Friday, May 10, 2013

ဗုဒ္ဓဘာသာဝင် မိန်းကလေးများ လင်ယူပတ်စက်ကြရင်ဖြင့်

Posted by drmyochit Friday, May 10, 2013, under | No comments



အခုခေတ် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးလေးတွေ လင်ယူ အိမ်ထောင်ပြုတဲ့နေရာမှာ စည်းကမ်းရှိစေချင် ပါ တယ်။ ပရမ်းပတာမဖြစ်စေချင်ပါဘူး။ ဆိုလိုတာက ဘာသာတူ လူမျိုးတူအချင်းချင်း အိမ်ထောင်ပြုကြ ဖို့ အနူး အ ညွတ်တောင်း ပန်ချင်တာပါ။ ဒါပေမယ့် တချို့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးလေးတွေဟာ အိမ် ထောင် ပြု တဲ့ အခါမှာ စည်းကမ်းမရှိဘဲ စိတ်ဆန္ဒကိုအလိုလိုက်၍တစ်မျိုး၊ ငွေကြေးမက်၍တစ်သွယ်၊ လူ မျိုးခြား ဘာသာခြားများနှင့် အိမ်ထောင်ပြုနေကြတာတွေ ရှိနေကြပါတယ်။ အပြင်ပန်းကပဲကြည့်ကြည့်၊ အ တွင်းကိုလည်း ကြည့်ကြည့် တစ်သံသရာလုံးဆင်းရဲဒုက္ခရောက်မည့်ကိစ္စကို လက်ယက်ခေါ်လိုက်သလိုပါပဲ။ 

ဘာကြောင့်လည်း ဆိုတော့ ဘာသာခြားကို ယူလိုက်ရပြီဆိုတည်းက ကိုယ်က မြတ်မြတ်နိုးနိုး ကြည်ညို လေးစား ရတဲ့ မြတ်စွာဘုရားပုံတော်ကို အရင်ဆုံးခြေနဲ့ နင်းချေဖျက်စီးလိုက်ရပြီဆိုတည်းက အကုသိုလ် အတော် ပင်ကြီး သွားပါပြီ။ ကမ္ဘာ့သာသနာပြု ဆရာတော် အရှင်သီလာနန္ဒာ ဘိဝံသ ဟောခဲ့တဲ့ တရား တစ်ပုဒ် ရှိပါတယ်။ အဲဒီထဲမှာ သက်ရှိထင်ရှားမြတ်စွာဘုရားကို မဆိုလင့် ဦးတဲ့။ မြတ် စွာဘုရားရှင်ရဲ့ ကိုယ်ပွား ဥဒိဿကစေတီတော်ဖြစ်တဲ့ ပုံတော်ကိုပဲဖြစ်ဖြစ်၊ ပရိဘောဂစေတီ ထိုက်တဲ့ မဟာ ဗောဓိ ညောင်ပင် ကိုပဲဖြစ်ဖြစ်တဲ့ ယုတ်မာတဲ့ မကောင်းတဲ့စိတ်ထားနဲ့ ဖျက်စီး၍ ပျက်ဆီးမည်ဆိုပါလျှင် မြတ်စွာ ဘုရားရှင် ကို သွေးစိမ်းတည်အောင်ပြုလိုက်တဲ့ကံနီးပါး အကုသိုလ်ကြီးတယ်လို့ နားကြားဖူး၏။ 

ဆိုတော့ အဲဒီလိုဘာသာခြား လူမျိုးခြားကို ယူလိုက်ပြီဆိုတည်းက တစ်သံသရာလုံးစာအတွက် အရှုံးနဲ့ ရင်ဆိုင် ရပြီ ဆိုတာ မှတ်သားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပဉ္စာနန္တိယကံလောက်နီးပါး အပြစ်ကြီးတဲ့ အ ကုသိုလ် ဖြစ်၍ပင်ဖြစ်၏။ ဒါကြောင့် ဒီဘဝမှာလည်း ဘာသာမတူ လူမျိုးမတူလို့ ဆင်းရဲရမည့်ဒုက္ခ၊ မြတ်စွာ ဘုရားပုံတော်ကိုနင်းမိလို့ တစ်သံသရာလုံး ဆင်းရဲရမည့်ဒုက္ခဆိုတော့ ရှုံးပြီးရင်းရှုံးရင်းဆိုသလို အရှုံး များနှင့် ရင်ဆိုင်ရမည်ဖြစ်၍ အထူးရှောင်ကြဉ်သင့်လှ၏။

