Thursday, August 27, 2015

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့်သူများအနေဖြင့် ဦးစားပေးတက္ကသိုလ်ကို ရွေးချယ်ရာတွင် ပထမဦးစားပေးနှင့်အတူ ဒုတိယဦးစားပေးတက္ကသိုလ်ကိုလည်း ရွေးချယ်လျှောက်ထားရန်လိုအပ်

Posted by drmyochit Thursday, August 27, 2015, under | No comments

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံဖြည့်သွင်းနေ သည့် ကျောင်းသား များအား တွေ့ရစဉ်။

ရန်ကုန်၊ ဩဂုတ် ၂၆-တက္ကသိုလ်ဝင် ခွင့်လျှောက်ထားရာတွင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ပထမ ဦးစားပေးတက္ကသိုလ်ကို ရွေး ချယ် လျှောက်ထားခြင်းအပြင် ဒုတိယ ဦးစားပေးတက္ကသိုလ်ကိုလည်း ရွေး ချယ်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

ယင်းကဲ့သို့လိုအပ်ရခြင်းမှာ အ ချို့ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ရရှိခဲ့သော ရမှတ်များနှင့် ဝင် ခွင့်ရနိုင်မည့်တက္ကသိုလ်နှင့် ဒုတိယ ဦးစား၊ တတိယဦးစားပေး စသည် တို့ဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာတွင် ရေးသားဖြည့်စွက်ကြသော်လည်း အချို့ကျောင်းသား၊ ကျောင်း သူများမှာ ဦးစားပေးတက္ကသိုလ်ကို သာ ရေးသားဖြည့်စွက်မှုများရှိသည့် အတွက် ယင်းတို့သည် အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိနိုင် သည့်အမှတ်ဖြစ်နေသော်လည်း ဒုတိ ယဦးစားပေးမပါဝင်သည့်အတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များသို့ ရောက်ရှိသွားနိုင်သည့်အတွက်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

''ဖြည့်ရမယ့်အကွက်မှာ ၁၀ ကွက်တောင်ပေးထားပါတယ်။ ဒါ ကြောင့် ၁၀ ကွက်လုံးဖြည့်စေချင် တယ်။ ကိုယ်လျှောက်တာမရဘူးဆို ရင် ဒုတိယဦးစားပေးတက္ကသိုလ်ကို ရောက်မယ့်အခွင့်အလမ်းရှိတယ်။ ဒါ မှမဟုတ်ဘဲ တစ်ခုတည်းဖြည့်လိုက်မယ်ဆိုရင် သူရထားတဲ့အမှတ် က ဆေးတက္ကသိုလ်၊ နည်းပညာတက္က သိုလ်တွေကို ဝင်ခွင့်ရနိုင်လောက်တဲ့ အမှတ်မျိုးတွေဆိုရင် အရမ်းနစ်နာ ပါတယ်။ ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ဒုတိယဦးစားပေးမပါရင် အမှတ်ဘယ် လောက်ကောင်းကောင်း သင့်တော် ရာတက္ကသိုလ်ကို ချပေးမှာဖြစ်ပါ တယ်''ဟု အဆင့်မြင့်ပညာဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာများကို ယခုလ ၁၉ ရက်မှစတင် ပြီး ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာ ရေးတက္ကသိုလ် အားကစားခန်းမတွင် ရုံးခန်းဖွင့်လှစ်ပြီး စက်တင်ဘာ ၅ ရက်အထိ လက်ခံပေးနေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် သတ်မှတ်ရက်ထက်နောက်မကျ ဘဲ လျှောက်ထားသွားရမည်ဖြစ် ကြောင်း သိရသည်။

''သတ်မှတ်ရက် ၅ ရက်နေ့ထက် နောက်မကျဘဲ လာရောက်လျှောက် လွှာတင်သွင်းကြပါ။ သွားလာရေးအ ခက်အခဲကြောင့် နောက်ကျသွားရင် အသနားခံစာတင်ရမှာပါ''ဟု ယင်း က ဆက်လက်ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ဒေသများရှိ တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရန် နောက်ကျသူများအား ယင်း တို့လျှောက်ထားမည့်တက္ကသိုလ်၏ ဝင်ခွင့်သတ်မှတ်ရက်အထိ လက်ခံ ပေးသွားမည်ဖြစ်ကြောင်း ဝင်ခွင့်သတ် မှတ်ချက်များနှင့်ကိုက်ညီသူများ တက် ရောက်ခွင့်ရရှိစေရန် စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှသိရသည်။

ATK
‪‎Democracytoday‬
Photo: မင်းမင်း။

ရေဘေးထောက်ပံ့မှု အခြေအနေ အစိုးရအဖွဲ့ထုတ်ပြန်

Posted by drmyochit Thursday, August 27, 2015, under | No comments


ပြီးခဲ့သည့် ရေဘေးတွင် အိမ်ထောင်စု ၄၁၉၂၆၆ စုမှ လူဦးရေ ၁၆၂၉၂၅၄ဦး ရေဘေးသင့်ခဲ့ပြီး ၁၂၀ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် ၁၀၅၆၈၃၁၅၀၊ အရေးပေါ်အစားအစာ တန်ဖိုးငွေကျပ် ၁၅၂၄၄၂၃၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၂၂၁၁၉၀၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုးငွေကျပ် ၃၃၃၁၁၇၂၉၀နှင့် သေဆုံးမှုထောက်
ပံ့ကြေးငွေကျပ် ၁၀၆၀၀၀၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈၅၈၃၄၆၇၀ကို ပံ့ပိုးထောက်ပံ့ခဲ့ကြောင်း အစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။ြ မန်မာနိုင်ငံတ၀န်း ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီးသုံးခုနှင့်  ပြည်နယ်နှစ်ခုတွင် လည်းကောင်း၊ ဇူလိုင် ၁၆ ရက်မှ သြဂုတ်၂၆ ရက်အထိ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်ခြောက်ခုတို့တွင်လည်းကောင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊  မကွေးတိုင်း ဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့သည် သဘာဝဘေးအန္တ ရာယ်အဆိုးရွားဆုံးခံစားရသည့် ဒေသများဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထား သည်။

ဧရာဝတီ

Wednesday, January 07, 2015

ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ကြိုးပေးသေဒဏ်ချမှတ်

Posted by drmyochit Wednesday, January 07, 2015, under | No comments

၂၀၁၃ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းက တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ စောထွန်းထွန်းကို ဒီနေ့ ဇန်န၀ါရီ (၇)ရက်နေ့က တောင်ငူခရိုင် တရားရုံးမှာ ပြစ်မှု ဥပဒေ ပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန်၊ ဥပဒေပုဒ်မ-၃၂၆ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်ကျခံစေရန်၊ ပုဒ်မ-၃၂၄ အရ ထောင်ဒဏ်(၂)နှစ်ကျ ခံစေရန် တောင်ငူခရိုင်ဒုတိယခရိုင်တရားသူကြီး(၂)က အမိန့်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံှး တရားသူကြီးတဦးက DVBကို ပြောကြားပါတယ်။

သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို (၇)ရက်အတွင်း အတည်ပြုမိန့် တောင်းခံရန် တင်ပြသွားဖို့ ရှိပြီး သေဒဏ်အမိန့်ချမှတ်ခံရသူ စောထွန်းထွန်းအနေနဲ့ လည်း (၇)ရက်အတွင်း အယူခံနိုင်ကြောင်း သိရှိရပါတယ်။
 
စောထွန်းထွန်းကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ကလည်း ဒုခရိုင် တရားရုံး (၂)ကနေ ၁၉၈၀ခုနှစ် ပေါက်ကွဲစေတတ်သောအက်ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားခဲ့ပါသေးတယ်။
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
DVB TV News

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြေပြို၊ လူ ၁၀ဝခန့် ပျောက်ဆုံး

Posted by drmyochit Wednesday, January 07, 2015, under | No comments

ဖားကန့်မြို့ မြောက်ဘက် မှော်မောင်းကုန်းမှော်အနီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ဝန်းကျင်က မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ဝခန့် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ယင်းဒေသခံများနှင့် မြေပြိုမှုဖြစ်စဉ်မှ လွတ်မြောက်လာသူ တို့က ပြောကြားသည်။

စိန်သီရိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက လုပ်ငန်းခွင်စွန့်ပစ် မြေစာများ စုပုံသည့် မြေစာပုံ ပြိုကျခြင်းဖြစ်ကာ ကုမ္ပဏီ၏ မြေတင်ယာဉ်သုံးစီး၊ မြေတူးစက်သုံးစီး အပါအဝင် ကျောက်စိမ်းရေမဆေး ရှာဖွေသူ ၈၀ ခန့်နှင့် ဈေးဆိုင် ၂၃ ဆိုင်မှ လူအချို့ မြေပြိုမှုတွင် ပါဝင်သွားပြီး ငါးယောက်သာလွတ်မြောက် ကြောင်းဒေသခံများထံမှ သိရသည်။

လွတ်မြောက်ခဲ့သူ ငါးယောက်ထဲမှ တစ်ဦးဖြစ်သူ ဦးမိုးဝင်းက “မြေစာပုံ တစ်ဆင့်ချင်း ပြတ်ကျကုန်တယ်။ ရေလှိုင်းတွေအတိုင်းပဲ ဝုန်းကနဲ့ မြေတွေ ပြတ်ကျကုန်တယ်။ ကျွန်တော်တို့က တောင်ခြေနားပဲ ရောက်နေလို့ ပြေးလို့လွတ်သွားတာ။ ဆိုင်ကယ်တော့ မြေမြုပ်သွားပြီ” ဟုပြောဆိုသည်။
မြေပြိုသည့်အချိန်တွင် ရေမဆေးကျောက်စိမ်း ရှာဖွေသူ ၈၀ခန့် ရှိပြီးဈေးဆိုင် ၂၃ ဆိုင်တွင်လည်း ကျောက်ရှာသူများနှင့် ဈေးရောင်းသူများလည်း ရှိနေကာ မြေပြိုမှုထဲတွင် ပါဝင်သွားသည်ဟု သူကဆိုသည်။

