
အမေရိကန်နိုင်ငံ၊ ကလိဗ်လန်းတွင် အမျိုးသမီး (၃)ဦးကို ဆယ်စုတစ်စုကြာ ပြန်ပေးဆွဲ ချုပ်နှောင်ကာ လိင် ကျေးကျွန် အဖြစ် အသုံးချ ခဲ့သူ သံသယ တရားခံမှာ သေဒဏ်ကျခံရမည့် အခြေအနေထိ ရှိနေကြောင်း သတင်း များက ဖော်ပြ ခဲ့သည်။ အစိုးရ ရှေ့နေများသည် အမျိုးသမီး (၃)ဦးကို ဆယ်စုနှစ် တစ်ခုဝန်းကျင်မျှ မြေတိုက် ထဲ ဖမ်းဆီး ထားသည့် အတွက် ယခုအခါ ပြန်ပေးမှု၊ မုဒိမ်းမှုများနှင့် စွဲချက်တင်ခံထားရသော အေရီ ရယ်လ် ကက်စထရိုအား အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ရန် အစွမ်းကုန် ကြိုးစားလျှက်...