Thursday, January 30, 2014

မောင်တောဖြစ်ရပ်အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး သတင်းဌာနများအနေနှင့်မှန်ကန်သည့် သတင်းကိုသာထုတ်ပြန်ရေးသားသင့်ကြောင်း အစိုးရမှရှင်းလင်းခဲ့ခြင်း

Posted by drmyochit Thursday, January 30, 2014, under | No comments

အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ AP သတင်း ဌာန နဲ့ ဧရာဝတီ သတင်း ဌာတို့ရဲ့ သတင်းဖော်ပြချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မောင်တောမြို့နယ် ဒုချီးရား တန်းကျေးရွာ ဖြစ်စဉ် နဲ့ပတ်သက်ပြီး အခုဇန်န၀ါရီလ၂၈ ရက်နေ့မှာ အစိုးရက သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်ပြီး ဖြစ်စဉ်မှန် ကိုဖော် ထုတ်ရှင်းလင်းခဲ့ပါတယ်။ဒီသတင်း စာရှင်း လင်းပွဲမှာတော့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းရေးကော်မရှင်တို့က တက်ရောက်ရှင်းလင်းခဲ့ပြီး နိုင်ငံတကာ သံရုံး တာဝန် ခံတွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ ပြည်တွင်းပြည်ပ သတင်း မီဒီယာတွေ ရဲ့မေးမြန်းမှုတွေ ကိုလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

သတင်းစာရှင်းလဲပွဲမှာရခိုင်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်တဲ့ အကြမ်း ဖက်ဖြစ် စဉ်ဖြစ်ပြီး သတင်းဌာနတွေအနေနဲ့ မှန်ကန်တဲ့အခြေအမြစ်ရှိမှသာ သတင်းထုတ်ပြန်သင့် တယ် လို့ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုကပြောကြားခဲ့ပါတယ်။

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ အလယ်ရွာမှာဇန်န၀ါရီလ (၁၃)ရက်နေ့က လုံခြုံရေး ကင်းလှည့်နေ တဲ့ ရဲတပ်ဖွဲ့ဝင်(၈)ဦးကို ကျေးရွာနေဘင်္ဂါလီတွေက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့ပြီးနောက် အဲဒီကျေးရွာ မှာ ဘင်္ဂါလီတွေ အသတ်ခံရတယ်လို့ AP သတင်းဌာနနဲ့ဧရာဝတီသတင်းဌာန တွေကရေးသား ခဲ့တဲ့ အပေါ် အဓိကရှင်းလင်းသွားခဲ့ပါတယ်။


ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့မှုကိုဦးဆောင်ခဲ့သူဟာ ကေဖိုက်ဒူလာဆိုသူ အကြမ်းဖက် သမား ဖြစ်ပြီး အခင်းမဖြစ်ပွားခင်(၁၀)ရက်မှာ ရွာကိုလာပြီးသေနတ်အတုတွေနဲ့ သင်တန်းပေးခဲ့တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုကပြောပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ အကြမ်းဖက်သူတွေအနေနဲ့ သူတို့ရဲ့ အပြစ်ကို ဖုံးကွယ်ချင်တဲ့ အတွက် သတင်းမှားကို အကွက်ကျကျပေးပို့ခဲ့ပြီး ဒါကိုဖော်ပြခဲ့ခြင်းဟာ ရခိုင်ပြည်နယ် အရေး ကို ပိုမိုရှုတ်ထွေးအောင် လုပ်ဆောင်နေတာနဲ့ အတူတူပဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေး အဖွဲ့ ကပြော ပါတယ်။


ဘင်္ဂလီတွေရဲ့ တိုက်ခိုက်မှုကြောင့်ကင်းလှည့်ရဲတပ်ဖွဲ့မှာ ပါဝင်တဲ့ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းဟာ လက်ရှိ အချိန်ထိပျောက်ဆုံးနေပြီး ဖြစ်စဉ်အသေးစိတ်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် နဲ့ သမ္မတဖွဲ့ စည်းပေးမယ့် သီးခြားစုံစမ်းရေးကော်မတီက ထပ်မံစုံစမ်းဖော်ထုတ်ဦးမယ်လို့သိရပါတယ်။

MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်