လူမျိုးခြား ဘာသာခြားဆိုတာ ဘုရားအပေါ် ကြည်ညိုနိုင်တဲ့ သဒ္ဓါတရား၊ တရားအပေါ် ယုံကြည်နိုင်မယ့် သဒ္ဓါ တရား၊ သံဃာအပေါ် ဆည်းကပ်နိုင်မယ့် သဒ္ဓါတရားရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဘာလို့လဲဆိုတော့ သူတို့  မှာ အားကိုးယုံကြည် မြတ်နိုးရာ သီးခြားဘာသာတစ်ခု ရှိနေလို့ပါပဲ။ သူ့ဘာသာကတခြား၊ ကိုယ့် ဘာ သာ က တစ်မျိုးဆိုတော့ သဒ္ဓါတရား၊ တူမျှဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 

သဒ္ဓါ တရားခြင်း မတူမျှတော့ အခက်အခဲတွေ တွေ့ရတတ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုးတွေလဲဆိုရင် မိမိက ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးဖြစ်လို့ ဘုရားသွားကျောင်းတက်လုပ်ချင်တယ်၊ ဥပုသ် သီလ ဆောက် တည် ချင်တယ်၊ ဆွမ်းလောင်းချင်တယ်၊ အဲဒီတော့ မိမိယူထားတဲ့ ယောက်ျားက ဘာသာခြားဖြစ်နေတော့ ဒီလို ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စတွေ ထပ်တူထပ်မျှ ပြုလုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဘာ သာခြား နဲ့ မရခင် အပျိုစင်ဘဝတုန်းက မင်းလည်း မင်းကြိုက်တဲ့ဘာသာကိုးကွယ်၊ ငါလည်းငါကြိုက်တဲ့ ဘာသာ ကို ကိုးကွယ်မယ်ဆိုပြီး ကတိစကားတွေ ဆိုခဲ့ကြပေမယ့် တကယ်တမ်း အိမ်ထောင်ပြုပြီးတဲ့အခါ ဘယ်ဘာ သာခြား ယောက်ျားကမှ အိမ်ဦးခန်းမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရုပ်ပွားတော်ကြီးကိုထားပြီး မိန်းမ ကို ကိုးကွယ်ခိုင်းမှာ မဟုတ်ဘူးဆိုတာ အသေအချာယုံကြည်ထားလိုက်ပါ။

ဆွမ်းဟင်း ဆွမ်းတို့ကိုလည်း သံဃာတော်များကို သဒ္ဓါကြည်ဖြူ ဖေးမကူပြီး လှူဒါန်းခိုင်းမှာ မဟုတ်ပါဘူး။ အဲဒီ တော့ မင်းလည်းမင်းကြိုက်တဲ့ ဘာသာကိုးကွယ်၊ ငါလည်းငါကြိုက်တဲ့ ဘာသာကိုးကွယ်မယ်ဆိုတဲ့ စကား တွေဟာ လူမျိုးခြား ဘာသာခြားတွေရဲ့ မာယာတစ်မျိုးပဲလို့ ပြောရမှာပါ။ မယုံမိဖို့အရေးကြီးပါတယ်။ ယုံလိုက် လို့ ပုံအပ်ပြီး ဒုက္ခရောက်သွားသူတွေကို သင်ခန်းစာယူထားသင့်ပါတယ်။

ပထမ ညားခါစ ဟုတ်မလိုလို ဘာလိုလိုနဲ့ အချိန်လေးကြလာတာနဲ့အမျှ အနုနည်း အကြမ်းနည်း အမျိုး မျိုးသော နည်းပရိယာယ်တွေနဲ့ ကလိမ်ဥာဏ်ဆင်ပြီး ဆွဲဆောင်သွားလိုက်တာ နောက်ဆုံး အဲဒီလူမျိုးခြား ဘာ သာခြား အသိုင်းအဝိုင်းခြားထဲမှာပဲ ဘဝကို စုံစုံမြုပ်သွားရတော့တယ်။ နောက်ဆုံး သူနဲ့ကိုယ်နဲ့ အကြောင်း ဆက် ပေါင်းဖက်လို့ မွေးလာတဲ့ ကလေးတွေရဲ့ ဘဝကိုလည်း ပြန်စဉ်းစားကြည့်ပါဦး။ 

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ ထုံးလမ်းစဉ်လာအရ သားလေးတွေ အရွယ်ရောက်လာလို့ သရဏဂုံ ပီပီ သသ ဆိုတတ်လာရင် ဘုရားကျောင်းကန်မှာသွားပြီး တတ်နိုင်တဲ့ အလှူဒါနလေးနဲ့ဖန်ရည်သင်္ကန်း ဝတ်ဆင်မြန်း ပေးပြီး သာသနာ့အမွေကို ခံယူပါတယ်။ သမီးမိန်းကလေးမွေးပြီးရင်လည်း သရဖူ လေးကို ဆောင်း မကိုဋ်တန်ဆာ အဝတ်လေးကို ဝတ်စေပြီး နားသမင်္ဂလာပြုလုပ်ပေးပါတယ်။ 

