Friday, May 10, 2013

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ တိုးချဲ့ပြင်ဆင် ဖွဲ့စည်း

Posted by drmyochit Friday, May 10, 2013, under | No comments

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

 နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၄၃/ ၂ဝ၁၃ 

 ၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် (၂ဝ၁၃ ခုနှစ်၊ မေလ ၈ ရက်)

 လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊  အမျိုးသား ပြန် လည် စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိ စေရေး အတွက်လည်း ကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက် ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲ နိုင် စေရေး အတွက်လည်းကောင်း ရည်ရွယ်၍ အကျဉ်းထောင် အသီးသီး တွင် ပြစ်ဒဏ် ကျခံလျက်ရှိသော နိုင်ငံ ရေး အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးနိုင်ရေး အတွက် စိစစ် ဆောင် ရွက် ရန် အစိုးရဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် နိုင်ငံရေး ပါတီအချို့မှ ကိုယ်စားလှယ် များပါဝင်သော ''လက်ကျန် နိုင်ငံရေး အကျဉ်း သားများ စိစစ်ရေး ကော်မတီ'' ကို အောက်ပါ အတိုင်း တိုးချဲ့ပြင်ဆင် ဖွဲ့စည်း လိုက်ပါသည်-

( ၁) ဦးစိုးသိန်း ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၃)

( ၂) ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း    အဖွဲ့ဝင် ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန

( ၃) ဦးထွန်းထွန်းဦး အဖွဲ့ဝင် ဒုတိယ ရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး

( ၄) ဦးအောင်စောဝင်း အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

( ၅) ဦးသန်းဌေး အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် အကျဉ်းဦးစီးဌာန

( ၆) ဦးစစ်မြိုင် အဖွဲ့ဝင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်

( ၇) ဦးကြည် အဖွဲ့ဝင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း

( ၈) ဦးလှမောင်ရွှေ အဖွဲ့ဝင် Myanmar Egress

( ၉) ဦးဘိုကြည် အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

(၁ဝ) ဦးညိုထွန်း အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်

(၁၁) ဦးရဲအောင် အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့

(၁၂) ဦးသူရ(ဇာဂနာ) အဖွဲ့ဝင် House of Media Entertainment       

(၁၃) ဦးဥာဏ်ဝင်း အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

(၁၄) ဦးခွန်ထွန်းဦး အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်

(၁၅) ဦးကိုကိုကြီး အဖွဲ့ဝင် ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)

(၁၆) ဒေါက်တာဝင်းနိုင် အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု

(၁၇) ဦးသိန်းညွန့် အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်

(၁၈) ဦးကောင်းမြင့်ထွဋ် အဖွဲ့ဝင် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ

(၁၉) ဦးအောင်သိမ်း  အတွင်းရေးမှူး ဒုတိယဝန်ကြီး သမ္မတရုံး ဝန်ကြီးဌာန

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်     

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်