လက်ရှိတွင် ယင်းမြေပြိုမှု ဖြစ်ပွားသည့်နေရာတွင် စိန်သီရိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက ကယ်ဆယ်ရေးလုပ်ငန်းများကို မြေတူးစက်ငါးစီးဖြင့် လုပ်ကိုင်နေပြီး ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် သေဆုံးသူတစ်ဦးနှင့် ဆိုင်ကယ်ငါးစီးခန့်သာ တွေ့ရှိသေးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် မော်ပေါင်လျန်းမှော်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ကယ်ဆယ်ရေးလုပ်တဲ့ လူတွေကို လက်ညိုးလောက်ပဲ မြင်နေရတယ်။ တောင်ကအမြင့်ကြီး ဆိုတော့ အလောင်းပြန်တွေ့ဖို့ တော်တော်လေး ရှာရလိမ့်မယ်” ဟုသူမြင်နေရသည့် အနေအထားကို ပြောကြားသည်။

ဇန်နဝါရီလ ၅ ရက်နေ့က မိုးရွာသွန်ထားခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

The Voice Weekly

Tuesday, January 06, 2015

ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူး ထွက်လာသည့် အမျိုးသမီးငယ် ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည်

Posted by drmyochit Tuesday, January 06, 2015, under | No comments




လွန်ခဲ့သည့် (၄) နှစ်ခန့်ကပင် ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူးထွက်လာသည့် အမျိုးသမီးငယ်မှာ ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ၂၁ နှစ် အရွယ် မခိုင်ယဉ်မွန်ဖြစ်ပြီး ဟင်္သာတမြို့နယ်၊ ကံကြီးတောင်ကျေးရွာကဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကပင် မျက်လုံးပြူးလာသည့်အတွက် ကျန်းမာရေးစစ်ဆေးရာ ဦးနှောက်အစပ်နှင့် မျက်လုံးအပေါ် ကြားတွင် အကျိတ်ဖြစ်နေကြောင်း သိရကြောင်း၊ သို့သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မကုသခဲ့ကြောင်း သိရသည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း နယ်လှည့်ဆေးကုသပေးသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နယ်လှည့်ဆေးကုသအဖွဲ့က တွေ့ရှိရာမှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်ရှိကြောင်း၊ ယင်းမှတစ်ဆင့် ပြင်ပလူနာဌာနကိုရောက်ရှိရာ စမ်းသပ်စစ်ဆေးပြီး လာမည့် တပတ်အတွင်း ဦးနှောက်နှင့်အာရုံကြော အထူးခွဲစိတ်ကုသဆောင်တွင် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"သမီးမျိုးရိုးမှာလည်း ဒီလိုဖြစ်တာမရှိဘူး။ဖြစ်ဖြစ်ချင်း ဘယ်လိုမှမခံစားရဘူး။နောက်ပိုင်းတော့ မျက်စိမှုန်လာတယ်။ ၀ါးလာတယ်။ အခုဆိုရင် သိပ်မမြင်တော့ဘူး။ အခုလို ကုသပေးမယ့်သူပေါ်လာတယ်။ကုသဖို့အခွင့်အရေးရတယ်ဆိုတော့ပျော်ပါတယ်"ဟု မခိုင်ယဉ်မွန်က ပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် အဆင့်မြင့်စက်ကိရိယာများ တပ်ဆင်ပေးထားကာ မြန်မာနိုင်ငံ၏ တခုတည်းသော စီတီစကင် (CT Scan) ဖြင့် ဦးခေါင်းအတွင်းပိုင်းကဲ့သို့နေရာများကို တိတိကျကျ ပြတ်ပြတ်သားသား ရိုက်ကူး၍ ရောဂါရှာဖွေပေးလျက်ရှိကြောင်း၊ မခိုင်ယဉ်မွန်ကိုလည်း စီတီစကင် (CT Scan) ထပ်မံရိုက်ကူးကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အရိုးခွံပေါ်မှာ ဖြစ်တဲ့အကျိတ်ပါ။ မျက်လုံးရဲ့အပေါ်အရိုးပေါ်မှာ ဖြစ်တာပါ။ဦးခေါင်းခွံရဲ့ အရင်း မျက်လုံးရဲ့ အပေါ်မှာ ကင်ဆာမဟုတ်ဘဲ ရိုးရိုးအကျိတ်ဖြစ်ဖို့ များပါတယ်။ တကယ်က ၂၀၁၁ ကပဲ တွေ့ထားတာပါ။ ချို့တဲ့တော့ မခွဲဖြစ်ဘူး။ကွန်ပျူတာလည်း ထပ်ရိုက်ထားတယ်။ နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့ ကူညီသူရှိတော့ ကောင်းသွားတာပေါ့၊ ခွဲပစ်ရင်တော့ကောင်းသွားမှာပါ။အောင်မြင်ဖို့ များပါတယ်။ ဦးနှောက်ခွဲစိတ်အဖွဲ့၊မျက်စိနားနှာခေါင်းအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟု ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဌာန၊ ပါမောက္ခ ဌာနမှုး ဒေါက်တာမြတ်သူက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Tuesday, September 23, 2014

ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ပြန်လည်ဖော်ထုတ်

Posted by drmyochit Tuesday, September 23, 2014, under | 3 comments


မုံရွာ၊ စက်တင်ဘာ ၂၂။

ရှားပါး ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ကို စက်တင်ကာ တတိယပတ်က မုံရွာမြို့၌ ကျင်းပခဲ့သည့် အလှူပွဲ တစ်ခုတွင် ပြန်လည်ဖော်ထုတ်က ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဖိုးသူတော်ယိမ်းအကကို ဘုန်းကြီးပျံပွဲ၊ အလှူပွဲ၊ ဘုရားထီး တင်ပွဲ စသောဘာသာရေးပွဲများ တွင် ကပြဖျော်ဖြေကြသည်။ ကိုယ် ပိုင်သီချင်း၊ ကိုယ်ပိုင်အကဖြင့် တစ် ဖွဲ့လျှင် အနည်းဆုံး ၁၂ယောက် ပါဝင်ကပြကြပြီး ကြက်တိုက်ဖိုး သူတော်နှင့် ဘုန်းကြီးတစ်ပါးလည်း ပါဝင်ကပြရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရ ပြီးနောက်ပိုင်းတွင် ခေတ်စားလာ သော ယိမ်းအကတစ်ခုဖြစ်ပြီး ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ကပြ ဖျော်ဖြေမှု နည်းပါးလာပြီး ယခုအခါ မုံရွာမြို့ ထန်းတောရပ်ကွက်မှ ဖိုး သူတော်ယိမ်း အကကို ပြန်လည်ဖော် ထုတ်ကပြရာမှ ပြန်လည်အသက် ဝင်လှုပ်ရှားလာသော ယိမ်းအက တစ်ခုဖြစ်သည်။

KTS‎
Democracytoday‬

SMW- 3 ရေအောက်ကေဘယ် ဆက်ကြောင်း ပြုပြင်ပြီးကြောင်းကြေညာ

Posted by drmyochit Tuesday, September 23, 2014, under | No comments

SMW- 3 ရေအောက်ကေဘယ် ဆက်ကြောင်းပြုပြင်မှု ယနေ့ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကြေညာသည်။

စက်တင်ဘာလ ၂၃ ရက် ၀၁း၁၆ နာရီတွင် ပြုပြင်မှုများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ကြေညာ လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ပြတ်တောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

သြဂုတ်လ ၁၃ ရက် ၀၀း၀၈ နာရီတွင် အင်ဒိုနီးရှား ရေပြင်ပိုင်နက်ရှိ ပင်လယ်ရေအောက်၌ ဖြစ်ပေါ်ခဲ့သော SMW-3 ရေအောက်ကေဘယ် ချို့ယွင်းမှုကို SMW-3 အဖွဲ့ အစည်းမှ ကေဘယ်ပြုပြင်ရေး သင်္ဘောဖြင့် ပြုပြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Internet Journal

ဆင်းကတ်များလာမည့်နှစ်မှသာ ရောင်းနိုင်မည်ဟု ရတနာပုံဆို

Posted by drmyochit Tuesday, September 23, 2014, under | No comments

အောင်ဇော်
ရန်ကုန်၊ စက်တင်ဘာ ၁၃

မိုဘိုင်းဖုန်းဆင်းကတ်များ စတင်ရောင်းချမှုကို လာမည့် နှစ်မှသာ ပြုလုပ်နိုင်မည်ဟု ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်ခံထားရသည့် ရတနာပုံ တယ်လီပို့မှ သိရသည်။ လက်ရှိတွင် ရတနာပုံ တယ်လီပို့သည် ဖုန်းဆင်းကတ်များ စတင်ရောင်းချနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အခြား ဆက် သွယ်ရေး အော်ပရေတာများအားယှဉ်ပြိုင်ဝန်ဆောင်မှု ပေးတော့မည်၊ ဆင်းကတ်များအခမဲ့ဖြန့်ဝေမည်ဟု သတင်းများထွက်ပေါ်နေသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရတနာပုံ တယ်လီပို့မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးရှိန်းသူအောင် က ”ငွေကြေးပိုင်းနဲ့ နည်း ပညာပိုင်းအ တွက်ေ တာ့ ပြည် ပဆက်သွယ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းသွားမှာပါ။ လောလောဆယ်ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်ချုပ်ပြီးတော့ လုပ်ဆောင်ထားတာ မရှိသေးပါဘူး။ ရှယ်ယာ ကိစ္စတွေ ရှင်း ရှင်း လင်းလင်း ဖြစ်ဖို့အတွက် ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပဲ ရှိပါသေးတယ်” ဟု ပြောသည်။

ဆင်းကတ်များအား အခမဲ့ပေးမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ရတနာပုံတယ်လီပို့နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကိုလည်း ရွေးချယ်ထားခြင်း မရှိသေးကြောင်း၊ သင့်တော်မည့် ကုမ္ပဏီကိုသာ လေ့လာစိစစ်နေသည့်အဆင့်သာရှိကြောင်း၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ် ပြု လုပ်ပေး သွား ရန်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