တကယ်တမ်းမြန်မာမိန်းကလေးတစ်ယောက် လူမျိုးခြား ဘာသာခြားနဲ့ရလို့ သားလေး သမီးလေး မွေးဖွား လာတဲ့အခါ “ကိုကို လူမျိုးခြားကြီး ကျွန်မသားလေး အရွယ်ရောက်လာပြီ၊ အဲဒါရှင်ပြုပေးရအောင်နော်၊ သားလေး ရှင်ပြုရင် ကိုကိုဘာသာခြားကြီးက သပိတ်လွယ်၊ ကျွန်မက ကိုရင်လေးအတွက် သင်္ကန်း ခေါင်းရွတ် မယ်၊ အလှူဒါနပြုလုပ်ပြီးတဲ့အခါမှာလည်း ဘုရား၊ တရား သံဃာကို ကြည်ညိုပြီး အတူတူ ရေစက် သွန်းချ အမျှပေးဝေမယ်နော်” လို့ဆိုပြီး ပြောလို့ရမလား။ အဲဒီလို သဒ္ဓါကြည်ဖြူပြီး ဖေးမကူ လုပ်ခဲ့ တာတွေ ရော ဘယ်တုန်းက ရှိခဲ့ကြလဲ။

များသောအားဖြင့် သူတို့ဘာသာ သူတို့လူမျိုးထဲကိုပဲ ရောက်အောင် ခေါ်ဆောင်သွားကြ တာချည်းပါပဲ။ ကိုယ့် ဘက်ကို ပါလာတယ်ဆိုတာကတော့ တစ်သောင်းတောင်မှ တစ်ယောက် မသေချာပါဘူး။ ဘာလို့ ဒါတွေ ကို အရေးတကြီးပြောနေရတာလဲဆိုရင် တချို့မြန်မာအမျိုး သမီးလေးတွေ အမျိုးသားရေး စိတ်ဓာတ် ဘာသာ ရေးအခြေခံစိတ်ဓာတ်နည်းပါးပြီး လင်ယူပက်စက်ေ နကြလွန်းလို့ပါ။ 

(ရိုင်းသွားရင်ခွင့်လွှတ်ပါ)။ အဲဒီလို လင်ယူပတ်စက်ရင် ဘာဖြစ်သွားနိုင်လဲဆိုရင် အဖြေကရှင်းပါတယ်။ အချိန်ကြာ လာနဲ့အမျှ ဗုဒ္ဓဘာသာဝင်အင်အားနည်းပြီး ဘာသာခြား လူမျိုးခြားအင်အားများလာကာ နောက် ဆုံး ဗုဒ္ဓဘာသာဝင်တွေ တိမ်ကောပျောက်ကွယ်သွားနိုင် ပါတယ်။ ဒါကြောင့် မိမိရဲ့ မဆင်မခြင် အိမ်ထောင်ပြု မှုကြောင့် တစ်မျိုးသားလုံး တိမ်ကောရမည့် အဖြစ်မျိုးကို ဘယ်တော့မှအဖြစ်မခံပါနဲ့လို့ တိုက်တွန်း ချင်ပါတယ်။ တစ်မျိုးသားလုံး တည်တံ့ ခိုင်မြဲ တိုးတက်ဖို့ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင် အချင်း ချင်းသာ အိမ်ထောင်ပြုကြပါလို့ တိုက်တွန်းလိုက်ရပါသည်။


(၁)။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်ဆိုင်များမှာ အားပေးကြပါ။ ငွေကြေးချမ်းသာပြည့်စုံသော သူများအနေနဲ့ (၉၆၉) အိမ်ဆောက် ပစ္စည်းဆိုင်၊ ဒန်ပေါက်ဆိုင်၊ စားသုံးကုန်ဆိုင်နှင့် အခြားဆိုင် များကိုလည်းကောင်း၊ ထိုမှတဖန် အနီးအဝေး မော်တော်ယာဉ်ကားလိုင်းများကို လည်းကောင်း တည်ထောင်ကြပါလို့ တိုက်တွန်း ချင် ပါတယ်။

၂။ ကိုယ့်လူမျိုးအချင်းချင်းသာ အတွင်းရေး အပြင်ရေးကိစ္စများဆွေးနွေးဆောင်ရွတ် ရန်ပေါင်း သင်းနေ ထိုင်ကြပါ။

၃။ ကိုယ့်လူမျိုး ကိုယ့်ဘာသာအချင်းချင်း အိမ်ထောင်ပြု လက်ထပ်ကြပါ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝ င်အ ချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တစ်ဦးနှစ်တစ်ဦး ရိုင်းပင်းကူညီကြရန် ဆိုတဲ့ အချက်များ ကို လိုက် နာ ကျင့်သုံး ကြပါလို့ အနူးအညွတ်တောင်းပန်လိုက်ပါသည်။

စာဖတ်သူ(ဗုဒ္ဓဘာသာဝင်) များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့် မိမိအကျိုး သူတစ်ပါး အကျိုး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တိုးပြီးဆောင်ရွတ်နိုင်ကြပါစေ။

From:အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်