Thursday, January 30, 2014

မသန်စွမ်း ဦးရေကို တိုးပွား လာစေတဲ့ ယာဉ် မတော် တဆမှုများ

Posted by drmyochit Thursday, January 30, 2014, under | No comments

ကား တင်သွင်းခွင့်တွေ ကို လွတ်လပ်စွာ တင်သွင်း ခွင့်ပြု ခဲ့ပြီးနောက်မှာ ရန်ကုန်မြို့ရဲ့နေရာ တိုင်း လိုလို မှာကား လမ်း ပိတ်မှုတွေ၊ ကားကြပ်မှုတွေ ဖြစ်ပေါ်နေသလို ယာဉ်မတော်တဆဖြစ်မှုတွေလည်း ဖြစ်ပေါ်နေ ပါ တယ်။ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးနေတဲ့ သူတွေရှိသလို ဒဏ်ရာ အနာ တရဖြစ် ပြီး မသန် စွမ်းဖြစ် သွားတဲ့ လူဦးရေဟာလည်း တဖြေးဖြေးတိုးပွားနေတယ်လို့သိရပါတယ်။


ဒီလိုယာဉ်မတော်တဆမှုဖြစ်ပြီးမသန်စွမ်းဦးရေ များပြားလာတာဟာ ယာဉ်မောင်းတွေရဲ့ မဆင် မခြင် မောင်းနှင် မှုကြောင့်တင်မကဘဲ ခရီးသွားပြည်သူတွေရဲ့ လမ်းစည်းကမ်းဖောက်ဖျက်မှု၊ယာဉ်ပိုင်း ဆိုင်ရာ လိုအပ် မှုတွေ ဟာလဲ အဓိကအကြောင်းအရင်းတွေ ဖြစ်တယ်လို့သိရပါတယ်။  ဒါ့အပြင် ရထား တိုက်ခံရ မှုတွေကြောင့် မသန်စွမ်း အရေအတွက် များပြားလာတာတွေလည်းရှိတာမို့ ပြည်သူတွေအနေနဲ့ ရထားလမ်း ကူးတဲ့ နေရာမှာ သတိထားကူးခြင်း၊ ရထားပေါ်တက်တဲ့အခါမှာ ဂရုစိုက်တက်ခြင်းများကို သတိ ထားဆောင် ရွက်သင့်တယ်လို့သိရပါတယ်။


မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မသန်စွမ်းဦးရေဟာ၂.၃၂ရာခိုင်နှုန်းရှိတယ်လို့သိရပြီး မွေးရာပါ မသန်စွမ်း အပြင်၊ ယာဉ်မတော်တဆမှုကြောင့်ဖြစ်ပေါ်တဲ့ မသန်စွမ်းဦးရေဟာ တစ်နှစ်ထက် တစ်နှစ် များပြား လာတယ် လို့ သိရပါတယ်။ WHOရဲ့ထုတ်ပြန်ချက်အရလဲ ကမ္ဘာပေါ်မှာရှိတဲ့မသန်စွမ်းဦးရေဟာ အရင် ၁၀ရာခိုင်နှုန်း ကနေ လက်ရှိမှာ၂၀ရာခိုင်နှုန်း အထိမြင့်တက်လာနေတယ်လို့သိရပြီး ဒီလိုမြင့်တက် လာတာ ဟာ မွေးရာပါ မသန်စွမ်းအပြင် ယာဉ်မတော်တဆမှုကြောင့် လည်းပါဝင်တယ်လို့သိရပါတယ်။

ဒီလိုအကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းအရေအတွက်များပြားလာသလို မသန်စွမ်းဖောင်ဒေးရှင်းတွေ လဲများပြား လာပြီး အဲဒီ့ဖောင်ဒေးရှင်းတွေဟာလဲ မသန်စွမ်းဖြစ်သွားတဲ့ ပြည်သူတွေကို လက်လှမ်း မှီသလောက် လိုက် လံစာ ရင်းကောက်ပြီး ကူညီဖေးမလျက်ရှိနေတယ်လို့သိရပါတယ်။

From: MRTV 4


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်