Friday, May 10, 2013

အင်တာနက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိကန်သံအမတ် ပြောကြား

Posted by drmyochit Friday, May 10, 2013, under | No comments


 
အင်တာ နက် လူမှုကွန်ရက်များတွင် လှုံ့ဆော်ရေးသားသူများကို အစိုးရအနေဖြင့် အရေးယူသင့်ကြောင်း အမေရိ ကန်စင် တာတွင် မေ ၈ ရက် ညနေက ကျင်းပသော လွတ်လပ်စွာ ထုတ်ဖော်ခွင့် (Freedom of Expression) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၏ သဘောသဘာဝ၊ မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ထုတ်ဖော် ခွင့် အခြေ အနေများ၊ မီဒီယာ လွတ်လပ်ခွင့်များ၊ ဆင်ဆာတည်းဖြတ်မှုများ၊ လူမှု ကွန်ရက် များတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် အလွဲသုံးစားပြုကာ ရေးသားနေမှုများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

စာရေး ဆရာ ဖေမြင့်နှင့် ဘလော့ဂါ နေဘုန်းလတ်တို့ကမူ မြန်မာနိုင်ငံရှိ အချို့သော ဥပဒေများသည် လွတ် လပ်စွာ ထုတ်ဖော်ခွင့် အပေါ် ကန့်သတ်ချုပ်ချယ်နေသည်ဟု ပြောသည်။ ဆက်လက်၍ ဘလော့ဂါ Pandora မှလည်း လွတ်လပ်စွာ ထုတ်ဖော်မှုသာမက လုံခြုံစိတ်ချရမှုကိုလည်း ဖန်တီးပေးရန်၊ ဆင်ဆာ တည်းဖြတ် မှု လျော့ပါး လာသည့်နောက် မဆင်မခြင် ရေးသားမှုများကို စောင့်ကြည့် အရေးယူရန်နှင့် မိမိ ရေးသား သည့် အပေါ်တာဝန်ယူစေရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခနှင့် မိတ္ထီလာ ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာ များမှ တစ်ဆင့် ဘာသာ နှစ်ခု အကြား လှုံ့ဆော်မှုများ ရှိခဲ့ပြီး အဆိုပါ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ပိုမိုဖြစ် ပွားကာ အသက်ပေါင်းများစွာ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်ပေါ်ခဲ့ရသည် . . . . . 

ထို့အပြင် အမေရိကန်သံရုံး၏ လူထုအကူအညီပေးရေး လက်ထောက်အရာရှိ Michael D. Quinlan က အမေ ရိကန် နိုင်ငံတွင်လည်း ၁၉၇၀ အစောပိုင်း နှစ်များအထိ ရုပ်ရှင်ဆင်ဆာစနစ် ကျင့်သုံးခဲ့ကြောင်း၊ သို့ရာ တွင် ၁၉၇၀ နှောင်းပိုင်းနှစ်များတွင် ၄င်းအားဖျက်သိမ်း၍ လမ်းညွှန်မှုနှင့် ကန့်သတ်ချက် အချို့သာ ထားရှိ ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး၎င်းက ဆင်ဆာတည်းဖြတ်မည့်အစား တာဝန်ယူမှု မရှိ သူ များအား တရားစွဲဆိုသည့် နည်းလမ်းကိုသာ ကျင့်သုံးသင့်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

"လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဥပဒေကနေ သတ်မှတ်ပေးရမယ်။ ဒါပေမယ့် တရားစီရင်ရေး မဏ္ဍိုင်က ပြန်လည် စောင့်ကြည့် ထိန်းသိမ်းပေးရမယ်။ ဥပမာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်နိုင်တဲ့ ရေးသား ပြောဆို မှုမျိုးတွေ၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုတွေ၊ အသရေဖျက်မှုတွေဆိုရင် လက်ခံလို့ မဖြစ်ပါဘူး" ဟု Michael D. Quinlan ကပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ကပင် မြန်မာ နိုင်ငံတွင် လွတ်လပ်ပြီး တာဝန်သိသော သတင်းမီဒီယာများ ပေါ်ထွက်ရန် လိုအပ်ကြောင်း ပြော သည်။

"ကိုယ့်ရဲ့အမြင်ကို ထုတ်ဖော်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အချို့က ပန်းချီနဲ့ ဖော်ပြတယ်။ အချို့ က ကာတွန်းနဲ့ ဖော်ပြတယ်။ အချို့က စာရေးသားပြီး ဖော်ပြကြတယ်။ ဒီလိုဖော်ထုတ်ခွင့်တွေ မပျောက် ပျက်အောင် ကာကွယ်ရပါမယ်။ မြန်မာနိုင်ငံဟာ မိမိကိုယ်ပိုင် အမြင်ကို ဖော်ပြနိုင်တဲ့ ခေတ်သစ် တစ်ခု ကို ရောက်ရှိလို့ နေပါပြီ။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုပါပဲ" ဟု ၎င်းကပြောသည်။




ဆွးနွေး ပွဲသို့ စိတ်ဝင် စားသူ ကျောင်းသား ဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ လူငယ် များမှ လူမှုကွန်ရက်များတွင် မဆင်မခြင် ရေးသားမှုများ၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်း ဖြစ်စေ ရန် ရေးသားမှုများနှင့် ပတ်သက်၍ ဆွေးနွေးချက်များအား ပင်တိုင်ဆွေးနွေးသူများမှ ပြန်လည် ဆွေး နွေး ခဲ့ကြသည်။

လူမှု ကွန်ရက် များနှင့် ပတ်သက်၍ Derek Mitchell က "အင်တာနက်ပေါ်မှာ ကိုယ်ရေးအချက်အလက် အမှန် မဟုတ်ဘဲနဲ့ လိမ်လည်သုံးစွဲသူတွေဟာ တာဝန်ယူမှု ကင်းမဲ့ပြီး ပြဿနာတွေ ကြီးထွားအောင် လှုံ့ဆော် တတ်ကြ တယ်။ အစိုးရအနေနဲ့ ဒီလိုလှုံ့ဆော်တဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်" ဟု ပြော သည်။

မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခနှင့် မိတ္ထီလာ ပဋိပက္ခများတွင် လူမှုကွန်ရက် စာမျက်နှာ များမှ တစ်ဆင့် ဘာသာနှစ်ခုအကြား လှုံ့ဆော်မှုများ ရှိခဲ့ပြီး အဆိုပါ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ပိုမိုဖြစ် ပွားကာ အသက်ပေါင်းများစွာ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ လှုံ့ဆော်မှု များထဲ တွင် Eleven Media, BBC, Irrawaddy, DVB နှင့် RFA တို့ ပါဝင်နေကြောင်း သိရသည်။ 

From: Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်