Monday, September 08, 2014

ရုရှကို အင်အားပြရန် နေတိုးအဖွဲ့ စစ်ရေးလေ့ကျင့်

Posted by drmyochit Monday, September 08, 2014, under | No comments

ရီဂါ၊ စက်တင်ဘာ ၇။ အင်အား၊ အာဏာပြင်းထန်သော ရုရှကို ရင်ဆိုင်နေရသည့် နေတိုးအဖွဲ့ဝင် ဘော်လ်တစ်နိုင်ငံများကို ကာ ကွယ်ရန် နေတိုးခေါင်းဆောင် များ ၏ ကတိက၀တ်ကို လက်တွေ့ အကောင်အထည်ပြ သိသာစေခြင်းအနေ ဖြင့် လပ်ဗီးယားတွင် စက်တင်ဘာလ ၇ ရက်က အထူးစစ်ရေးလေ့ကျင့်မှု ကို နေတိုးက ပြုလုပ်ခဲ့သည်ဟု ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဝေလနယ်တွင် ပြုလုပ်သော စက်တင်ဘာလ ၆ ရက် နေတိုးအစည်းအဝေးတွင် တန်ပြန်တပ်ဖွဲ့ ဖွဲ့စည်း ရေးနှင့် ယူကရိန်းရှိ ရုရှ၏အပြုအမှုကို တုံ့ပြန်သည့် အနေဖြင့် အရှေ့ဥရောပတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ် ရန် သဘောတူခဲ့ကြသည်။

ရုရှသမ္မတ ဗလာဒီမာပူတင်၏ ကရိုင်းမီးယားကို ၀င်သိမ်းခဲ့ချိန်တွင် ရုရှားဘာသာစကား ပြောဆိုကြသူများ ကို အားယူသွားခဲ့သည့် အတွက်ကြောင့် ဘောလ် တစ်ဒေသရှိ စကားအနည်းငယ် အသုံးပြုသော နိုင်ငံများ ကို လည်း တိုက်ခိုက်မှု ပြုလာမည်ကို ဘောတစ် မဟာမိတ်များက စိုးရိမ်နေသည်။ ပဋိပက္ခ အခြေနေ ကြုံတွေ့နေ သည့် အခြားတစ်နိုင်ငံသို့ နေတိုးစစ်သားနှင့် စစ်လက်နက်ပစ္စည်းများ ဖြန့် ကြက်ပုံစံမျိုးဖြင့် Steadfast Javelin စစ်ရေးလေ့ကျင့်မှုကို လပ်ဗီးယားတွင် ပြုလုပ်မည်ဖြစ်ပြီး မြို့တော်ရီဂါ မှ ၃၅ မိုင်ကွာရှိ လီအေဗာဒီ လေဆိပ်သို့ စက်တင်ဘာလ ၆ ရက်ညက လေထီး စစ်သား ၅၀၀ ခန့် စတင် ဆင်းသက်ခဲ့သည်။

နိုင်ငံပေါင်း ကိုးနိုင်ငံမှ စစ်သား စုစုပေါင်း ၂,၀၀၀ က ဂျာမနီ၊ အက်စတိုနီးယား၊ လက်ဗီးယား လစ်သူရေး နီးယားနှင့် ပိုလန် နိုင်ငံတစ်လျောက် စစ်ရေးလေ့ ကျင့်မှုကို စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ လုပ်ဆောင် နေကြခြင်း ဖြစ်သည်။“ကျွန်တော်တို့က အကာအကွယ်ပေး နိုင်တယ် လို့ ပြည်သူတွေရဲ့ စိတ်ထဲ ယုံကြည်မှု ရစေချင်လို့ပါ” ဟု နယ်သာလန်နိုင်ငံ ဘရန်ဆန်းရှိ နေတိုးစစ်ဌာနရုံးမှ တပ်မှူး ဗိုလ်ချုပ်လော့သာဒွမ်ရို့စ်က ပြောသည်။

“နေတိုးကို ထိပါး ခြိမ်းခြောက် ချင်သူတွေ သေချာသိသွားစေချင်တယ်။ နေတိုး က ပြည်သူတွေကို အမြဲတမ်း အကာအကွယ် ပေးသွားမယ်ဆိုတာ” ဟူ၍လည်း ရီဂါတွင် သတင်းထောက်များကို ဒွမ်ရို့စ်က ပြောခဲ့သည်။

Ref: Reuters

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်