Monday, September 08, 2014

မေမြတ်နိုးကို ရဲတိုင်ပြီးအရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး

Posted by Unknown Monday, September 08, 2014, under | No comments


ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာအလှမယ်မေမြတ်နိုးကို လိမ် ညာမှုများအတွက် ကိုရီးယားနှင့် မြန်မာရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့် အရေးယူရန် တောင်းဆိုသွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ကိုရီးယား အော်ဘဇာဘာ သတင်းစာတွင် စက်တင်ဘာ ၆ ရက် ဖော်ပြထားသော အဆိုပါအဖွဲ့အစည်း၏ ကြေညာ ချက်၌ ယင်းကဲ့သို့ ရေးသားထား ခြင်းဖြစ်သည်။ ထိုကြေညာ ချက်တွင် မေမြတ်နိုးအား အချက် သုံးချက်ကြောင့် မယ်ပွဲဆုရှင် အဖြစ်မှ ဖယ်ရှားခဲ့ရသည်ဟု ဆို သည်။

အဆိုပါအချက်များတွင် အ ဆက်မပြတ်လိမ်ညာမှုများ၊ မိခင်ကို သုံးလနေထိုင်ခွင့်မပြုပါလျှင် သူကပါ သူ၏တိုင်းပြည်သို့ ပြန် မည်ဆိုသည့် ရိုင်းပျသော တစ် ကိုယ်ကောင်းဆန်သော အပြုအမူနှင့် ကော်မတီ၏စကားကို နား မထောင်ခြင်း စသည်တို့ဖြစ်သည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက ထောက်ပြထားသည်။

ထို့အပြင်မေမြတ်နိုးကို နိုင်ငံ တကာယဉ်ကျေးမှုမသိသူ နိုင်ငံ ကြီးသား မပီသသူ၊ ယဉ်ကျေးမှု ချင်းခြားနားချက်ကို မကျော်လွှား နိုင်ခြင်းဖြင့် ကိုရီးယားနိုင်ငံယဉ် ကျေးမှုကို လိုက်မမီသူအဖြစ် လည်း ၎င်းတို့က စွပ်စွဲထားသည်။ ကော်မတီက မေမြတ်နိုး၏ ကိုရီးယားခရီးစဉ်နှင့် ပတ်သက်၍သြဂုတ် ၁၉ ရက်မှ ၂၇ ရက်ထိအသေးစိတ်ထုတ်ပြန်ခဲ့ပြီး၊ သူမက ရင်သားခွဲစိတ်မှုမပြုခဲ့သည်ဆိုသော်လည်း သြဂုတ် ၂၀ တွင် ခွဲစိတ်ခဲ့ကာ သြဂုတ် ၂၃ အထိ ဆေးရုံတွင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ သြဂုတ် ၂၉ တွင် မေမြတ်နိုးနှင့် ကော်မတီ ထိပ်တိုက်တွေ့ကာ သြဂုတ် ၂၅ ရက်တွင်ဆေးရုံက ဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများက သူတို့ ကော်မတီနှင့် မေးမြန်းပြီး အခြေအနေမှန်ကို သိရှိသော်လည်း မြန်မာပြည်က သတင်းမီဒီယာများသည် စက် တင်ဘာ ၂ ရက်က အလှမယ် မေ မြတ်နိုးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကိုသာ အခြေခံပြီးရေး သားထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အခြေခံရေးသားထားသော သတင်းမီဒီ ယာများသည် မြန်မာနှင့် ကိုရီး ယားနှစ်နိုင်ငံလုံး၏ ပုံရိပ်ကို ဖျက် ဆီးနေသည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီက စွပ်စွဲပြောကြားသည်။ မေမြတ်နိုးကို အဆိုပါကြေညာချက်နှင့်ပတ်သက်၍ 7Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၂ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Miss Asia Pacific Worldကော်မတီသည် တစ်ကိုယ်လုံးခွဲစိတ်ရန် ပြောဆိုပြီး၊ လုပ်ငန်းရှင်များကိုဖျော်ဖြေရန် ပြောခဲ့ကြောင်းမေမြတ်နိုးက ပြောကြားခဲ့သည်။

ဘီဘီစီနှင့် တခြားသတင်း မီဒီယာများတွင် ဖော်ပြခဲ့သော သတင်းများအရ ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီသည် တခြား နိုင်ငံတကာ အလှမယ်များနှင့် အလားတူပြ ဿနာများရှိခဲ့သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ယူကျူ့ဘ်ဗီဒီယိုတွင် လည်း အဆိုပါအဖွဲ့အစည်းနှင့် နိုင်ငံတကာမယ်များ ပြိုင်ပွဲတွင် မရိုးသားမှုကြောင့် စကားများ ငြင်းခုံနေကြသည့် ဗီဒီယိုဖိုင်ကို လည်း တွေ့ရသည်။ မယ်ဆု ပြိုင်ပွဲဆိုသော်လည်း ဆုငွေပေး ခြင်းမရှိဘဲ ဆုရသူမယ်ကို အဆို တော် မင်းသမီးဖျော်ဖြေသူ ဖြစ် အောင်သာ စပွန်ဆာအဖွဲ့အစည်း များဖြင့် ကူညီပေးလေ့ရှိပါသည် ဟု သူတို့၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားပါသည်။

ကိုရီးယားနိုင်ငံတွင် သရုပ် ဆောင်များ၊ မော်ဒယ်များ၊ မင်း သမီးများကို သူတို့၏အဖွဲ့အစည်း များ၊ မန်နေဂျာများက လုပ်ငန်း ရှင်များဖြင့် ဖိအားပေးပြီး ဖျော်ဖြေခိုင်းသည်မှာ ထုံးစံဖြစ်သည်။

မြန်မာပရိသတ်များသိရှိကြ သည့် နာမည်ကျော်ကိုရီးယား မင်းသမီး Jang-Ja-Yeon သည် ထိုကဲ့သို့ ပြဿနာများကြောင့် ၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက် တွင် ကိုယ့်ကိုယ့်ကိုယ် သတ်သေခဲ့သည်။ သူသည် ကိုရီးယားလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများကလုပ်ငန်းရှင်များနှင့် ဖျော်ဖြေရန် ဖိအားပေးခံရမှုကြောင့် စိတ်ဓာတ်ကျကာ သတ်သေခြင်းဖြစ်သည်ဟု ကိုရီးယားသတင်းဌာနများက ရေးသားဖော်ပြခဲ့ဖူးပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်