”လိုင်စင်လျှောက်တုန်းက ကုမ္ပဏီကိုးဆယ်ကျော်လျှောက်ထားခဲ့တယ်။ အခုလက်ရှိလုပ်နေတာ သုံးခုပဲရှိတယ်။ ကျန်တဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့နဲ့ ပူးပေါင်း လုပ်ကိုင် ဖို့လာကမ်းလှမ်းထားတယ်။ ကုမ္ပဏီအားလုံးနီးပါးပါပဲ။ ဒါကြောင့် ဘယ်သူနဲ့ ပူးပေါင်းမယ်ဆိုတာ ရွေးချယ်နေရပါတယ်” ဟု ၎င်းက ဆက်ပြော သည်။ယင်း အခြေ အနေများကြောင့် ဆင်းကတ်များ ရောင်းချမှုကို ၂ဝ၁၅ ခုနှစ်မှသာ ရောင်းပေးနိုင်မည် ဖြစ်ကြောင်း၊ အခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် တတ်နိုင် သလောက် အမြန်ဆုံး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများစတင်သည့် အခါတွင် ခိုင်ခိုင်မာမာရှိရန် ရှယ်ယာ ကိစ္စလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

Popular Myanmar

မိုင်းတုံက မိုးကြိုးပစ်ခံရတဲ့ ဆက်သွယ်ရေးဂြိုဟ်တု မပြင်နိုင်သေးတာကြောင့် ဆက်သွယ်ရေးခက်ခဲ

Posted by drmyochit Tuesday, September 23, 2014, under | No comments

မိုင်းတုံ၊ စက်တင်ဘာ ၂၃

မိုင်းတုံမြို့က V-Sat ဆက်သွယ်ရေးဂြိုဟ်တု မိုးကြိုးထိမှန်ခဲ့လို့ ရန်ကုန်ပို့ပြီး ပြင်နေတာ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ပြန်လည်တပ်ဆင်နိုင်ခြင်း မရှိသေးတာကြောင့် ဆက်သွယ်ရေးပိုင်းမှာ အခက်အခဲ တွေ့နေရတယ်လို့ မိုင်းတုံ ဌာနဆိုင်ရာ အစိုးရရုံးတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုး ထိမှန်ခဲ့တဲ့ အဲဒီစက်ကို ရန်ကုန်ကို ပြင်ဖို့ ပေးထားတာ ခုထိ ပြင်လို့ရ မရ မသိရသေးဘူးလို့ ကျိုင်းတုံမြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးမျိုးညွန့်က ပြောပါတယ်။
“မြဝတီမြို့က ဆက်သွယ်ရေးစက် ခဏငှားဖို့ ပြောထားတာ ရမရတော့ မသိသေးဘူး” လို့ သူကဆိုပါတယ်။

ကျိုင်းတုံမြို့ရှိ အစိုးရရုံးတွေက ပေးပို့စာတွေကို ရေဒီယို တယ်လီဖုန်း (RT) နဲ့ ကျိုင်းတုံဆက်သွယ်ရေးရုံးကို တဆင့်ခံပြီး သက်ဆိုင်ရာ ရုံးတွေကို ပြောပေးနေရတယ်၊ ဘဏ်ငွေ လွှဲစာတွေဆို အရေးကြီးတာကြောင့် ပိုမိုဂရုစိုက် ပြောပေးနေရတယ်လို့ မိုင်းတုံ ဆက်သွယ်ရေးရုံးက ကြေးနန်းတာဝန်ခံ ဦးတင်အောင်သက်က ပြောပါတယ်။
“ဖက်စ်လုပ်ငန်းအပြင် အီးတယ်လီဂရမ် ရှိပေမယ့် အင်တာနက်လိုင်း မကောင်းတော့ လုပ်ငန်းကြန့်ကြာတယ်။ ဒီကြားထဲ အီးတယ်လီဂရမ်က ၁၀ ရက်လောက် ပျက်လိုက်သေးတယ်။ မနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) ကမှ ပြန်ရတယ်” လို့ သူကဆိုပါတယ်။

ဘဏ်ငွေလွဲ လုပ်ငန်းတွေနဲ့ အရေးကြီး လျှို့ဝှက်သတင်းတွေ ဆိုရင် တယ်လီဖုန်း၊ RT တို့နဲ့ ပို့လို့ မဖြစ်တာကြောင့် ၄၂ မိုင်ခန့်ဝေးတဲ့ မိုင်းဆတ်မြို့ကို ရဲတပ်ဖွဲ့ အကူအညီနဲ့ အထူးဆက်သား စေလွှတ်ပြီး သက်ဆိုင်ရာ မြို့နယ်တွေကို သတင်းပို့နေရတာကြောင့် ကုန်ကျစရိတ်များပြီး အခက်အခဲတွေ ကြုံရတယ်လို့ သိရပါတယ်။

မိုင်းတုံမြို့မှာ GSM၊ WCDMA နဲ့ တပ်မတော်ပိုင် ဆက်သွယ်ရေးကြိုးလိုင်းတွေ ရှိပေမဲ့ လိုင်းတွေက မကြာခဏ ပြတ်တောက်နေတာကြောင့် အခက်အခဲ ဖြစ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

The Voice Weekly

Friday, September 12, 2014

လေးတန်းနှင့် ရှစ်တန်း သုံးလပတ်စာမေးပွဲတွင် မြို့နယ်၊ ခရိုင်များမှ မေးခွန်း ထုတ်မည်

Posted by Unknown Friday, September 12, 2014, under | No comments



လာမည့် သုံးလပတ်စာမေးပွဲ(ပထမအစမ်း)တွင် မြို့နယ်၊ ခရိုင်တို့မှ ထုတ်သော လျှို့ဝှက်မေးခွန်း များဖြင့်လေးတန်း၊ ရှစ်တန်းကို စတင်စစ်ဆေးတော့ မည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလဆန်းတွင် ကျင်းပမည့် သုံးလပတ်စာမေးပွဲများ တွင် လေးတန်းနှင့် ရှစ်တန်းကို ပညာရေး မိသားစုများထုတ်ဝေ သည့် လျှို့ဝှက်မေးခွန်း ပုံစံများဖြင့် စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးရခြင်းမှာ စာမေး ပွဲကြီးတွင် လေးတန်း နှင့်ရှစ်တန်းကို တိုင်းခရိုင်စစ်များဖြင့် စစ်ဆေးတော့ မည်ဖြစ်သည့်အတွက် အစမ်းစာမေး ပွဲများတွင် အလေ့အကျင့်ရရှိစေရန် ယင်းကဲ့သို့စစ်ဆေး ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးများမှ သိရ သည်။

''ကျောင်းစဖွင့်ပြီးတဲ့ သုံးလ ကျော်အတွင်းမှာ အခန်းဆုံးစစ်ဆေး မှု သုံးကြိမ်ပြုလုပ်ပြီးပါပြီ။ အဲဒီစစ် ဆေး မှုတွေက စာသင်ချိန် တစ်ချိန် လောက်ယူပြီးတော့ ကျောင်းအစီအစဉ် နဲ့ထုတ်တဲ့မေး ခွန်းတွေနဲ့မေးခဲ့တယ်။ သုံးလပတ် စာမေးပွဲမှာတော့ ပညာ ရေးမိသားစုတွေက ထုတ်ဝေတဲ့ မေးခွန်း တွေနဲ့တစ်နာရီဖြေရတော့ မှာပါ''ဟု ဗဟန်းမြို့နယ် ပညာရေး မှူးရုံးမှ လက်ထောက်ပညာရေးမှူး ဖြစ်သူက ပြောသည်။

ဒုတိယအကြိမ်စစ်ဆေးမည့် ခြောက်လပတ်စာပေးပွဲ (ဒုတိယအ စမ်း)ကိုလည်း ယင်းနည်းအတိုင်း သာ စစ်ဆေးမည်ဖြစ်ပြီး၊ မေးခွန်း များကိုလည်း လုံခြုံမှုရှိစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် မြို့နယ် အသီးသီးမှ ထုတ်ဝေသော မေးခွန်း များထဲမှ မေးခွန်းတစ်ခုတည်းကို သာ ရွေးချယ်၍ ဖြေမည့်နေ့တစ်ရက် အလိုတွင်မှ ကျောင်းများသို့ထုတ်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့ဆီမှာတော့ ဒီလို အခြေအနေတွေကို ကျောင်း သားတွေဖြတ်ကျော်နိုင်ဖို့အတွက် ကျောင်း ဆင်းပြီးချိန်တွေမှာအခကြေး ငွေမယူဘဲ အချိန်ပိုခေါ်ခိုင်းထား တယ်။ သူတို့ဖြေရမယ့်မေးခွန်းတွေ ကို အဲ့ဒီအချိန်ပိုမှာလေ့ကျင့်ပေးတယ်။မေးခွန်းဆိုတာက မြန်မာနိုင်ငံစာစစ်က ထုတ်တဲ့ မေးခွန်းပုံစံကိုနမူနာ ယူပြီး ကျောင်း အလိုက်ပြန်လေ့ကျင့်ကြတာ ပါ။ ဇူလိုင်ကတည်းက အဲဒီအစီအစဉ် ကို စခဲ့ပါတယ်။ ကျောင်း သားတွေက အရင်တုန်းက မအောင်မရှိပုံစံနဲ့ဖြတ် ကျော်လာခဲ့ရတာတွေကြောင့် အခုလို ပုံစံနဲ့ဆိုရင် အကျအရှုံးများလာမယ် လို့ထင်တယ်''ဟုတာချီလိတ်မြို့နယ် ပညာရေးမှူးဦးစိန်ထွန်းလှကပြောသည်။

အခြားအတန်းများတွင် ကျောင်း သားများ၏ အရည်အချင်းကို နောက် ဆုံးစာမေးပွဲကြီးအထိ ဆရာဆရာမ များမှ အကဲဖြတ်၍ အရည်အချင်း ပြည့်မီခြင်း မရှိဟု ယူဆလျှင် မိဘများ နှင့်တိုင်ပင်ကာ အတန်းချသည့် ပုံစံမျိုးအတိုင်းသာပြုလုပ်နိုင်ဖွယ်ရှိ ကြောင်း သိရသည်။

