Friday, May 10, 2013

အမျိုးသမီး ၃ ဦးကို ၁၀ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သူ သေဒဏ်ချမှတ်ခံရဖွယ်ရှိ

Posted by drmyochit Friday, May 10, 2013, under | No comments


အမေရိကန်နိုင်ငံ၊ ကလိဗ်လန်းတွင် အမျိုးသမီး (၃)ဦးကို ဆယ်စုတစ်စုကြာ ပြန်ပေးဆွဲ ချုပ်နှောင်ကာ လိင် ကျေးကျွန် အဖြစ် အသုံးချ ခဲ့သူ သံသယ တရားခံမှာ သေဒဏ်ကျခံရမည့် အခြေအနေထိ ရှိနေကြောင်း သတင်း များက ဖော်ပြ ခဲ့သည်။ အစိုးရ ရှေ့နေများသည် အမျိုးသမီး (၃)ဦးကို ဆယ်စုနှစ် တစ်ခုဝန်းကျင်မျှ မြေတိုက် ထဲ ဖမ်းဆီး ထားသည့် အတွက် ယခုအခါ ပြန်ပေးမှု၊ မုဒိမ်းမှုများနှင့် စွဲချက်တင်ခံထားရသော အေရီ ရယ်လ် ကက်စထရိုအား အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ရန် အစွမ်းကုန် ကြိုးစားလျှက် ရှိသည်။ အိုဟိုင် အိုပြည် နယ် အစိုးရ ရှေ့နေများက အေရီရယ်လ်သည် အမျိုးသမီးများကို အကြိမ်ကြိမ် ဆိုးရွားစွာ အနိုင် အထက် ပြုကျင့်သလို အမျိုးသမီးများ ကိုယ်ဝန် ရလာ ချိန်တွင် ဖျက် ချရန် ဖိအားပေး ခိုင်းစေ ခဲ့ကြောင်း လည်း စွပ်စွဲ ထားသည်။



(ဆယ်စုနှစ်တစ်စုကြာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး ၃ ဦး)

အစိုးရရှေ့နေ တင်မိုမီ မက်ဂင်တီက အသက်(၅၂)နှစ်ရှိ အေရီရယ်လ်အား ကိုယ်ဝန် ဖျက်ချ စေမှုများ အတွက် လူသတ်မှုနှင့် ပါ စွဲချက် တင် သင့်ပြီး သေဒဏ်ချမှတ်သင့်ကြောင်း ထောက်ပြခဲ့သည်။ "အချက် အလက် တွေကို အခြေခံကြည့်ရင် ကျွန်တော်ကတော့ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှု၊ အဖမ်းခံထားရတဲ့ နေ့ တစ်နေ့ချင်း စီအတွက် အကျုံးဝင်နေမယ့် ပြန်ပေးမှု၊ ဆိုးရွားလွန်းတဲ့ အကြမ်းပတမ်း တိုက်ခိုက်မှုတွေအပြင် ကိုယ်ဝန် တွေကို ဖျက်ဆီးခဲ့တဲ့ လူသတ်မှုတွေ အတွက်ပါ အပြစ်ရှိတယ်လို့ စွပ်စွဲပါတယ်"ဟု သတင်း ထောက် များ အား ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော့် ဥပဒေ အကျိုးဆောင် အဖွဲ့ဟာ လက်ရှိ စွဲချက် တွေ ထက် ပိုမြှင့်တင်ပြီး သေဒဏ်အထိ ထိုက်တန်တဲ့ အခြေအနေအတွက် ကြိုးစားနေဆဲပါ"ဟုလည်း ဆက် လက် ပြောဆို သွားသည်။
 (အမျိုးသမီး ၃ ဦအား ဖမ်းဆီးချုပ်နှောင်ထားသည့် နေအိမ်)

အေရီ ရယ်လ်သည် (၂၀၀၂)ခုနှစ်မှ (၂၀၀၄)ခုနှစ်အတွင်း အာမန်ဒါဘယ်ရီ၊ ဂျီနာဒီဂျီးဆက်စ်နှင့် မစ်ချယ်လ် နိုက်တို့ (၃)ဦးကို ဖမ်းဆီးကာ ၎င်း၏ မြေတိုက်ခန်းတွင် ချုပ်နှောင်ထားပြီး လိင်ကျေးကျွန်အဖြစ် ခိုင်းစေ ခဲ့ သည်။ ထို့နောက် တွင်မှ ယခု သီတင်းပတ် အစောပိုင်းက အာမန်ဒါ ရုတ်တရက် လွတ်မြောက်လာကာ အိမ်နီး ချင်း တစ်ဦး၏ အကူအညီဖြင့် ရဲများထံ ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် အမှုနှင့် ပတ်သက် သော အကြောင်းအရာများကို အသေးစိတ် ဖော်ပြခြင်း မရှိရန် တာဝန်ရှိသူများက ဂရုစိုက် လုပ်ဆောင် နေကြသည်။

ကလိဗ်လန် ဒေသခံ သတင်းမီဒီယာများက အမျိုးသမီး တစ်ဦးသည် သူမအနေဖြင့် ကိုယ်ဝန်ပျက်ကျမှု (၅)ခါ ကြုံ ရပြီး အဓိက အကြောင်းရင်းမှာ ကိုယ်ဝန် မပျက်စီးမချင်း အေရီရယ်လ်က သူမ၏ ဗိုက်ကို လက် သီးဖြင့် ထိုးခဲ့၍ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဖော်ပြနေကြသည်။ ယင်းအချက်များကို ရဲတပ်ဖွဲ့က တစ်စုံ တစ်ရာ မှတ်ချက် မပေးသေးချေ။ APသတင်းဌာနက ရဲတပ်ဖွဲ့၏ မှတ်တမ်းအချို့ကို ကိုးကားပြီးနောက် အမျိုး သမီး များသည် သူမတို့ အဖမ်းခံထားရချိန်တွင် အငတ်ထားခြင်း၊ အကြိမ်ကြိမ် မုဒိမ်းကျင့်ခြင်းများကို ခံခဲ့ ရ သည်ဟု ထွက်ဆိုကြောင်း ဖော်ပြခဲ့သည်။ အဖမ်းခံရသူ အမျိုးသမီးများအနက် အာမန်ဒါသည် သမီးလေး တစ်ဦး ကို မွေးဖွားခဲ့ပြီး (၆)နှစ်အရွယ် ရှိနေပြီဟုလည်း သိရှိရသည်။ 

Source: LA Times
From: Planet 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်