Friday, May 10, 2013

ရေမွှေးကုမ္ပဏီအား ဆယ်လီနာ ဂိုမက်ဇ်က တန်ပြန် တရားစွဲဆို

Posted by drmyochit Friday, May 10, 2013, under | No comments


သူမကို သဘော တူညီမှု ဖောက်ဖျက်မှု အတွက် တရား စွဲ ထားသည့် ရေမွှေး ကုမ္ပဏီ တစ်ခုကို ဆယ်လီနာ ဂိုမက်ဇ် က တန်ပြန် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။ အမေရိကန် လူငယ် ဆယ်ကျော် သက် မင်း သမီးလေး သည် ရေမွှေးထုတ်လုပ်မှုတွင် သဘောတူညီမှု ဖောက်ဖျက်ခြင်းကြောင့် မိမိတို့ နစ်နာ ရကြောင်း ရေမွှေး လုပ်ငန်း Adrenalinaက စွပ်စွဲခဲ့သည့်နောက် ဂိုမက်ဇ်ကလည်း တုံ့ပြန်ကာ ယခု ကိစ္စ အတွက် မိမိ၏ ငွေရေး ကြေးရေး နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာ (၅.၂)သန်း ရယူလိုကြောင်း တုံ့ပြန် စွဲချက် တင် လိုက်ခြင်း ဖြစ်သည်။ Come And Get Itစတား အဆိုတော်မလေးသည် ယင်းအတွက် တရား ရုံး တစ်ခုတွင် အမှန် တကယ် စွဲချက် တင်သွင်းပြီး ဖြစ်ကြောင်း TMZက ဖော်ပြခဲ့သည်။

ရေမွှေးကုမ္ပဏီဘက်က ဂိုမက်ဇ်၏ အမည်ကို အသုံးပြုပြီး ရေမွှေးသစ် အမျိုးအစား တစ်ခု ထုတ်လုပ်ရန် ကမ်းလှမ်း မှုမှာ ဆွေးနွေး သဘောတူပြီးမှ ပျက်ပြယ်သွားသည့်အတွက် ဂိုမက်ဇ်ကို စတင် တရား စွဲ ခဲ့ခြင်း ဖြစ်ပြီး ဂိုမက်ဇ်ကလည်း တုံ့ပြန်ခဲ့သည်။ ဂိုမက်ဇ်၏ ရှေ့နေ မိုက်ကယ် ဝိန်းစတန်က Adrenalinaသည် Selena-Brand ရေမွှေးသစ် တစ်ခုအတွက် ရောင်းချရငွေမှ (၅)ရာခိုင်နှုန်း ပေးအပ်မည်ဟု သဘော တူညီ ထားပြီး ယင်း၏ အနိမ့်ဆုံး တန်ကြေး သတ်မှတ်ချက်သည် ဒေါ်လာ (၅.၂)သန်းရှိသည်ဟု ပြောဆို ထားကြောင်း သိရှိရသည်။ 

Source: FemaleFirst
From: Planet  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်