''အစမ်းစာမေးပွဲတွေကနေ နောက်ဆုံးစာမေးပွဲအထိကျောင်း သားတစ်ယောက်က အရည်အချင်း မပြည့်ဘူးလို့ ဆရာတွေကယူဆရင် မိဘနဲ့တိုင်ပင်ပြီး အတန်းတင်ပေး ရင် ကလေးပဲနစ်နာမှာကို ပြော ဆို ဆွေးနွေးပြီး အတန်းချတဲ့ ပုံစံမျိုးတွေလုပ်မယ်။ အခုလဲဒီအတိုင်းသွားနေ တယ်။ ပြန်ဖြေခိုင်း တာမျိုးတွေ လဲ ရှိမှာမဟုတ်ဘူး။ ဒီလိုလုပ်တယ် ဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့ အရည် အသွေးတွေပြည့်မီ လာဖို့အ တွက်ပါ''ဟု ဗဟန်းပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးကပြော သည်။

ယမန်နှစ်ကရှစ်တန်း အောင် ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်၉ဝရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Medai Group

Thursday, September 11, 2014

KIA နှင့် RSO တို့ ဆွေးနွေးမှုပေါက်ကြားသည့်အတွက် KIA အတွင်း သစ္စာဖောက်များရှိနေပြီဟုဆို

Posted by Unknown Thursday, September 11, 2014, under | No comments


 
 
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ အခြေပြုနေတဲ့ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) ၊ BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ မောင်ကျော်နု တို့နဲ့ KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် တို့ KIO ထိန်းချုပ်နယ်မြေအတွင်း
ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရေး ဆွေးနွေးမှု အွန်လိုင်းပေါ်သို့ ပေါက်ကြား သည့်
အပေါ် KIO/KIA အတွင်း မကျေလည်မှုများ ဖြစ်နေကြကြောင်း သိရသည်။

" RSO ကဒီမှာ အခြေစိုက်ဖို့ နယ်မြေတောင်းတာ မှန်တယ်။ ဒီဆွေးနွေးမှု ပေါက်ကြားတာ ကို ခေါင်းဆောင်ကြီးတွေက အတော်ဒေါသထွက်နေတယ်ကြားတယ်။ သူတို့နဲ့ ဆွေးနွေးတဲ့
ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် ဆိုတာ KIO ဗဟိုကော်မတီ ဝင်တစ်ယောက်။ ပြီးတော့
KIO မှာ နိုင်ငံခြားရေးနဲ့ ပညာရေး တာဝန်ယူထားသူတစ်ယောက်။ ဒီလို ရာထူးကြီးကြီးနဲ့
လူကြီးတစ်ယောက်ရဲ့ ဆွေးနွေးပွဲ အပြင်ကို ပေါက်ကြားတာ KIA အတွင်းမှာ သစ္စာဖောက်ရှိနေပြီလို့
ပြောနေကြတယ်။ " ဟု လိုင်ဇာမှ ဒေသခံတိုင်းရင်းသားတစ်ဦးဖြစ်သူက ပြောသည်။

မကြာသေးမီက မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ
ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့်
ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းပြောကြား ထားမှုရှိသည်။
KIA နှင့် RSO တို့ တွေ့ဆုံမှု ဗီဒီယို ဖိုင်ကြောင့် KIA နယ်မြေထဲတွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှု အမှန်တကယ်ပင် ရှိနေပြီလား ဆိုသည့် စိုးရိမ်မှုများ ဒေသခံများကြားတွင် မြင့်တက်လာခဲ့သည်။

"မြန်မာစစ်တပ်ကလည်း ပြောထားတယ်ပေါ့။ လက်နက်ကိုင်အဖွဲ့ အချို့မှာ အစွန်းရောက်
မွတ်စလင်တွေ
စစ်ရေး လေ့ကျင့်မှုတွေ လုပ်တာတွေ ရှိတယ်ပေါ့။ ခု KIA က RSO နဲ့ ဆွေးနွေးမှု
ပေါက်ကြားလာတော့ တကယ်ပဲ ပြည်ပက အစွန်းရောက် မွတ်စလင်တွေ စိမ့်ဝင်နေပြီလားလို့ ထင်မိတယ်။ ကျနော်က ကချင်တစ်ယောက်ဆိုတော့ KIA ကို ထောက်ခံတယ်။
ဒါပေမဲ့ မနောမြေမှာ အစွန်းရောက်တွေရောက်လာမှာတော့ လက်မခံဘူး။" ဟု ကိုစောဘောက်က ပြောသည်။

ဆွေးနွေးမှု ပေါက်ကြားလာခြင်းသည်အဖွဲ့တွင်း သစ္စာဖောက်သူရှိခြင်းကြောင့်ဟု
KIA အဖွဲ့အတွင်း ယူဆမှုများရှိနေသော်လည်း ထိုသတင်းပေါက်ကြားမှုသည် သစ္စာဖောက်ခြင်း
မဟုတ်ဘဲ သစ္စာရှိခြင်းသာ ဖြစ်ကြောင်း မြစ်ကြီးနားဒေသခံ တစ်ဦးက ဆိုသည်။

"လူမသိစေချင်တဲ့ ကိစ္စကို ခိုးလုပ်တာ အပြင်ထွက်လာတော့ သစ္စာဖောက်လို့ သူတို့က
ယူဆချင် ယူဆမှာပေါ့။ တကယ်တော့ ဒါ သစ္စာဖောက်တာ မဟုတ်ဘူး။ သစ္စာရှိတာ။ ကချင်လူမျိုးတွေနဲ့
ပြည်ထောင်စု အပေါ် သစ္စာရှိတာလို့ ပြောရမှာပါ။ KIA ထဲမှာ အစွန်းရောက် အကြမ်းဖက်တွေရှိကြည့်
နောင်တစ်ချိန် ဒီနယ်မြေ ဘာဖြစ်သွားမလဲ တွေးတောင်မတွေးရဲဘူး။ KIA က အစိုးရကို ဆန့်ကျင်သူမှန်သမျှ အကုန်လက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း အင်အားရတယ်လေ။ သူတို့ အာဏာတည်ဖို့ဆို ဘင်္ဂါလီတွေက အစ အကုန်လက်ခံတယ် လို့ ပြောရမယ်။ ဒါ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး" ဟု ၎င်းက ဆိုသည်။

RSO အဖွဲ့နှင့် တွေ့ဆုံမှုအပေါ် KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်အနေနှင့်
ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရား ၀င်ဆွေးနွေးခြင်းမဟုတ်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန် မော်က ငြင်းဆိုခဲ့
သည်။ သို့သော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကြောင့် ပြည်သူများ၏ ရင်ထဲတွင်
ငြိမ်းချမ်းရေးမျှော်လင့်ချက်များ ကြီးထွားလာစဉ် KIA နှင့် RSO ကြားဆက်သွယ်မှုများကြောင့်
ငြိမ်းချမ်းရေး ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

စိုင်းဇော်ထက်
ဂျိမ်းဖောမြေ

တောင်းဆိုမှုနှင့် လိုက်လျောမှုကြား လွန်ဆွဲအမြတ်ထုတ်နေဆဲ UNFC

Posted by Unknown Thursday, September 11, 2014, under | 1 comment



  ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပက်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရ မလိုဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့ အတိုင်း အကောင်အထည် မဖော်နိုင်သေးဘဲ တောင်းဆိုမှုနဲ့ လိုက်လျောမှုတွေကြားထဲမှာ ပြည် တွင်းငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန်ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား၊ မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာ မှန်သမျှ အကုန်တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကိုထောက်ထားငဲ့ညှာ ပြီး တောင်းသမျှအကုန်လုံး မဟုတ် ရင်တောင် ရာခိုင်နှုန်းနီးပါး လိုက်လျောမှုတွေပြန်ပေးနေတာတွေ့ရပါတယ်။
သို့ပေမယ့်လည်း သြဂုတ်လ ၂၉/၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ United Nationalities Federal Council (UNFC)ရဲ့ အစည်းအဝေး နောက်ဆုံးနေ့မှာပဲ ကရင် တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ KNU က UNFC အဖွဲ့ထဲက နှုတ်ထွက် လိုက်ပြီဆို ပြီး သတင်းတွေမှာ တွေ့ရပါတော့တယ်။


အဓိက နှုတ်ထွက်ရတဲ့အကြောင်းအရင်းများစွာထဲက တစ်ခုကတော့ UNFC ရဲ့ငြိမ်းချမ်းရေး သဘော ထား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထဲကနေ အလှည့်ကျ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လုပ်ဖို့တောင်း ဆို မှုနဲ့ UNFC အဖွဲ့ဝင်လက်နက်ကိုင်တပ်များ အင်အားမညီမျှမှုကို ဖက်ဒရယ် တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွတ်သွင်းပြီး UNFC အဖွဲ့ဝင်တိုင်း သဘောတူညီသယောင် ဆောင်ရွက်နေမှုကိုသည်းမခံနိုင်တဲ့ နောက်ဆုံး နှုတ် ထွက်ခြင်းဖြစ် တယ်လို့ ယူဆမိပါတယ်။


KNU ဘက်ကကြည့်မယ်ဆိုရင်လည်း UNFC မှာ ခေါင်းဆောင်လုပ်နေတဲ့ သူတွေဟာ နိုင်ငံရေး လုပ်စားတဲ့ လူတွေများပါတယ်။ နိုင်ငံရေး သမားဆိုတာက လည်း သူတို့ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက် ဘာအ ခက်အခဲမှမရှိဘဲ ကမ္ဘာပတ်ပြီးရန်ပုံငွေရှာနေတဲ့ ပညာတတ်အသိုင်းအ၀ိုင်းတွေများတယ်။ ၄င်းတို့လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့ တောထဲမှာတစ်ကယ် သေသေကြေကြေလုပ်ခဲ့ကြရပြီး မသေလို့ရာထူးရလာတဲ့ အခါ ကျတော့ ၄င်းတို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို နေရာမပေးဘဲ နိုင်ငံရေးလုပ်စားနေတဲ့ သူတွေကသာ အဲ့ဒီ့နေရာကို ချုပ်ကိုင်ထားကြတယ်လို့ ထင်ပါလိမ့်မယ် ။ မြန်မာနိုင်ငံမှာ အင်အားအများဆုံး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA အဖွဲ့၊ မိုင်းလားအဖွဲ့နဲ့ SSA တောင်ပိုင်းအဖွဲ့တွေလည်း UNFC မှာအရင်က တည်းက မပါဝင်ကြပါဘူး။ ဘာလို့မပါဝင်သလဲဆိုတော့ UNFC ရဲ့ ရှေ့ဆက်လျှောက် မယ့် ခြေလှမ်းတွေနဲ့ ဗိုလ်ကျစိုးမိုးခြယ်လှယ် လာနိုင်တာတွေကို ကြိုတင်ရိပ်မိနေလို့လည်းဖြစ်ပါလိမ့်မယ်။


