Thursday, January 30, 2014

နာမည်ကျော်တွေရဲ့ ပထဆုံးအနမ်း အတွေ့အကြုံလေးတွေ

Posted by drmyochit Thursday, January 30, 2014, under | No comments

အခုမှ ရည်းစားစထားမယ်ဆိုရင်တော့ ချစ်သူလေးဆီက ပထမဆုံးအနမ်းအတွက် သိပ်လည်း စိတ်ဖိစီးမှု ဖြစ်မနေပါနဲ့။ ဒီနာမည်ကျော်တွေရဲ့ ငယ်စဉ်က အတွေ့အကြုံလေးတွေကို လေ့လာကြည့်လိုက်ရင် ရယ်ရွှင်ဖွယ်ကောင်းနေတာကြောင့် ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းလိုက်နိုင်မှာပါ။


(၁) Zayn Malik - ကျွန်တော့်ရဲ့ ပထမဆုံး အနမ်းကတော့ ကျွန်တော့်အသက် (၁၃)မှာပါ။ အဲတုန်းက ကျွန်တော်က အတော်လေးအရပ်ပုပါသေးတယ်။ သူမက ကျွန်တော့်ထက်ရှည်နေတော့ သူမကိုမှီဖို့ အောက်က အုတ်ခဲခုပြီး နမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
(၂) Katie Findlay - ကျွန်မရဲ့ ပထမအနမ်းကတော့ ကျွန်မရဲ့ ပထမဦးဆုံးချိန်းတွေ့တဲ့အခေါက်မှာ ဖြစ်ပြီး အဲ့ဒီတုန်းက ကျွန်မ ၁၄နှစ်ပဲ ရှိပါသေးတယ်။ ကျွန်မတို့ လူသွားစင်္ကြမှာ လမ်းလျှောက်နေကြတယ်။ သူက နှုတ်ဆက်ဖို့ လှည့်လာတယ် ။ ပြီးတော့ ရပ်လိုက်တယ် ။ ပြီးတော့ထပ်လှည့်လာပြီး ကျွန်မကို အရမ်း ၊ အရမ်းမြန်တဲ့ နှုန်းနဲ့နမ်းသွားတာ ကျွန်မနှုတ်ခမ်းတ၀က်ကိုပဲ ထိမိလိုက်တယ်။ ပြီးတော့ “မနက်ဖြန် ကျောင်းမှာတွေ့မယ်” လို့ပြောပြီး ပြေးထွက်သွားတော့တာပဲ။ ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်လဲနော် လို့ ပြောပြသွားပါတယ်။
(၃) Louis Tomlinson – “အဲတုန်းက ကျွန်တော် ၁၁နှစ်ပဲ ရှိသေးတယ်ဗျ။ ကျွန်တော်တို့ အိမ်နောက်ဖေးက ခြံထဲမှာ နမ်းဖြစ်ခဲ့ကြတယ် ။ ဘာလို့လဲဆိုတော့ အိမ်ကကျွန်တော့်ကို တံခါးပိတ်ထားလို့လေ” လို့ ပြောပြသွားပါတယ်။

(၄) Ellen Wong – “ကျွန်မအထင် အလယ်တန်းလောက်တုန်းကဖြစ်မယ် ။ အိမ်ကို သူနဲ့အတူ လမ်းလျှောက်ပြန်နေကျပေါ့။ တစ်နေ့တော့ လမ်းအတူလျှောက်နေရင်း သူက ကျွန်မကို ခဏရပ်ခိုင်းပြီး “မင်းမျက်လုံးတွေကို ခဏမှိတ်ထားပေးပါလား ။ ငါ့မှာ မင်းအတွက် တစ်ခုခု ရှိတယ်” လို့ပြောလာတယ်။ ကျွန်မ သူဘာလုပ်မယ်ဆိုတာ တကယ်ကို မတွေးမိခဲ့ပါဘူး။ အဲဒီမှာ ကျွန်မကိုအနမ်းတစ်ပွင့် ချွေသွားတော့ပါပဲ ဆိုပြီး ပြောခဲ့ပါတယ်။

(၅) Tyler Posey – “Miley Cyrus က ကျွန်တော့်ရဲ့ ပထဦးဆုံးအနမ်းပါပဲ။ ကျွန်တော်တို့ နှစ်နှစ်လောက် တွဲပြီးပြတ်သွားခဲ့ကြတယ်။ အဲတုန်းက ကျွန်တော် ၁၁ နှစ်ပဲရှိသေးတယ်။ နောက်သုံးနှစ်အကြာမှာ သူမကို ကျွန်တော် တီဗွီမှာ စမြင်ရတာပါပဲ” လို့ ဖွင့်ပြောသွားပါသေးတယ်။

Ref:seventeen.com

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်