Thursday, January 30, 2014

တီထွင် ဆန်းသစ်မှုများနှင့် ပါရမီ ရှိသူများ အား ပံ့ပိုးပေးနိုင်ရန် လေ့လာ သွားမည့် Telenor Myanmar

Posted by drmyochit Thursday, January 30, 2014, under | No comments

Telenor Myanmar အနေနဲ့ ပြည်တွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လျက်ရှိတဲ့ web developer အဖွဲ့များ အပြင် တီထွင် ဆန်းသစ် မှုများနဲ့ ပါရမီရှိသူများကို ပံ့ပိုးပေးနိုင်ဖို့အတွက် ယခုလာမယ့် ဖေဖော်ဝါရီ လမှာ ကျင်း ပမယ့် Barcamp Yangon(2014) တွင် လေ့လာသွားမှာ ဖြစ်တယ်လို့သိရပါတယ်။Telenor Myanmar ဟာဆိုရင်လည်း Barcamp Yangon(2014) ဖြစ်မြောက်ရေးအတွက်ကို ကူညီထောက်ပံ့ သူ တစ် ဦး အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

 Barcamp Yangon(2014) ဟာ နိုင်ငံတကာနည်းပညာနဲ့ Developer တွေအတွက် တွေ့ဆုံပွဲဖြစ်သလို ပြည်တွင်း ရဲ့ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ ကျွမ်းကျင်သူများ၊ တီထွင် ဖန်တီး သူများ စတာတွေကိုလည်း စုစည်းပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မိုဘိုင်းလ် ဆက်သွယ်ရေး ဟာ အားလုံးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့အပြင် ပညာရေး၊ ကျန်းမာရေးနဲ့ ဘဏ်လုပ် ငန်းတွေ အပါအ၀င် ကဏ္ဍအသီးသီးရဲ့ တိုးတက်ဖွံ့ဖြိုးမှုမှာလည်း မိုဘိုင်းလ်နည်းပညာတွေကို ဗဟိုနည်း လမ်း တစ်ခု အနေနဲ့ အသုံးပြုလာနိုင်မှာဖြစ်တယ်လို့ Telenor Myanmar မှ တာဝန်ရှိ သူ တစ်ဦး ရဲ့ ပြောပြချက်အရသိရပါတယ်။ Barcamp Yangon(2014) ကိုတော့လာမယ့် ဖေဖော်ဝါရီလ(၁)ရက်နဲ့ (၂) ရက်နေ့တွေ မှာ မြန်မာအင်ဖိုတက်ထဲမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

From: MRTV 4


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်