KNU အဖွဲ့ကို ပြန်ကြည့်လိုက်ရင် KNU ဥက္ကဌကြီး မူတူးဆေးဖိုး က ဆွေးနွေး တဲ့ နှစ်ဦးနှစ်ဖက်မှာ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်မရှိဖို့ လိုတဲ့အကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း စိတ်ရင်းသဘောထား မှန်ကန်စွာ နဲ့ ဆွေးနွေးဖို့ လိုတဲ့ အကြောင်း ပြောခဲ့ပါတယ်။ KNU အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ (၃)ကြိမ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ (၃)ကြိမ် တွေ့ပြီးပြီ ဆိုတော့ နိုင်ငံတော် အစိုးရရဲ့ သဘောထားနဲ့ စစ်တပ်ရဲ့သဘောထား တွေကို သိထားပြီးပြီလို့ ယူဆရပါတယ်။ အဖွဲ့ဝင်အဖြစ် နေလာတဲ့ကာလအတွင်းမှာ UNFC ဘယ်လိုခြေလှမ်း တွေကို လှမ်းနေလဲဆိုတာသိလောက်ပြီမို့ စောစောစီးစီး အဖွဲ့က ရုန်းထွက်ခဲ့တယ်လို့ထင်မြင်မိပါတယ်။


ဒီလိုအခြေအနေဆိုရင်တော့ UNFC အနေနဲ့ အဖွဲ့အတွင်းမှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေ မရှိ တော့တဲ့အတွက် ၄င်းတို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဖက်ဒရယ် တပ်မတော်ဆိုတာကိုလည်း မှန်းလို့မရသလို အလှည့် ကျ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ အိပ်မက်ကလည်း ပျက်ပြယ်သလိုဖြစ်သွားပါပြီ။ ကျန်တဲ့လက်နက် ကိုင်အဖွဲ့ဆိုတာလည်း လူနည်းစုပဲဖြစ်ပါတယ်။ လူမျိုးစုတွေ အလိုက် လက်နက်ကိုင်ဆောင်နေကြပေမယ့် လက် နက်ကိုင်ဆောင်တဲ့အဖွဲ့ အားလုံးဟာ သူတို့လူမျိုးအားလုံးကို ကိုယ်စားမပြုပါဘူး။ UNFC အဖွဲ့ဝင်အဖြစ် ကျန်ခဲ့တဲ့ အဖွဲ့(၁၁)ဖွဲ့ထဲမှာတောင် အချို့အဖွဲ့တွေထဲမှာ လူ(၄/၅)ယောက်ေ လာက်ပဲရှိပါတယ်။


နောက်ဆုံးလိုရင်းကို ပြောရရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့  ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်း များ တွေ့ဆုံဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ရလာဒ် တစ်ခု ထွက်ပေါ်လာမလားဟု ရင်တစ်ထိတ်ထိတ်နဲ့ မျှော်လင့် ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက် တွေဟာ UNFC ရဲ့ဖွဲ့စည်းပုံမှာပါဝင်တဲ့ ဗဟိုချုပ်ကိုင်မှုသဘောထားအမြင်၊ နိုင်ငံရေးနဲ့ စစ်ရေး အခြေခံ ယူဆချက်၊ ကွဲလွဲချက် တွေကြား မှာ ပျက်ပြယ်သွားတော့မလား ဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။


credit :နတ်မျက်စိ

နရဲစွမ် ဇတ်ကား အတွက် ထိုင်း ဒါရိုက်တာ တောင်ငူကို လာရောက်လေ့လာ

Posted by Unknown Thursday, September 11, 2014, under | No comments




တောင်ငူမြို့ အနောက်ဘက်ကျုံးပတ်လမ်းမှ မြို့ရိုးနှင့်ကျုံးကိုကြည့်ရှုနေသော ဒါရိုက်တာ ချတ်ထရီ ချလွန် ယူကွန်နှင့်အဖွဲ့(ဓာတ်ပုံ ဒေါက်တာမြသောင်း)


မြန်မာတို့ကို တော်လှန်ခဲ့တဲ့ ထိုင်းဘုရင် နရဲစွမ်ရဲ့ အကြောင်း “The Legend of King Naresuan” အပိုင်း ၆ ရိုက်ကူးဖို့ ထိုင်းရုပ်ရှင် ဒါရိုက်တာ ချတ်ထရီ ချလွမ်ယူကွန် နဲ့အဖွဲ့ ပြီးခဲ့တဲ့ စနေနေ့က တောင်ငူမြို့ကို ရောက်ရှိလာပြီး နှစ်ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

အခုရိုက်ကူးမယ့် ရုပ်ရှင်ဟာ နရဲစွမ်ဘုရင်ရဲ့ အကြောင်း နောက်ဆုံးအပိုင်းဖြစ်ပြီး နရဲစွမ်ဘုရင် တောင်ငူကို လာရောက် တိုက်ခိုက် တဲ့ ဇတ်ဝင်ခန်း ပါဝင်မှာဖြစ်တဲ့အတွက် တောင်ငူမြို့မှာရှိတဲ့ သမိုင်းဝင်နေရာတွေကို လေ့လာတာဖြစ်တယ်လို့ အဆိုပါအဖွဲ့ကို လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ သမိုင်းသုတေသီ ဒေါက်တာမြသောင်း က ဧရာဝတီကို ပြောပါတယ်။

“သူတို့မှာ ရုပ်ရှင်အတွက် ဆက်တင်တွေက ဆောက်ပြီးပြီ၊ ဒါပေမယ့် နရဲစွမ်ဘုရင် စစ်ချီတဲ့ အဓိကနေရာတွေရဲ့ မြေပြင် အနေ အထား ကို မသိရသေးတဲ့အတွက် လာပြီးလေ့လာတာပါ၊ သူတို့က ဟိုမှာ ပြန်ပြီး ဖန်တီးဖို့ ဓာတ်ပုံရိုက်ယူတယ်၊ ပုံကြမ်းဆွဲယူပါတယ်”လို့ သူက ပြောပြပါတယ်။

ဒါကြောင့် နရဲစွမ်ဘုရင် တောင်ငူမြို့ပြကို လာရောက်တိုက်ခိုက်စဉ်က စခန်းချခဲ့တဲ့ ကျွဲမကူးချောင်း၊ ရဲနွယ်ချောင်း၊ ရေကြောင်းချီခဲ့တဲ့ စစ်တောင်းမြစ်၊ ဒါ့အပြင် သမိုင်းဝင်နေရာတွေဖြစ်တဲ့ ကေတုမတီမြို့ဟောင်း၊ ကျုံး၊ ရေထွက်ပေါက် တခုဖြစ်တဲ့ မြစ်ကြီးပေါက် (ယိုးဒယားပေါက်) တို့ကို လိုက်လံကြည့်ရှုလေ့လာခဲ့တယ်လို့ ဒေါက်တာမြသောင်း က ပြောပါတယ်။

ဒါ့အပြင် တောင်ငူခေတ်က မြို့ရန်တွေဖြစ်ခဲ့ဖူးတဲ့ ဇေယျဝတီ၊ ကျောက်စရစ်၊ ကောလိယ၊ အာသာဝတီ(မြို့ဆိုး)စတဲ့ ရှေးဟောင်းမြို့တွေကိုလည်း သွားရောက်ခဲ့ပါသေးတယ်လို့ သိရပါတယ်။

The Legend of King Naresuan ရုပ်ရှင်ကား ဒါရိုက်တာ ချတ်ထရီ ချလွမ်ယူကွန်ဟာ ထိုင်းတော်ဝင် မိသားစုဝင် တဦးဖြစ်ပြီး အခု ခရီးစဉ်မှာ သူနဲ့အတူ ချူလာလောင်ကွန်းတက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာ ဆူနိတ်လည်း လိုက်ပါလာတယ်လို့သိရပါတယ်။

ဒါရိုက်တာဖြစ်တဲ့ မင်းသားကြီး ချတ်ထရီ ချလွမ်ယူကွန်ဟာ The Legend of King Naresuan ကို ရိုက်ကူးတဲ့နေရာမှာ တခြား သော ရုပ်ရှင်ဒါရိုက်တာတွေလို ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့မချဉ်းကပ်ဘဲ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော်(City-state) များကို အောင်နိုင်ခဲ့သူ တဦးအနေနဲ့ ပုံဖော်ရိုက်ကူးခဲ့တာလို့သိရပါတယ်။

နရဲစွမ် ဇာတ်ကားရဲ့ အဓိက ကျောရိုးကတော့ ၁၅ ရာစု ခေတ်လယ်ခန့်က ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ မြန်မာ ဘုရင် ဘုရင့်နောင် မင်းတရားကြီး အယုဒ္ဓယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ၉ နှစ်အရွယ် မင်းသား နရဲစွမ်ကို ဟံသာဝတီ ရွှေနန်းတော် ကို ခေါ်ဆောင်ခဲ့ပြီး အဋ္ဌာရသ ၁၈ ရပ်ကို သင်ကြားပေးခဲ့ပါတယ်။

ဘုရင့်နောင် နတ်ရွာစံပြီးနောက် ၁၅၈၄ ခုနှစ် သားတော် နန္ဒဘုရင် လက်ထက်မှာ အယုဒ္ဓယ ဘုရင် နရဲစွမ်က သစ္စာမခံတော့ဘဲ ထိုင်းလူမျိုးများကို စုစည်းကာ ပြန်လည်တော်လှန်ခဲ့တဲ့ အကြောင်းအရာပါ။

အဲဒီကာလမှာ နန္ဒဘုရင်ဟာ ၅ကြိမ်တိုင် အယုဒ္ဓယ ကို စစ်ချီတက်တိုက်ခိုက်ခဲ့သလို၊ ဘုရင်နရဲစွမ်ကလည်း ၄ကြိမ်တိုင် ဟံသာဝတီ၊ တောင်ငူ၊ မုတ္တမ စတဲ့ဒေသတွေကို ချီတက်တိုက်ခိုက်ခဲ့ပါတယ်။

