Friday, May 10, 2013

တွံတေး-ဒလ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သောလူသေမှု အမြင်အမျိုးမျိုး ဖြစ်နေ

Posted by drmyochit Friday, May 10, 2013, under | No comments


ယမန်နေ့က တွံတေးမှ ဒလသို့ ရေသွားလှူသော မောင်ထွဋ်မင်းနိုင်သည် အပြန် တွံတေး ကားလမ်းမ ပေါ်တွင် ည ၈ နာရီခန့်၌ သေဆုံးသွား ခဲ့ပြီး ယင်းဖြစ်ပွားမှုအပေါ် မိသားစုနှင့် ရဲများ အကြား အမြင် အမျိုးမျိုး ဖြစ် နေကြကြောင်း သိရသည်။

သေဆုံးသူမှာ မောင်ထွဋ်မင်းနိုင်(၂၃)နှစ်ဖြစ်ပြီး ဒလတွင် ရေဘေးဒုက္ခနှင့် ကြုံ နေရ သောကြောင့်တွံတေးမှ ထော်လာ ဂျီဖြင့် ရေသွားရောက် လှူဒါန်း ခဲ့ပြီး အပြန်လမ်းတွင် သွားရောက် လှူဒါန်းသော အဖွဲ့သည် အားလုံး မှုးနေကြပြီး မောင်ထွဋ်မင်းနိုင်သည် ကားတိုက်ခံရ၍ သေဆုံးသည်ဟု အတူ သွားလှူ ကြသူများက ပြောကြောင်း၊ သို့သော် သေဆုံးသူသည် ကားတိုက်ခံရ၍ သေဆုံးခြင်း မဖြစ်နိုင်ကြောင်း ၎င်း၏အကို
ဝမ်းကွဲ တော်ဆက်သူ ကိုဇော်ဇော်က ပြောကြားသည်။

“ဒဏ်ရာတွေက ကားတိုက်ထားတာနဲ့ မတူဘူး။ ရိုက်ထား ထိုးထာတဲ့ပုံမျိုးတွေဖြစ်နေတယ်။ ပြီးတော့ သူတစ် ယောက် ထဲကို ထားခဲ့ကြပြီးမှ ကားတိုက်ခံရတယ်ပြောတာ”ဟု ကိုဇော်ဇော်က ဆက် လက် ပြောကြား သည်။ ယင်းရေသွားလှူသော အဖွဲ့တွင် သေဆုံးသူ အပါအဝင် ကျား ၁၃ယောက် ထော် လာဂျီဖြင့် ပြန် လာခြင်း ဖြစ်ကြာင်း သိရသည်။

၎င်းဒဏ်ရာသည် မိမိအမြင်ဖြင့်ဆိုလျင် ကားတိုက်ခံရသော ဒဏ်ရာမဖြစ်နိုင်ကြောင်း၊ သေဆုံးသူသည် သွားရောက် သယ်ယူ ချိန်တွင် ကားလမ်းမ၏ အလယ်တွင် ဖြစ်နေသောကြာင့် ပြုကျခြင်းကဲ့သို့လည်း ဖြစ်နိုင်ပြီး အသေ အခြာတော့ မပြောနိုင်ကြောင်း သေသူအား သွားရောက်သယ်ဆောင်သူ စိတ္တ သုခ အရေး ပေါ် ကူညီရေး အဖွဲ့မှ ကိုဖြိုးကိုကိုရွှေက ပြောကြားသည်။

ထို့နောက် သေဆုံးသူနှင့် ပတ်သက်၍ တွံတေးမြို့ပေါ်တွင် အမျိုးမျိုး ထင်ကြေးပေးနေကြကြောင်း၊သို့သော် သေဆုံး သူသည် ကားတိုက်ခံရခြင်းသာ ဖြစ်ကြောင်းနှင့် ၎င်းအမှုကို ၃၀၄(က)ဖြင့် အမှုဖွင့် ထားကြောင်း ရဲစခန်းမှ အရာခံ တိုးတိုးလွင်က ပြောကြားသည်။ ၎င်းအမှုနှင့် ပတ်သတ်၍ ဆေးစစ် ချက်များ မထွက်ရှိ သေးကြောင်း လည်း သိရသည်။

ပိုင်လေး
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်