနာဟာကူးမားကိုFacebookကနေ တွေ့ဆုံခဲ့တာဖြစ်ပြီးချစ်သူတွေအဖြစ်ရောက်ရှိသွား ခဲ့ ပါတယ်။

ဒီနောက်သူတို့နှစ်ဦးဟာလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

အက်ဒရီယာနာဟာကလေးအမေတစ်ဦးဖြစ်ပြီးသူ့မှာအသက် (၂၄) နှစ်အရွယ်သမီးတစ်ဦးလည်းရှိပါတယ်။ဆိုရရင် အက်ဒရီယာနာဟာ သူ့သားသမီးအရွယ်လောက်ကိုလက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ အက်ဒရီယာနာဟာကူးမားကိုအရမ်းချစ်ခဲ့တာမို့အိနိ္ဒယနိုင်ငံကို ပြောင်းရွှေ့ နေထိုင်ဖို့ဆုံးဖြတ် ခဲ့ပါတယ်။

ကူးမားနေထိုင်တဲ့နေရာဟာရွာလေးတစ်ရွာသာဖြစ်ပြီးမြို့ကိုရောက်ဖို့အနည်းဆုံးမိနစ် (၃၀) လောက် ကားမောင်း သွားရမှာ ဖြစ်ပါတယ်။အိနိ္ဒယနိုင်ငံမှာအမျိုးသမီးတွေရဲ့ဘ၀ဟာလုံခြုံမှုမရှိလို့အက်ဒရီ ယာနာကို ကူးမားဆီမသွား ရောက်ဖို့မိဘဆွေမျိုးတွေက ဟန့်တားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။

အက်ဒရီယာနာဟာအမေရိကန်မှာနေထိုင်စဉ်က ခေတ်ဆန်တဲ့အမျိုးသမီးဖြစ် ခဲ့ပေမယ့်အိနိ္ဒယကို ရောက်တဲ့အခါအရာရာပြောင်းလဲသွားခဲ့ပါတယ်။ ကူးမားရဲ့မိသားစုနဲ့အတူ နေထိုင်ရတာမို့ အိမ်အလုပ်တွေ ကိုလည်း ၀ိုင်း ကူလုပ် ပေးရပါတယ်။

ကူးမားဟာလယ်ယာလုပ်ငန်းလုပ်သူဖြစ်ပြီးအက်ဒရီယာနာအနေနဲ့နွား ချေးတွေတောင်ကြုံး ရတဲ့အထိ လုပ်ကိုင်ခဲ့ ရပါတယ်။

နောက်ပြီးကူးမားဟာဟိန္ဒူဘာသာကိုကိုးကွယ်သူဖြစ်တာမို့အက်ဒရီယာနာ အနေနဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ အိနိ္ဒ ယရိုးရာအ၀တ်အစားတွေကိုလည်း ၀တ်ဆင်ခဲ့ရပါတယ်။အက်ဒရီယာနာဟာ မတူညီတဲ့ ဘ၀ကို ရောက်သွားပေမယ့် သူ့အနေနဲ့ အမေရိကန် ကိုဘယ်တော့မှ ပြန်တော့မှာမဟုတ်ဘဲကူးမားနဲ့ တည်ထောင် ထားတဲ့ အိမ်ထောင် ရေးကိုသက်ဆုံးတိုင်တည်တံ့ဖို့ကြိုးစားသွား မှာဖြစ်ပြီးကလေး ရဖို့လည်း စီစဉ်နေ တယ် လို့ဖွင့်ဟခဲ့ပါတယ်။အချစ်ဟာ အရာရာကို ပြောင်းလဲစေတယ်ဆို တာဒီဖြစ်ရပ်က သက်သေပြ သွား ခဲ့ပါတယ်။

The Messenger

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်