တောင်ငူမြို့ကို ဘုရင်နရဲစွမ်တပ်တွေ တိုက်ခိုက်ရာမှာတော့ ကျွဲမကူးကျွန်းချောင်းအရပ်မှာ စခန်းချပြီး ကေတုမတီ ကျုံးရေကို ယိုးဒယားပေါက်မှတဆင့် စစ်တောင်းမြစ်ထဲ ဖောက်ချ၊ အပြင်းအထန် ၀န်းရံပြီးတိုက်ခိုက်ပေမယ့် ရိက္ခာပို့ ယိုဒယား လှေများကို ရခိုင်ဘုရင်တပ်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် အစာရေစာပြတ်လပ်ပြီး တောင်ငူက ခွာခဲ့ရတယ်လို့ မြန်မာ့သမိုင်း မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

၁၆၀၅ ခု မြန်မာဘုရင် အနောက်ဘက်လွန်မင်း လက်ထက်မှာ အယုဒ္ဓဘုရင် နရဲစွမ်ဟာ ဇင်းမယ်(ချင်းမိုင်)ကတဆင့် ရှမ်း ပြည်နယ် ကို စစ်ချီအသွား မိုင်းဟင် အရောက်မှာတော့ ကျည်မေနာကြောင့် ရုတ်တရက် နတ်ရွာစံခဲ့ပါတယ်လို့ မှန်နန်း မဟာ ရာဇ၀င်တော်ကြီး က ဆိုပါတယ်။

ဒီရောဂါ ကျည်မေနာကို မြန်မာ့ဆေးပညာရှင်တချို့က ကိမိန(ပိုးမွှားရောဂါ)လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပေမယ့် သူ့အကြောင်း ရေး ထားတဲ့ ၀ီကီပီးဒီးယားမှာ Smallpox(ရေကျောက်ရောဂါ) လို့ ဖော်ပြပါတယ်။

အခုရိုက်မယ့် The Legend of King Naresuan အပိုင်း ၆ မှာတော့ ဒီအကြောင်းတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာတော့ The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းအစိုးရက မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေး ရည်ရွယ်ချက် နဲ့ နိုင်ငံတ၀န်းက ရုပ်ရှင်ရုံတွေမှာ အခမဲ့ပြသခဲ့ပါတယ်။

Sexy မော်ဒယ်လ်တွေ ကပြမယ့် ပါတီ ကျင်းပမယ့်နေရာ အပြောင်းအလဲရှိ

Posted by Unknown Thursday, September 11, 2014, under | No comments




Dance For Life ကျင်းပမည်ဆိုသည့် မူလ ကြော်ငြာ


Sexy မော်ဒယ်လ်တွေ ပါဝင်ကပြမယ့် Dance For Life ပါတီ ပွဲကို မူလကြော်ငြာထားတဲ့ GTR2 ကလပ်မှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပါတီပွဲကျင်းပဖို့ ကြော်ငြာခဲ့စဉ်က GTR 2 ကလပ်မှာ လုပ်မယ်ဆိုပြီး ဖော်ပြခဲ့ပေမယ့် ကလပ်ဘက်က ပါတီပွဲပြုလုပ်ခွင့် မပေးတော့တာကြောင့် နေရာကို ပြောင်းလဲလိုက်ရတယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ DJ Japan က ဧရာဝတီကို ပြောပါတယ်။

အဲဒီပါတီကို ကျင်းပမယ့် နေရာအတိအကျကို မသိရသေးဘဲ၊ လာမယ့်အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ရန်ကုန်မြို့မှာရှိတဲ့ ကလပ်တခုမှာ ကျင်းပမယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

“ကျနော်တို့တတွေလည်း ဒီပွဲ မှာ အလှူခံဖို့ အစီအစဉ်ရှိမယ်၊ အဲဒီက ရလာတဲ့ငွေတွေကို HIV/ AIDS ဝေဒနာရှင်တွေကို ထောက်ပံ့မယ်၊ ဒီပွဲအပေါ်မှာ အမြင်တွေ အမျိုးမျိုးရှိနေတယ်၊ ကြော်ငြာကိုကြည့်ပြီးလည်း ထင်ကောင်းထင်နိုင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုပွဲလဲဆိုတာ လာကြည့်ပြီးမှ ဆုံးဖြတ်ဖို့ ပြောချင်တယ်” လို့ ပွဲစီစဉ်သူ DJ Japan က ပြောပါတယ်။

အဲဒီပါတီပွဲလိုမျိုး ပွဲတွေ အများအပြား ကလပ်တွေမှာ ကျင်းပဖူးခဲ့ပေမယ့် ဒီတခေါက်ပွဲ ကျင်းပမယ့်အကြောင်းကို Sexy Post မော်ဒယ်လ်တွေဖြစ်တဲ့ ဇွန်သဉ္ဇာ၊ ဇာဇာထက်နဲ့ ကဗျာကို တို့က သူတို့ရဲ့ facebook စာမျက်နှာတွေမှာ တရားဝင် တင်လိုက်တာကြောင့် ပါတီပွဲအပေါ် အမြင်တွေ အမျိုးမျိုးဖြစ်ကုန်ပြီး ဝေဖန်မှုတွေ ဖြစ်လာပုံရတယ်လို့ သူက သုံးသပ် ပါတယ်။

“ဘယ်မှာလုပ်မယ်ဆိုတာကို လောလောဆယ် မပြောသေးဘူး၊ ကျနော်တို့က GTR 2 ကို နှုတ်ကတိနဲ့ပဲ နေရာ ငှားထားခဲ့တာကိုး၊ နောက်ထပ် အဲဒီလို အဖြစ်မခံချင်တော့ ဘယ်မှာ လုပ်မယ်ဆိုတာကို လောလောဆယ်မပြောသေးဘူး၊ ဒီပွဲကို ဖြစ်အောင်ကို လုပ်မှာပါ” လို့ DJ Japan က ဆိုပါတယ်။

Wednesday, September 10, 2014

လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးမည်ဟု သမ္မတဦးသိန်းစိန်ပြော

Posted by Unknown Wednesday, September 10, 2014, under | 1 comment


နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတတို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (PETER SCHNEIDER/EPA)

ြ မြန်မာနိုင်ငံတွင် သမ္မတ ဖြစ်ခွင့်ကို မည်သူတစ်ဦးတစ် ယောက်မှ တားမြစ်ခံထားရခြင်း မရှိသင့်ဟု ယုံကြည်သော်လည်း လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားထက် နိုင်ငံ၏အကျိုး စီးပွားကိုသာ ဦးစားပေးစဉ်းစား မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့ စည်းပုံပြင်ဆင်ခြင်းကို ဆန့်ကျင် ရန် မရှိကြောင်း သမ္မတဦးသိန်းစိန် က ပြောကြားသည်။

ဆွစ်ဇာလန်အခြေစိုက် NZZ သတင်းဌာနက ဒေါ်အောင်ဆန်း စုကြည်မှာ နိုင်ငံခြားသားနှင့် လက်ထပ်ထား၍ သမ္မတလောင်းဖြစ်ခွင့် ကန့်သတ်ခံနေရခြင်းအပေါ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


‘‘အခြေခံအားဖြင့်တော့ သမ္မတဖြစ်ခွင့်ကို ဘယ်သူတစ်ဦး တစ်ယောက်မှ တားမြစ်မခံထား သင့်ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ် ဆိုတာ ရှင်းလင်းတဲ့ စည်းမျဉ်းတွေရှိပါတယ်။ ကျွန်တော့် သဘောကတော့ တရားဥပဒေနဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို လုပ်မယ်ဆိုရင် ဆန့်ကျင်စရာမရှိပါဘူး’’ ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ သတင်း ဌာနက ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတလောင်းဝင်ရောက်ခွင့် မရအောင် ကန့်သတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို ပြင်ဆင်ရန် မဲပေးမည်ဆိုပါက သမ္မတက မည်သို့မဲပေးရွေးချယ် မည်ဆိုသည်ကိုလည်း ဆက်လက် မေးမြန်းခဲ့သည်။

‘‘တစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီး ပွားထက် နိုင်ငံ့အကျိုးစီးပွားတစ် ခုတည်းကို ဦးစားပေးစဉ်းစားမှာ ဖြစ်တယ်။ ပြီးတော့ လူများစုရဲ့ ဆန္ဒကိုလည်း လေးစားရမှာ ဖြစ် တယ်။ အဲဒီနှစ်ချက်ပေါ်မူတည် ပြီး ကျွန်တော်မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကို ချမှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်’’ ဟု ၎င်းက ပြန် လည်ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် နောက်ထပ်သက်တမ်းအတွက် အနားယူလိုသည်ဟု မကြာခဏ ပြောကြားခဲ့သော်လည်း ယခုဥရောပ ခရီးစဉ်တွင် တိုင်းပြည်နှင့် ပြည်သူလူထု၏ ဆန္ဒပေါ်မူတည်၍ နောက်သက်တမ်း ဆက်လုပ်၊ မလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကသမ္မတဖြစ်လိုကြောင်း ပြောကြားထားသော်လည်း မိမိ၏ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းတို့မှာ နိုင်ငံခြားအစိုးရလက်အောက်ခံဖြစ်သူ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ၂၀၀၈ ခုနှစ်ဖွဲ့စည်းအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရခြင်း ဖြစ်သည်။

‘‘ဒေါ်စုသမ္မတ မဖြစ်လည်း လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို ဆက်လုပ်သွားမှာ ပဲ။ အားလုံးက ပြောကြတာပဲ။ သားနှစ်ယောက်ကို မြန်မာနိုင်ငံ သား ခံယူလိုက်ဖို့။ ဒါပေမဲ့ ဒေါ်စု က ဒါအတွက် သိက္ခာအကျခံပြီး မလုပ်ဘူး။ ပြီးတော့ ၅၉(စ)ကို လည်း လုံးဝမပြောဘူး’’ ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း မှု လုပ်ငန်းစဉ်မှာ အရှေ့အလယ် ပိုင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦးဖြစ်စဉ်နှင့်အတူ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာရပ်နိုင်ငံများတွင် ရုန်းကန်နေရချိန် မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်နေခြင်းမှာ တပ်မတော်၏ ကျေးဇူးကြောင့်ဖြစ် ကြောင်း လက်ရှိဖွဲ့စည်းပုံအရ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းအ ပေါ် ထောက်ခံပြောဆိုခဲ့သည်။

- 7 dAYS

ရိုဟင်ဂျာအဖွဲ့ KIA နယ်မြေမှာ လှုပ်ရှားခွင့်ရရေး ဆွေးနွေးမှု ရုပ်သံဖိုင်

Posted by drmyochit Wednesday, September 10, 2014, under | No comments

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်
KIA အရာရှိနဲ့ ရိုဟင်ဂျာအဖွဲ့ကိုယ်စားလှယ်တချို့ရဲ့ စကားဝိုင်းကို မှတ်တမ်းတင်ထားတဲ့ ၁ နာရီကြာ ရုပ်သံဖိုင် ယူကျုမှာ လူကြည့်များလာဖွယ် ရှိပါတယ်။

ရုပ်သံမှာ ပါဝင်တဲ့ KIA အရာရှိက သူတို့နဲ့ ဒီကိုယ်စားလှယ်အဖွဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ပြောဆိုကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းတပုဒ် KIA Officer Denies Report of Rohingya Training in Kachin Rebel Area မှာ ရေးထားပါတယ်။

အနည်းငယ် ကောက်နုတ်ရရင်တော့
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းကို KIA ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားခွင့်ပြုရေး တောင်းဆိုတာကို စကားဝိုင်းမှာ ကြားရပါမယ်။

ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး စဉ်းစားမယ်၊ အကြောင်းပြန်မယ် ဆိုပြီး KIA အရာရှိက တုန့်ပြန်ပါတယ်။
ဒီစကားဝိုင်းမှာ အဓိက စကားပြောသူ ၂ ဦးကို ဧရာဝတီက ဒီကနေ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
၂ ဘက်စလုံးကတော့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ အကြောင်းပြန်ကြပါတယ်။
Burmese Rohingya Association of Thailand အဖွဲ့ ခေါင်းဆောင် မောင်ကျော်နုက သူတို့အနေနဲ့ ငြိမ်းချမ်းစွာ အဖြေရှာတဲ့နည်းလမ်းကို လိုလားတယ်၊ 

ဒီနည်း အလုပ်မဖြစ်ရင်တော့ လက်နက်ကိုင်တော်လှန်ရေးအတွက် KIA နယ်မြေကို သွားကောင်း သွားမယ် လို့ ဆိုပါတယ်။



ဧရာဝတီ

Tuesday, September 09, 2014

အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်

Posted by Unknown Tuesday, September 09, 2014, under | No comments


.
ဒဏ်ရာများဖြင့် မြင်တွေ့ရသော အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး 
(ဓာတ်ပုံ −အောင်သစ်လွင်)

အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှလာ၍ အိမ်အကူ လုပ်သူ အသက်(၁၄)နှစ်အ ရွယ် မိန်းကလေး တစ်ဦးကို လက် ကျိုးအောင် ရိုက်နှက်ခဲ့သည့်အ ပြင် မျက်နှာပျက်စီးသည်အထိ နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ဖြင့် အမှု ဖွင့်ခံထားရသူမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၃)ရပ်ကွက်တွင် နေထိုင်သည့် ဆရာဝန်လင်မယားနှင့် ၎င်းတို့၏ မိခင်အမျိုးသမီးကြီး ဖြစ်သည်။

၎င်းတို့သုံးဦးအား လက်နက် ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု ဥပဒေပုဒ်မ ၁၁၄/၃၂၅/၃၂၆ တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအား ရိုက်နှက်သောကြောင့် ရခဲ့သော ဒဏ်ရာများကို အိမ်ပေါ်မှ လိမ့်ကျ ၍ရသော ဒဏ်ရာဟု လိမ်ညာစေ ၍ ဆေးရုံ၌ ကုသစေကြောင်း ကာယကံရှင်မိန်းကလေး၏မိခင် ဒေါ်သိန်းသိန်းဝင်းက စွပ်စွဲထား ပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဖြစ်သော အမှုကို ယခုမှ စစ်ဆေး နေရခြင်းဖြစ်သောကြောင့် အ သေးစိတ် စိစစ်နေရကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှူး ရဲ အုပ် ဝင်းဌေးက ပြောသည်။

ရဲစခန်းတွင် အမှုမဖွင့်မီ အိမ်အကူပွဲစား၏ ညှိနှိုင်းမှုဖြင့် ရိုက် နှက်ခံရသည့် ကလေးငယ်၏မိခင် က လျော်ကြေးငွေ ကျပ် ၁၂ သိန်း ဖြင့် ကျေအေးထားခဲ့ပြီး ၁၅ ရက် ခန့်ကြာမှသာ ပြန်လည်အမှုဖွင့် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ကျေအေးပေးခဲ့စဉ်က အိမ်အကူပွဲစားက ၎င်းအား အရွယ် မရောက်သေးသော သမီးဖြစ်သူ ကို အလုပ်လုပ်ခိုင်းသောကြောင့် ရဲက အရေးယူနိုင်ကြောင်း ခြိမ်း ခြောက်ကာ ထမင်းဆိုင်တစ်ဆိုင် တွင် ကျေအေးလက်မှတ် ထိုးစေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိန်းသိန်း ဝင်းက ပြောသည်။


7Day Daily

အွန်လိုင်းစနစ်အသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် မှုခင်းကျူးလွန်မှုဖြစ်စဉ်အဖြစ်များလာ

Posted by Unknown Tuesday, September 09, 2014, under | No comments

အွန်လိုင်းအသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် အပြင်လောကတွင် မှုခင်းကျူးလွန်ခံရမှုဖြစ်စဉ်များ ယခုနှစ်အတွင်းအဖြစ်များလာကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အထူးသဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook နှင့် အင်တာနက်ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Viber တို့မှတစ်ဆင့် ခင်မင်ရင်းနှီးရာမှ ငွေကြေးလိမ်လည်ခံရမှုများ၊ လိင်ပိုင်းဆိုင်ရာငေ့်ယှက်ခံရမှုများ၊ ပစ္စည်းလုယက်ခံရမှုများနှင့် အသတ်ခံရမှုများ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အွန်လိုင်းတွင် ခင်မင်ရင်းနှီးရာမှတစ်ဆင့် အိမ်သို့ညအိပ်လက်ခံခဲ့ရာ ရွှေငွေများအပါအ၀င် တန်ဖိုးကြီးပစ္စည်းများအခိုးခံရမှုဖြစ်စဉ်တစ်ခု သြဂုတ်လအတွင်းကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက်က ဒဂုံမြို့နယ်နေ ဦးရဲမြတ်အောင်သည် နေအိမ်၌ရှိနေစဉ် Facebook လူမှုကွန်ရက်တွင်သိကျွမ်းခဲ့သည့် ပေါလုလွင်ဆိုသူမှာ ညအိပ်တည်းခိုရန်ရောက်ရှိလာသဖြင့် စကားပြောဆိုခဲ့ပြီး နံနက် ၁ နာရီဝန်းကျင်တွင် အိပ်ရာဝင်ခဲ့ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် နံနက် ၂ နာရီဝန်းကျင်ခန့်တွင်တရေးနိုး၍ ပေါလုလွင်ဆိုသူအားကြည့်ရှုရာ မတွေ့တော့ဘဲ စိန်ရွှေရတနာပစ္စည်း ၁၄ မျိုး၊ လက်ပတ်နာရီတစ်လုံး၊ ဆင်းမ်ကတ်ပါ အိုင်ဖုန်းတစ်လုံး၊ ငွေနှစ်သိန်းခွဲ၊ နိုင်ငံကူးလက်မှတ်အပါအ၀င် စုစုပေါင်းတန်ဖိုးကျပ် ၃၇၄၃၀၀၀၀ သိန်းမှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးပါရန် ဒဂုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူ ပေါလုလွင် (ခ) ရဲရင့်ထွဋ်ခေါင်(ခ) ကျော်မင်းသီဟန် (ခ) ကောင်းကောင်းဆိုသူကို သြဂုတ် ၃၀ ရက်တွင် စမ်းချောင်းမြို့နယ်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်ကခိုးမှုပြစ်ချက်ဟောင်းရှိသူတစ်ဦးဖြစ်ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူး မြင့်ထွေးက "ဒီလိုမျိုးအင်တာနက်လူမှုကွန်ရက်ကနေတစ်ဆင့် မှုခင်းတွေကျူးလွန်ခံရမှုတွေမဖြစ်စေဖို့ ကျွန်တော်တို့မြို့နယ်တွေ ရပ်ကွက်တွေမှာ ပညာပေးဟောပြောမှုတွေပြုလုပ်နေပါတယ်။ ပြည်သူတွေက ဥပဒေကိုသိရှိနားလည်ဖို့နဲ့ အွန်လိုင်းပေါ်မှာ ဘယ်သူ့ကိုမှမယုံဖို့လိုအပ်ပါတယ်" ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း အင်တာနက်ဆော့ဖ်ဝဲ Viber မှတစ်ဆင့် ရင်းနှီးချစ်ကြိုက်ခဲ့သည့် အမျိုးသမီးတစ်ဦးမှာ အပြင်တွင်ချိန်းတွေ့ရာမှ လူသတ် ပစ္စည်းအလုခံရသည့် ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

"ဒီလိုမျိုးတွေဖြစ်ပွားရတာက လူတစ်ဦးချင်းနဲ့ပဲဆိုင်ပါတယ်။ အယုံလွယ်တာကြောင့်လည်းပါတာပေါ့။ အွန်လိုင်းပေါ်မှာတွေ့ပြီးမှ ဖြစ်တာမဟုတ်ဘဲ အပြင်မှာဒီလိုကိစ္စတွေကရှိနေပါတယ်။ လူတွေရဲ့အသိဗဟုသုတတွေမြင့်တက်လာရင်တော့ ဒါမျိုးတွေကလျော့နည်းသွားမှာပါ။ ဒီလိုအကျူးလွန်ခံရတာတွေကို အွန်လိုင်းလူမှုကွန်ရက်ကြောင့် လူတွေသိတာ ပိုမြန်လာတာမျိုးလည်းရှိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။

ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ထို့နောက်သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာသေဆုံးသူမှာ တိုးချဲ့(၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့ နယ်နေ ရန်ကုန်မြို့ထဲဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂) နှစ်ဖြစ်ကြောင်းနှင့် အခင်းမဖြစ်ခင် ဇွန် ၉ ရက် နံနက်ပိုင်းတွင် အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့မှာ Viber တွင်တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး အသတ်ခံရကာ ပစ္စည်းများလုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။ ထိုသို့အွန်လိုင်းမှတစ်ဆင့် မှုခင်းကျူးလွန်သူအများစုမှာ အွန်လိုင်းအသုံးပြုမှု နုနယ်သေးသည့် မိန်းကလေး၊ အရွယ်မရောက်သေးသည့်ကလေးသူငယ်များကို အဓိကပစ်မှတ်ထား ကျူးလွန်တတ်ကြောင်း ဆိုက်ဘာလေ့လာသူတစ်ဦးကဆိုသည်။

Viber အသုံးပြုသူတစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးက "ကျွန်မဖုန်းနံပါတ်ဆီကို ဟိုတလောကဆိုရင် နံပါတ်စိမ်းဖုန်းနံပါတ်တွေနဲ့ အပြင်မှာတွေ့ချင်တယ်။ ခင်ချင်တယ်ဆိုပြီး လာပြောတယ်။ ဘာမှပြန်မပြောတော့ ညစ်ညမ်းစာတွေ၊ ပုံတွေပို့လာတာတွေရှိတယ်။ ရဲတိုင်ရင် အလုပ်ရှုပ်မှာဆိုးလို့ အဲ့ဒီနံပါတ်ကို Block လိုက်တယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်" ဟု ပြောကြားသည်။

Facebook အသုံးပြုသူတစ်ဦးဖြစ်သည့် မပြည့်ပြည့်ကျော်က "အွန်လိုင်းကနေသိပြီးတော့ အပြင်မှာ ငွေအလိမ်ခံရတဲ့ဖြစ်စဉ်တွေကြားဖူးပါတယ်။ ဒီလိုမျိုးအလိမ်ခံရတာကလည်း တော်တော်ကို ဗဟုသုတနည်းပါးတယ်လို့ ဆိုရပါမယ်။ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို အပြင်မှာယုံရဖို့ခဲယဉ်းတယ်။ ဘာပဲပြောပြော မိန်းကလေးတွေအနေနဲ့က ပိုသတိထားသင့်ပါတယ်" ဟုဆိုသည်။

အွန်လိုင်းမှ ညစ်ညမ်းစာများ၊ ပုံများဖြင့် တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုမူပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်အရေးယူနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်ကဆိုသည်။

"တကယ်လို့ အွန်လိုင်းကနေ တစ်စုံတစ်ဦးက ညစ်ညမ်းစာတို့၊ ရုပ်ပုံတို့နဲ့နှောင့်ယှက်ခဲ့မယ်ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နဲ့ အမှုဖွင့်အရေးယူလို့ရတယ်" ဟု ၎င်းကပြောကြားသည်။


- Eleven

Monday, September 08, 2014

မေမြတ်နိုးကို ရဲတိုင်ပြီးအရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး

Posted by Unknown Monday, September 08, 2014, under | No comments


ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာအလှမယ်မေမြတ်နိုးကို လိမ် ညာမှုများအတွက် ကိုရီးယားနှင့် မြန်မာရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့် အရေးယူရန် တောင်းဆိုသွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ကိုရီးယား အော်ဘဇာဘာ သတင်းစာတွင် စက်တင်ဘာ ၆ ရက် ဖော်ပြထားသော အဆိုပါအဖွဲ့အစည်း၏ ကြေညာ ချက်၌ ယင်းကဲ့သို့ ရေးသားထား ခြင်းဖြစ်သည်။ ထိုကြေညာ ချက်တွင် မေမြတ်နိုးအား အချက် သုံးချက်ကြောင့် မယ်ပွဲဆုရှင် အဖြစ်မှ ဖယ်ရှားခဲ့ရသည်ဟု ဆို သည်။

အဆိုပါအချက်များတွင် အ ဆက်မပြတ်လိမ်ညာမှုများ၊ မိခင်ကို သုံးလနေထိုင်ခွင့်မပြုပါလျှင် သူကပါ သူ၏တိုင်းပြည်သို့ ပြန် မည်ဆိုသည့် ရိုင်းပျသော တစ် ကိုယ်ကောင်းဆန်သော အပြုအမူနှင့် ကော်မတီ၏စကားကို နား မထောင်ခြင်း စသည်တို့ဖြစ်သည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက ထောက်ပြထားသည်။

ထို့အပြင်မေမြတ်နိုးကို နိုင်ငံ တကာယဉ်ကျေးမှုမသိသူ နိုင်ငံ ကြီးသား မပီသသူ၊ ယဉ်ကျေးမှု ချင်းခြားနားချက်ကို မကျော်လွှား နိုင်ခြင်းဖြင့် ကိုရီးယားနိုင်ငံယဉ် ကျေးမှုကို လိုက်မမီသူအဖြစ် လည်း ၎င်းတို့က စွပ်စွဲထားသည်။ ကော်မတီက မေမြတ်နိုး၏ ကိုရီးယားခရီးစဉ်နှင့် ပတ်သက်၍သြဂုတ် ၁၉ ရက်မှ ၂၇ ရက်ထိအသေးစိတ်ထုတ်ပြန်ခဲ့ပြီး၊ သူမက ရင်သားခွဲစိတ်မှုမပြုခဲ့သည်ဆိုသော်လည်း သြဂုတ် ၂၀ တွင် ခွဲစိတ်ခဲ့ကာ သြဂုတ် ၂၃ အထိ ဆေးရုံတွင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ သြဂုတ် ၂၉ တွင် မေမြတ်နိုးနှင့် ကော်မတီ ထိပ်တိုက်တွေ့ကာ သြဂုတ် ၂၅ ရက်တွင်ဆေးရုံက ဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများက သူတို့ ကော်မတီနှင့် မေးမြန်းပြီး အခြေအနေမှန်ကို သိရှိသော်လည်း မြန်မာပြည်က သတင်းမီဒီယာများသည် စက် တင်ဘာ ၂ ရက်က အလှမယ် မေ မြတ်နိုးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကိုသာ အခြေခံပြီးရေး သားထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အခြေခံရေးသားထားသော သတင်းမီဒီ ယာများသည် မြန်မာနှင့် ကိုရီး ယားနှစ်နိုင်ငံလုံး၏ ပုံရိပ်ကို ဖျက် ဆီးနေသည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီက စွပ်စွဲပြောကြားသည်။ မေမြတ်နိုးကို အဆိုပါကြေညာချက်နှင့်ပတ်သက်၍ 7Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၂ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Miss Asia Pacific Worldကော်မတီသည် တစ်ကိုယ်လုံးခွဲစိတ်ရန် ပြောဆိုပြီး၊ လုပ်ငန်းရှင်များကိုဖျော်ဖြေရန် ပြောခဲ့ကြောင်းမေမြတ်နိုးက ပြောကြားခဲ့သည်။

ဘီဘီစီနှင့် တခြားသတင်း မီဒီယာများတွင် ဖော်ပြခဲ့သော သတင်းများအရ ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီသည် တခြား နိုင်ငံတကာ အလှမယ်များနှင့် အလားတူပြ ဿနာများရှိခဲ့သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ယူကျူ့ဘ်ဗီဒီယိုတွင် လည်း အဆိုပါအဖွဲ့အစည်းနှင့် နိုင်ငံတကာမယ်များ ပြိုင်ပွဲတွင် မရိုးသားမှုကြောင့် စကားများ ငြင်းခုံနေကြသည့် ဗီဒီယိုဖိုင်ကို လည်း တွေ့ရသည်။ မယ်ဆု ပြိုင်ပွဲဆိုသော်လည်း ဆုငွေပေး ခြင်းမရှိဘဲ ဆုရသူမယ်ကို အဆို တော် မင်းသမီးဖျော်ဖြေသူ ဖြစ် အောင်သာ စပွန်ဆာအဖွဲ့အစည်း များဖြင့် ကူညီပေးလေ့ရှိပါသည် ဟု သူတို့၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားပါသည်။

ကိုရီးယားနိုင်ငံတွင် သရုပ် ဆောင်များ၊ မော်ဒယ်များ၊ မင်း သမီးများကို သူတို့၏အဖွဲ့အစည်း များ၊ မန်နေဂျာများက လုပ်ငန်း ရှင်များဖြင့် ဖိအားပေးပြီး ဖျော်ဖြေခိုင်းသည်မှာ ထုံးစံဖြစ်သည်။

မြန်မာပရိသတ်များသိရှိကြ သည့် နာမည်ကျော်ကိုရီးယား မင်းသမီး Jang-Ja-Yeon သည် ထိုကဲ့သို့ ပြဿနာများကြောင့် ၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက် တွင် ကိုယ့်ကိုယ့်ကိုယ် သတ်သေခဲ့သည်။ သူသည် ကိုရီးယားလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများကလုပ်ငန်းရှင်များနှင့် ဖျော်ဖြေရန် ဖိအားပေးခံရမှုကြောင့် စိတ်ဓာတ်ကျကာ သတ်သေခြင်းဖြစ်သည်ဟု ကိုရီးယားသတင်းဌာနများက ရေးသားဖော်ပြခဲ့ဖူးပါသည်။

Sunday, September 07, 2014

တာချီလိတ် မြို့ တွင်ရေလွှမ်းမိုးမှုကြောင့် နေအိမ်၊ ကားများနှင့် မြို့ တွင်းလမ်းမ များပါရေလွှမ်းမိုး.......

Posted by drmyochit Sunday, September 07, 2014, under | No comments

စက်တင်ဘာလ ၆ ရက်နေ့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ် မြို့ တွင် ရေလွှမ်းမိုးမှု များဖြစ်ပေါ်ခဲ့ သည့် အတွက်ကြောင့် နေအိမ်များ၊ ကားများပါရေ၀င်နစ်မြုပ်ခဲ့ရသည်။ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့  တွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်သည့် အတွက် လမ်းမပေါ်နှင့် အိမ်များတွင်
တင်ကျန်နေသော နုန်းမြေအမှိုက်သရိုက်များကိုပန်လည်ရှင်းလင်းနေပြီဖြစ်
ကြောင်းသိရသည်။

Popular Myanmar News Journal




Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်